2010-06-30

Running MS DOS Version 6.22 (20th Anniversary Edition)




ကွန်ပျူတာနဲ့ ထိတွေ့ပတ်သက်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်ဟာ DOS ပါ။ DOS ဟာ တကယ်တော့ ကွန်ပျူတာဇာတ်ခုံနောက်ကွယ်က ဇာတ်ဆရာကြီးပဲ။ ကျွန်တော်တို့လို user တွေရယ်၊ ကွန်ပျူတာ hardware တွေရယ်၊ ကွန်ပျူတာ software တွေရယ် သုံးဦးသုံးဖလှယ်ကို ဆက်သွယ်ပေးနေတာ DOS ပါပဲ။ ကွန်ပျူတာမှာ သူသာမရှိရင် TV Monitor ဟာ သက်ဝင်လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ Keyboard ဟာလည်း ကျွန်တော်တို့ ဘယ်လောက်ပဲ ခလုတ်တွေနှိပ်နှိပ် အပိုပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ DOS မရှိလို့ ခုနက သုံးဦးသုံးဖလှယ် အဆက်အသွယ် ပြတ်နေရှာပြီလေ။ တကယ်တော့ ကျွန်တော်တို့ ဘာတွေပဲလုပ်လုပ်၊ DOS ရှိလို့သာ ပရိုဂရမ်တွေ run လို့ရတာ။ Report တွေကို print လုပ်လို့ရတာ။ ပြီးတော့ ဓာတ်ပြားတွေမှာ information တွေ သိမ်းလို့ရတာ ပါ။ နို့မို့ရင် ဘယ်လွယ်မလဲ၊ DOS တာဝန်တွေက အများကြီးပဲ။ Information တွေ မတော်တဆ ပျောက်ပျက်မှု မဖြစ်ဖို့လည်း ကာကွယ်ရသေးတယ်။ ဒီတော့ DOS ဟာ ကွန်ပျူတာတိုင်းအတွက် မရှိမဖြစ်မိုးပဲ ပြောပြော၊ software ပဲပြောပြော အတူတူပါပဲ။ DOS ပရိုဂရမ်တွေထဲမှာ IBM က ထုတ်တဲ့ PC DOS နဲ့ Microsoft က ထုတ်တဲ့ MS-DOS ဆိုပြီး ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ အသုံးများတာကတော့ MS-DOS ပါ။ MS-DOS ဟာ version 1.0 ကနေ စထွက်လာတာ အခုဆိုရင် version 6.22 အထိ ရောက်နေပါပြီ။ Running MS-DOS ရဲ့ စာအုပ်ကို သူ့မူရင်းအတိုင်း ပြည့်စုံစွာဖြင့် လေ့လာနိုင်အောင် တင်ထားပေးပါတယ်။ အတိုင်းအတာ တစ်ခုထိတော့ အထောက်အကူ ဖြစ်နိုင်မယ်လို့လည်း ယူဆမိပါတယ်။ စာဖတ်သူအပေါင်း ပညာဗဟုသုတ ပြည့်ဝပါစေ။



File Size=1.97 MB | File Type=Rar



2010-06-28

Microsoft Visual Studio 2010: A Beginner's Guide



Essential Visual Studio 2010 Skills--Made Easy!
Endorsed by Microsoft and written by a Microsoft MVP and Visual Studio expert, this hands-on guide teaches programmers and developers new to Visual Studio 2010 how to maximize the latest release of Microsoft's flagship development environment. Microsoft Visual Studio 2010: A Beginner's Guide shows you how to build applications from the ground up. You'll also learn how to customize the integrated development environment (IDE) itself, adding your own tools that integrate with Visual Studio 2010.

Publisher McGraw-Hill/Osborne | Author(s) Joe Mayo | ISBN 0071668950 | Release Date | 8MB



2010-06-24

Alcohol 120% 1.9.8


CD, DVD ချပ်များပေါ်သို့ သင့်ကိုယ်ပိုင် data အချက်အလက်များကို backup ပြုလုပ်ထားရန်နှင့် ခွေကူး၍ သိမ်းဆည်း ထားနိုင်ရန်အတွက် Utility တစ်ခုလိုအပ်နေပါသလား။ ခွေကူးသည့်စွမ်းဆောင်ရည် အမြန်ဆုံးနှင့် အကျော်ကြားဆုံး burning software ကို ပြပါဆိုပါလျှင် Alcohol ကိုသာ ညွှန်းဆိုရပါလိမ့်မည်။ Alcohol ကိုသာ လက်ကိုင်ပြုထားလိုက်ပါ။ သင်အရက်သမား သေချာပေါက်ဖြစ်လာစေရပါမည်။:)

Image Making Wizard ကိုအသုံးပြု၍ သင့်ကိုယ်ပိုင် CD, DVD များအား ကွန်ပျူတာအတွင်းတွင် image ရိုက်၍ ကူးယူ သိမ်းဆည်းထားနိုင်ခြင်း။

Image Burning Wizard ကို သုံးခြင်းဖြင့် သင့်ကွန်ပျူတာအတွင်းမှ image ရိုက်ထားသော အခွေများကို ပြန်လည်ကူးထုတ် ပေးနိုင်ခြင်း။

Copy Wizard ဖြင့် CD, DVD ကူးခြင်း လုပ်ငန်းရပ်များအတွက် လွယ်ကူလျင်မြန်စေခြင်း။

Image Finder ကို အသုံးချ၍ စက်အတွင်းမှ image လုပ်ထားသော file များကို ပြန်လည်ရှာဖွေပေးနိုင်ခြင်း။

