Knowledge is Free
Education & Information Purpose Only.
Education & Information Purpose Only.
2009-09-04
2009-09-02
Posted by kmo in ၀က်ဘ်ဆိုက်အညွှန်း Website Index
2009-08-08
Microsoft Windows Group Policy Guide
Expert guidance for taking advantage of Group Policy in Windows to simplify the management of hundreds-or thousands-of users. Get the in-depth information you need to use Group Policy to administer your enterprise system-direct from industry experts and the Microsoft Group Policy team. With Group Policy and Active Directory directory service, administrators can take advantage of policy-based management to streamline the administration of users and computers throughout the enterprise-from servers running Windows Server 2003 or Windows 2000 Server to workstations running Windows XP Professional or Windows 2000 Professional.
File Type:= PDF, File Size=8 MB , Pages = 758 (English)
2009-08-07

Windows Server 2003 in Details နှင့် ကျွန်ုပ်၏အတွေ့အကြုံများ
Level - Basic, Intermediate
File Type = PDF , File Size = 3.67 MB
Technical Writer - Zaw Lin (Youth)![]()
Using FL Studio 6
(ခေတ်ပေါ်နှင့် မြန်မာ့ရိုးရာတူရိယာ သံစဉ်များကို ကွန်ပျူတာဖြင့် ဖန်တီးခြင်း)
File Type= PDF , File Size = 7.56 MB
Technical Writer
Zaw Lin (Youth )
2009-06-12
Posted by kmo in Knowledge
IT ကမ္ဘာလို့ဆိုလျှင် Software လို့ သိသည်။ Computer Software ဘုရင်က Microsoft ဖြစ်လေသောအခါ IT ဟု ပြောလျှင် Microsoft ကို တန်းပြီး မြင်ကြသည်။ IT နှင့် Microsoft တစ်ထပ်တည်းလို ဖြစ်နေသည်။ Microsoft သူဌေးကြီး Bill Gates က အိမ်တိုင်း ကွန်ပျူတာတစ်လုံးစီ ရှိလာသောအခါ၊ ရုံးခန်းတိုင်း ကွန်ပျူတာ တစ်လုံးစီ ရှိလာသောအခါ Software ခိုးကူးမှုသည် ကွန်ပျူတာလုပ်ငန်းကြီးအား အဓိက ခြိမ်းခြောက်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ အန္တရာယ်ကို ကြိုမြင်သည်။ ထိုသို့ပြောစဉ်က Bill Gates သည် အသက် ၂၀ အရွယ်သာ ရှိသေးသည်။
သူ့ Software က ကွန်ပျူတာတိုင်း သုံးဖြစ်လာသောအခါ သူက software အတု ဖမ်းဖို့ စုံထောက်တပ်ရင်း ဖွဲ့စည်းလာရသည်။ FBI နှင့် DEA အဖွဲ့ဝင်ဟောင်း တို့ကိုငှားပြီး နိုင်ငံအသီးသီးတွင် software အတုဖမ်းဆီးရေး လုပ်ငန်းကို ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတွေက Microsoft စုံထောက်အဖွဲ့ကို ကူညီကြသည်။ သို့ဖြင့် Microsoft သည် software လည်းထုတ်၊ software အတုစစ်ဆင်ရေးကိုလည်း ဆင်နွှဲရသည်။ သို့သော် ယခု