2007-08-27

Using Zawgyi Myanmar Unicode 3

Mozilla Firefox နဲ့ တွဲဖက်ပြီးအကောင်းဆုံး အသုံးပြုနိုင်တာကတော့ Zawgyi Myanmar Unicode ပဲဖြစ်ပါတယ်။ အခြားသော ဘယ် Unicode ကမှ Zawgyi လောက် Myanmar Blog လုပ်ဖို့အဆင် မပြေသေးပါ။ Zawgyi မှာမှ အခြား Zawgyi မသုံးဘဲနဲ့ Alpha Zawgyi ကီးဘုတ်ကိုသာ သုံးစွဲသင့်ပါတယ်။ အခြားသော Unicode Keyboard တွေ Install လုပ်ထား ခဲ့ရင် Zawgyi Keyboard က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်သွင်းထားတာ တွေရှိရင် အကုန်လုံး Uninstall လုပ်ပစ်လိုက်ပါ။ ပြီးရင် Zawgyi Keyboard & Fonts ကို Alpha Computer (Mandalay) က အခမဲ့ပေးထားတဲ့ software ကို download လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
http://www.alpha.com.mm/download/AlphaZawgyiVersion3.exe

Alpha Mandalay မှ အခြားသော စိတ်ဝင်စားဖွယ်ကောင်းသော Program များမှာ-

2007-08-24

ချိုးဖြူငှက်လမ်းသွယ် ကဗျာ+အသင်း

``ဒါဟာ တပ်ဆင်ထားခြင်းမရှိသေးတဲ့ အမှန်တရားရဲ့ ဖုန်းနံပါတ်ပေါ့´´

ချိုးဖြူငှက်လမ်းသွယ်ကဗျာ+အသင်း မိတ်ဆက်သ၀ဏ်လွှာ
*ကျွန်တော်တို့ ရင်ဘတ်ထဲကို ကဗျာတွေ ၀င်ရောက်သိမ်းပိုက်ခဲ့တာတော့ ကြာပါပြီ။ တကယ်တမ်းစစ်ကြေငြာခံ ရတာက မြန်မာကဗျာဆရာ ``မောင်ချောနွယ်´´ ကျဆုံးခဲ့တဲ့ ၂၀၀၂၊ စက်တင်ဘာရဲ့ နောက်ဆုံးနေ့ရက်တွေ မှာပါ။ ကျွန်တော်တို့ ဒီကဗျာအ၀န်းအ၀ိုင်းလေးကို ရင်ခုန်သံတူညီတဲ့ ဘော်ဒါတစ်စု ``ချိုးဖြူငှက်လမ်းသွယ်´´ လို့ အမည်ပြုခဲ့ကြပါတယ်။ ပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးကတော့ သက်သေပေါ.။

*ကျွန်တော်တို့ရဲ့ ကဗျာရင်ခုန်သံကို ချွန်းဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ့်နှလုံးသား ကို ကိုယ်ညာလို့ မရတော့ဘူး။ ကျွန်တော်တို့ ကဗျာကိုချစ်တယ်။ ပန်းကလေးတွေ၊ ကောင်မလေးတွေကိုလည်း ချစ်တာပါပဲ။ လောကမှာရှိတဲ့ အလှတရား အားလုံးရဲ့ ပြုစားခြင်းကို ကျေနပ်စွာ ခံယူခဲ့ကြပါတယ်။

ချိုးဖြူငှက်လမ်းသွယ်ရဲ့ အဓိပွါယ်သံခိပ်
*ချိုးဖြူငှက်ဆိုတာက ငြိမ်းချမ်းလွတ်လပ်ခြင်းရဲ့ ပြယုဂ်ပဲ၊ လမ်းဆိုတာက ခရီးရောက်ဖို့ပါ။ ငြိမ်းချမ်းသာယာတဲ့ လွတ်လပ်လမ်းသွယ်လေးပေါ့။ ၀င်ရောက်လည်ပတ်ပါ။ နားခိုဆွေးနွေးစရာလည်း ရှိမှာပါ။ ကျွန်တော်တို့ ပထမ ဆုံးလုပ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်လေးရှိတယ်။ နတ်တွေမနာလိုလို့ အ၀ှက်ခံထားရတဲ့ စာအုပ်လေးပေါ့ ...။
နာမည်က ``၂၀၀၄ ဒီဂရီ´´တဲ့။ (၂၀၀၄ ခုနှစ်ကပါ၊ တကယ်တမ်းက အဲဒီထက်စောပါတယ် )
ကျွန်တော်တို့ရဲ့ ကဗျာလေးတွေကို မြည်းကြည့်ပါ။ မိတ်ဆွေရင်ထဲ ထိခဲ့ရင်လည်း ပါဝင်ရေးသားလို့ ရပါတယ်။
``ကမ္ဘာကြီးကို ကဗျာနဲ့ သူကောင်းပြုကြပါစို့´´
``လမ်းတူရင် လူခြင်းတွေ့ကြမယ်´´
``ကဗျာနဲ့ကမ္ဘာ မာပါစေ´´

ချိုးဖြူငှက်လမ်းသွယ် ကဗျာ+အသင်း (သို့) သူရဲကောင်းများ
* သျှင်းသျှင်း
* အင်တာနတ်
* ÷ မျိုး * နေရှားလူ
* ညီအောင်ခက်နွယ် * သူ့သူ့ (ကလေး)
* စောရဲနောင် * ဏှင်းအိမ်ဈာန်
* ညီမင်းသူ * ဗိုလ်ဗိုလ်