လူသုံးများသည့် image format များဖြစ်သော ISO, Nero, Clone CD, CDRWIN တို့အတွက်ပါ ပံ့ပိုးပေးနိုင်ခြင်း၊ လိုအပ်ပါက Virtual Drive များကို (31)ခုအထိ တိုးမြှင့်အသုံးပြုခြင်းနှင့် အခြားသော စွမ်းဆောင်မှု မြောက်မြားစွာတို့ဖြင့် Wizard ပေါ်တွင်အခြေခံထားသည့် အသွင်အပြင်ဆောင်နေပါသည်။ Application ရဲ့လုပ်ဆောင်ချက်များနှင့်အတူ သင့်ကို စိတ်ကျေနပ်မှုအပြည့် ပေးစေမည်မှာအမှန်ဖြစ်သည်။

File Size=7.4 MB | File Type=Rar




2010-06-19

Remove Unused Driver In Windows XP


Windows XP တင်ထားတဲ့ ကွန်ပျူတာအတွင်း အသုံးမပြုဖြစ်တော့တဲ့ device driver များဟာ ခိုအောင်းကျန်ရှိ နေခဲ့မည်ဆိုပါက စက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေမည့် အကြောင်းရင်းအနက်က တစ်ခုအပါအ၀င် ဖြစ်ပါ တယ်။ Windows တွင် device driver တစ်ခုကို ထည့်သွင်းလိုက်ပါက Operating System မှ windows တက်သည့်အခါတိုင်း device driver များကို loading လုပ်ပါသည်။ ကွန်ပျူတာဖွင့်လိုက်သည့် အကြိမ်တိုင်း သင့်စက်တွင် တပ်ဆင်ထားသည့် device ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ ယခင်ထည့်သွင်းထားပြီး ဖြစ်သည့် device driver များကိုတော့ loading လုပ်စေပါသည်။

သို့အတွက်ကြောင့် ယင်း device မှ driver များကို စက်အတွင်းမှ ဖယ်ထုတ်လိုက်သည့်တိုင်အောင် စက်အတွင်း မှာ ကာလကာမြင့်စွာ ကျန်ရှိနေသေးသည် ဆိုပါက ကွန်ပျူတာစနစ်ရဲ့ ရင်းမြစ်တန်ဖိုးတွေကို အလဟဿ ဖြုန်းတီးရာ ရောက်စေပါသည်။

ထို့ကြောင့် မလိုအပ်တော့သည့် device driver များကို ဖယ်ထုတ်ပစ်ဖို့ရာ အောက်ပါအဆင့်များအတိုင်း ကြည့်ရှု ဖယ်ရှားထားလိုက်နိုင်ပါသည်။ ပထမဦးစွာ-

(1) System Properties dialog box ကို ခေါ်တင်ဖို့ရာအတွက် Keyboard မှ [Windows] နှင့် [Break] Key တို့ကို တွဲနှိပ်လိုက်ပါ။ သို့တည်းမဟုတ် desktop ပေါ်ရှိ My Computer icon ပေါ်တွင် Right Click - Properties နှိပ်၍လည်း သွားနိုင်ပါသည်။

(2) ဆက်လက်၍ Advanced Tab ကို click နှိပ်လိုက်ပြီး Environment Variables ကို ရွေးချယ်လိုက်ပါ။

(3) System Variable panel ရဲ့ အောက်ဖက်ရှိ New button ပေါ်တွင် click နှိပ်ပါ။

(4) New System Variables dialog box ပေါ်လာသောအခါ Variable Name အကွက်တွင် devmgr_show_nonpresent_devices ဟု ရိုက်ထည့်ပြီး၊ Variable Value အကွက်တွင်မူ 1 ဟု ရိုက်ထည့်လိုက်ရန်သာဖြစ်သည်။

(5) ထို့နောက် System Properties dialog box သို့ ပြန်သွားရန်အတွက် OK ကို click နှိပ်ပါ။ ထပ်မံပြီး OK ကို click နှိပ်လိုက်ပါ။

(6) Hardware Tab ကို ရွေးချယ်လိုက်ကာ Device Manager button ကို click နှိပ်ပါ။ Device Manager ရဲ့ View menu အောက်မှ Show hidden device ကို click နှိပ်လိုက်ပါမယ်။

(7) Device Tree အတွင်းမှ device အမျိုးအမည်အလိုက် အသေးစိတ် ဖြန့်ကြည့်ရန်အတွက် + sing icon ပေါ်တွင် click နှိပ်လိုက်ပြီး အသုံးမပြုတော့တဲ့ device driver icon များကို ရှာဖွေပေးပါ။

(8) ဆက်လက်၍ မသုံးတော့သည့် device driver များကို ဖယ်ထုတ်ရန်အတွက် icon ပေါ်တွင် Right Click နှိပ်ပြီး Uninstall ကို ရွေးချယ်ပါ။ ဤသို့အားဖြင့် သင့်ကွန်ပျူတာထဲတွင် စက်အတွက် အသုံးမလိုတော့သည့် device driver များကို ဖယ်ရှားပေးလိုက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့် စွမ်းဆောင်ရည်မှာလည်း ယခင်အခြေ အနေထက် သိသာစွာ တိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ရမည် ဖြစ်ပေသည်။

