2008-08-14

Bit Rate များကို လေ့လာခြင်း

သင်ဟာ Audio နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို စိတ်ဝင်စားသူ တစ်ယောက် ဆိုရင် wave တွေရဲ့ ကွာခြားမှု၊ Recording လုပ်တဲ့အခါ Bit Rate တွေရဲ့ ကွာခြားမှုတွေကို အထိုက်အလျောက် သိထားသင့်ပါတယ်။ Audio Recording လုပ်ငန်းအတွက် bit rate တွေ ကွာခြားမှုဟာ အလွန်အရေးကြီး ပါတယ်။ Recording လုပ်တဲ့အခါမှာ bit rate တွေမှန်ကန်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ သီချင်းတစ်ပုဒ်ကို Select လုပ်ပြီး Right Click မှတစ်ဆင့် Properties ကို ဖွင့်လိုက်ပါ။ CD တစ်ချပ်ရဲ့ bit rate ကို ကြည့်မယ်ဆိုရင် 16 bit ရှိပါတယ်။ Bit rate ဆိုတာဟာ binary digit တွေရဲ့ rate (နှုန်းထား) များဖြစ်ပါတယ်။ CD တစ်ချပ်ဟာ တကယ်တော့ digital form ပဲ ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သင်ဟာ recording လုပ်ရမယ်ဆိုရင် bit rate နဲ့ ကြုံတွေ့ရမှာပါ။ သာမန် recording လုပ်ရုံကတော့ 16 bit ကို ရွေးချယ်လိုက် ပါ။ Professional လုပ်ငန်းအတွက်ကတော့ အသံတစ်သံကို ဖမ်းရာမှာ 16 bit သို့မဟုတ် 32 bit ကို ရွေးချယ်ကြပါတယ်။ Bit rate တွေရဲ့ ကွာခြားမှုကြောင့် အသံတွေဟာလည်း ကွာခြားနိုင်ပါတယ်။ အသုံး အများဆုံးကတော့ 16 bit ပဲ ဖြစ်ပါတယ်။
တစ်ချို့ MP4 တွေမှာ Recording System ပါဝင်ပါတယ်။ အဲဒီလိုဖမ်းထားတဲ့ အသံတွေကို computer ပေါ် တင်ပြီး CD ပြန်ကူးမယ်ဆိုလျှင်တော့ အရည်အသွေးကောင်းမွန်စေရန်အတွက် bit rate တွေကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ MP4 ရဲ့ recording format ဟာ 8 bit ပဲရှိပါတယ်။ တကယ်တော့ 8 bit ဟာ အရည် အသွေး အလွန်ညံ့ပါတယ်။ ဒါပေမယ့် file size သေးတဲ့အတွက် အချိန်ကြာမြင့်စွာ အသံဖမ်းယူနိုင်ပါတယ်။ CD ပြန်ကူးမယ်ဆိုလျှင်လည်း တချို့စက်တွေမှာ ဖွင့်လို့မရတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ အကောင်းဆုံး ဖြစ်စေဖို့အတွက် ဒီ record လုပ်ထားတဲ့ data တွေကို wavelab မှ တဆင့် ပြန်လည်ပြုပြင်ယူနိုင်ပါတယ်။ 16 bit ဖြစ်စေရန်အတွက် wavelab မှ open ဖွင့်ပြီး encoding ပြန်လုပ်တဲ့အခါမှာ 16 bit 44 kHz ကို ရွေး ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေဆုံး wave file တစ်ခု ဖြစ်သွားပါပြီ။ MP3 အနေနဲ့ကတော့ 128 kbps, 44 kHz ဟာ အကောင်းဆုံးပါပဲ။ Bit rate များခြင်းဟာ အသံရဲ့ gain ကို ကောင်းစေနိုင်တာမှန်ပေမယ့် file size ကိုတော့ ကြီးစေပါတယ်။ Data file အနေနဲ့ကတော့ တစ်ခါတစ်ရံမှာ 16 bit, 48 kHz ကို သုံးပါတယ်။
တစ်ခါတရံမှာ bit rate တွေ မမှန်တဲ့အတွက် CD ကူးတာမျိုး MP3 ခွေ ပြုလုပ်တဲ့အခါမှာ ပြန်ဖွင့်လို့ မရတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ သင့်ရဲ့ computer မှာ MP3 producer (သို့) Audio Grabber စတဲ့ software တွေ တင်ထားမယ်ဆိုရင်တော့ အလွယ်တကူ ပြုပြင်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ software တွေဟာ Editing လုပ်လို့ မရပါဘူး။ တကယ်လို့ သင်ဟာ editing ပါ လုပ်ချင်တယ်ဆိုရင်တော့ WaveLab (သို့) Sound Forge ကိုသုံးတာ အဆင်ပြေစေပါတယ်။

Ref: Sanay Oo
Thursday, July 31, 2008
Internet Journal

2008-08-10

Windows XP Registry Guide E-book

Jerry Honeycutt's, Windows XP Registry Guide, is an invaluable resource for any XP user. Two registry guides. I read for previous Windows operating systems were a total waste of money. This book, however, is worth buying at any price.The Windows XP Registry Guide takes a systematic approach to learning and using registry tools to get the most out or your XP system. Novice users will learn enough to make the book worthwhile by reading just the first section (five chapters), but once you get that far you will want to read it all. Jerry is careful to warn about careless hacking and thoroughly covers backing up and restoring the registry using tools already included in Windows XP and several third party tools. I was surprised to learn how useful Microsoft's Word application is in managing changes made to the registry.