အသားတံဆိပ်


ဘုရားသခင်မှားတပ်ပေးမိတဲ့ မျက်လုံးတွေက
ဇီးကွက်တစ်ကောင်လို ညညမှာ
စာရွက်တွေပေါ်ကျက်စား
တစ်နေ့လုံးပိတ်ဆို့မိနေတဲ့ ဝေဒနာတွေက
စကားလုံးတွေကို
ဓားစာခံအဖြစ်ခေါ်ဆောင်သွား
အမြဲတမ်းပန်းဝင်စောနေတဲ့ နာရီလက်တံတွေက
သုခတွေကို ဆွတ်ခူးစား
ဒီလိုနဲ့ ....
=ကဗျာဆရာ+ ဆိုတဲ့ ပညတ်လေးတွေ ထူအမ်းအမ်းနဲ့
ပရိယေသနထဲမှာ လုံးပါးပါး . . . ။

(ညီအောင်ခက်နွယ်)



အလင်းမဲ့ဒြပ်စင်


လေဟာနယ်တစ်ခုဆီက
အစိုင်အခဲဆိုတဲ့ ဒြပ်လေးတစ်ခု
လွင့်ပါးတဲ့ ထိုအခါ
ထည်ဝါတဲ့အဆင်းကင်း
လင်းတောက်တဲ့အရောင်မဲ့
ပုံစံမကျတဲ့ ဒြပ်ဆောင်
ငါတောင်စိတ်ပျက်မိပါသေးရဲ့။
သို့ပေမယ့် ...
သင်ဟာ ငါ့အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာမဟုတ်သလို
အသုံးမကျမှု အရာတွေလို့လည်း
မဆိုထိုက်ပါဘူး။
သေးငယ်နှိမ့်ပါးနေပေမယ့်
သင်ဟာငါ့အတွက်
အတွင်းစိတ်သဏ္ဍာန်မှာ
ပုံမှန်လည်ပတ်နေမယ့်
သွေးကြောလေးတစ်ခုပါပဲ . . .။

(အင်တာနတ်)

ဘာသာမဲ့

နွေရက်များရဲ့သတင်းကို စောင့်မျှော်ကြည့်ချိန်မှာ
ငါ့ကိုယ်ငါ ဥသြအထင်နဲ့
မှားယွင်းချိန်တွယ်မိခဲ့ပေါ့
အလင်းတို့ဖောက်ပြန်တိုင်းသာ
ငါ့နှလုံးသွေးရပ်ရရိုးဆိုရင်
မနေ့ကထားခဲ့တဲ့ ငါ့ကတိ ဘယ်မှာလဲ
အသိအတိုင်းသာ လေးစားခဲ့တာပါ
ပေးပါ ကျွန်တော့်ကိုပေးပါ
သက်ရှိတို့ရဲ့ ဘာသာရပ်
ကျောက်စာတစ်ချပ်လောက်ဖြစ်ဖြစ်
ဒါမှမဟုတ်
ကလေးတစ်ယောက်က
သူ့အတွက် အပြောင်မြောက်ဆုံးဆိုပြီး
ရေးခြစ်ထားတဲ့ ပန်းချီကားပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်လှလှပပလေး ဘာသာပြန်ပြမယ်
ဒါပေမယ့်
အေးစက်စက်တဲ့ အက္ခရာတွေနဲ့ဖွဲ့စည်းထားတဲ့
ဘယ်လိုမှ သဲလွန်စ မရှိတော့တဲ့
ချစ်သူ့ပေစာ ဖတ်နိုင်ဖို့ကတော့
ကျွန်တော့်လေ့လာမှုတွေ လိုအပ်ခဲ့ပါတယ် . . . ။

(နေရှားလူ)

၂၇ ဒီဂရီ

တီဗွီဖန်သားပြင်ပေါ် စိမ့်ကျလာတဲ့သွေးတွေ
အိုင်စီလို စားပွဲပေါ်က
ငါ့ပန်းအိုးလေး ကျွမ်းရှာပေါ့
မျက်လုံးတွေနဲ့ ငါ့ကိုဝိုင်းပြီးပစ်ခတ်ကြ
အသံတွေက ကျည်ဆန်လိုတွားတက်လာ
အကြည့်မှာ ဓာတ်ကြိုးတန်းနဲ့ငြိနေတဲ့စွန်လို
အိပ်မက်တွေ ဝေးဝေးပျံသန်းလို့မရဘူး
အာရုံကိုလမ်းဘေးချပြီး
တဆုံးဆွဲဆန့်ကြည့်တော့
တခြားရင်ဘတ်ထဲက တောမီးတွေ
ငါ့ကောင်းကင်ပေါ် ချိုးဖောက်အုံဖွဲ့လာ
ဒုက္ခက နှင်းကွဲချိန်မှာ တောက်ပတဲ့အလင်းလို
ပရိဒေ၀တွေ ရာသီအလိုက်မူးယစ်ကြကုန်ပေါ့
ဝေဒနာကို ဖုန်းကဒ်ဟောင်းတစ်ခုလိုချောင်ထိုးပစ်ပြီး
(အလိုဆန္ဒအရ)
သေနတ်ပြောင်းဝကို ကိုယ်နဲ့ဆန့်ကျင်ဘက်အရပ်မှာထားရမယ်
စကြာဝဠာအပြည့် မီးတောက်မီးလျှံတွေ ငါနင်းဖြတ်ပါရစေ
သောကတွေ မီးခိုးလိုပေါ့ပါးသွားမလား ...
ပျံသန်းနေတဲ့ငှက်မှာ မြေပုံညွှန်းမလိုသလို
ကူးခတ်နေတဲ့ငါးမှာ အတောင်ပံမလိုဘူး
မြို့ရိုးဟောင်းထဲက အုတ်ချပ်တွေကို ကိုယ်ချင်းစာမယ်
စက္ကန့်တံလေးမောင်းနှင်နေတဲ့ ကမ္ဘာပေါ်မှာ
ငါက ထိုင်ခုံမဲ့စီးနင်းလို့
လက်မလွတ်ချင်ဘူး လွတ်လပ်ခြင်းရယ်...
အက္ခရာလေးတွေကို စိတ်တံစဉ်းနဲ့ပွတ်တိုက်နေချင်တယ်
အိုင်းစတိုင်းနဲ့နှစ်ယောက်တည်း အလင်းလိုဏ်ဂူဖောက်မယ်
နှလုံးသားတစ်ခုကနေ နှလုံးသားတစ်စီ ကဗျာတွေစီးဆင်းဖို့
(ဥုံ)
ငါ့ကို စိတ်တစ်ခု အပိုဖန်ဆင်းပေးပါ ဘုရားသခင် ...။