2010-06-16

Kaspersky [KAV/KIS] Keys 6-15-10 Update





Kaspersky [KAV/KIS] Keys 6-15-10 Update
irom092001




2010-06-13

Hard Disk ပေါ်က သင့် Data တွေကို ရှင်းလင်းဖျောက်ဖျက်ရေး





အခြေအနေနဲ့ အချိန်အခါတွေ ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာရှိတဲ့ ကွန်ပျူတာ အဟောင်း ကလေးကို စွမ်းဆောင်ရည် ပိုကောင်းတဲ့ ကွန်ပျူတာအသစ်တစ်လုံးနဲ့ ပြောင်းလဲသုံးစွဲလိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိကြပါတယ်။
တကယ်လို့ ကွန်ပျူတာ အသစ်တစ်လုံးကို ၀ယ်လိုက်ပြီး ကိုယ့်ရဲ့ကွန်ပျူတာ အဟောင်းကလေးကို တခြား တစ်စုံ တစ်ယောက်ဆီ ပေးပစ်လိုက်မယ်ဆိုရင် မိမိ ကွန်ပျူတာအဟောင်းရဲ့ hard disk က data တွေကို ရှင်းလင်း ဖျောက်ဖျက် ပစ်ထားဖို့ လိုပါလိမ့်မယ်။
ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးစရာ ရှိလာပါတယ်။ ကိုယ်မသုံးတော့တဲ့ ကွန်ပျူတာရဲ့ hard disk ပေါ်မှာ ဘာပဲရှိရှိ အကြောင်းမထူးဘူးလို့ ဆိုနိုင်ပါတယ်။ အမှန်က hard disk ထဲမှာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အချက် အလက် data တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အရေးကြီး စီးပွားရေး အချက်အလက်တွေ၊ credit card နံပါတ်တွေ၊ password နံပါတ်တွေ ရှိနေနိုင်ပါတယ်။ ကိုယ် လှူဒါန်းပေးကမ်းလိုက်တဲ့ ကွန်ပျူတာက ဘယ်နေရာ၊ ဘယ်ဒေသက ဘယ်သူ့ဆီ ရောက်ရှိသွားမယ်ဆိုတာ မပြောနိုင်ပါဘူး။ ကွန်ပျူတာအဟောင်းက ကိုယ့်ရဲ့ ပြိုင်ဘက် ဒါမှမဟုတ် မသမာသူတွေရဲ့ လက်ထဲကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ အကယ်၍ မသမာ သူတွေလက်ထဲ ရောက်ရှိသွားပြီး သိမ်းဆည်းထားတဲ့ data အဟောင်းတွေကို ပြန်လည် ဖော်ထုတ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းက MIT လို့ ခေါ်ဆိုကြတဲ့ မက်ဆာချူးဆက်ပြည်နယ် နည်းပညာတက္တသိုလ်က ကျောင်းသားနှစ်ယောက်ဟာ နေရာဒေသမျိုးစုံကနေ hard disk အဟောင်း ၁၅၈ ခုကို ၀ယ်ယူခဲ့ကြတယ်။ အဆိုပါ ကျောင်းသားနှစ်ယောက်ဟာ သူတို့ ၀ယ်ယူခဲ့ကြတဲ့ hard disk အဟောင်းတွေကနေ credit card နံပါတ် ၅၀၀၀ ကျော်၊ ဆေးဝါးကုသရေး မှတ်တမ်းမှတ်ရာတွေ၊ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေ၊ ပုဂ္ဂလိက email များနဲ့ ညစ်ညမ်းစာပေ၊ ရုပ်ပုံအမျိုးမျိုးကို ဖော်ထုတ်ရရှိသွားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ မသုံးကြတော့တဲ့ ကွန်ပျူတာအဟောင်းတွေမှာ သိမ်းဆည်းထားတဲ့ data တွေကို ပြန်လည် ဖော်ထုတ်လို့ မရအောင် လုံးဝရှင်းလင်း ဖျောက်ဖျက်ပစ်ဖို့ လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။ စိတ်ချရအောင်ဆိုပြီး hard disk ကြီးကို တစ်စစီ ရိုက်ခွဲပစ်ဖို့လည်း မလိုပါဘူး။ ကွန်ပျူတာတစ်လုံးကို မထိခိုက်စေဘဲ ပြည့်ပြည့်စုံစုံ လှူဒါန်း ပေးကမ်းနိုင်အောင် data တွေကို ပြန်လည်ဖော်ထုတ်မရနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပါပြီ။ ကွန်ပျူတာ သုံးစွဲသူတွေ သိရှိစေဖို့ hard disk ထဲမှာ သိမ်းဆည်းထားတဲ့ data တွေကို လုံးဝ ရှင်းထုတ်ပစ်နိုင်တဲ့ နည်းလမ်း တွေကို အခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။