software အတု စစ်ဆင်ရေးကို ရာစုနှစ်ဟောင်းစစ်ပွဲမျိုးကို ပြန်လည်ဆင်နွှဲခြင်းသာ ဖြစ်သည်ဟု အဝေဖန် ခံလာရသည်။ အလွန်ခေတ်မီပြီး ခေတ်ရှေ့က အလွန် အလျင်အမြန်ပြေးနေသည်ဆိုသော Microsoft သည် ခေတ်မမီတော့သည့် ၂၀ ရာစုနှစ်က စစ်ပွဲဟောင်းကို ပြန်ဆင်နွှဲနေသည်။ Digital Technology သည် ဖြစ်ထွန်းမှု နှစ်ရပ်ကို မွေးထုတ်သည်။ ပထမအားဖြင့် အရာရာကို ကူးယူနိုင်သည်၊ ခိုးကူးမှုကို တားဆီးလို့မရတော့။ ဒုတိယ အချက်က ပိုပြီးအရေးကြီးသည်။ အခြေခံကျသည်။ Information သည် လုံးဝတံခါးပွင့်သွားခြင်း ဖြစ်သည်။ သတင်းဇာစ်မြစ်ကို ပိတ်ဆို့ထားလို့မရ။ လက်ဝါးကြီး အုပ်ထားလို့မရ။ လွတ်လပ်သော Information ဇာစ်မြစ် (open source) ပေါ်ပြီ၊ မည်သည့် Information ဇာစ်မြစ်ဖြစ်ဖြစ် တံခါးပွင့်ကုန်ပြီ။
ထို့ကြောင့် Microsoft သည် ခေတ်ရှေ့က ပြေးသည်ဆိုပါလျက် ခေတ်ဟောင်းစစ် ဆင်နွှဲနေသည်မှာ အလွန်တုံးရာ အရာကျနေသည်။ ထိုအချက်ကို Bill Gates မသိဘူးလားဟု မေးခွန်းထုတ်သည်။ သိပုံလည်းရ၊ မသိပုံလည်းရ ထစ်နေသည်ဟု ပါမောက္ခတစ်ဦးက ဝေဖန်သည်။ အိုင်တီလောကတွင် ဆောင်ပုဒ်တစ်ခုရှိသည်။ Hardware ကို ၀ယ်ရမည်။ Software ကိုမျှဝေရမည်။ Bill Gates သည် ထိုဆောင်ပုဒ်ကို ဆန့်ကျင်ပြီး၊ software အတုတွေ လိုက်ဖမ်းသော ရဲလုပ်ငန်းကို ၀င်လုပ်နေသည်။ သို့ဖြင့် အိုင်တီနှင့် ရဲ၊ ပညာနှင့် စုံထောက် မစပ်ကောင်း မတွဲကောင်းတို့ကို လုပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်စေသည်ဟု ဝေဖန်ခံရသည်။
Microsoft Software ၏ အဓိကပြိုင်ဘက်မှာ software အတုလုပ်သူတွေ ခိုးကူးသူတွေမဟုတ်၊ Linux ဟုဆိုသည်။ Linux က လွတ်လပ်စွာ ရယူနိုင်သော software ကိုထွင်သည်။ ဇာစ်မြစ်မှန်သမျှကို တံခါးဖွင့်ပစ်သည်။ Digital Technology ကိုယ်က ဇာစ်မြစ်တံခါးတွေ ဖွင့်ပစ်သည်။ ဒီအထဲ Microsoft Windows တွေလည်း ပါကုန်သည်။
ဘာကလေ စားပွဲဝိုင်း
အိုင်တီလောကတွင် ကမ္ဘာ့စီးပွားရေး ဘာကလေစားပွဲဝိုင်းသည် နာမည်ကြီးသည်။ နိုင်ငံရေး သိပ္ပံပညာရှင် နှစ်ဦး၊ ဘောဂဗေဒပညာရှင်တစ်ဦးနှင့် အိုင်တီလောကခေါင်းဆောင်းများ ပါဝင်ဆွေးနွေးကြသည်။ ထိုစားပွဲဝိုင်း၌ Microsoft ၏ ခိုးကူးဆော့(ဖ်)၀ဲတို့အပေါ် စစ်ဆင်ရေးသည် အောင်မြင်ပါ့မလားဆိုသော မေးခွန်းလည်း ပါသည်။ ထိုမေးခွန်းအပေါ် အာရုံမစိုက်တာက ပိုကောင်းသည်ဟု ဘောဂဗေဒပညာရှင် ဒီလောင် ကပြောသည်။ ပရိုဂရမ် တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလို မဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ် ဟု ပြောသည်။ တကယ့် ဥာဏ်ပညာပစ္စည်း ဆိုသည်မှာ လက်တွေ့အလုပ်စနစ်တစ်ခုကို ဘယ်လောက်ပဲ ဟောင်းဟောင်း ဆက်သုံးနေရမည်ဟု မဆိုလိုကြောင်း Microsoft သိပုံမရပေ။ စင်စစ် software အဟောင်း ဆိုရင်း အလကား ပေးပစ်ဖို့ပင် ကောင်းသည်။ ကမ္ဘာတစ်ဝှမ်းက လူတွေ သူတို့ရဲ့လက်တွေ့အလုပ်စနစ်ကို version ဟောင်းအတိုင်း သုံးစွဲစေချင်တာကတော့ ဘယ်မှန်ပါ့မလဲဟု အခြား ဘောဂဗေဒပညာရှင် စီဘာက ဝေဖန်သည်။ Software ဆိုသည်မှာ လက်တွေ့အလုပ်စနစ် Operating System ကို ခေါ်သည်။