(ညီအောင်ခက်နွယ်)

အတိတ်စိမ်း


အသားကုန် ပြာယာခတ်နေတဲ့
ဘ၀ အစုံစုံ
အသပြာ ပဲလိုတယ်...။
ကညစ်ဟာ ဂီတ မဟုတ်သလို
ဂီတဟာလည်း ပုံဖော်တဲ့ ပန်းချီ မဟုတ်ဘူး ...။
ပန်းခြံထဲက မြက်ခင်းစိမ်းစိမ်းလေးတွေရေ...
ယမကာမျိုးစုံနဲ့ လူမျိုးစုံ
စားစရာ အစုံစုံနဲ့ ဆေးလိပ်တိုမျိုးစုံရဲ့ ဒဏ်ကြောင့်
လျှော့ရဲခဲ့ပြီလား ...။
မငြီးမငြူ အားပေးခဲ့တဲ့
ကျောက်တိုင်ကြီးရေ..
ပြန်လည် လန်းသစ်ကြစို့ရဲ့ ...။

(သျှင်းသျှင်း)



2007-08-23

တစ်ကိုယ်ရေသုံး ကွန်ပျူတာများ Virus တိုက်ခိုက်

ကွန်ပျူတာသုံးစွဲသူများအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ အရေးကြီးတဲ့ data များအတွက် စက်များရဲ့ User account မှာ password ပေးထားကြပြီး အဲဒီ password များနဲ့ ကွန်ပျူတာထဲက data များအသုံးပြုလို့ မရအောင် Virus များ တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် Folder များမှာ Show လုပ်လို့မရနိုင်တဲ့ Virus အသစ် တစ်မျိုးလည်း တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စက်မှာ Autorun ပါဝင်တာကြောင့်လည်း Virus များဟာ Click မနှိပ်ပေမယ့်လည်း အလိုအလျောက် ကူးစက်လွယ်ပါတယ်။ အဲဒီပြဿနာ တွေကတော့ worm လို့ခေါ်တဲ့ software ၀င်ရောက် တိုက်ခိုက်တာကြောင့် ဖြစ်ပါတယ်။
Virus problem တွေကို ဖြေရှင်းဖို့အတွက် နည်းလည်းတွေကတော့ အဆင်သင့်ရှိပြီးသားပါ။ ကိုယ့်ရဲ့စက်မှာ ဒီလို ပြဿနာတွေကြုံတိုင်း ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။
ကွန်ပျူတာမှာ Autorun စနစ်ကိုပိတ်မယ်ဆိုရင်-
(၁) Start > Run ကို Click တစ်ချက်နှိပ်ပါ။
(၂) gpedit.msc လို့ရိုက်ပြီး OK ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။
(၃) ထိုအခါ Group Policy Dialog box ပေါ်လာပြီး အောက်ဆုံးမှာရှိတဲ့ Administrator Templates မှာ Click တစ်ချက်နှိပ်ပါ။ ပြီးတော့ သူ့ရဲ့ဘေးမှာပေါ်လာတဲ့ System ဆိုတဲ့စာပေါ်မှာ Double Click နှိပ်လိုက် ပါ။
(၄) ပြီးတော့ Turn off Autoplay ဆိုတဲ့ စာပေါ်မှာ Double Click နှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲက Enabled ဆိုတာကို ရွေးပြီး Turn off Autoplay on: မှာ All drives ကိုရွေးပြီး OK နဲ့ ပြန်ထွက်လိုက်ပါ။

Celebrate World Photography Day

အနုပညာနဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေမှာ ဓါတ်ပုံအနုပညာ လမ်းကြောင်းကလည်း လူငယ် တွေရဲ့တောက်ပတဲ့ အနာဂါတ်ကို ဖော်ဆောင်ပေးနိုင်တယ်ဆိုတာကို လက်ခံယုံကြည်ထား ကြပြီးသားပါ။ ဓါတ်ပုံဆိုတာကလည်း အတတ်ပညာရော၊ အနုပညာပါ ပေါင်းစပ်ဖန်တီးမှသာ ခံစားသူတွေအတွက် ရသတစ်ခုခုကို ဖြစ်စေမှာပါ။ အနုပညာမြောက်တဲ့ ပုံကောင်းတွေကို ဖန်တီးနေဖို့ဆိုတာကလည်း ဖန်တီးသူရဲ့ အားထုတ်မှု၊ ဖန်တီးနိုင်စွမ်းတွေအပေါ်မှာ မူတည် နေပြန်ပါတယ်။
အဲဒီလိုဖြစ်လာဖို့အတွက် ဓါတ်ပုံသမားတစ်ယောက်ရဲ့ အားထုတ်မှုတွေ၊ ခံယူချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အချိန်ပေးဆပ်မှုတွေကလည်း တကယ့် အလေးထားစရာတွေပဲ ဖြစ်ပါ တယ်။
ဓါတ်ပုံချစ်မြတ်နိုးသူတိုင်း ကိုယ့်ရဲ့အမှတ်တရ အစွမ်းပြရိုက်ချက်လေးတွေ၊ လျှပ်တပြက်ရိုက် ချက်လေးတွေ၊ Art အခြေခံ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အစွမ်းပြထားတဲ့ ဓါတ်ပုံလေး တွေရှိရင်တော့ ဘယ်သူမဆို မိမိရဲ့လက်စွမ်းပြ ဓာတ်ပုံတွေကို (http://wpd-mm.blogspot.com) မှာတင်ပေးခြင်းဖြင့်ကမ္ဘာ့ဓာတ်ပုံ ပညာနေ့ကို ဂုဏ်ပြုလိုက်ကြရအောင်ဗျာ။