Hard disk ကို Format ချခြင်း၊ Delete လုပ်ခြင်း
Hard disk ထဲက data တွေအားလုံးကို ထုံးစံအတိုင်း format ချခြင်း၊ delete လုပ်ခြင်းတို့က လုံခြုံစိတ်ချမှု အပြည့်အ၀ မပေးနိုင်ပါဘူး။ ကွန်ပျူတာပေါ်မှာ ရှိတဲ့ delete key ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖျက် ခြင်းက ကွန်ပျူတာပေါ်မှာ တွေ့မြင်နေရတဲ့ shortcut ကိုသာ ဖျက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဖျက်လိုက်တဲ့ ဖိုင်တွေက hard disk ပေါ်မှာ ကျန်ရှိနေပြီး ဒီ data တွေကို အင်တာနက်ပေါ်က recovery software အမျိုးမျိုး ကို အသုံးပြုလို့ ပြန်လည်ဖော်ထုတ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ hard disk ကို format ချလိုက်ခြင်းက delete လုပ်လိုက်တာထက် အနည်းငယ်မျှ ပိုပြီး စိတ်ချ ရပါတယ်။ Hard disk ကို format ချလိုက်ခြင်းက hard disk ပေါ်က data တွေကို အပြီးအပိုင် ဖျက်လိုက်တာ မဟုတ်ပေမယ့် address table ကို ဖျက်လိုက်တာကြောင့် data တွေကို recovery လုပ်ဖို့ ပိုမိုခက်ခဲသွားစေပါ တယ်။ ဒါပေမယ့် ကွန်ပျူတာ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့တော့ data တွေရဲ့ အချို့တစ်ဝက် ဒါမှမဟုတ် အားလုံးကို ပြန်လည်ဖော်ထုတ်နိုင်ပါလိမ့်မယ်။ Hard disk ကို မတော်တဆ format ချလိုက်မိသူ တစ်ယောက် အတွက် recovery software တစ်ခုခုကို သုံးပြီး data တွေကို ပြန်ရှာနိုင်ခြင်းက ကောင်းမွန်ပေမယ့် မသမာသူ တွေက format ချထားတဲ့ hard disk တွေကို ပြန်လည်ဖော်ထုတ်နိုင်ခြင်းက ကွန်ပျူတာသုံးစွဲသူတွေအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။
တချို့ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ user အတော်များများက hard disk ကို format ချလိုက်ရင် စိတ်ချရပြီလို့ ထင်တတ်ကြတယ်။ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့ hard disk ကို format ချခြင်းဟာ data တွေကို ကွန်ပျူတာကနေ ရာနှုန်းပြည့် မဖယ်ရှားနိုင်မှန်း သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့် ပိုမိုစိတ်ချရတဲ့ နည်းလမ်းတစ်ခု နဲ့ ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်လာခဲ့ပါတယ်။ သင့်အနေနဲ့ format ချတာကို သဘောကျတယ်ဆိုရင်တောင် သင်က full format ကိုသာ အနည်းဆုံးအဆင့် အနေနဲ့ လုပ်သင့်ပါတယ်။ Quick format ကို မလုပ်သင့်ပါဘူး။


Disk Wiping လုပ်ခြင်း (aka.Data Dump)
Format ပြန်ချခြင်းထက် စိတ်ချရတဲ့ နည်းလမ်းကတော့ disk wiping ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ Disk wiping လုပ်ငန်းစဉ်ကို hard disk မှာတင်မကပဲ CD တွေ၊ RAID အစရှိတဲ့ data သိုလှောင်ရေး ပစ္စည်းတွေမှာလည်း လုပ်နိုင်ပါတယ်။ Disk wiping လုပ်ငန်းစဉ်က hard disk ပေါ်က data တွေကို ပြန်လည်ရှာဖွေလို့ မရနိုင်အောင် အပြီးအပိုင် ဖျက်ဆီးလိုက်တဲ့အတွက် စိတ်ချရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အရင် သိမ်းဆည်းထားတဲ့ data တွေကို recovery software အမျိုးမျိုးသုံးပြီး ပြန်လည်အသုံးပြုနိုင်ပေမယ့် disk wiping လုပ်ငန်းစဉ်ကတော့ hard drive တစ်လုံးပေါ်မှာ data တွေကို ကြိမ်ဖန်များစွာ overwrite လုပ်လိုက်တာ ဖြစ်တယ်။ Overwrite လုပ်လိုက်တဲ့ data တွေကို ပြန်လည်ဖော်ထုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
Disk wiping လုပ်ငန်းစဉ်က အမျိုးအစားအလိုက် ကွဲပြားခြားနားကြပေမယ့် အများအားဖြင့် တူညီတာက disk တစ်ခုလုံးပေါ်မှာ zero သို့မဟုတ် one ကို ရေးမှတ်တာပဲ ဖြစ်တယ်။ ပြီးမှ format ပြန်ချရပါတယ်။ Over-write လုပ်တဲ့အရေအတွက်နဲ့ format လုပ်တဲ့ အရေအတွက် များလာလေလေ၊ data တွေရဲ့ လုံခြုံမှုက ပိုစိတ်ချရ လေလေပါပဲ။ Disk wipe software တွေက master boot record partition table နဲ့ hard drive sector တိုင်းကို အချိန်တိုအတွင်း overwrite လုပ်နိုင်ပါတယ်။
အစိုးရ စံသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ (DoD5220.22-M) ကတော့ hard drive ပေါ်မှာ overwrite ခြောက်ကြိမ်ဖြစ်စေဖို့ သုံးကြိမ်တိုင်တိုင် ပြန်လည်ရေးသားပေးဖို့ သတ်မှတ်ထားတယ်။ လုပ်ဆောင်ချက်တစ်ခုစီ တိုင်းမှာ hard drive ပေါ်ကို နှစ်ကြိမ်တိုင်တိုင် write လုပ်ပေးတယ်။ ပထမ တစ်ကြိမ်မှာ hard drive ပေါ်ကို (1) ရေးခြင်းဖြစ်ပြီး ဒုတိယ တစ်ကြိမ်မှာ (0) ကို ရေးခြင်းဖြစ်တယ်။ တတိယ အကြိမ်လုပ်ဆောင်ပြီးတဲ့နောက် ရွေးချယ်သတ်မှတ်ထားတဲ့ code 246 ကို hard drive မှာ ရေးသားပေးတာ ဖြစ်တယ်။ နောက်ဆုံးအဆင့် အနေနဲ့ data တွေကို သေချာအောင် ပြန်လည်စစ်ဆေးပေးတယ်။
Operating system အမျိုးမျိုးအတွက် disk wipe လုပ်ပေးနိုင်တဲ့ software အမျိုးမျိုးကို ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါမှမဟုတ် online ပေါ်က အခမဲ့ download လုပ်ယူနိုင်ပါတယ်။ Disk wipe လုပ်ဖို့ အခက်အခဲ တစ်စုံတစ်ရာ ရှိနေရင်လည်း disk wipe services တွေကို လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေ ရှိနေပါတယ်။