Download Link:
http://rapidshare.com/files/90314468/Microsoft_Windows_XP_Registry_Guide.rar
Pass:passiondownload.com

Source of http://whereweget.com/2008/02/26/windows-xp-registry-guide-e-book.html

2008-08-02

Windows ၏ Send To Menu တွင် Destinations အသစ်များ ထပ်မံပေါင်းထည့်ခြင်း

Windows ထဲတွင်ရှိသော Send To Command သည် ဖိုင်များအား တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းရာတွင် အသုံးပြုပါသည်။ အသုံးပြုသူ အနေဖြင့်လည်း ၎င်း Command အား အသုံးပြုရာတွင် ပုံသေ Default Destination များကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံသေပါဝင်မှု စာရင်းများအနေဖြင့် ဥပမာ- Compressed (zipped) Folder, Desktop (create shortcut), Mail Recipient, My Documents, CD/DVD Drive ဟူ၍ တစ်ခုခု ဖြစ်နိုင်ပါသည်။ ၎င်း command များသည် Default ပါရှိမှု များသာ ဖြစ်ပေသည်။ အကယ်၍ သင့်အနေဖြင့် အချက်အလက်များအား အခြားနေရာတစ်ခုဆီသို့ သယ်ယူရွှေ့ပြောင်းမှု ပိုမို၍ မြန်ဆန်စေရန်အတွက် Send To Lists တွင် Destinations အသစ်များအား ထပ်မံပြီး ပေါင်းထည့်ပေး ထားနိုင်ပါသေးသည်။ ပထမဦးစွာ-
(1) Start ကို Click တစ်ချက်နှိပ်ပြီး Run ကို Click နှိပ်ရွေးချယ်ပါ။
(2) Run Option Box ထဲတွင် sendto ဟူ၍ ရိုက်ထည့်ပြီး OK ကို Click နှိပ်ရွေးချယ်လိုက်ပါ။
(3) ထိုအခါ Send To Dialog Box တစ်ခုပေါ်လာပြီး ၎င်း Folder ထဲသို့ မိမိစိတ်ကြိုက် Program, Folders နှင့် Drives Shortcuts များအား Mouse ကို ဖိဆွဲပြီး Drag-and Drop (သို့) Copy and Paste နည်းကိုသုံးပြီး ရွှေ့ပြောင်းလိုက်နိုင်ပါသည်။ ထိုအခါ သင်ဖန်တီးလိုက်သော New Shortcut အသစ်ဆီသို့ သင်ရွှေ့ပြောင်းလိုသည့် ဖိုင်တစ်ခုပေါ်တွင် Right-Click နှိပ်ပြီး ရွေးချယ်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
(4) သင့်အနေဖြင့် ၎င်း Command များအား မကြိုက်၍ ဖျက်ပစ်မည် ဆိုပါကလည်း အထက်ပါနည်းလမ်းအတိုင်း အဆင့်ဆင့်ဝင်ရောက်ရွေးချယ်ပြီး Delete လုပ်ခြင်းအားဖြင့် ဖျက်ပစ်လိုက်နိုင်ပါသည်။

Web Page များကို PDF ဖိုင်အဖြစ် သိမ်းဆည်းထားခြင်း

အင်တာနက်စာမျက်နှာများမှ PDF အဖြစ် ပြုလုပ်သိမ်းဆည်းရန်မှာ Software များစွာရှိသည့်အနက်မှ လွန်စွာ လွယ်ကူလျင်မြန်လှသော software တစ်ခုမှာ CutePDF Creator ပင်ဖြစ်ပါတယ်။ CutePDF Software မှာ အခြားသော Print ထုတ်ယူနိုင်သော Software များစွာမှလည်း PDF ပြောင်းပေးနိုင်ပါသေး သည်။ အသုံးပြုပုံမှာ Print ထုတ်ယူလိုသော Website အား ဖွင့်ထားပြီး File Menu မှ Print ကို ရွေးချယ်ပေးပြီး ဆက်လက်၍ Printer Name Box ထဲတွင် CutePDF Writer ကို ရွေးချယ်ပေးပြီး OK ကို နှိပ်ခြင်းအားဖြင့် PDF File တစ်ခုကို ပြုလုပ်ပေးနိုင်ပါတယ်။

Create professional quality PDF files from almost any printable document. FREE for personal, commercial, gov or edu use! No watermarks! No popup Web ads! Now supports 64-bit Windows.

Download:
CutePDF Writer
http://www.cutepdf.com/download/CuteWriter.exe
Free Download (1.6 MB) (Vista Ready)
Up