2007-08-21

SSC Service Utility for Epson Printers

SSC Service Utility for Epson Stylus Printers.


လွန်စွာအသုံးတည့်လှတဲ့ SSC Service Utility ဟာ အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Software လေးတစ်ခုပါ။ Epson User များရဲ့မရှိမဖြစ် လက်စွဲ Program လို့ဆိုရင်လည်း မမှားပါဘူး။ သင့်မှာ Epson Printer တစ်လုံးရှိတယ်ဆိုရင်တော့ ဒီ Program လေးကိုတော့ သဘောကျမှာပါ။

SSC Service Utility
- multimodel adjustment program for Epson inkjet printers free

Main features
SSC Service Utility allow you to do many amazing things with Your Epson printer:

  • Work directly with CSIC in Epson Stylus printers cartridges
  • Reset or rewrite any chip using special addon device
  • Freeze internal ink counters
  • Reset internal ink counters even with empty cartridges
  • Separate cleaning of color and black heads for all Epson inkjet printers, powerful cleaning mode
  • Hot swapping of cartridges supported
  • Resetting of protection counter (even then it is already full) - most popular function!

More then 100 different Epson printers supported. Also new models such as R220, R340, RX640, RX700...
Up to day this software works under Windows 95/98/ME/2K2/XP with both the LPT and USB printers.

This allow many people with high printing demands to save some money (program works with both black and color cartridges).

Program Screen Shots.

Website -အညွှန်းကတော့

http://www.ssclg.com/download/sscserve.exe

Link Tracking and Page Load Counter

NeoCOUNTER ကို ကိုယ့်ရဲ့ Blog မှာထည့်သွင်းအသုံးပြုခြင်းအားဖြင့် ကိုယ့်ဆီလာတဲ့ သူတွေကို မြေပုံလေးနဲ့ ပြပေးပါတယ်။ ပြီးတော့ နိုင်ငံတကာမှ ကိုယ့်ရဲ့ Blog ကို ၀င်ရောက်ကြည့်ရှုသူများရဲ့ Total ကိုလည်း ပြသ ပေးထားပါတယ်။ neocounter ဟာ Blog များမှာအသုံးပြုသင့်တဲ့ Tools လေးတစ်ခုပဲဖြစ်ပါတယ်။ Account ဖွင့်ရတာလည်း အင်မတန်မှ လွယ်ကူပါတယ်။ အသေးစိပ်ကို http://www.neoworx.net/neocounter/ မှာ ၀င်ရောက်အသုံးပြုကြည့်နိုင်ပါတယ်။

Making Shout Box

Website နှင့် Blog များတွင် လာရောက်လည်ပတ်သူများ
ပြန်လည်ထွက်ခွာလျှင် သင့်အား Messages ချန်ထားနိုင်
ရန်အတွက် Tagbord အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
Chatting သဘောမျိုး သုံးနိုင်တဲ့ Chat Box လေးကို သုံးစွဲချင်တယ်ဆိုရင် Cbox ဆိုတဲ့ ဟာလေးကို သုံးစွဲ နိုင်ပါတယ်။ Account ဖွင့်ပြီး Post များ အားလုံးကို ထိန်းချုပ် နိုင်ပါတယ်။ IP Trace လုပ်လို့ ရပါတယ်။ IP Lock လုပ်လို့ လည်းရပါတယ်။ http://cbox.ws မှာ ၀င်ရောက်ပြီး အသေးစိပ်လေ့လာကြည့်ပါ။

2007-08-19

Reset Waste Ink Counter (Canon MPC 190 All-in-one)

Reset Waste Ink Counter
Canon MPC 190 (All In One)



(၁) ပထမဦးစွာ ပရင်တာ ပါဝါကို (On/Off) မှ On ကို နှိပ်လိုက်ပါ။
(၂) ထို့နောက် Service MODE ကို နှိပ်ပြီး Menu မှ Copy - Scan - Copy - Copy
ကိုဆက်တိုက်နှိပ်သွားပါ။
(၃) Test MODE ကိုနှိပ်ပါ။
(၄) ပြီးနောက် Printer Test ကို (၈)ကြိမ်နှိပ်ပေးပါ။
(၅) ဆက်လက်ပြီး EEPROM CLEAR ကို (၃)ချက်နှိပ်ပါ။
(၆) ပြီးသော် INK COUNT ကို ( 0 ) ပြန်ထားပါ။
(၇) ထို့နောက် SET ကို ပြန်နှိပ်လိုက်ပါ။
(၈) ပြီးနောက် (STOP/RESET) ကိုလည်း ပြန်နှိပ်လိုက်ပါ။
ထို့နောက် (ON/OFF) ကို နှိပ်၍ ပြန်ဖွင့်လိုက်သောအခါ
အဆင်ပြေသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