Sourceး Computer User (15 June 2010) ထုတ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

2010-06-10

Automatic Enlarge Thumbnail Profile and Album Photos in Facebook


Facebook အတွင်းမှာ ပါရှိတဲ့ ပုံတွေဟာ small thumbnails အနေဖြင့် ပြသပေးတဲ့အတွက် ကြည့်ရှုရတာ လွန်စွာမှ မြင်ကွင်းသေးလှပါတယ်။ သင်ရဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနဲ့ သင်မသိသေးတဲ့ သူတို့ရဲ့ ပုံတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရဖို့အတွက် သူတို့ရဲ့ user profile link တွေကို click လိုက်နှိပ်ပြီး ကြည့်ရှု နေရပါတယ်။

ထို့ကြောင့် Facebook အတွက် Facebook Photozoom ကို အသုံးပြုခြင်းအားဖြင့် နှစ်သက်ရာ ပုံပေါ်တွင် mouse pointer တင်လိုက်ရုံမျှဖြင့် သူ့အလိုအလျောက် မြင်ကွင်းချဲ့ပေးမယ့် Mozilla Firefox နှင့် Google Chrome တို့အတွက် Add-ons လေးတစ်ခုကို ထည့်သွင်းပေးထား လိုက်ကြရအောင်။ Google Chrome တွင်မူ Ctrl+Shift+Z ကို နှိပ်ခြင်းဖြင့်
Facebook photo Zoom ကြည့်ရှု နိုင်လေသည်။

Download Photo Zoom for Firefox, Chrome

2010-06-07

The system administrator has set policies to prevent this installation


Windows XP အတွင်းသို့ Kasper's Anti-Virus Install ပြုလုပ်ခြင်း၊ Updates ပြုလုပ်ခြင်း နှင့် အခြားသော Program များကို install ပြုလုပ်ရန် ကြိုးစားစဉ် Windows က လက်မခံပဲ ယင်းကဲ့သို့ Error message box တစ်ခု တက်လာခြင်း ဖြစ်သည်။ အကယ်၍ Windows XP group policy ရဲ့ system တွင် ပိတ်ထားပါက ဖြစ်နိုင်ပါသည်။ ထို့ပြင် ကွန်ပျူတာအတွင်းရှိ viruses, spy wares များအား ရှင်းလင်းရန် ကြိုးစားစဉ် ယင်းကဲ့သို့ အယောင်ဆောင် alert များလည်း ပေးတတ်နိုင်လေသည်။ မိမိစက်တွင် ထိုကဲ့သို့ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ပါက အောက်ပါအတိုင်း ပြင်ဆင်လိုက်ခြင်းဖြင့် ပြန်လည်ကုစားပေးနိုင်ပါသည်။


(1) Start Menu မှ Run ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(2) Run Box ထဲတွင် gpedit.msc ဟု ရိုက်ထည့်ပေးပါ။
(3) Group Policy dialog box ပေါ်လာပါမည်။ Group Policy ရဲ့ Local Computer Policy ရဲ့ အောက်ဖက် ရှိ Computer Configuration အတွင်းမှ Administrative Templates ကို ရွေးချယ်ပါ။
(4) ထို့နောက် ၎င်း Administrative Templates ရဲ့ အောက်ဖက်ရှိ Windows Components အတွင်းရှိ Windows Installer ပေါ်တွင် အဆင့်ဆင့် ရွေးချယ် click နှိပ်ပေးပါ။
(5) ထိုအခါ Group Policy ရဲ့ ညာဖက်ခြမ်းရှိ Setting အကွက်ထဲတွင် Disable Windows Installer ပေါ်တွင် Double Click နှိပ်ပေးပြီး Not Configured ကို select လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။ ဒါဆို Computer ရဲ့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်သွားပြီဖြစ်လို့ ဘယ်အစား အသောက်ကိုမဆို မငြင်းတော့ဘူးပေါ့။

2010-06-06

Sony Camera မှ Mode Dial ကို အသုံးပြုခြင်း



SONY H10 Digital Camera မှာ ပါရှိတဲ့ Mode Dial ရဲ့ အသုံးပြုပုံကို နမူနာအနေနဲ့ တင်ပြမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ Digital Camera တွေမှာလည်း အလားတူပဲ ဖြစ်တာကြောင့် စာဖတ်သူအနေနဲ့ ကိုယ်အသုံးပြုတဲ့ ကင်မရာမှာ ပါရှိတဲ့ Mode Dial ကို ကောင်းမွန်စွာ အသုံးပြုတတ်မှာ ဖြစ်ပါတယ်။ အခု ဒီ Sony Digital Camera ရဲ့ Mode Dial မှာ ဓာတ်ပုံ ရိုက်ကူးနိုင်တဲ့ စနစ် ၁၀-မျိုး ရှိပါတယ်။


