2007-08-27
Using Zawgyi Myanmar Unicode 3
Mozilla Firefox နဲ့ တွဲဖက်ပြီးအကောင်းဆုံး အသုံးပြုနိုင်တာကတော့ Zawgyi Myanmar Unicode ပဲဖြစ်ပါတယ်။ အခြားသော ဘယ် Unicode ကမှ Zawgyi လောက် Myanmar Blog လုပ်ဖို့အဆင် မပြေသေးပါ။ Zawgyi မှာမှ အခြား Zawgyi မသုံးဘဲနဲ့ Alpha Zawgyi ကီးဘုတ်ကိုသာ သုံးစွဲသင့်ပါတယ်။ အခြားသော Unicode Keyboard တွေ Install လုပ်ထား ခဲ့ရင် Zawgyi Keyboard က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်သွင်းထားတာ တွေရှိရင် အကုန်လုံး Uninstall လုပ်ပစ်လိုက်ပါ။ ပြီးရင် Zawgyi Keyboard & Fonts ကို Alpha Computer (Mandalay) က အခမဲ့ပေးထားတဲ့ software ကို download လုပ်ပြီးအသုံးပြုနိုင်ပါတယ်။http://www.alpha.com.mm/download/AlphaZawgyiVersion3.exe
Alpha Mandalay မှ အခြားသော စိတ်ဝင်စားဖွယ်ကောင်းသော Program များမှာ-
(2) Java Virtual Machine ( for trendnet camrea server) (7.64 MB)
(3) Myanmar Calander and Zata (horoscope) program (276 KB)
(4) Myanmar city (more than 500 cities) location Map (14 KB)
(5) Font for Myanmar zata,calander,city map (50kb)
(6) Pocket PC astro horoscope program (94K)
(7) Pali Stone Slab (Dhamma) program (3.48 MB)
(8) Calendar Magic (more then 20 calendar of the world)china, Islamic,Egyptian...
(9) Myanmar 2 Unicode (1.76M)
(10) Myanmar GTalk Addin v1.1 (password="alpha mandalay") (855.48 KB)
2007-08-24
ချိုးဖြူငှက်လမ်းသွယ် ကဗျာ+အသင်း
``ဒါဟာ တပ်ဆင်ထားခြင်းမရှိသေးတဲ့ အမှန်တရားရဲ့ ဖုန်းနံပါတ်ပေါ့´´ချိုးဖြူငှက်လမ်းသွယ်ကဗျာ+အသင်း မိတ်ဆက်သ၀ဏ်လွှာ
*ကျွန်တော်တို့ ရင်ဘတ်ထဲကို ကဗျာတွေ ၀င်ရောက်သိမ်းပိုက်ခဲ့တာတော့ ကြာပါပြီ။ တကယ်တမ်းစစ်ကြေငြာခံ ရတာက မြန်မာကဗျာဆရာ ``မောင်ချောနွယ်´´ ကျဆုံးခဲ့တဲ့ ၂၀၀၂၊ စက်တင်ဘာရဲ့ နောက်ဆုံးနေ့ရက်တွေ မှာပါ။ ကျွန်တော်တို့ ဒီကဗျာအ၀န်းအ၀ိုင်းလေးကို ရင်ခုန်သံတူညီတဲ့ ဘော်ဒါတစ်စု ``ချိုးဖြူငှက်လမ်းသွယ်´´ လို့ အမည်ပြုခဲ့ကြပါတယ်။ ပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးကတော့ သက်သေပေါ.။
