2009-12-31

Windows 7 Ultimate x86 Crack



Windows 7 Ultimate x86 အတွက် Crack File လေးပါ။ Crack လုပ်နည်းလေးကလည်း လွယ်ကူပါတယ်။
(1) ပထမဦးစွာ Windows 7 Install စတင်လုပ်ရာတွင် မည်သည့် key ကိုမျှ ထည့်ပေးရန် မလိုပါ။
(2) ပြီးတော့ crack မပြုလုပ်ရသေးခင် Internet connection ကိုလည်း မချိတ်ရသေးပါ။
(3) Control Panel ထဲက User account control ကိုလည်း Disable ပြုလုပ်ပါ။
(4) ထို့နောက် 7Loder.exe ဖိုင်ကို Run လိုက်ပါ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း မြင်တွေ့ရပါမည်။
(5) သင့်ကွန်ပျူတာအမျိုးအစားကိုလိုက်ပြီး OEM information ပုံပေါ်တွင် ရွေးချယ် click နှိပ်ပါ။
(6) Install 7Loder ပေါ်မှာ click တစ်ချက်ထပ်နှိပ်ပေးပြီး computer ကို Restart ပြုလုပ်လိုက်သောအခါ သင့် Windows 7 မှာ Activated လုပ်ဆောင်ချက် အထမြောက်သွားပါပြီ။ အဆင်ပြေကြပါစေ..။

Download Now

File Size=10.18 MB
File Type= Rar

Windows 7 နှင့် တွဲသုံးသင့်သော Antivirus 10 မျိုး


List of Anti-Virus Software Compatible with Windows 7


Windows 7 တွင် လုံခြုံရေးဆိုင်ရာ feature အသစ်တွေ ပါဝင်လာပေမယ့် Antivirus ပရိုဂရမ်များကိုတော့ တွဲဖက် အသုံးပြုဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် (၁၀)ခုကတော့ Windows 7 နဲ့ တွဲဖက်အသုံးပြု သင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်..။


AVG Anti-Virus Free Edition
AVG 9.0 ကို အခမဲ့ဗားရှင်း AVG Anti-virus Free ဖြင့် ရရှိနိုင်သလို AVG Anti-virus, AVG Internet Security, AVG Internet Security Business Edition စတဲ့ ပုံမှန်နှစ်စဉ်ကြေး (Subscription Edition) ဖြင့်လည်း ရရှိနိုင်ပါတယ်။ Free Edition မှာ Anti-virus နဲ့ Anti-Spyware တွေကို အသုံးပြုနိုင်ပေမယ့် အလိုအလျောက် update ပြုလုပ်ပေးနိုင်မယ့် စနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ Update ပြုလုပ်လိုတဲ့အခါမှာတော့ manual ဖြင့် ပြုလုပ်နိုင်ပါတယ်။ Subscription Edition မှာတော့ Free Edition မှာ ပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို Phishing နဲ့ Anti-rookit ကာကွယ်မှုစတဲ့ feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AVG package နှင့် ပတ်သက်ပြီး Mysticgeek's review of AVG Free တွင်လည်း
အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။


Avast Anti-Virus Home

လက်ရှိ Avast version ကတော့ 4.8 ဖြစ်ပြီး Version 5.0 ကိုတော့ မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီး ရရှိနိုင်ပါတယ်။ Home Edition မှာ Anti-virus, Anti-Spyware, Anti-rookit, Automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်၊ အခြား feature မြောက်မြားစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Revies of Atast ခေါင်းစဉ်အောက်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။


McAFee

McAFee 2010 ကို Virus Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့် ရရှိနိုင်ပြီး Edition တစ်ခုစီတွင် Anti-Virus, Anti-Spyware, Anti-Phishing နဲ့ Firewall Protection စတဲ့ feature တွေ ပါဝင်ပါတယ်။ အသေးစိတ် အကြောင်းအရာကိုတော့ McAFee မှာ ၀င်ရောက် ကြည့်ရှု့နိုင်ပါတယ်။


Norton Anti-Virus 2010

Norton 2010 ကို Internet Security, Anti-virus စသည့် version နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ၎င်း version နှစ်မျိုးစလုံးတွင် Virus, Spyware, Trojan horse, Worm, Rookit တို့ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် အချက်တွေ ပါဝင်ပါတယ်။ Internet Security version မှာ တော့ Firewall အတွက် နည်းလမ်းနှစ်မျိုး ပါဝင်ပြီး အခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။ Norton website သို့ သွားရောက်ပြီး အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့မှ အချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Safe Run လိုအဆင့်မြင့် feature တွေ ပါဝင် လာသည့်အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


Trend

MicroTrend Micro က ထုတ်လုပ်တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Version တစ်ခုစီမှာ Anti virus နဲ့ Anti sypware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Secruity Version တွင် Web ၊ E-mail နဲ့ Parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Trend Micro Site တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


Panda Security

Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ version များဖြင့် ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Internet Security version တွင် anti-spam, parental control, backup စသည့် feature များ ထပ်ပေါင်းပါဝင်ပြီး Global Protection version မှာတော့ backup နဲ့ PC Tuneup feature များ ပါဝင်လာပါတယ်။ အသေးစိတ်ကိုတော့ Panda Security Site မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။


PC Tools

Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ Virus, Spyware, Trojan, Adware, Worm, Keylogger စသည် များကို ဖယ်ရှားပေးနိုင်ပါတယ်။ PC Tools Site ရဲ့ Site မှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။


Sunbelt Software

Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး ယင်းအတွက် လိုင်စင်ကြေးထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူး။ Sunbelt Software Site မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။


Microsoft Security Essentials

Microsoft Security Essentials ဟာ အခမဲ့ download ပြုလုပ်ကာ အသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ် ဖြစ်ပါတယ်။ Virus, Spyware အပြင် အခြားအန္တရာယ်ရှိတဲ့ Rookit, Trojan စတဲ့ software တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ ပရိုဂရမ်များ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach file များကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Microsoft Security Essentials ရဲ့ site မှာ သွားရောက် download ပြုလုပ် နိုင်ပါတယ်။


Ref: http://www.yatanarpon.com.mm

http://blogs.howtogeek.com/


2009-12-24

အသေးစိပ်သိမှတ်စရာ Windows Disk Cleanup ပြဿနာ

Disk Cleanup Tool ဟာ သင့် ကွန်ပျူတာအတွင်းရှိ hard disk ရဲ့ ဆုံးရှုံးသွားတဲ့ နေရာလွတ်များ ပြန်လည် ရရှိအောင် အကူအညီပေးတဲ့ disk scanner utility တစ်ခုပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ file များကိုလည်း လုံခြုံစိတ်ချ စွာနဲ့ ရှာဖွေပယ်ထုတ် ပစ်နိုင်ပါတယ်။ ဥပမာ- ယာယီပြုလုပ်ပြီး ထည့်ထားသည့် ဖိုင်များပင် ဖြစ်ပါတယ်။ သို့ပေမယ့် လည်း ယင်းကဲ့သို့ file များအား ဖျက်ပစ်ရန်ဆိုသည်မှာ သင့်ရဲ့ရွေးချယ်မှု အပေါ်မှာသာ တည်ပါသည်။ သင့်ရဲ့ hard disk ပေါ်မှာ နေရာလွတ်များ ပိုမိုရရှိစေရေးအတွက် disk cleanup tool ဟာ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ပြုလုပ်ပေးနိုင်ပါတယ်။

