2010-08-30

Folder အား မမြင်တွေ့စေရန် ဖျောက်ထားခြင်း


Folder လေးတွေကို တည်ဆောက်ထားပြီး ရုတ်တရက် အခြားသူများ သတိမပြုမိအောင် အမြင်အာရုံကို လှည့်စားနိုင်စေမယ့် နည်းပဲဖြစ်ပါတယ်။ ဒီနည်းလေးကတော့ folder ဖျောက်တဲ့နေရာမှာ လုံခြုံမှုအရတော့ မရှိပါဘူး။ ဖျောက်ပြီး လုံခြုံစွာသိမ်းဆည်းထားချင်တယ် ဆိုရင်တော့ အခြားသော software များရဲ့ အကူအညီနဲ့ ပြုလုပ်နိုင်ပါတယ်။ ယခုဖော်ပြပါ နည်းလေးကတော့ Windows XP ရဲ့ထူးခြားတဲ့ Tips လေးတွေဖြစ်တာကြောင့် ပြန်လည် ဖော်ပြအပ်ပါတယ်။ ရှေးဦးစွာ-

(1) Desktop ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးပေးပါ။
(2) ထို့နောက် Keyboard မှ Alt Key ကို ဖိနှိပ်ထားပြီး 0160 ကို ရိုက်ထည့်ရပါမယ်။
(3) အဲဒီအခါမှာ New Folder ဖြစ်နေတဲ့ File Name ဟာ Blank အဖြစ်ကို ရောက်ရှိသွားပါလိမ့်မယ်။
(4) ယင်းနောက် ၎င်း Folder ပေါ်မှာပဲ Right Click နှိပ်၊ Properties ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(5) Folder ရဲ့ Properties dialog box ကျလာတဲ့အခါကျရင် Customize Tab ကို ရွေးချယ် Click လုပ်ပါ။
(6) ထို့နောက် အောက်ဖက်ရှိ Change Icon button ပေါ်တွင် Click တစ်ချက်နှိပ်ပါ။ ပြီးတော့ ပေါ်လာတဲ့ icon ပုံများအတွင်းမှ ဘာမှမရှိတဲ့ Icon အလွတ်လေးတစ်ခုကို ရွေးချယ်၍ click လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။
ဒါဆိုရင် သင့် Folder လေးဟာ သင့်မျက်စိရှေ့မှာပဲ တူးတူးပုန်းတမ်း ကစားဖို့အတွက် အဆင်သင့် စောင့်ဆိုင်း နေပြီဖြစ်ပါတယ်။
Up