Auto Adjustment mode


သူကတော့ ဓါတ်ပုံရိုက် ကျွမ်းကျင်မှု မရှိတဲ့သူတွေအတွက် ကင်မရာကနေ သူ့ဘာသာသူ Aperture, Shutter Speed, ISO စတာတွေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးတဲ့ Auto စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံက Camera မှာ ရှိတဲ့ Power ခလုတ်ကို တစ်ချက်နှိပ် ဖွင့်လှစ်လိုက်ပြီးတဲ့နောက် Mode Dial ခလုတ်ကို Auto Adjustment mode ရောက်အောင် လက်နဲ့ လှည့်ပြီး ရွှေ့ယူလိုက်ပါ။ ထို့နောက် Camera ကို ပခုံးနဲ့ တန်းတူ လောက်မှာထားပြီး ဓါတ်ပုံရိုက်လိုတဲ့ Subject ပုံကို Camera ရဲ့မြင်ကွင်းအလယ်မှာ အပြည့်အ၀ ပေါ်လာအောင် ချိန်ယူလိုက်ပါ။ ပြီးရင် ဓါတ်ပုံရိုက်တဲ့ခလုတ်ဖြစ်တဲ့ Shutter Button ခလုတ်ကို တစ်ဝက်လောက်ကို အသာ အယာ ညာဘက်လက်ညိုးနဲ့ နှိပ်ထားလိုက်ပါ။

အဲဒီအခါ Camera ကနေ ဓါတ်ပုံရိုက်မယ့် ပုံကို ပြတ်သားအောင် အကောင်းဆုံး Focus ရရှိအောင် သူ့အလိုလို ချိန်ညှိနေမှာ ဖြစ်ပါတယ်။ ချိန်ညှိတာ ပြီးစီးသွားရင် Camera ရဲ့ မြင်ကွင်းအတွင်းက ဘယ်ဘက်အောက်ခြေမှာ အစိမ်းရောင် အစက်တစ်စက် ပေါ်လာမှာဖြစ်ပြီး 'တီ' ဆိုပြီး အသံတစ်ချက်မြည်လာတာကိုပါ ကြားသိရမှာ ဖြစ်ပါ တယ်။ အဲဒီလို အစိမ်းရောင်အစက်ကို AE/AF Lock လို့ ခေါ်ပါတယ်။ ပြီးရင် Shutter Button ခလုတ်ကို လက်ညိုးနဲ့ အပြည့်အ၀ တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ပါ။
အဲဒီလို အပြည့်အ၀ နှိပ်တဲ့အခါ Carema ကို မလှုပ်မိအောင် သတိထားပြီး ခလုတ်ကို နှိပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ သာ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံကို ရရှိလာမှာ ဖြစ်ပါတယ်။


ဓါတ်ပုံရိုက်တဲ့အခါ တွဲလျက် အသုံးပြုနိုင်တဲ့ ခလုတ်တစ်ခုကတော့ W/T Zoom Button ခလုတ်ပဲ ဖြစ်ပါတယ်။ ပုံမှန် အနီးဆုံး ဓါတ်ပုံရိုက်နိုင်တဲ့ အကွာအဝေးဖြစ်တဲ့ W ခလုတ် အဆုံးမှာ ထားရှိမယ်ဆိုရင် Sony H10 Digital မှာ ၁ ပေ ၇.၇၅ လက်မ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်အဝေးဆုံး ဓါတ်ပုံရိုက်နိုင်တဲ့ အကွာအဝေးဖြစ်တဲ့ T ခလုတ် ရဲ့ အဆုံးမှာ ထားရှိမယ်ဆိုရင် ၂ ပေ ၁၁.၆ လက်မ ဖြစ်ပါတယ်။

ဆိုလိုတာက အဲဒီအကွာအဝေးအတွင်း Camera ကနေ Auto အလိုအလျောက် စနစ်မှာထားရှိပြီး Focus အပြတ် သားဆုံး ဓါတ်ပုံရိုက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီထက် နီးတဲ့အကွာအဝေးမှာရှိတဲ့ ပုံ (သို့) အဲဒီထက် ပိုဝေး တဲ့ အကွာအဝေးမှာရှိတဲ့ ပုံဖြစ်နေရင် AF/AE Lock ဖြစ်တဲ့ အစိမ်းရောင်အစက် ပေါ်လာမှာ မဟုတ်ဘဲ 'တီ' ဆိုတဲ့ အသံလည်း မြည်မှာ မဟုတ်တော့ပါဘူး။ အဲဒီ အနေအထားမှာ အတင်း ဇွတ် Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဓါတ်ပုံက ၀ါးနေမှာ ဖြစ်ပါတယ်။ သူ့သဘောက Camera ရဲ့ မှန်ဘီလူး စွမ်းဆောင်ရည်ထက် ပိုပြီးလုပ်ဆောင်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ အကွာအဝေးကို အသေ အချာ ချိန်စရာမလိုဘဲ AF/AE Lock အစိမ်းရောင် အစက် ပေါ်မပေါ်ကိုသာ အဓိကထား ကြည့်ရှုရမှာ ဖြစ်ပါ တယ်။ မပေါ်ရင် ပေါ်အောင် Camera ကို ရှေ့တိုးနောက်ဆုတ် အနည်းငယ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါမှ မရ ရင် ရှေ့သို့ အနည်းငယ်တိုးပြီး လမ်းလျှောက်လိုက်ပါ။ AF/AE Lock အစိမ်းရောင် အစက် ပေါ်လာရင် Focus မှန်သွားပြီဖြစ်လို့ Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံ ရိုက်လိုက်ရမှာ ဖြစ်ပါတယ်။

Program Auto mode


သူ့ကိုတော့ ဓါတ်ပုံရိုက်တဲ့အခါ Exposure တန်ဖိုးတွေကို သူ့ဘာသာသူ အကောင်းဆုံး တွက်ချက်နိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကျွမ်းကျင်စရာ မလိုဘဲ အကောင်းဆုံးဓါတ်ပုံရရှိအောင် Mode Dial ရဲ့ P ခလုတ်နေရာ ကို ရွှေ့ယူပြီး Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ယူရမှာ ဖြစ်ပါတယ်။