(၁) Temporary Internet files များကို ဖယ်ထုတ်ခြင်း။
(၂) Download Program များကို ဖယ်ထုတ်ခြင်း။
(ဥပမာ- အင်တာနက်ထဲမှ download လုပ်ထားတဲ့ Active X controls, Java applets..)
(၃) Recycle Bin အမှိုက်ပုံးထဲမှ ဖိုင်များကို ဖယ်ထုတ်ခြင်း။
(၄) Windows ရဲ့ temporary file များကို ဖယ်ထုတ်ပေးခြင်း။
(၅) သင်မသုံးတော့တဲ့ windows မှာ ပါဝင်လာတဲ့ file စနစ်များကို ဖယ်ထုတ်ပေးခြင်း။
(၆) Install လုပ်ထားပြီး ကာလကာမြင့်စွာ မသုံးပဲထားသည့် program များကို ဖယ်ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို Disk Cleanup က အခြားသော software များရဲ့ အကူအညီကို မယူပဲ Temporary File များကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။

Temporary File ရဲ့ သဘောကလည်း hard disk ထဲမှာ အချိန်ကြာလာတာနဲ့အမျှ temporary file တွေ ပွလာ ပါတယ်။ Temporary File ဆိုတာက ကျွန်ုပ်တို့ Application တွေကိုသုံးပြီး computer ကို ခိုင်းတဲ့နေရာမှာ အဲဒီ application တွေက လူတွေခိုင်းတာကို ပြီးမြောက်စေဖို့ Temp File တွေ hard disk ထဲမှာ သွားဖွင့်ပါတယ်။ ယင်း application များဟာ hard disk ထဲမှာ Temp File တွေကို ထုတ်ပြီး အလုပ်လုပ်စဉ် တစ်ခါတရံမှာ application ထဲက မထွက်ခင် ရုတ်တရက် မီးပျက်သွားခြင်း၊ restart ကျခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်ပြီး temp file များဟာ မပျက်တော့ပဲ hard disk ထဲမှာ ကျန်ရှိသွားပါတော့တယ်။ ကြာလာတဲ့အခါမှာ ဒီ temp file တွေဟာ hard disk မှာ များလာပြီး ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ ယာယီမှတ်သားထားတဲ့ file အပိုလေးတွေ ဖြစ်လာပါတယ်။ ယခုလို မကြာမကြာ ဖြစ်ခဲ့ပါက temp file များရဲ့ နေရာယူမှုဟာ ကွန်ပျူတာရဲ့ free space တွေကိုတောင် ခြိမ်းခြောက်လာပါလိမ့်မယ်။

ဒါဆိုရင် ယင်းကဲ့သို့ မဖြစ်စေပေါ်စေရန်မှာ temp file များကို ဖျက်ဖို့ အခြေအနေအရ လိုအပ်လာပါပြီ။ သူ့ကို လည်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံပြီး ဖျက်ဖို့ မလိုပါဘူး။ Windows မှာ ပါရှိပြီးသား Disk Cleanup နဲ့ပဲ temp file အားလုံးကို တစ်စုတစ်စည်းထဲ ဖျက်လို့ရနိုင်တဲ့အတွက် များစွာ အဆင်ပြေစေပါတယ်..။

ဒါဆိုရင် Disk Cleanup ရဲ့ လုပ်ဆောင်မှုကို စတင်ကြည့်ရအောင်..။

- ပထမဦးစွာ Start button ကို Click နှိပ်ပြီး Run ကို ရွေးချယ်ပါ။
- ပြီးတော့ Run box မှာ cleanmgr လို့ ရိုက်ထည့်ပြီး OK ကို click နှိပ်လိုက်ပါ။ (သို့) Start ကို Click နှိပ်ပြီး All Programs ကို ရွေး ၊ ပြီးတော့ Accessories ကို ရွေး၊ System Tools ကနေတဆင့် Disk Cleanup ပေါ်မှာ click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။




ဒါဆိုရင် ယခုလိုမျိုး တွေ့မြင်ရပါမယ်။ OK button ကိုသာ ထပ်မံပြီး click နှိပ်လိုက်ပါ။







သင့် hard disk ရဲ့ free space ဘယ်လောက် ထွက်လာ မလဲဆိုတာကို စတင်ပြီး တွက်ချက်ပါလိမ့်မယ်။ ခဏ လောက်တော့ စောင့်ရမှာပါ။





(ဆက်လက်ရေးသားပါဦးမည်။ )
လေးစားလျှက်....။
ကျော်မြင့်ဦ; (Knowledge is Free)



Ref: A+ certification (Zaw Lin- Youth)
http://support.microsoft.com/kb/310312




2009-12-23

Traditional Color Theory


အစဉ်အလာ အရောင်သဘောတရား

အိုင်းဆက်နယူတန် ၏ သုံးမြှောင့်ဖန်တုံးဖြင့် ထင်ရှားသော စမ်းသပ်ဖော်ထုတ် ညွှန်ပြမှုများသည် အရောင်သဘော တရားနှင့် ပတ်သက်၍ ကျွန်တော်တို့အတွက် အခြေခံ ရင်းမြစ်များပင် ဖြစ်ပါသည်။ သုံးမြှောင့် ဖန်တုံးတစ်ခုကို ဖြတ်သန်း၍ ဖြာထွက်လာခဲ့သော ရောင်ခြည်တန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အဖြစ် သက်တံရောင်စဉ်ကို နယူတန်သည် ဂရုစိုက် လေ့လာခဲ့ပါသည်။ ဤလက်တွေ့စမ်းသပ် ဖော်ထုတ်မှုအရ အလင်းသည် အရောင်၏ ရင်းမြစ်ဖြစ်ကြောင်း၊ နျူတန်က ကောက်ချက်ချနိုင်ခဲ့ပါသည်။
နယူတန်၏နောက်ပိုင်း ပညာရှင်အသီးသီးတို့သည် သမိုင်းစဉ်ဆက် အရောင်သီအိုရီစနစ်များကို စူးစမ်း လေ့လာ ဖော်ထုတ်ခဲ့ကြရာတွင် မူလအခြေခံအရောင်များအဖြစ် အ၀ါ၊ အနီနှင့် အပြာရောင် သီအိုရီ သဘောများကို အသီးသီး တင်ပြခဲ့ကြပါသည်။ ၎င်းတို့အနက် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု သုံးစွဲခဲ့ကြ သော မန်ဆဲလ် (munsell) ၏ အရောင်စနစ်မှာ ထင်ရှားခဲ့ပါသည်။