HTML အကြောင်းသိကောင်းစရာများ

What is HTML?
  1. သင်၏ Web Browser ဖြစ်သည့် Internet Explorer, Firefox, Netscape Communicator စသည်တို့အား မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုတာကို ညွှန်ကြားတဲ့ သင်္ကေတ အစုအဝေးတစ်ခုပင်ဖြစ်ပါတယ်။ HTML သည် စာသား(Text) များအား Format လုပ်ခြင်း၊ မျဉ်းကြောင်းများ ထည့်သွင်းခြင်း၊ ရုပ်ပုံများ၊ အသံများနှင့် ရုပ်ရှင်များအား ပေါင်းထည့်၍ File တစ်ခုအတွင်း သိမ်းဆည်းထားနိုင်ရန်ခွင့်ပြုပေးပြီး ၎င်းကို HTML File (Internet Document) ဟုခေါ်ပါတယ်။
  2. HTMLဟာ Internet Web Page (အင်တာနက်ပေါ်ရှိစာမျက်နှာများ) ကိုရေးသည့် Language တစ်ခုဖြစ်ပါတယ်။ Internet Technology အသုံးပြု၍ Data (Information) များအား ဖလှယ်မှု ပြုလုပ်ရာတွင် Web Page များသည် အဓိကကျသည်။ HTML အား သာမာန် Text Editor ကို အသုံးပြု၍ ရေးသားနိုင်သည်။ HTML Editor များကို အသုံးပြု၍လည်း ရေးသားနိုင်ပါတယ်။ HTML စတင်လေ့လာသူတစ်ဦးအနေဖြင့် Note Pad ကဲ့သို့သော Plain Text Editor တစ်ခုခုဖြင့် စတင်ရေးသားရင် ပိုကောင်းပါတယ်။ အဘယ်ကြောင့်ဆိုသော် HTML Editor များဟာ HTML Code (Tag) များအား အလိုအလျှောက် သတ်မှတ်ရေးသားပေးသောကြောင့် HTML Code (Tag) သဘောတရားများကို သဘောပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် Internet ကို Communication Line များဖြင့် အသုံးပြု၍ ချိတ်ဆက်မှုပြုလုပ်ထားရာ အချက်အလက်များ အပေးအယူပြုလုပ်ရာမှာ Data ပမာဏ (Byte) အနည်းဆုံး ဖြစ်လေ၊ ပိုမို၍ မြန်ဆန်လေ ဖြစ် သောကြောင့် ဖြစ်ပါတယ်။ သို့ရာတွင် HTML Editor များဟာ ပိုမိုကောင်းမွန်လွယ်ကူတဲ့ Feature များပါရှိတဲ့ အတွက်ကြောင့် Multimedia Presentation များပါဝင်တဲ့ Web Page စတာတွေကို လျှင်မြန်စွာ ဖန်တီးလိုပါက အသုံးပြုနိုင်ပါတယ်။
  3. HTML ဖိုင်များကို Static HTML နှင့် Dynamic HTML ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပါသည်။ Internet Web Page တွင် ပုံသေလွင့်တင်ထားရသည့် အချက်အလက်များ ပါဝင်သည့် File ကို Static HTML File ဟုခေါ်ဆိုသည်။ Multimedia CD အများစုကို Static HTMLဖြင့် ရေးသားနိုင်ပါသည်။E-Commerce (အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး) ပြုလုပ်သည့် Super Market, Store ဆိုင်များ၊ ဘဏ်လုပ်ငန်းများ၊ မိုးလေ၀သသတင်း၊ ကမ္ဘာ့သတင်း စသည့် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသည့် Web Page ဖိုင်များကို Dynamic HTML File ဟုခေါ်သည်။ ၎င်းကို Web Server များပေါ်တွင်တင်၍ အလွယ်တကူ Update ပြုလုပ်နိုင်အောင် Database များအသုံးပြု၍ ရေးသားကြရပါသည်။ ဥပမာ- အချို့ဖိုင်များကို Active Server Pages (ASP) File များဟု ခေါ်သည်။
  4. HTML Tags : HTML တွင် အရာခပ်သိမ်းသည် Tag များပေါ်တွင် အမှီပြုလျှက်ရှိသည်။ Tag များကို ထောင့်ပါသော Bracket နှစ်ခု "<" စပြီး ">" ဖြင့် ပိတ်ပါသည်။ Tag များကို Capital (or) Small Letter ဖြင့် ရေးသားခွင့်ရှိပါသည်။ ဥပမာ-

    သည် (စာပိုဒ်) Paragraph Tag ဖြစ်ပြီး၊
    သည် (စာကြောင်းခြား) Line Break Tag ဖြစ်သည်။ မှတ်ချက်။ ။ HTML Tag အား စာလုံး အကြီး၊ အသေး နှစ်မျိုးစလုံးဖြင့် ရေးသားနိုင်ခွင့်ရှိသည်။

  5. (ဆက်လက်ဖော်ပြပါဦးမယ်)။

2007-08-18

How to Install Zawgyi Unicode Keyboard

(ဇော်ဂျီ ယူနီကုဒ် ဖြင့် မြန်မာစာ ရိုက်ရန်)
ပထမဆုံး ဇော်ဂျီ လက်ကွက်ကို download လုပ်ပြီး Install လုပ်ပါ။ [Link]။ စက်ထဲတွင် အခြား မြန်မာ ယူနီကုဒ် အမျိုးအစားများ မရှိစေရန် သတိပြုရပါမယ်။ ရှိနေခဲ့ရင် Uninstall လုပ်ပစ်လိုက်ပါ။ ဇော်ဂျီ Install လုပ်ပြီးလျှင်-
1. Control Panel > Regional and Language ကိုသွားပါ။
2. Regional Language Box မှ Language ဆိုသော ခလုတ်လေးကို နှိပ်ပါ
3. Language > Detail ကိုရွေးချယ်ပါ။