*ကျွန်တော်တို့ရဲ့ ကဗျာရင်ခုန်သံကို ချွန်းဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ့်နှလုံးသား ကို ကိုယ်ညာလို့ မရတော့ဘူး။ ကျွန်တော်တို့ ကဗျာကိုချစ်တယ်။ ပန်းကလေးတွေ၊ ကောင်မလေးတွေကိုလည်း ချစ်တာပါပဲ။ လောကမှာရှိတဲ့ အလှတရား အားလုံးရဲ့ ပြုစားခြင်းကို ကျေနပ်စွာ ခံယူခဲ့ကြပါတယ်။
ချိုးဖြူငှက်လမ်းသွယ်ရဲ့ အဓိပွါယ်သံခိပ်
*ချိုးဖြူငှက်ဆိုတာက ငြိမ်းချမ်းလွတ်လပ်ခြင်းရဲ့ ပြယုဂ်ပဲ၊ လမ်းဆိုတာက ခရီးရောက်ဖို့ပါ။ ငြိမ်းချမ်းသာယာတဲ့ လွတ်လပ်လမ်းသွယ်လေးပေါ့။ ၀င်ရောက်လည်ပတ်ပါ။ နားခိုဆွေးနွေးစရာလည်း ရှိမှာပါ။ ကျွန်တော်တို့ ပထမ ဆုံးလုပ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်လေးရှိတယ်။ နတ်တွေမနာလိုလို့ အ၀ှက်ခံထားရတဲ့ စာအုပ်လေးပေါ့ ...။
နာမည်က ``၂၀၀၄ ဒီဂရီ´´တဲ့။ (၂၀၀၄ ခုနှစ်ကပါ၊ တကယ်တမ်းက အဲဒီထက်စောပါတယ် )
ကျွန်တော်တို့ရဲ့ ကဗျာလေးတွေကို မြည်းကြည့်ပါ။ မိတ်ဆွေရင်ထဲ ထိခဲ့ရင်လည်း ပါဝင်ရေးသားလို့ ရပါတယ်။
``ကမ္ဘာကြီးကို ကဗျာနဲ့ သူကောင်းပြုကြပါစို့´´
``လမ်းတူရင် လူခြင်းတွေ့ကြမယ်´´
``ကဗျာနဲ့ကမ္ဘာ မာပါစေ´´
ချိုးဖြူငှက်လမ်းသွယ် ကဗျာ+အသင်း (သို့) သူရဲကောင်းများ
* သျှင်းသျှင်း * အင်တာနတ်
* ÷ မျိုး * နေရှားလူ
* ညီအောင်ခက်နွယ် * သူ့သူ့ (ကလေး)
* စောရဲနောင် * ဏှင်းအိမ်ဈာန်
* ညီမင်းသူ * ဗိုလ်ဗိုလ်
အသားတံဆိပ်
ဇီးကွက်တစ်ကောင်လို ညညမှာ
စာရွက်တွေပေါ်ကျက်စား
တစ်နေ့လုံးပိတ်ဆို့မိနေတဲ့ ဝေဒနာတွေက
စကားလုံးတွေကို
ဓားစာခံအဖြစ်ခေါ်ဆောင်သွား
အမြဲတမ်းပန်းဝင်စောနေတဲ့ နာရီလက်တံတွေက
သုခတွေကို ဆွတ်ခူးစား
ဒီလိုနဲ့ ....
=ကဗျာဆရာ+ ဆိုတဲ့ ပညတ်လေးတွေ ထူအမ်းအမ်းနဲ့
ပရိယေသနထဲမှာ လုံးပါးပါး . . . ။
(ညီအောင်ခက်နွယ်)
အလင်းမဲ့ဒြပ်စင်
လေဟာနယ်တစ်ခုဆီက
အစိုင်အခဲဆိုတဲ့ ဒြပ်လေးတစ်ခု
လွင့်ပါးတဲ့ ထိုအခါ
ထည်ဝါတဲ့အဆင်းကင်း
လင်းတောက်တဲ့အရောင်မဲ့
ပုံစံမကျတဲ့ ဒြပ်ဆောင်
ငါတောင်စိတ်ပျက်မိပါသေးရဲ့။
သို့ပေမယ့် ...