ပေါင်းစပ်ရောင်စဉ် The Additive Spectrum

အင်္ဂလန်မှ ရူပပေဗဒပညာရှင် သောမတ်စ်ယန်း (Thomas Young) (1773-1829) သည် နီ၊ ၀ါ၊ ပြာလို အခြေခံ သည့် အရောင်စနစ်အပြင် အနီ၊ အစိမ်း၊ အပြာ၊ အလင်းရောင်သုံးခု အတူတကွ ရောနှောပေါင်းတင်ခြင်းဖြင့် အဖြူရောင်အလင်းကို ထုတ်လွှတ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အနီ၊ အစိမ်းနှင့်အပြာရောင်တို့သည် အလင်း၏ အခြေခံအရောင်များဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်သည်။

အလင်းအခြေခံအရောင် အနီ၊ အစိမ်း၊ အပြာတို့ကို ၁၉၇၀ ပြည့်နှစ် ၀န်းကျင်က စတင်တွေ့ရှိခဲ့သည်။ ဂျာမနီမှ ဟာမန်ဗွန် ဟဲလ်ဟော့ဇ် (HermannVon Helmholtz) ၊ ဗြိတိန်မှ ဂျိမ်းစ်ကလပ်စ် မက်က်စ်ဝဲလ် (James Clark Maxawell ) စသည့် သိပ္ပံပညာရှင်များက အခြေခံအရောင်များကို အတိအကျ သတ်မှတ်တိုင်းတာခဲ့ခြင်း ဖြစ်သည်။

၁၈၇၉ ခုနှစ်တွင် နယူးယောက် ကိုလံဘီယာကောလိပ်မှ ရူပဗေဒပညာရှင် အော့ဒဲန်ရုဒ် (Ogdon Rood) က နီစိမ်းပြာ အခြေခံသည့် ရောင်စုံစက်ဝိုင်းကို တီထွင်နိုင်ခဲ့သည်။

အင်္ဂလန်မှ အေ အိတ်ခ်ျ ချာ့ခ်ျ (A.H Charch) နှင့် အာအေဟူစတန့် (R.A.Houstoun) မြူးနစ်မြို့မှ ၀ီလ်ဟမ် ဗွန်ဘီဇောဒ် (Wilhelm Von Bezold) စသည့် ပညာရှင်များ ၁၉၂၃ ခုနှစ်တွင် အမေရိကန် ပန်းချီဆရာနှင့် ကျောင်းဆရာ မစ်ရှယ် ဂျက်ကော့ဘ်စ် (Michal Jacobs) တို့သည် နီ၊ စိမ်း၊ ပြာ အရောင်သဘောတရားများကို အသီးသီး ဆန်းသစ်ဖော်ထုတ် လေ့လာတင်ပြခဲ့ကြသည်။

နေရောင်ခြည်မှ ရောင်စဉ်များဖြစ်သည့် သက်တံရောင်စဉ်များကဲ့သို့ပင် ပေါင်းစပ်ရောင်စဉ်သည် လျှပ်စစ် သံလိုက်လှိုင်းများဖြစ်သည့် လှိုင်းအလျား ၄၀၀ မှ ၇၄၀ နာနိုမီတာအတွင်းရှိ ရောင်ခြည်တန်းများ ပေါင်းစပ်ပါဝင် နေသော မြင်နိုင်စွမ်းရှိသည့် အလင်းရောင်ခြည်တန်းများ ဖြစ်ပါသည်။ အလင်းရောင်ခြည် လှိုင်းတိုအလျား 400nm မှ 500nm အတွင်း ခရမ်းရောင် Purple မှ အပြာရောင် Blue အထိကို လည်းကောင်း၊ လှိုင်းလတ် အလျား 500nm မှ 600nm ခန့်အတွင်း အစိမ်းရောင် (Green) မှ အ၀ါရောင် (Yellow) အထိကိုလည်းကောင်း၊ လှိုင်းအလျား အနီးဆုံး 600nm မှ 740nm အတွင်း လိမ္မော်ရောင် Orange မှ အနီရောင် Red အထိ လည်းကောင်း တွေ့မြင်နိုင်ပါသည်။

ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်ဆိုရခြင်းမှာ မူလအရောင် အနီ၊ အစိမ်း၊ အပြာ သုံးရောင် ပေါင်းစပ်ခြင်းဖြင့် ကြည်ပေါက်သော အဖြူရောင်အလင်းကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ထက်ပို၍ မူလအရောင် နှစ်ရောင်စီကို အချင်းချင်း တွဲဖက်ပေါင်းစပ်သောအခါ အလင်း၏ ဒုတိယ အရောင်များကို ရရှိစေ ပါသ်ည။ ဥပမာအားဖြင့် အစိမ်းရောင်အလင်းနှင့် အပြာရောင် ပေါင်းစပ်၍ အပြာရောင် (Cyan) ကို ရရှိပါသည်။ အနီရောင်အလင်းနှင့် အပြာရောင်တို့ ပေါင်းစပ်ခြင်းဖြင့် ပန်းသွေးနီရောင် (Magenta) ကို ရရှိပါသည်။ အစိမ်းရောင် အလင်းနှင့် အနီရောင်တို့ ပေါင်းစပ်ခြင်းဖြင့် အ၀ါရောင် (Yellow) ကို ရရှိစေပါသည်။ ထို့ကြောင့် အလင်း၏ ဒုတိယ အရောင်များသည် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့ ဖြစ်ပါသည်။

ဤပေါင်းစပ်ရောင်စဉ် သဘောတရား အရောင်စနစ်သည် အလင်းကို အခြေခံသော Medium များ ဖြစ်သည့် TV, Monitor, Projector များနှင့် Multimedia products များတွင် လက်တွေ့အသုံးပြုပါသည်။ ယနေ့ လူသိများ သော RGB mood အရောင်စနစ်တစ်ခုပင် ဖြစ်ပါသည်။

နုတ်ထုတ်ရောင်စဉ် Subtractive Spectrum

ပေါင်းစပ်ရောင်စဉ် Additive Spectrum ၏ ဒုတိယအရောင်များ ဖြစ်သည့် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့သည် နုတ်ထုတ်ရောင်စဉ်၏ မူလအခြေခံ အရောင်များ ဖြစ်လာပါသည်။ အစဉ် အလာသဘောတရား၏ ဤယူဆချက် အရ အရာဝတ္ထုတစ်ခု၏ အရောင်များသည် အလင်းရောင်ခြည်များမှ နုတ်ထုတ်ခြင်းကို ခံရသည်ဟု ဆိုပါသည်။

RGB

ပေါင်းစပ်ရောင်စဉ်တွင် မူလအခြေခံ အရောင်များအဖြစ် အနီ (Red) ၊ အစိမ်း (Green) ၊ အပြာ (Blue) တို့ကို ဖော်ပြထားသည်။






