2008-12-25

Unlocker Assistant


File (သို့မဟုတ်) Folder တစ်ခုခုကို မလိုအပ်လို့ ဖျက်လိုက်ပေမယ့် တစ်ခါတစ်ရံမှာ အထက်ပါပုံအတိုင်း Error Message ပေါ်တတ်ပါတယ်။ ယင်းသို့ဖြစ်ရခြင်းမှာ အဲဒီ File, Folder ကို Windows စနစ်(သို့မဟုတ်) အခြားသော program တစ်ခုခုက အသုံးပြုနေရင် ဖျက်ခွင့်မပေးပဲ error message ပေါ်လာရခြင်းဖြစ်ပါတယ်။ ယင်းသို့ ဖြစ်လာ ပါက restart ပြန်လုပ်ပြီးမှ ဖျက်ခြင်း၊ ဒါနဲ့မှ ဖျက်မရပြန်ရင် computer ကို safe mode မှာထားပြီး ဖျက်ခြင်းတို့ကို ပြုလုပ်မှသာ အဆင်ပြေသွားတတ်ပါတယ်။

ပို၍လွယ်ကူသည်မှာ Unlocker Assistant ကို အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်မှု ရှိစေပါတယ်။ မိမိဖျက်လိုသော File (သို့မဟုတ်) Folder ပေါ်တွင် Right Click နှိပ်ပြီး ပေါ်လာ Menu ပေါ်တွင် Unlocker ကို ရွေးချယ် Click နှိပ်လိုက်ပါ။ ထိုအခါ အသုံးပြုရန်အတွက် No Action, Delete, Rename, Move လုပ်ရန် ပေါ်လာပါမည်။ ဖျက်မည်ဆိုပါက Action တွင် Delete ကို ရွေးပြီး OK ကို Click နှိပ်ခြင်းအားဖြင့် အလွယ်တကူ ဖျက်၍ရသွားပါ တယ်။




Click Here to Download : Unlocker 1.8.7 (238 KB)
Source of : http://ccollomb.free.fr/unlocker/
Up