သင်ဟာ ငါ့အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာမဟုတ်သလို
အသုံးမကျမှု အရာတွေလို့လည်း
မဆိုထိုက်ပါဘူး။
သေးငယ်နှိမ့်ပါးနေပေမယ့်
သင်ဟာငါ့အတွက်
အတွင်းစိတ်သဏ္ဍာန်မှာ
ပုံမှန်လည်ပတ်နေမယ့်
သွေးကြောလေးတစ်ခုပါပဲ . . .။
(အင်တာနတ်)
ဘာသာမဲ့
နွေရက်များရဲ့သတင်းကို စောင့်မျှော်ကြည့်ချိန်မှာ
ငါ့ကိုယ်ငါ ဥသြအထင်နဲ့
မှားယွင်းချိန်တွယ်မိခဲ့ပေါ့
အလင်းတို့ဖောက်ပြန်တိုင်းသာ
ငါ့နှလုံးသွေးရပ်ရရိုးဆိုရင်
မနေ့ကထားခဲ့တဲ့ ငါ့ကတိ ဘယ်မှာလဲ
အသိအတိုင်းသာ လေးစားခဲ့တာပါ
ပေးပါ ကျွန်တော့်ကိုပေးပါ
သက်ရှိတို့ရဲ့ ဘာသာရပ်
ကျောက်စာတစ်ချပ်လောက်ဖြစ်ဖြစ်
ဒါမှမဟုတ်
ကလေးတစ်ယောက်က
သူ့အတွက် အပြောင်မြောက်ဆုံးဆိုပြီး
ရေးခြစ်ထားတဲ့ ပန်းချီကားပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်လှလှပပလေး ဘာသာပြန်ပြမယ်
ဒါပေမယ့်
အေးစက်စက်တဲ့ အက္ခရာတွေနဲ့ဖွဲ့စည်းထားတဲ့
ဘယ်လိုမှ သဲလွန်စ မရှိတော့တဲ့
ချစ်သူ့ပေစာ ဖတ်နိုင်ဖို့ကတော့
ကျွန်တော့်လေ့လာမှုတွေ လိုအပ်ခဲ့ပါတယ် . . . ။
(နေရှားလူ)
၂၇ ဒီဂရီ
တီဗွီဖန်သားပြင်ပေါ် စိမ့်ကျလာတဲ့သွေးတွေ
အိုင်စီလို စားပွဲပေါ်က
ငါ့ပန်းအိုးလေး ကျွမ်းရှာပေါ့
မျက်လုံးတွေနဲ့ ငါ့ကိုဝိုင်းပြီးပစ်ခတ်ကြ
အသံတွေက ကျည်ဆန်လိုတွားတက်လာ
အကြည့်မှာ ဓာတ်ကြိုးတန်းနဲ့ငြိနေတဲ့စွန်လို
အိပ်မက်တွေ ဝေးဝေးပျံသန်းလို့မရဘူး
အာရုံကိုလမ်းဘေးချပြီး
တဆုံးဆွဲဆန့်ကြည့်တော့
တခြားရင်ဘတ်ထဲက တောမီးတွေ
ငါ့ကောင်းကင်ပေါ် ချိုးဖောက်အုံဖွဲ့လာ
ဒုက္ခက နှင်းကွဲချိန်မှာ တောက်ပတဲ့အလင်းလို
ပရိဒေ၀တွေ ရာသီအလိုက်မူးယစ်ကြကုန်ပေါ့
ဝေဒနာကို ဖုန်းကဒ်ဟောင်းတစ်ခုလိုချောင်ထိုးပစ်ပြီး
(အလိုဆန္ဒအရ)
သေနတ်ပြောင်းဝကို ကိုယ်နဲ့ဆန့်ကျင်ဘက်အရပ်မှာထားရမယ်
စကြာဝဠာအပြည့် မီးတောက်မီးလျှံတွေ ငါနင်းဖြတ်ပါရစေ
သောကတွေ မီးခိုးလိုပေါ့ပါးသွားမလား ...