CMYK

ရောင်စုံပုံနှိပ်ခြင်းနှင့် ပန်းချီရေးဆွဲခြင်းတွင် ရောင်ခြယ်ဆေးတို့၏ အလေ့အထကို ရှင်းလင်းဖော်ပြသောအခါ အနုတ်ရောင်စဉ် သဘောတရားသည် အသုံးဝင်သော ယူဆချက် ဖြစ်ပါသည်။ အလားတူ ဓာတ်ပုံလုပ်ငန်းတွင် လည်း အရောင်စစ်ထုတ်ခြင်း (Color Filter) ပြုရာ၌ အသုံးချနိုင်ပါသည်။ အကြောင်းမှာ အလင်းကို အရာဝတ္ထုက စုပ်ယူထားရှိခြင်းဖြင့် အရောင်များသည် အလင်းတန်းမှ နုတ်ထုတ်ခြင်းကို ခံကြရသည်။


အကြောင်းမှာ အလင်း သက်ရောက်ခံရသော အရာဝတ္ထုက အလင်းတွင် ပါရှိသော အရောင်တို့ကို စုပ်ယူထား ခြင်းကြောင့် ဖြစ်သည်။ မျက်စိဖြင့် မြင်တွေ့ရသော အရောင်များသည် အရာဝတ္ထုများမှ ထုတ်လွှတ်၍ ပြန်ထွက် လာသော ရောင်ပြန်များကို တွေ့မြင်ရခြင်း ဖြစ်သည်။ မျက်စိမှ ထုတ်ယူခဲ့ခြင်း မဟုတ်ပေ။

နုတ်ထုတ်ရောင်စဉ်များ၏ မူလအရောင်များဖြစ်သော Cyan, Magenta နှင့် Yellow တို့ကို ပေါင်းစပ်သောအခါ အနက် (Black) ကို ရရှိစေပါသည်။

ကျွန်တော်တို့သည် မူလအရောင်နှစ်ရောင်စီဟု အချင်းချင်း အတူတကွပေါင်းစပ်သောအခါ အနီရောင် (Red) ၊ အစိမ်းရောင် (Green) နှင့် အပြာရောင် (Blue) တို့ကို ရရှိစေပါသည်။ ထို့ကြောင့် အနီ၊ အစိမ်းနှင့် အပြာ (ပေါင်းစပ်ရောင်စဉ် additive spectrum ၏ မူလ အရောင်များ ) တို့သည် နုတ်ထုတ်ရောင်စဉ် Subtractive Spectrum ၏ ဒုတိယ အရောင်များ ဖြစ်ကြပါသည်။

Artist
များပြားလှသော အ၀ါ၊ အနီ၊ အပြာ တို့ ရှိသည့်အနက် ရောင်စဉ်စက်ဝိုင်းတွင် မူလအရောင်များအဖြစ် ဖော်ပြ ထားရာ ဤနေရာ၌ အပြာကို (Cyan) အဖြစ် ဖော်ပြထားပါသည်။

ပန်းချီအနုပညာရှင်များ၏ ရောင်စဉ် Artists' Spectrum

ယခုတိုင် ပန်းချီအနုပညာရှင်များ အစဉ်အလာ သုံးစွဲခဲ့ကြသော တတိယရောင်စဉ်တစ်ခုအဖြစ် ပန်းချီ အနုပညာ ရှင်များ၏ ရောင်စဉ် Artists' Spectrum ဟု ခေါ်ပါသည်။

အစဉ်အလာ အရောင်သဘောတရားအရ မျက်မှောက်ကာလတွင် ပန်းချီဆရာများ၏ ရောင်စဉ်စက်ဝိုင်းကို တည်ဆောက်ရာ၌ အ၀ါရောင် (Yellow) ၊ အနီရောင် (Red) နှင့် အပြာရောင် (Blue) တို့ကို မူလအရောင်စစ် (Primary Hues) များအဖြစ် စီစဉ်ဖော်ပြကြပါသည်။ ၎င်းတို့ သုံးရောင် အချင်းချင်း ပေါင်းစပ်ရာမှ ဒုတိယ အရောင်များအဖြစ် လိမ္မော် (Orange) ၊ အစိမ်း (Green) နှင့် ခရမ်း (Violet) တို့ကို ရရှိပါသည်။


ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။


Source of Computer User 15 October 2009

2009-12-22

PhotoInstrument 3.1 Image Editor

PhotoInstrument 3.1 ဟာ digital ဓာတ်ပုံများကို ပြုပြင်ရာမှာ စွမ်းဆောင် ရည်ပြည့်ဝပြီး သင်ကြားရတာလည်း လွယ်ကူ လှပါတယ်။ မည်သူမဆို digital ဓာတ်ပုံများရဲ့ အခက်အခဲတွေကို click ကလေး အနည်းငယ် နှိပ်လိုက်ရုံနဲ့ ဖြေရှင်းပေးနိုင် ပါလိမ့်မယ်။ ဓာတ်ပုံ ပြင်ရန်နဲ့ ဓာတ်ပုံကို မိတ်ကပ်လိမ်းခြယ်ရန် အတွက် လွယ်ကူပြီး ကောင်းမွန်တဲ့ software လေးတစ်ခုပါ။ ပြီးတော့ သင့် ဓာတ်ပုံတွေကိုလည်း professional ဓာတ်ပုံဆရာ ရိုက်ကူးထားသည့် လက်ရာမျိုး ကြည့်လို့ ရှု့လို့ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။




Download Now


OS: Microsoft Windows 2000, XP, Vista and Win7
License: Serial
Size: 2.69 Mb
Source of http://www.photoinstrument.com/


2009-12-21

Knote Art-House Fonts

Design နယ်ပယ်တွင် design ဆွဲကြရာ၌ ကောင်းမွန်တဲ့ လက်ရာဖြစ်ဖို့ရာ ပုံစံအမျိုးမျိုးဖြင့် ဖန်တီးရေးဆွဲလျှက် ရှိကြပါတယ်။ အချို့မှာ ကိုယ်တိုင်ဆွဲသားခြင်းဖြင့် လည်း ကောင်း၊ ပုံနှိပ်စာအုပ်အမျိုးမျိုးတို့မှ ရရှိသော ပုံတို့အား Scan ဖတ်ခြင်းလည်းကောင်း စသည်ဖြင့် ရှာဖွေပြီး ဖန်တီးမှု ပြုကြပါသည်။ ထိုသို့ media အမျိုးမျိုးတို့မှ ရရှိသော အရာများစွာဖြင့် design မှု ပြုကြရာတွင် လိုအပ်သော ကုန်ကြမ်း ရရှိရေးမှာ လက်လှမ်းမီကြသူများ မှာ လွယ်လင့်တကူ ရှာဖွေနိုင်၊ ၀ယ်ယူအသုံးပြုနိုင် ကြသော်လည်း လက်လှမ်းမမီသော designer များအတွက်မူ မလွယ်ကူလှပါပေ။ ယင်းကဲ့သို့ ယခုလို ပြန်လည် ဝေမျှပေးရသည်မှာလည်း မူလဖန်တီးသူ ပညာရှင်များရဲ့ ကြိုးစားအားထုတ်မှုနှင့် အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်လို၍ မဟုတ်ကြောင်း နားလည် ပေးစေလိုပါတယ်။
နောက်တစ်ခု အရေးကြီးတာက information ကို 'ကျီ' ထဲမှာ ထည့်လှောင်ထားရင် တန်ဖိုး တက်မလာရုံမျှမက တန်ဖိုးကျသွားနိုင်တယ်။ 'အ' သွားနိုင်တယ်။ Information ကို share လုပ်ပေးနိုင်မှသာ ရှင်သန်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာရှင် အသိုင်းအ၀ိုင်းက သဘောတူညီကြတဲ့ အကောက်အယူလည်း ဖြစ်ပါတယ်။