Manual Exposure Shooting mode


သူကတော့ ဓါတ်ပုံရိုက်နည်း သိရှိတဲ့သူတွေအတွက် Exposure ကို စိတ်ကြိုက်ချိန်ညှိလိုတဲ့အခါ အသုံးပြုတဲ့ စနစ် ပဲ ဖြစ်ပါတယ်။ ဒီစနစ်မှာ Shutter Speed နဲ့ Aperature ကို စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။

Movie recording mode

သူ့ကိုတော့ ရုပ်ရှင် ရိုက်လိုတဲ့အခါမှာ အသုံးပြုပါတယ်။ အသုံးပြုပုံကတော့ Mode Dial ကို Movie recording mode ရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ရုပ်ရှင်ရိုက်ယူနိုင်ပါ တယ်။ ရုပ်ရှင်ရိုက် ကြာချိန်ကတော့ Camera မှာ ထည့်သွင်းထားတဲ့ Memory Stick ရဲ့ အရွယ်အစားပမာဏ ပေါ် မူတည်ပါတယ်။

High Sensitivity


ISO ဆိုတာ အရင် အခေါ်အဝေါ်အရ ဖလင်ရဲ့ အလင်းဆွဲအားပဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဖလင်လိပ်မှာ ISO တန်ဖိုးကို ရေးသားလေ့ရှိပါတယ်။ ပုံမှန် အောက်ဒိုးဓါတ်ပုံတွေအတွက် ISO 100 ဖလင်မျိုးနဲ့ ရိုက်လေ့ရှိပါတယ်။ Indoor အခန်းတွင်းမှာ ရိုက်ဖို့အတွက် ISO 200 ဒါမှမဟုတ် ISO 400 ဖလင်မျိုးနဲ့ ရိုက်ရ ပါတယ်။ ဓါတ်ပုံရိုက်မယ့် ပတ်ဝန်းကျင်မှာ အလင်းများရင် ISO ကို လျှော့ရမှာဖြစ်ပြီး အလင်းနည်းရင် ISO ကို တိုးရမှာ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုတဲ့အခါ Flash ပွင့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Flash ကို မဖွင့်ပဲ ရိုက်လိုတဲ့ အခါမျိုးမှာ အသုံးပြုလေ့ ရှိပါတယ်။ ညအမှောင်မှာဆိုရင် ISO High Sensitivity ခလုတ်ကို ရွေးချယ်ဖွင့်လှစ်ပြီး ရိုက်သင့်ပါတယ်။

အသုံးပြုပုံက Mode Dial ကို ISO နေရာရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် လက်ကို ငြိမ်အောင်ထားပြီး Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ရမှာ ဖြစ်ပါတယ်။ ညအခါ ဖယောင်းတိုင်မီး ထွန်းထားတဲ့ မွေးနေ့ကိတ်မုန့်ကို ရိုက်တဲ့အခါမျိုးမှာ ISO High Sensitivity ကို အသုံးပြုပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။ ကိတ်မုန့် မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးညွှန့်ကလေးတွေကအစ သဘာဝကျစွာ ဓါတ်ပုံမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်တန်း အမျိုးအစားကောင်းတဲ့ Camera တွေမှာ ISO High Sensitivity တန်ဖိုးပမာဏ ပိုများလေ့ ရှိပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် Camera ကို Tripod မှာ တင်ပြီး ရိုက်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ ဓါတ်ပုံ တွေကို ရရှိမှာ ဖြစ်ပါတယ်။ ကင်မရာကို လက်ဖြင့် ကိုင်ရိုက်ထားသည့်ပုံ နှင့် ကင်မရာကို Tripod ပေါ်တင်ပြီး ရိုက်ထားသည့်ပုံ (၂)ပုံတို့ကို အောက်ပါအတိုင်း ယှဉ်တွဲ၍ လေ့လာကြည့်ရှုနိုင်ပါသည်။

မှတ်ချက်။ ။ ISO ပမာဏတန်ဖိုး သိပ်မြင့်သွားရင် ပုံမှာ Noise လို့ ခေါ်တဲ့ မလိုလားအပ်တဲ့ အစက်အပျောက် တွေ ပေါ်လာတတ်ပါတယ်။

Soft Snap


လူနဲ့ ရှုခင်းတွဲလျက် ဓါတ်ပုံတွေကို ရိုက်တဲ့အခါမျိုးမှာ အသုံးပြုသင့်တဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံ က Mode Dial ကို Soft Snap နေရာရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် လက်ကို ငြိမ်အောင်ထားပြီး Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ရမှာ ဖြစ်ပါတယ်။

နမူနာအနေနဲ့ သစ်ပင်၊ ပန်းပင်တွေ ရှိတဲ့ ပန်းခြံတွေမှာ Portrait လူပုံတွေကို ရိုက်လိုတဲ့အခါ Soft Snap ကို ရွေးချယ်အသုံးပြုပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။