အဆိုပါ Box ထဲမှာ Default Input Language ဆိုတဲ့ နေရာလေးကို စစ်ဆေးပါ။ ဇော်ဂျီ ကီးဘုတ်ကို မြင်နေရမည် ဖြစ်သည်။ ထို့နောက် အောက်ဆုံးက -
4. Preference > Language Bar ကိုသွားပါ။
5. Desktop မှာ Keyboard အလွယ်တကူ ချိန်းနိုင်ရန် အဆိုပါ ဗောက်စ်ထဲမှ အကွက် လေးများကို Check လုပ်ပေးပါ။
6. OK နှိပ်ပါ။

အဲဒီအခါ ၀င်းဒိုးစ်ရဲ့ အောက်ညာဘက် နာရီအချိန် ပြတဲ့ နေရာမှာ ကီးဘုတ်ပုံလေး ပေါ်လာပါလိမ့်မယ်။
7. မြန်မာ စာသားကို ရိုက်လိုတဲ့အခါ Clt+Shift ကိုနှိပ်ရပါမယ် (၀ဘ်ဆိုဒ်များနှင့် ၀ဘ်ပေ့ခ်ျ များတွင်သာ သုံးနိုင်သည်)။ အင်္ဂလိပ်စာကို ရိုက်လိုလျှင် အဆိုပါ Clt+Shift ကို ထပ်နှိပ် ပေးရပါမည်။
မှတ်ချက် - ဇော်ဂျီ ယူနီကုဒ် ကီးဘုတ်သည် Firefox 1.0.5.1 ဖြင့်သာ အကောင်းဆုံး အလုပ်လုပ်ပါသည်။ Font မသွင်းတတ်သူများ အနေဖြင့် အောက်ပါ Link တွင်သွားရောက်ဖတ်ရှု နိုင်ပါသည်။
[ Zawgyi Font Installation ]

Using Blog increased

စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Blog များကိုတွင်တွင်ကျယ်ကျယ်အသုံးမပြုကြသေးပေမယ့် တစ်နေ့တာ ကြုံတွေ့မှုများ၊ အဖြစ်အပျက်များ၊ ဖြစ်ပျက်ခဲ့သမျှကို အများသူငါသိရှိအောင် ဖော်ပြချင်သူများဟာ Blog များကို ပိုပြီးအသုံးပြုလာကြပါတယ်။ အိုင်တီ ထွန်းကားလာသော ခေတ်မှာ အင်တာနက်သုံးစွဲသူဦးရေမှာ တဖြည်းဖြည်း နဲ့ များလာတာကြောင့် မိမိတို့ Company နဲ့ပတ်သက်တဲ့ကြော်ငြာတွေကို Blog လုပ်ပြီးကြော်ငြာသင့်ပါတယ်။ တစ်နည်းအားဖြင့် ကျော်အောင်လို့ညာခြင်းမျိုးမဟုတ်ပဲ မိမိတို့၏ပစ္စည်းများကို ဈေးကွက်အတွင်းဝေစုရအောင် ထိထိရောက်ရောက်နဲ့ဝယ်ယူ အသုံးပြုသူများပိုမိုစိတ်ဝင်တစား သိရှိနိုင်ဖို့ရည်ညွှန်းလိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ မိမိတို့ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ ကို Blog လုပ်ပြီး ဖော်ပြ ကြမယ်ဆိုရင် လုပ်ငန်းလည်းတွင်လာပြီး Blog ကိုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် လူငယ်အတော်များများဟာ ကိုယ်ပိုင် Blog လုပ်ရတာကို အတော်လေး ဆန္ဒပြင်းပြ လာကြတာကို တွေ့ရပါတယ်။ လူငယ်တွေက ကိုယ်တစ်နေ့တာ သွားခဲ့တဲ့မှတ်တမ်းတွေ၊ ကိုယ်ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကို တစ်နေ့တစ်ခါလိုလို အမြဲတမ်းတင်လာကြပါတယ်။ ဒီလိုတင်ပြီးသွားရင် သူငယ်ချင်းတွေကို တစ်ဆင့်စကားတစ်ဆင့်ပြောကြပါတယ်။ ဒါမှမဟုတ် ကိုယ်က Chatting ၀င်နေတယ်ဆိုရင် Chatting ထဲက သူငယ်ချင်းတွေကို ကိုယ်လုပ်ထားတဲ့ Blog အမည်တွေကိုပေးတယ်။ သူပေးလိုက်တဲ့ Blog တွေကို သူငယ်ချင်းတွေက ၀င်ကြည့်မယ်၊ Blog ပေါ်မှာ အချင်းချင်း မျှဝေခံစား နိုင်ကြပါတယ်။ စီးပွားရေး လုပ်ငန်း ရှင်များအနေနဲ့ Blog များကို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပေမယ့်လည်း လူငယ်များမှာ Blog တွေကို တစ်ခုထက်တစ်ခု ထပ်တိုးလုပ်လာကြကြောင်း သိရပါတယ်။ ဒါကြောင့် Myanmar Blog ပြုလုပ်လိုကြတဲ့ Myanmar Blogger တွေအဆင်ပြေအောင် အသုံးဝင်တဲ့အချက်အလက်တွေကို ရေးသားထားတဲ့ Blog တွေကို စုစည်းပြီး တင်ပြထားပါတယ်။ ဒါတွေကိုဖတ်ပြီးရင် ကိုယ်ပိုင် Blog ကောင်းတစ်ခုကို အလွယ်တကူ ဖန်တီး နိုင်မယ်လို့ ထင်မြင်မိပါတယ်။ တင်ထားတဲ့ Blog အသစ်တွေတွေ့ရင် တွေ့သလိုထပ်ပြီး Updated လုပ်ပေး သွားပါအုံးမယ်။ ပိုမိုကောင်းမွန်တဲ့ Blog Technique နည်းစနစ်တွေရှိရင်လည်း ထပ်ပြီး အကြံပေးနိုင်ပါ တယ်။
ဝိုင်းဝန်းကြိုးပမ်းကြတဲ့ Myanmar Blogger များအားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
Myanmar Blogger များ နည်းပညာမှာ နောက်မကျကျန်စေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြပါစို့