ပျံသန်းနေတဲ့ငှက်မှာ မြေပုံညွှန်းမလိုသလို
ကူးခတ်နေတဲ့ငါးမှာ အတောင်ပံမလိုဘူး
မြို့ရိုးဟောင်းထဲက အုတ်ချပ်တွေကို ကိုယ်ချင်းစာမယ်
စက္ကန့်တံလေးမောင်းနှင်နေတဲ့ ကမ္ဘာပေါ်မှာ
ငါက ထိုင်ခုံမဲ့စီးနင်းလို့
လက်မလွတ်ချင်ဘူး လွတ်လပ်ခြင်းရယ်...
အက္ခရာလေးတွေကို စိတ်တံစဉ်းနဲ့ပွတ်တိုက်နေချင်တယ်
အိုင်းစတိုင်းနဲ့နှစ်ယောက်တည်း အလင်းလိုဏ်ဂူဖောက်မယ်
နှလုံးသားတစ်ခုကနေ နှလုံးသားတစ်စီ ကဗျာတွေစီးဆင်းဖို့
(ဥုံ)
ငါ့ကို စိတ်တစ်ခု အပိုဖန်ဆင်းပေးပါ ဘုရားသခင် ...။
(ညီအောင်ခက်နွယ်)
အတိတ်စိမ်း
ဘ၀ အစုံစုံ
အသပြာ ပဲလိုတယ်...။
ကညစ်ဟာ ဂီတ မဟုတ်သလို
ဂီတဟာလည်း ပုံဖော်တဲ့ ပန်းချီ မဟုတ်ဘူး ...။
ပန်းခြံထဲက မြက်ခင်းစိမ်းစိမ်းလေးတွေရေ...
ယမကာမျိုးစုံနဲ့ လူမျိုးစုံ
စားစရာ အစုံစုံနဲ့ ဆေးလိပ်တိုမျိုးစုံရဲ့ ဒဏ်ကြောင့်
လျှော့ရဲခဲ့ပြီလား ...။
မငြီးမငြူ အားပေးခဲ့တဲ့
ကျောက်တိုင်ကြီးရေ..
ပြန်လည် လန်းသစ်ကြစို့ရဲ့ ...။
(သျှင်းသျှင်း)
2007-08-23
တစ်ကိုယ်ရေသုံး ကွန်ပျူတာများ Virus တိုက်ခိုက်
Virus problem တွေကို ဖြေရှင်းဖို့အတွက် နည်းလည်းတွေကတော့ အဆင်သင့်ရှိပြီးသားပါ။ ကိုယ့်ရဲ့စက်မှာ ဒီလို ပြဿနာတွေကြုံတိုင်း ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။
ကွန်ပျူတာမှာ Autorun စနစ်ကိုပိတ်မယ်ဆိုရင်-
(၁) Start > Run ကို Click တစ်ချက်နှိပ်ပါ။
(၂) gpedit.msc လို့ရိုက်ပြီး OK ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။
(၃) ထိုအခါ Group Policy Dialog box ပေါ်လာပြီး အောက်ဆုံးမှာရှိတဲ့ Administrator Templates မှာ Click တစ်ချက်နှိပ်ပါ။ ပြီးတော့ သူ့ရဲ့ဘေးမှာပေါ်လာတဲ့ System ဆိုတဲ့စာပေါ်မှာ Double Click နှိပ်လိုက် ပါ။
(၄) ပြီးတော့ Turn off Autoplay ဆိုတဲ့ စာပေါ်မှာ Double Click နှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲက Enabled ဆိုတာကို ရွေးပြီး Turn off Autoplay on: မှာ All drives ကိုရွေးပြီး OK နဲ့ ပြန်ထွက်လိုက်ပါ။
Celebrate World Photography Day
အဲဒီလိုဖြစ်လာဖို့အတွက် ဓါတ်ပုံသမားတစ်ယောက်ရဲ့ အားထုတ်မှုတွေ၊ ခံယူချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အချိန်ပေးဆပ်မှုတွေကလည်း တကယ့် အလေးထားစရာတွေပဲ ဖြစ်ပါ တယ်။



2007-08-21
SSC Service Utility for Epson Printers
SSC Service Utility for Epson Stylus Printers.