Download Now


File Type=RAR
File Size= 745.01KB

2009-12-19

Making Passport Photos for 4x6 Size


Adobe Systems ထုတ်လုပ်မှုတစ်ခုဖြစ်သော Photoshop Software ၏ digital ပုံရိပ်များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း စသည့် ဆောင်ရွက်နိုင်ချက် စွမ်းရည်များကို ကွန်ပျူတာသမားများ သိထားကြပြီး ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်များနှင့် စပ်လျဉ်း၍ software များတွင် အကောင်းဆုံး software တစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ Photoshop သည် design ဖန်တီးရှင်များ၏ စိတ်ကူးအိပ်မက်များကို လွယ်ကူစွာ အကောင် အထည်ဖော်ပေးနိုင်သည့် အကောင်းဆုံးသော အဆင့်မြင့် software တစ်ခုဖြစ်သည်ဟု ဆိုရပါမည်။
ယခုသင်ခန်းစာတွင် လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် တစ်ဆင့်ချင်း ဖော်ပြ ပေးထားပါသည်။ အထူးသဖြင့် ယခု တင်ပြထားသော tutorial သည် photoshop ကို စတင်လေ့လာသူ လူသစ်များအတွက် ပုံရိပ်များကို ဖန်တီးရန် နည်းလမ်းများကို ဖော်ပြ ပေးထားပါသည်။
4 x 6 Size ဓာတ်ပုံအတွင်းတွင် Passport ဓာတ်ပုံများကို လွယ်ကူစွာဖြင့် စတင် စီကြည့်ကြရအောင်ပါ။ ယခု နည်းမှာ ဓာတ်ပုံဆိုင်များတွင် အသုံးပြုများသော နည်းဖြစ်သည်။ နည်းလမ်းများစွာ ရှိသည့်အနက် ယခင်နည်းမှာ 4 x 6 Size Photo Paper အတွင်းတွင် Alt Key ဖြင့် drag ဆွဲယူပြီး layer merge ပြုလုပ်ကာ ယင်း layer များကို ထပ်မံပြီး Alt Key ဖြင့်ပင် drag copy ပြုလုပ်သည့် နည်းလမ်းဖြင့်လည်း အလွယ်တကူ ပြုလုပ်နိုင်ပါလိမ့်မည်။ သို့ရာတွင် ခက်ခက်ခဲခဲ ပြုလုပ်ရမှ ကျေနပ်ကာ မိမိရဲ့ creative တစ်ခုဟု ယူဆပါလျှင် ယခုနည်းကို အသုံးပြု ကြည့်ကြပါကုန်။ :)

Download Now

File type= PDF and Size=641.35 KB


2009-12-15

လှေကားထစ်များ ရာဇ၀င်


လူဆိုတာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိဖို့အရေးကြီး သလို၊ ကိုယ်ဘာတော့ မဖြစ်နိုင်ဘူးဆိုတာ သိဖို့လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။

အထက်ပါ ဒဿနလေးကတော့ ဆရာ ဦးသောင်းတင် (KMD Computer) ပြောကြားတဲ့ စကားလေးပါ။ သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ ဆိုတဲ့ လှေကားထစ်များ ရာဇ၀င် စာအုပ်ထဲက ဆရာ ဦးသောင်းတင် ရဲ့ အကြောင်းအရာ လောက်ကိုသာ ထုတ်နုတ် တင်ပြထားပါတယ်။ သို့ပေမယ့် စာအုပ်ထဲမှာ ပါဝင်တဲ့ အခြားသော ဂုဏ်ယူဖွယ် ကောင်းတဲ့ မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များရဲ့ သူတို့ဖြတ်သန်းခဲ့ကြရတဲ့ ဘ၀ခရီးလမ်း အတွေ့အကြုံတွေ အကြောင်းကို ဖတ်ရှု့ရတာဟာလည်း လွန်စွာ စိတ်ဝင်စားဖွယ်၊ ဂုဏ်ယူအားကျဖွယ် ကောင်းပါတယ်။ ဒါကြောင့် ကျန်တဲ့သူများရဲ့ အကြောင်းအရာများကိုလည်း ဖတ်ရှု့ချင်တယ်ဆိုရင်တော့ ၀ယ်ယူပြီး ဖတ်ရှု့သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။
ယခုစာအုပ်၏ အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်း အားလုံးကို လူငယ်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ပြောင်းလဲမှု ကဏ္ဍများတွင် လှူဒါန်းသုံးစွဲသွားမည် လို့လည်း လှေကားထစ်များ ရာဇ၀င်ရဲ့ စာအုပ်မှာ ဆိုထားပါတယ်။
ကမ္ဘာနဲ့ချီပြီးပြောရင် Bill Gates ကို အားကျသလိုမျိုး တိုင်းပြည်နဲ့ချီပြီး ပြောပြန်မယ် ဆိုရင်တော့ ဆရာ ဦးသောင်းတင် ကို လေးစား ဂုဏ်ယူအားကျမိပြန်ပါတယ်။
ဒါကြောင့် ယခု post မှာ ဆရာ ဦးသောင်းတင် ရဲ့ သူဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်စဉ်ကို ဖတ်ရှု့ခြင်းအားဖြင့် ကျွန်တော်တို့ အိုင်တီသမားတွေ အတွက် မိမိကိုယ်ကို upgrade လုပ်ဖို့ရာ အားသစ်လောင်း လိုက်ရပါတယ်။