Software ခိုးကူးခြင်းသည် ကျင့်ဝတ်သီလ ပြသနာမဟုတ်။ မဟာဗျူဟာ ပြသနာဖြစ်
အနာဂတ်ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ ဘန်ဂလိုမှ ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ Microsoft Software နှင့်မလေ့ကျင့်ဘဲ Linux တံခါးဖွင့်ဇာစ်မြစ် Open Source တို့ဖြင့် လေ့ကျင့်လာ ကြလိမ့်မည် ဖြစ်သည်။ ကွန်ပျူတာ တက္ကသိုလ် တို့သည် Linux တံခါးဖွင့် ဇာစ်မြစ်ကို အခမဲ့ရနိုင်ပြီ။
Program တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလိုမဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ်။
တံခါးဖွင့်ဇာစ်မြစ်က Microsoft ကို အလဲထိုးနေပြီဆိုသောအချက်ကို Microsoft မှ တာဝန်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် က သိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက တာဝန်ခံတစ်ယောက်က တံခါးဖွင့်ဇာစ်မြစ်သည် တီထွင် ဆန်းသစ်မှုကို ဖျက်ဆီးသည်ဟု ပြောဆိုသောကြောင့် ဖြစ်သည်။ ဒီပုဂ္ဂိုလ် ပြောင်းပြန်ပြောနေပုံရသည်။
Information လောက အလုံးစုံဖြစ်ရေး
Technology လောကသည် တီထွင်ဆန်းသစ်မှုတွေများသလောက် ပြိုင်ဘက်ချင်း တိုက်ပွဲတို့ကလည်း အတော် ပြင်းထန်သည်။ အထက်တွင် Microsoft နှင့် Linux တို့ တိုက်ပွဲဖြစ်သလို ယခုလည်း Google နှင့် စာအုပ် ထုတ်ဝေသူများ တိုက်ပွဲပြင်းထန်လာသည်။ Google က Electronic စာအုပ်ထုတ်ဝေသူဖြစ်သည်။ Google က မကြာသေးမီက အစီအစဉ်တစ်ရပ်လုပ်သည်။ မည်သည့် စာကြည့်တိုက်ကမဆို မည်သည့်စာအုပ်ကို မဆို၊ Google Website သို့တင်ပါ။ Google က ပုံနှိပ်စာအုပ်တို့ကို Electronic Version အဖြစ် ပုံစံပြောင်းလဲပေးမည်၊ ရောင်းချပေးမည်ဟု ကြေညာသည်။ စာကြည့်တိုက်တွေအားလုံး Online တင်ပြီး Electronic Version ဖြင့် ၀ယ်ယူလိုသူတို့ထံ အောက်ချပို့ပေးမည်ဟု ဆိုခြင်းဖြစ်သည်။
ပုံနှိပ်စာအုပ် ထုတ်ဝေသူများအသင်းက Google ကိုကန့်ကွက်သည်၊ တရားလည်း စွဲသည်။
အထက်ပါ အကြောင်းအရာနှစ်ရပ်ကိုကြည့်လျှင် Software ကိစ္စ၌ တံခါးဖွင့်ဇာစ်မြစ် က အိုင်တီလောကကို ကိုင်လှုပ်ကြောင်းကို တွေ့ရမည်။ စာအုပ်ကိစ္စ၌ စာကြည့်တိုက်အားလုံးကို Online တင်ပစ်လိုက်သည့် ကိစ္စက စာအုပ်ထုတ်ဝေရေး လောကကို ကိုင်လှုပ်ပစ်နေကြောင်းကို တွေ့ရမည်။ Information နှင့် Education လောကဟူသည် ရှေ့၌ ပိုပြီးပြင်းထန်သောတုန်ခါမှုတို့နှင့် တွေ့ရမည့်လောက ပါကလားဟု ကြိုတင်ရိပ်စား မိနိုင်ရန် လိုသည်။
အညွှန်း - NewsWeek
မောင်စူးစမ်း