SSC Service Utility- multimodel adjustment program for Epson inkjet printers free
Main features
SSC Service Utility allow you to do many amazing things with Your Epson printer:
- Work directly with CSIC in Epson Stylus printers cartridges
- Reset or rewrite any chip using special addon device
- Freeze internal ink counters
- Reset internal ink counters even with empty cartridges
- Separate cleaning of color and black heads for all Epson inkjet printers, powerful cleaning mode
- Hot swapping of cartridges supported
- Resetting of protection counter (even then it is already full) - most popular function!
More then 100 different Epson printers supported. Also new models such as R220, R340, RX640, RX700...
Up to day this software works under Windows 95/98/ME/2K2/XP with both the LPT and USB printers.
This allow many people with high printing demands to save some money (program works with both black and color cartridges).
Program Screen Shots.
Website -အညွှန်းကတော့
Link Tracking and Page Load Counter
Making Shout Box
ရန်အတွက် Tagbord အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
Chatting သဘောမျိုး သုံးနိုင်တဲ့ Chat Box လေးကို သုံးစွဲချင်တယ်ဆိုရင် Cbox ဆိုတဲ့ ဟာလေးကို သုံးစွဲ နိုင်ပါတယ်။ Account ဖွင့်ပြီး Post များ အားလုံးကို ထိန်းချုပ် နိုင်ပါတယ်။ IP Trace လုပ်လို့ ရပါတယ်။ IP Lock လုပ်လို့ လည်းရပါတယ်။ http://cbox.ws မှာ ၀င်ရောက်ပြီး အသေးစိပ်လေ့လာကြည့်ပါ။
2007-08-19
Reset Waste Ink Counter (Canon MPC 190 All-in-one)
Canon MPC 190 (All In One)
(၁) ပထမဦးစွာ ပရင်တာ ပါဝါကို (On/Off) မှ On ကို နှိပ်လိုက်ပါ။
(၂) ထို့နောက် Service MODE ကို နှိပ်ပြီး Menu မှ Copy - Scan - Copy - Copy
ကိုဆက်တိုက်နှိပ်သွားပါ။
(၃) Test MODE ကိုနှိပ်ပါ။
(၄) ပြီးနောက် Printer Test ကို (၈)ကြိမ်နှိပ်ပေးပါ။
(၅) ဆက်လက်ပြီး EEPROM CLEAR ကို (၃)ချက်နှိပ်ပါ။
(၆) ပြီးသော် INK COUNT ကို ( 0 ) ပြန်ထားပါ။
(၇) ထို့နောက် SET ကို ပြန်နှိပ်လိုက်ပါ။
(၈) ပြီးနောက် (STOP/RESET) ကိုလည်း ပြန်နှိပ်လိုက်ပါ။
ထို့နောက် (ON/OFF) ကို နှိပ်၍ ပြန်ဖွင့်လိုက်သောအခါ
အဆင်ပြေသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
HTML အကြောင်းသိကောင်းစရာများ
What is HTML?