Advanced Sports Shooting


အားကစားသမားတွေရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံရိုက်ကူးလိုတဲ့ အခါ အသုံးပြုရတဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံက Mode Dial ကို Advanced Sports Shooting နေရာရောက်အောင် လှည့်ပါ။ ပြီးရင် camera ကို အားကစားသမားတည့်တည့်နေရာကို ချိန်ပြီး Shutter Button ခလုတ်ရဲ့ တစ်ဝက်လောက်ကို လက်ညိုးနဲ့ အသာအယာ နှိပ်ပေးလိုက်ပါ။ အဲဒီအခါ အားကစားသမားရဲ့ လှုပ်ရှားနေတာကို camera ကနေ Focus မှန်အောင် သူ့ဘာသာသူ တွက်ချက်ပြီး ချိန်ညှိနေမှာ ဖြစ်ပါတယ်။ ပြီးရင် Shutter Button ခလုတ်ကို အပြည့် တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ရမှာ ဖြစ်ပါတယ်။


Twilight Portrait Mode


ကြည်လင်ပြတ်သားတဲ့ လူပုံရဲ့ ညအမှောင် ရှုခင်းနောက်ခံထားပြီး ဓါတ်ပုံရိုက်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျရင် camera ကနေ အဝေးကို အလင်းပေးတဲ့ SL Flash မီးကို သူ့ဘာသာသူ သတ်မှတ်ပေးတာကို မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

အသုံးပြုပုံက Mode Dial ကို Twilight Portrait Mode ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် Shutter Button ကို အသာအယာ လက်ညိုးနဲ့ တစ်ချက်နှိပ်လိုက်ပါ။ ဒီစနစ်ကို အသုံးပြုရင် camera ကို Tripod နဲ့ တင်ပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ Flash ပွင့်ပြီး အချိန်အတန်ကြာမှ ဓါတ်ပုံရိုက်တာ ပြီးစီးမှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတိုင်းအတာအထိ camera ရော၊ ဓါတ်ပုံအရိုက်ခံမယ့် လူကိုရော မလှုပ်စေဘဲ ငြိမ်အောင် ထားရှိရမှာ ဖြစ်ပါတယ်။ အောက်ဖက်တွင် မြင်တွေ့ရသည့်ပုံမှာ Twilight Portrait Mode နဲ့ ရိုက် ထားတဲ့ ဓါတ်ပုံကို ဖော်ပြပေးထားပါတယ်။

Landscape


အဝေးမှာရှိတဲ့ ရှုမျှော်ခင်းပုံတွေကို ဓါတ်ပုံရိုက်လိုတဲ့အခါ အသုံးပြုရတဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံ က camera မှာရှိတဲ့ Mode Dial ကို Landscape ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် Shutter Button ကို လက်ညိုးနဲ့ တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။ နမူနာပုံကို တစ်ပါတည်း ဖော်ပြပေးထားပါတယ်။


Scene Selection mode

သူ့ထဲမှာ ဓါတ်ပုံရိုက်စနစ် မျိုးခွဲ (၄)မျိုး ထပ်မံ ပါရှိပါတယ်။ အဲဒီ မျိုးခွဲတွေကို အသုံးပြုပုံက camera ပါရှိတဲ့ Mode Dial ကို SCN ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် camera မှာရှိတဲ့ Menu ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ အဲဒီအခါ camera မြင်ကွင်းမှာ မျိုးခွဲ အားလုံး ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီထဲက ရွေးချယ်လိုတဲ့ မျိုးခွဲတစ်မျိုးကို Control Button မှာ ရှိတဲ့ ဘေးဘယ်ညာမြှားတွေကို တစ်ချက်စီနှိပ်ပြီး ရွေးချယ်လိုက်ပါ။ မျိုးခွဲတစ်ခုချင်းအလိုက် ဆက်လက် တင်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။

Twilight


သူ့ကိုတော့ အဝေးမှာရှိတဲ့ ညရှုခင်းဓါတ်ပုံမျိုးကို ရိုက်လိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ပတ်ဝန်းကျင် အမှောင် ထုက ကွယ်ပျောက်သွားပြီး သဘာဝကျတဲ့ ညရှုခင်းကို ကြည်လင်ပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နမူနာ ပုံကို တစ်ပါတည်း ဖော်ပြပေးထားပါတယ်။
Beach


သူ့ကိုတော့ ကောင်းကင်ပြာပြာ၊ ရေပြင်ပြာပြာနဲ့ လှပနေတဲ့ ပင်လယ်ကမ်းခြေရှုခင်းမျိုးကို ဓါတ်ပုံရိုက်တဲ့အခါမျိုး မှာ အသုံးပြုပါတယ်။ နမူနာ ရိုက်ထားတဲ့ ပုံကို လေ့လာကြည့်ပါ။


Snow


သူ့ကိုတော့ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ သူ့ကို အသုံးပြုရင် မိုးကောင်းကင်ပြာကြီးကိုပါ သဘာဝကျကျ ရိုက်ကူးနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နမူနာပုံကို လေ့လာ ကြည့်ပါ။


Fireworks


သူ့ကိုတော့ ညအမှောင် မိုးကောင်းကင်မှာရှိတဲ့ မီးရှူးမီးပန်းတွေကို ရိုက်လိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ သူ့ကို အသုံးပြုရင် camera ကို Tripod နဲ့ တင်ပြီးမှသာ ဓါတ်ပုံရိုက်သင့်ပါတယ်။

မှတ်ချက်။ ။ Fireworks ကို အသုံးပြုပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဓါတ်ပုံမှာ Conversion Lens လို့ခေါ်တဲ့ အနီး ကပ်မှန်ဘီလူးကို တပ်ဆင်ပြီး မရိုက်မိဖို့ သတိထားရပါတယ်။


Source of : ဦးအောင်လင်း ( စွမ်းရည်ပြည့် Digital Camera ကိုင်တွယ်၊ ဓါတ်ပုံရိုက်နည်းလက်စွဲ) မှ ကူးယူဖော်ပြထားပါသည်။)



Up