How to Install Zawgyi-One Font Properly (nyilynnseck)

How to Install Zawgyi-One Font to See Myanmar Blogs (nyilynnseck)

  1. First Download the Font File [Here]
  2. Second, It's in Zip format, so you need to Unzip with WinRar Software.
  3. Third, Copy these fonts and Place in C:\windows\fonts or Start>Control Panel>Fonts
  4. Fourth, Refresh your browser or press Clt+F5
  5. Fifth, If you still couldnt see Myanmar Fonts properly, Just restart your PC.
  6. Enjoy , or take a rest.

How to assign Zawgyi-One font

How to assign Zawgyi-One font

ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း
How to assign Zawgyi-One font


ပထမဆုံး ဘလော့ခ်ဂါ တန်းပလိတ်ထဲမှာ ဇော်ဂျီဖောင့်ကို Assign လုပ်ပေးရပါမယ်။ အဲဒီအတွက် သက်ဆိုင်တဲ့ CSS ကုဒ်ဒင်တွေ ရှိပါတယ်။ ကိုယ့်ပိုစ့်မှာ ဇော်ဂျီမြန်မာဖောင့် ကောင်းကောင်း ပေါ်စေချင်ရင် Post ဆိုတဲ့ နေရာကို လိုက်ရှာပါ။ ပြီးရင် အဲဒီအထဲမှာ Post Title ဆိုတဲ့ နေရာမှာ Zawgyi-One ဆိုတာကို ကြေငြာပေးရပါမယ်။ အောက်ကဟာက ကျွန်တော့ ဆိုဒ်က ပုံစံပါ။ ဖောင့်အရွယ်အစား ကတော့ ကိုယ်ကြိုက်သလို ပေးလို့ရပါတယ်။

.post-title {
margin:.25em 0 0;
padding:0 0 4px;
font-size: 15px "Zawgyi-One", Arial,Verdana, Zawgyi-One;
line-height:1.5em;
color:#6600cc;
}
ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ချိန်ဆရပါမယ်။ အဲဒီလိုပဲ ကိုယ်ရေးတဲ့ ပိုစ့်တွေကို ကောင်းကောင်း ပေါ်စေချင်ရင် ဒီနေရာလေးတွေမှာ ထည့်လိုက်ပါဦး။

.post {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}

.post div {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
ပိုမိုတိကျ ကောင်းမွန်သော နည်းစနစ်ကို ကိုရိုးရဲ့ဘလော့ခ်မှာ ရှင်းပြ ထားပါတယ်။ [ MgYoe ]


အဲဒီထက် လွယ်တဲ့ နည်းကတော့ အခုမြင်နေရတဲ့ မြန်မာဘလော့ခ်များရဲ့ Sourcecode ကိုဖွင့်ကြည့်ပါ။ ပြီးရင် Edit>Find ကနေပြီးတော့ Zawgyi-One လို့ ရိုက်ပြီး ရှာပါ။ အဲဒီမှာ ရှာလို့ တွေ့သမျှ ကုဒ်ဒင်းကို ကူးယူပြီး ကိုယ့်ဘလော့ခ် တန်းပလိတ်ထဲမှာ ပြင်လိုက်ပါ။ အဲဒီလို ဖောင့်ကို မကြေငြာ ထားသရွေ့တော့ ကိုယ့်ဘလော့မှာ မြန်မာလို ရိုက်ပေမယ့် သူများတွေ မမြင်ရဘူးဆိုတာ သတိပြုစေလိုပါတယ်။

Follow up:

Ko Mg Hla suggest : Font size ကို % နဲ့ ရေးတာထက် px နဲ့ ရေးတာ IE မှာရော Firefox မှာ ပါ အရွယ်အစား အတူတူပေါ်စေတယ်... Font size ကို % နဲ့ ရေးထားရင် Firefox မှာ စာလုံးတွေ သေးနေပြီး IE မှာတော့ ကြီးနေတတ်တယ်... ကျတော့် ဘလော့ခ်ကို လည်း အခုမှ ပြင်ပြီးသွားတာ. [See Blog]

2007-08-17

မြန်မာ Blog အလွယ်တကူပြုလုပ်နည်း

မြန်မာ Blog အလွယ်တကူပြုလုပ်နည်း လမ်းညွှန်
မြန်မာဘလော့ခ် လုပ်ချင်သူတွေ အဆင်ပြေအောင် အသုံးဝင်တဲ့ အချက်တွေကို ရေးသားထားတဲ့ ပိုစ့်တွေကို ကျွန်တော် စုထားလိုက်ပါတယ်။ ဒါတွေကို ဖတ်ကြည့်ပြီးရင် ကိုယ်လုပ်ချင်တာ တော်တော်များများ လုပ်နိုင်ပါလိမ့်မယ်။ အသစ်တွေ့ရင် တွေ့သလို ဒီနေရာလေးမှာ တင်ထားပေးပါ ဦးမယ်။ အဆင်ပြေပြေရှာနိုင်အောင် ညာဘက်ဆိုဒ်ဘားမှာ လင့်ခ်ကို ဖော်ပြထားပေးပါမယ်။ ပိုမို လွယ်ကူ ကောင်းမွန်တဲ့ နည်းစနစ်တွေရှိရင်လည်း အကြံပေး နိုင်ပါတယ်။