Download Now

File Type = Rar File

Size = 7.55 MB





2009-12-08

How to Fix Error 27 on Canon Pixma MP145


What is Canon Waste Ink Absorber Full

သင့်ကိုယ်ပိုင် canon printer တစ်လုံးအား လုပ်ငန်းအတွက် print ထုတ်ယူရာတွင် "Waste Ink Absorber Full" ဟူသည့် message မျိုးကို ကြုံတွေ့ရတတ်ပါသည်။ ထိုမျှမကပဲ "Please contact Canon services support" ဆိုသည့် စာသားကိုသာ Canon Help က တွင်တွင်ကြီး ပြောဆိုပါလိမ့်မည်။ ဒီအတိုင်းသာဆိုရင်တော့ သင့် printer service အတွက် ငွေကုန် တော့မည်မှာ အမှန်ပင် ဖြစ်သည်။ Print ထုတ်သည့်လုပ်ငန်းစဉ် များပြား လာပါက ယင်းပြဿနာမှာ Canon printer တိုင်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ ဒါကြောင့် printer ကို ဆိုင်မပို့သေးပဲ (ပိုက်ပိုက် ကုန်မှာစိုးသည့်အတွက်) ဖြေရှင်းဖို့ရာ Canon Printer ရဲ့ Trick အချို့ကို ကိုယ်တိုင် ဖြေရှင်းကြည့်ကြရအောင်ပါ။

Waste ink absorber ဆိုတာ ဘာကြီးပါလိမ့်

Waste ink absorber ဆိုတာ တကယ်တော့ cartridge ဆေးဗူးရဲ့ အောက်ဘက်က ကတ်ပြားအသေးလေးတစ်ခုပါပဲ။ အဲဒါလေးနဲ့ printhead ရဲ့ အလေအလွင့်ဖြစ်သွားတဲ့ ဆေးရည်တွေကို စုပ်ယူဖို့ရာ အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ ထို့ပြင် အဲဒီမှာရှိနေတဲ့ (Selang) လို့ခေါ်တဲ့ ဆေးရည်မှာပါဝင်တဲ့ အနည်များနဲ့အမှုန်အ၀ါးများကိုပါ စစ်ထုတ်ပေးနေတဲ့ သတ္တုပြားလေးဟာ ink tank နဲ့ပါ ချိတ်ဆက်ထား ပါသေးတယ်။

Canon printer ဟာ chip counter ကို အသုံးပြုထားပြီး သင် မည်မျှ print ထုတ်ထားပြီးကြောင်း ရေတွက် ပါတယ်။ စာရွက်အရေအတွက် များများ ထုတ်ပြီးတဲ့အခါမှာ Chip ဟာ Print ထုတ်ခြင်းလုပ်ငန်းစဉ်ကို ရပ်တန့် ပစ်လိုက်ပါတော့တယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးဗူးအသစ်ထပ်မံလဲရန်နဲ့ သင့် Printer ရဲ့ absorber ရဲ့ chip မှာသတ်မှတ်ထားတဲ့အရေအတွက်ကို ပြည့်သွားကြောင်း printer မှ ယူဆတာကြောင့် ဖြစ်ပါတယ်။ အဲဒီ အခါမှာတော့ printer မှာ ဆက်လက်ထုတ်မရတော့ပဲ "Waste ink absorber is full" ဆိုတဲ့ message ကို print ထုတ်တိုင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကြိမ်ဖန်များစွာ ကြိုးစားပြီးထုတ်ပေမယ့် မရနိုင် တော့ပါ။ ဒီအခါမှာ သင်သတိထားကြည့်ပါ။ သင့် printer ရဲ့ LED မီးလုံးမှာ (၈)ကြိမ်၊ လိမ္မော်ရောင် (၁)ကြိမ် error alarm ပေါ်နေမည်ဖြစ်သည်။
အဲ့ဒီအတွက် ယင်းလုပ်ငန်းစဉ်အသုံးပြုထားသည့် Canon ကို အပြစ်တင်ချင်ပါလိမ့်မည်။ ဒါပေမယ့် ကောင်းတဲ့ ဘက်က ပြန်ပြီးစဉ်းစားကြည့်ပြန်တော့ ယခုလုပ်ငန်းစဉ်များကို Canon Printer မှာ အသုံးပြုထားသည့်အတွက် ကောင်းမွန်တဲ့ အရည်အသွေးကို ထုတ်ယူဖို့ရာ အတွက် အရည်အသွေးကို ထိန်းထားခြင်းသာဖြစ်ကြောင်း သိရှိ ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှ မဟုတ်ရင်တော့ printer ရဲ့ electronic အစိတ်အပိုင်းတွေနဲ့ waste ink တွေကို မထိတွေ့ချင်ဘူးဆိုရင် သင့် printer မှာ မည်သည့်အခါမျှ သုံး၍ရနိုင်တော့မည် မဟုတ်တော့ပေ။ Ink absorber full ဖြစ်နေခြင်းကို Canon IP PIXMA printer များမှာ chip counter မှ error များကို တိတိကျကျ ပြသပေးပါတယ်။

Solution

Canon Printer ရဲ့ manual ညွှန်ကြားချက်များကို ဖတ်ပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သင် ရှာဖွေပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး လုပ်မရတော့တဲ့အဆုံးမှာ ဒီစကားလေးအတိုင်းပဲ ဖြေရှင်းကြည့်ပါ။ "Please contact service support" ဟူ၏။ :)


Error Codes for MP145/150/160 Series

E2-2 = No paper (ASF)
E3-3 = Paper jam
E4 = No ink
E5-5 = The ink cartridges are not installed or a non-supported ink cartridge is installed, or the ink cartridges are not installed properly
E8 = Waste ink absorber full, or platen waste ink absorber full
E9 = The connected digital camera / video camera does not support Camera Direct Printing
E14 = The Ink cartridges whose destination are wrong
E15 = Ink cartridge is not installed E16 – Ink remaining is unknown
E16 -E19 = Failed to scan head alignment sheet
E22 = Carriage error
E23 = Paper feed error
E24 = Purge unit error
E25 = ASF(cam) sensor error
E26 = Internal temperature rise error
E27 = Waste ink absorber full or platen waste ink absorber full
E28 = Ink cartridge temperature rise error -
E29 = EEPROM error
E33 = Paper feed position error
E35 15 = USB Host VBUD overcurrent error – USB
E37 17 = Abnormal motor driver error
E40 20 = Other hardware error
E42 22 = Scanner error

The number of the Reset :

button pressing
LED Function Remarks
0 time Green Power off
1 time Orange Service pattern print
2 times Green EEPROM print
3 times Orange EEPROM reset
4 times Green Waste ink counter reset


I am getting error code E27 on Canon MP145

Error Code များကို ပြန်ကြည့်တော့ ယင်းသို့ E27 ဖြစ်ရခြင်းအကြောင်းရင်းမှာ Waste ink absorber ပြည့်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါဆိုရင် အောက်ပါနည်းလမ်းအတိုင်း ကြိုးစားကြည့်ပါ။ တစ်ကြိမ်နဲ့မရပါက ထပ်မံပြီး နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ပါ။ ဒီနည်းမှာ ဖြစ်ရသည့်အကြောင်းရင်းအား လက်တွေ့စမ်းသပ်ပြီးမှ ရေးသားချက်များ ဖြစ်ခြင်းကြောင့် အဆင်ပြေလိမ့်မည်ဟု ထင်မြင်ယူဆပါတယ်။

