2009-12-06

Hard disk ပေါ်က သင်မသိတဲ့ file တွေ ရှင်းရအောင်


Disk Clean Wizard

Computer ကို သုံးတာ နေ့၊ လများစွာ ကြာလာတာနဲ့အမျှ hard disk မှာ ကျွန်တော်တို့ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ file တွေ အများကြီး ဖြစ်လာပါတယ်။ တကယ်တမ်းမှာ ဘယ်လို file တွေဆိုတာ ကျွန်တော်တို့ မသိ နိုင်ပါ။ သိရင်လည်း ဖျက်ရဲမယ် မဟုတ်ပါ။ အဲဒီ မလိုအပ်တဲ့ file တွေကို junk file များလို့ computer သမားတွေက ပြောတာ ကြားဖူးပါတယ်။ Junk ကို dictionary မှာကျွန်တော်ရှာကြည့်တော့ အဟောင်း၊ အစုတ်လို့ အဓိပ္ပါယ် ဖွင့်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် မလိုအပ်တဲ့ file တွေပါ။ ကြာလာရင် hard disk မှာ နေရာယူလာပြီး computer လုပ်ဆောင်ချက်ကိုလည်း နှေးလာစေပါတယ်။ ကဲ junk file များကို ဘယ်လိုဖယ်ထုတ်ကြမလဲ။ ဒီအခက် အခဲကို Abyssmedia (www.abyssmedia.com) က ထုတ်လုပ်တဲ့ Disk Cleanup Wizard Version 2.1.0.0 နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ File size အရွယ်အစား 726 KB သာရှိပြီး၊ Junk အမျိုးအစား 50 ကျော်ကို ရှာပြီး ဖျက်ပေးတယ်လို့ ဒါလောက်တောင်များရလားလို့ အံ့သြမိပါတယ်။ Software ကို သုံးကြည့်ရာမှာ သုံးရလွယ်ပါ တယ်။ မြန်လည်းမြန်တယ်။ တစ်ခုတော့ရှိပါတယ်။ စမ်းသပ် software ဖြစ်လို့ hard disk ရဲ့ ပထမ partition ကိုပဲ ဖြေရှင်းပေးပြီး junk files အားလုံးရဲ့ 50 ရာခိုင်နှုန်းကိုသာ ဖျက်ပေးပါတယ်။

No comments:

Up