2009-12-19

Making Passport Photos for 4x6 Size


Adobe Systems ထုတ်လုပ်မှုတစ်ခုဖြစ်သော Photoshop Software ၏ digital ပုံရိပ်များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း စသည့် ဆောင်ရွက်နိုင်ချက် စွမ်းရည်များကို ကွန်ပျူတာသမားများ သိထားကြပြီး ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်များနှင့် စပ်လျဉ်း၍ software များတွင် အကောင်းဆုံး software တစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ Photoshop သည် design ဖန်တီးရှင်များ၏ စိတ်ကူးအိပ်မက်များကို လွယ်ကူစွာ အကောင် အထည်ဖော်ပေးနိုင်သည့် အကောင်းဆုံးသော အဆင့်မြင့် software တစ်ခုဖြစ်သည်ဟု ဆိုရပါမည်။
ယခုသင်ခန်းစာတွင် လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် တစ်ဆင့်ချင်း ဖော်ပြ ပေးထားပါသည်။ အထူးသဖြင့် ယခု တင်ပြထားသော tutorial သည် photoshop ကို စတင်လေ့လာသူ လူသစ်များအတွက် ပုံရိပ်များကို ဖန်တီးရန် နည်းလမ်းများကို ဖော်ပြ ပေးထားပါသည်။
4 x 6 Size ဓာတ်ပုံအတွင်းတွင် Passport ဓာတ်ပုံများကို လွယ်ကူစွာဖြင့် စတင် စီကြည့်ကြရအောင်ပါ။ ယခု နည်းမှာ ဓာတ်ပုံဆိုင်များတွင် အသုံးပြုများသော နည်းဖြစ်သည်။ နည်းလမ်းများစွာ ရှိသည့်အနက် ယခင်နည်းမှာ 4 x 6 Size Photo Paper အတွင်းတွင် Alt Key ဖြင့် drag ဆွဲယူပြီး layer merge ပြုလုပ်ကာ ယင်း layer များကို ထပ်မံပြီး Alt Key ဖြင့်ပင် drag copy ပြုလုပ်သည့် နည်းလမ်းဖြင့်လည်း အလွယ်တကူ ပြုလုပ်နိုင်ပါလိမ့်မည်။ သို့ရာတွင် ခက်ခက်ခဲခဲ ပြုလုပ်ရမှ ကျေနပ်ကာ မိမိရဲ့ creative တစ်ခုဟု ယူဆပါလျှင် ယခုနည်းကို အသုံးပြု ကြည့်ကြပါကုန်။ :)

Download Now

File type= PDF and Size=641.35 KB


1 comment:

Unknown said...

ဒေါင်းလို့ လည် မရဘူး
ကူညီပါဦး

Up