(၁) သင့် printer ကို power ပိတ်ထားပါ။ ပြီးတော့ Stop/Rest button ကို ဖိထားလျှက် Power ကို ပြန်ဖွင့် လိုက်ပါ။ (Power button ဖိထားသည့် လက်ကို မလွှတ်ပါနဲ့အုံး)။

(၂) ထိုသို့ Printer မှ Power button ကို ဖိထားစဉ် Power မီးလင်းလာသည်နဲ့ Stop/Reset button ကို (2) ကြိမ်ဆက်နှိပ်ပါ။ ပြီးတော့ Stop/Rest button ကို ဖိထားသည်မှ လွှတ်လိုက်စဉ်တွင် Power button (On/Off) ကိုပါ တဆက်တည်း နှိပ်၍လွှတ်လိုက်ပါ။

(၃) အဲဒီလို Power button နဲ့ Stop/Reset button ကို ပြန်လွှတ်လိုက်တာနဲ့ (၁၀)စက္ကန့်လောက်အကြာမှာ သင့် printer ဟာ Service Mode အတွင်းကို ရောက်သွားပါပြီ။ Printer ရဲ့ Screen မှာ ( 0 ) ကို မြင်တွေ့ရပြီး A4 Plain Paper မီးနဲ့ On/Off Power မီးတို့ဟာ အစိမ်းရောင်လင်းနေရပါမယ်။ ဒါဟာ Service Mode အတွင်း ရောက်ရှိနေမှု အခြေအနေဖော်ပြချက် ဖြစ်ပါတယ်။

(၄) ပြီးတော့ Stop/Reset ကို (၄)ကြိမ်နှိပ်ရမှာပါ။ သတိထားရမှာက Stop/Reset button ကိုဖိနှိပ်သည့် အကြိမ်တိုင်းတွင် လိမ္မော်ရောင် alarm နှင့် အစိမ်းရောင် alarm တို့မှာ တစ်လှည့်စီ LED မှ လင်းသွားပါလိမ့် မည်။

(၅) Stop/Rest button ကို (၄) ကြိမ်နှိပ်ပြီးသွားပါက Printer Power Cable ကြိုးကို ဆွဲဖြုတ်လိုက်ပါ။

(၆) ပြီးတော့ Power Cable ကြိုးကိုပြန်တပ်၍ Power button (On/Off) ကို ပြန်ဖွင့်ပြီး စမ်းကြည့်ပါ။

(၇) အကယ်၍ မအောင်မြင်ခဲ့ပါက အထက်ပါလမ်းကြောင်းအတိုင်း အစကနေ ပြန်စ ကြည့်ပါ။ ထပ်ပြီးတော့ လုပ်မရခဲ့တော့ဘူးဆိုရင်လည်း အစကနေပြီး သူ့ရဲ့ procedures အတိုင်း ကြိုးစားကြည့်ပါက သင့်ဆန္ဒများ ပြည့်ဝသွားပါလိမ့်မည်။ အားလုံးပဲ အဆင်ပြေကြပါစေ။




2009-12-06

Hard disk ပေါ်က သင်မသိတဲ့ file တွေ ရှင်းရအောင်


Disk Clean Wizard

Computer ကို သုံးတာ နေ့၊ လများစွာ ကြာလာတာနဲ့အမျှ hard disk မှာ ကျွန်တော်တို့ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ file တွေ အများကြီး ဖြစ်လာပါတယ်။ တကယ်တမ်းမှာ ဘယ်လို file တွေဆိုတာ ကျွန်တော်တို့ မသိ နိုင်ပါ။ သိရင်လည်း ဖျက်ရဲမယ် မဟုတ်ပါ။ အဲဒီ မလိုအပ်တဲ့ file တွေကို junk file များလို့ computer သမားတွေက ပြောတာ ကြားဖူးပါတယ်။ Junk ကို dictionary မှာကျွန်တော်ရှာကြည့်တော့ အဟောင်း၊ အစုတ်လို့ အဓိပ္ပါယ် ဖွင့်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် မလိုအပ်တဲ့ file တွေပါ။ ကြာလာရင် hard disk မှာ နေရာယူလာပြီး computer လုပ်ဆောင်ချက်ကိုလည်း နှေးလာစေပါတယ်။ ကဲ junk file များကို ဘယ်လိုဖယ်ထုတ်ကြမလဲ။ ဒီအခက် အခဲကို Abyssmedia (www.abyssmedia.com) က ထုတ်လုပ်တဲ့ Disk Cleanup Wizard Version 2.1.0.0 နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ File size အရွယ်အစား 726 KB သာရှိပြီး၊ Junk အမျိုးအစား 50 ကျော်ကို ရှာပြီး ဖျက်ပေးတယ်လို့ ဒါလောက်တောင်များရလားလို့ အံ့သြမိပါတယ်။ Software ကို သုံးကြည့်ရာမှာ သုံးရလွယ်ပါ တယ်။ မြန်လည်းမြန်တယ်။ တစ်ခုတော့ရှိပါတယ်။ စမ်းသပ် software ဖြစ်လို့ hard disk ရဲ့ ပထမ partition ကိုပဲ ဖြေရှင်းပေးပြီး junk files အားလုံးရဲ့ 50 ရာခိုင်နှုန်းကိုသာ ဖျက်ပေးပါတယ်။

သင့် computer က hardware တွေကို စစ်ရအောင်

Test My Hardware

Computer တစ်လုံးမှာ hardware အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့် computer အကြောင်းကို မေးရင် ဖြေနိုင်မယ် မဟုတ်ပါ။ ဒီတော့ computer ထဲက hardware တစ်မျိုးချင်း အကြောင်းကို ဖော်ပြပေးမယ့် software တော့ လိုနေပါပြီ။ အဲဒီအတွက် ကျွန်တော် Testmyhardware (http://www.testmyhardware.com) က ထုတ်လုပ်တဲ့ Test My Hardware Version 3.0 ကို သုံးကြည့်ပါတယ်။ File အရွယ်အစား 2.4 MB သာရှိပြီး အခမဲ့သုံးဖို့ ပေးထားပါတယ်။ Hardware ပစ္စည်း (component) များရဲ့ အချက်အလက် (information) နဲ့ ချွတ်ယွင်းချက် ရှာပေးတဲ့ (diagnostics) utility software လို့ ဆိုနိုင်ပါတယ်။

လက်တွေ့သုံးကြည့်ရာမှာ System နဲ့ Component နှစ်ပိုင်းခွဲထားပါတယ်။ System ပိုင်းမှာ System Summary, Scan and Update Driver, Mainboard, CPU, BIOS, APM, ACPI, Card Bus, Video Adapter, Memory, Windows Info, Ports Info တို့ကို စစ်ဆေးကြည့်နိုင်ပါတယ်။ Component အပိုင်းမှာ Monitor, CD-ROM, Sound Device, Keyboard, Pointing Device, Modem, Storage, Printer, USB, Network Adapter နဲ့ Human Interface Device တို့ကို ကြည့်နိုင်ပါတယ်။ Diagnostics အပိုင်းအနေနဲ့တော့ သိသိသာသာ မတွေ့မိပါ။ ဘာပဲဖြစ်ဖြစ် ဆောင်ထားသင့်တဲ့ software တစ်ခုဖြစ်တယ်လို့ ကျွန်တော် ညွှန်းလိုပါ တယ်။