- သင်၏ Web Browser ဖြစ်သည့် Internet Explorer, Firefox, Netscape Communicator စသည်တို့အား မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုတာကို ညွှန်ကြားတဲ့ သင်္ကေတ အစုအဝေးတစ်ခုပင်ဖြစ်ပါတယ်။ HTML သည် စာသား(Text) များအား Format လုပ်ခြင်း၊ မျဉ်းကြောင်းများ ထည့်သွင်းခြင်း၊ ရုပ်ပုံများ၊ အသံများနှင့် ရုပ်ရှင်များအား ပေါင်းထည့်၍ File တစ်ခုအတွင်း သိမ်းဆည်းထားနိုင်ရန်ခွင့်ပြုပေးပြီး ၎င်းကို HTML File (Internet Document) ဟုခေါ်ပါတယ်။
- HTMLဟာ Internet Web Page (အင်တာနက်ပေါ်ရှိစာမျက်နှာများ) ကိုရေးသည့် Language တစ်ခုဖြစ်ပါတယ်။ Internet Technology အသုံးပြု၍ Data (Information) များအား ဖလှယ်မှု ပြုလုပ်ရာတွင် Web Page များသည် အဓိကကျသည်။ HTML အား သာမာန် Text Editor ကို အသုံးပြု၍ ရေးသားနိုင်သည်။ HTML Editor များကို အသုံးပြု၍လည်း ရေးသားနိုင်ပါတယ်။ HTML စတင်လေ့လာသူတစ်ဦးအနေဖြင့် Note Pad ကဲ့သို့သော Plain Text Editor တစ်ခုခုဖြင့် စတင်ရေးသားရင် ပိုကောင်းပါတယ်။ အဘယ်ကြောင့်ဆိုသော် HTML Editor များဟာ HTML Code (Tag) များအား အလိုအလျှောက် သတ်မှတ်ရေးသားပေးသောကြောင့် HTML Code (Tag) သဘောတရားများကို သဘောပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် Internet ကို Communication Line များဖြင့် အသုံးပြု၍ ချိတ်ဆက်မှုပြုလုပ်ထားရာ အချက်အလက်များ အပေးအယူပြုလုပ်ရာမှာ Data ပမာဏ (Byte) အနည်းဆုံး ဖြစ်လေ၊ ပိုမို၍ မြန်ဆန်လေ ဖြစ် သောကြောင့် ဖြစ်ပါတယ်။ သို့ရာတွင် HTML Editor များဟာ ပိုမိုကောင်းမွန်လွယ်ကူတဲ့ Feature များပါရှိတဲ့ အတွက်ကြောင့် Multimedia Presentation များပါဝင်တဲ့ Web Page စတာတွေကို လျှင်မြန်စွာ ဖန်တီးလိုပါက အသုံးပြုနိုင်ပါတယ်။
- HTML ဖိုင်များကို Static HTML နှင့် Dynamic HTML ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပါသည်။ Internet Web Page တွင် ပုံသေလွင့်တင်ထားရသည့် အချက်အလက်များ ပါဝင်သည့် File ကို Static HTML File ဟုခေါ်ဆိုသည်။ Multimedia CD အများစုကို Static HTMLဖြင့် ရေးသားနိုင်ပါသည်။E-Commerce (အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး) ပြုလုပ်သည့် Super Market, Store ဆိုင်များ၊ ဘဏ်လုပ်ငန်းများ၊ မိုးလေ၀သသတင်း၊ ကမ္ဘာ့သတင်း စသည့် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသည့် Web Page ဖိုင်များကို Dynamic HTML File ဟုခေါ်သည်။ ၎င်းကို Web Server များပေါ်တွင်တင်၍ အလွယ်တကူ Update ပြုလုပ်နိုင်အောင် Database များအသုံးပြု၍ ရေးသားကြရပါသည်။ ဥပမာ- အချို့ဖိုင်များကို Active Server Pages (ASP) File များဟု ခေါ်သည်။
- HTML Tags : HTML တွင် အရာခပ်သိမ်းသည် Tag များပေါ်တွင် အမှီပြုလျှက်ရှိသည်။ Tag များကို ထောင့်ပါသော Bracket နှစ်ခု "<" စပြီး ">" ဖြင့် ပိတ်ပါသည်။ Tag များကို Capital (or) Small Letter ဖြင့် ရေးသားခွင့်ရှိပါသည်။ ဥပမာ-
သည် (စာပိုဒ်) Paragraph Tag ဖြစ်ပြီး၊
သည် (စာကြောင်းခြား) Line Break Tag ဖြစ်သည်။ မှတ်ချက်။ ။ HTML Tag အား စာလုံး အကြီး၊ အသေး နှစ်မျိုးစလုံးဖြင့် ရေးသားနိုင်ခွင့်ရှိသည်။- (ဆက်လက်ဖော်ပြပါဦးမယ်)။