2007-08-15

Blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်း

This Post is received from Ko Wunna Ko

1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\
4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)
5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် "SAVE CHANGES" ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။

အသေးစိပ်လေ့လာလိုပါက ကိုဝဏ္ဏကို ရေးသားထားတဲ့ Blog တွင် မြန်မာပြက္ခဒိန် ထည့်သွင်းနည်းကို လေ့လာကြည့်ပါ။ http://kowunnako.blogspot.com/

2007-08-14

မြန်မာ့ကွန်ပျူတာများအား ခြိမ်းခြောက်နေသော ဗိုင်းရပ်စ်များအကြောင်း။

ABOUT FLASHY VIRUS
(Flashy အကြောင်း တစေ့တစောင်း)

အခုလောလောဆယ် မြန်မာနိုင်ငံကွန်ပျူတာလောကမှာ ကူးစက်မှု များပြားသော virus ကို ပြပါဆိုလျှင် ဆယ် ယောက်မှာ ခုနှစ်ယောက်ကတော့ Flashy virus ကို လက်ညိုးထိုးကြလိမ့်မည်။ Flashy သည် worm အမျိုးအစား virus ဖြစ်သည်။ File Size သည် 21,158 Bytes ရှိသည်။ ထို virus ကို 2006 July 21 တွင် စတင်တွေ့ရှိခဲ့ကြ သည်။ ကူးစက်နိုင်သော စနစ်များမှာ Windows 95, Win98, Win ME, Win 2000, Win NT, Win Sever 2003, Win XP, Win Vista တို့ဖြစ်သည်။ Flashy သည် စက်ထဲစတင်ဝင်ရောက်သည်နှင့် ဖိုင်နှစ်ခုကို စတင်ဖန် တီးလိုက်သည်။
(1) %Systemroot%\Flashy.exe
(2) UserProfile%\StartMenu\Programs\Startup\systemID.pif
%Systemroot% သည် များသောအားဖြင့် C:\WINDOWS ကို ကိုယ်စားပြုသည်။
%UserProfile% သည် Windows XP တွင် C:\Documents and Settings\Account Name\ ကို ကိုယ်စား ပြုသည်။ (မှတ်ချက်။ အထက်ပါအကြောင်းအရာများသည် အများစုတွင် ရှိနိုင်သည်ကို ရေးထားခြင်း ဖြစ်သည်။ မိမိစက်အတွက် သိလိုလျှင် Start Menu မှ Run တွင် %systemroot% (or) %userprofile% ဟု ရိုက်၍ OK ကို နှိပ်လိုက်ပါ။
ထိုမျှသာမက Registry Settings တွင်လည်း ၀င်ရောက်ပြင်ဆင်လိုက်သေးသည်။ သို့မှသာ Windows တက် သည့်အခါတိုင်း virus သက်ဝင်လှုပ်ရှားနိုင်မည်ဖြစ်သည်။ Registry Setting ထဲသို့ဝင်ရောက်ရန် Start Menu မှ Run တွင် regedit (or) regedt32 ဟု ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။

HKEY_LOCAL_MACINE\Software\Microsoft\Windows\CurrentVersion\Run\"Flashy Bot"= "%System%\Flashy.exe"

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "Hidden"="2"

ံ(Hidden Files & Folder များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ မူရင်း Folder များကို မမြင်ရဘဲ Virus များကိုသာ မြင်စေရန်အတွက် ရည်ရွယ်ထားသည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "HideFileExt"="1"
(File Extension များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ Folder နှင့် Application ကို အလွယ်တကူ မှားယွင်းဖွင့်မိမည် ဖြစ်သည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer\ "No Folder Options"="1"
(Windows Explorer ၏ Tools Menu တွင် Folder Options ကို ဖျောက်ပစ်သည်။ သို့မှသာ အထက်တွင် ပြောင်းလဲထားမှုကို အသုံးပြုသူမှ အလွယ်တကူ ပြန်လည်မပြောင်းလဲနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အထက်ပါပြောင်းလဲချက်များကို Windows Explorer ရှိ Tools Menu အောက်က Folder Option မှတစ်ဆင့် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ )

HKEY_LOCAL_MACHINE\SYSTEM\Current ControlSet\Services\Shared Access\
"Start"="4"

(Windows Firewall နှင့် Internet Connection Sharing ကို ပိတ်ရန်အတွက် Registry Settings တွင် ပြင်ဆင်လိုက်သည်။)

HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\System\"DisableRegitd HyTools"="1"
(Virus မှ ပြုပြင်ထားသော Registry Settings များကို အသုံးပြုသူမှ ပြန်လည် မပြင်ဆင်နိုင်စေရန်အတွက် System Tools များဖြစ်သော Registry Editor နှင့် Task Manager ကို အသုံးပြုသူ မသုံးနိုင်စေရန်အတွက် ပိတ်ထားခြင်းဖြစ်သည်။)

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System\"DisableTaskMgr"="1"
( Program များကို အသုံးပြုရန် ဖွင့်သောအခါ "Program is disabled by System Administrator" ဟူသော Error သာ တက်လာသည်ကို တွေ့ရမည်။ ထိုအခါ အလားတူလုပ်ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်သော program များဖြစ်သည့် Registry Mechanic, Windows Manager, etc..) များကို သုံးနိုင်သည်။)

(ဆက်လက်ဖော်ပြပါဦးမည်)
Ref: Computer Journal


Up