2009-12-05

PassMark Monitor Test



Monitor ကို စစ်ဆေးသင့်ပါတယ်

Digital monitor တွေ အသုံးများလာတဲ့အခါ အဲ့ဒီ Monitor ကိုစစ်ဆေးဖို့ အကြောင်းလည်း ပေါ်ပေါက်တတ်ပါတယ်။ တစ်ခါတစ်ရံ monitor မှာ အရောင်တွေပျက်နေတာ computer ကြောင့်လား၊ Graphic card ကြောင့်လား စသည် ကျွန်တော်တို့ မခွဲခြားတတ်ပါ။ ဒီတော့ PassMark (TM) Software (www.passmark.com) က ထုတ်လုပ်တဲ့ PassMark Monitor Test ကို ဆောင်ထားသင့်ပါတယ်။ အရွယ်အစား 1.34MB သာ ရှိပါတယ်။ သင့် Monitor ရဲ့ color bits, number of colors, horizontal x vertical resolution, total number of pixels, refresh rate စသည် အချက်အလက်များကို ဖော်ပြပေးပါသည်။ Video driver ကိုလည်း ပြပါတယ်။ Monitor ကို test လုပ်ရာမှာ Master Screen, Solid Black, Solid Red, Solid Green, Solid Blue, Solid White, Solid Black-Red, Solid Black-Green, Solid Black-Blue, Solid Black-White, Moire Interference 1 and 2, Convergence dots, Convergence lines, Cross Hatch, Mask, Gamma Red-Green-Blue-White, Contract Red, Green, Blue, Black and White, Zooming, Fonts Test, LCD Pixel Persistence, Printer Test ပုံစံအမျိုးမျိုးနဲ့ ပြပေးပါတယ်။ ဒီလောက်ဆိုရင် သင့် monitor မှာ ဘယ်လို အရောင်တွေ ပျက်နေပြီဆိုတာ သိနိုင်ပါမယ်။

2009-12-04

How to reset Ink Level for Canon MP140 Series?



Refill မင်ရည်ထည့်ထားသော Canon MP140 Series Printer တစ်လုံးမှ Cartridge ဆေးဘူး (၂)ဘူးအား မိမိ ၀ယ်ယူစဉ်လာစဉ်ကအတိုင်း Ink Level အပြည့်လေး ပြန်ဖြစ်သွားအောင်လို့ စမ်းသပ်ကြည့်ရအောင်ပါ။ ဒီ နည်းလမ်း ကတော့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး အခြားသော Canon MP150 Series များအတွက်ပါ နည်းလမ်း တူညီစွာပင် ပြုလုပ်နိုင်ပါသေးတယ်။ လက်တွေ့ကျကျ စမ်းသပ်ချက်အရ တကယ်ကောင်းတဲ့ Solution တစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။
Refill ဖြည့်ပြီးနောက် အောက်ဖော်ပြပါ Step (၁၀)ချက်အတိုင်း အဆင့်ဆင့် ပြုလုပ်သွားပါက အဆင်ပြေပါလိမ့်မည်။

Safe Factory Method
(1) Power Cable ကြိုးကို ဆွဲဖြုတ်ထားပါ။
(2) ထို့နောက် Power (On/Off) ကို ဖိထားလျှက် Power Cable ကြိုးကို ပြန်တပ်လိုက်ပါ။
(3) Power button ကို ဖိထားလျှက်နှင့်ပင် တဆက်တည်း Stop/Reset ဆိုတဲ့ အနီရောင် Triangle ကို နှစ်ကြိမ်ဆက်၍ ဖိနှိပ်လိုက်ပါ။
(4) ပြီးတော့ Power button ကို လွှတ်လိုက်ပါ။ ဒါဆိုရင် 10 စက္ကန့်လောက် ကြာတဲ့အခါမှာ Printer ကနေ number 0 ကို မြင်ရပါလိမ့်မယ်။
(5) ပြီးတော့ + ကို ထပ်မံပြီး (၁)ချက်နှိပ်လိုက်ပါက သူ့ရဲ့ Value ဟာ 0 ကနေ 1 ကို ပြောင်းသွားပါလိမ့်မယ်။
(6) အဲဒီလို 1 လို့ ပြောင်းသွားပြီဆိုရင် Color button ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် မီးလုံး(၂)လုံး လင်းလာ ပါလိမ့်မယ်။ အဲဒီ့အတွက် Printer မှာ စာရွက် (၂)ရွက်လောက်ကိုတော့ ထည့်ထားပေးပါ။
(7) Power button ကို (၂) ချက် ဖိနှိပ်လိုက်ပါ။ ထို့နောက် Color button ကို (၁) ချက်ဖိနှိပ်ပါ။ ဒါဆိုရင် Printer ကနေ Print Test ပုံစံမျိုး Print လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ပါမယ်။ အဲ့ဒီအတွက် မစိုးရိမ်ပါနဲ့။ Line တွေ၊ number လေးတွေ နည်းနည်းပါးပါးပါတဲ့ စာလောက်ပါပဲ။ မင်ကုန်သွားမှာ မပူရပါဘူး။ အဲဒီလို Print ထုတ် ပြီးတာနဲ့ သူ့ရဲ့တန်ဖိုးဟာ 0 ကို ပြန်ပြောင်းသွားပါလိမ့်မယ်။
(8) ဒါဆိုရင်တော့ Printer Cover ကို ဖွင့်လိုက်ပါ (Scanner Cover မဟုတ်ပါ)။ ပြီးတော့ Cartridges ဆေးဘူး တွေကို အပြင်သို့ဖြုတ်ထုတ်လိုက်ပါ။ အဲဒီလိုပြီးနောက် Printer ဖွင့်ထားလျှက်နှင့်ပင် Printer Power Cable ကြိုးကို ဆွဲဖြုတ်လိုက်ပါ။
(9) ပြီးနောက် Printer ကို အဖုံးပြန်အုပ်ပေးထားပြီး Printer Cable ကြိုးကို ပြန်တပ်ပြီး Power ကို ပြန်ဖွင့် လိုက်ပါ။
(10) ဒါဆိုရင် Printer အဖုံးဖွင့်ပြီး Refill Cartridges ဘူးများကို ပြန်ထည့်လိုက်လို့ ရပါပြီ။


Was this helpful? Yes No :)
(ယခု Post ဖြစ်မြောက်ရေးအတွက် စိတ်ရှည်စွာနဲ့ ပါဝင် ကလိပေးခဲ့သော သူငယ်ချင်း "နေနေ" အားလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။)


Up