Showing posts with label Softwares. Show all posts
Showing posts with label Softwares. Show all posts

2013-01-31

Windows 7 Activation and Loader for all windows 7

Windows 7 အသုံးပြုသူများအတွက် Activation ဖြစ်စေမည့် ပရိုဂရမ်ငယ်တစ်ခုဖြစ်ပါတယ်။ Windows 7 32-bit, 64-bit နှစ်ခုစလုံးအတွက် အဆင်ပြေပါတယ်။



2011-06-09

Ecodsoft Keylogger 2.1


Ecodsoft Keylogger ဟာ သင့်မရှိသည့်အခိုက် သင့်ကွန်ပျူတာကို တစ်စုံတစ်ဦးက အသုံးပြုထားသည့် မှတ်တမ်း များအားလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ပေသည်။ ကွန်ပျူတာရဲ့ နောက်ကွယ်မှ တိတ်တဆိတ် အလုပ်လုပ် နေပြီး ကွန်ပျူတာမှ လုပ်ဆောင်ချက် အားလုံးကို မှတ်သားပေးနေပါသည်။ ထို့ကြောင့် keylogger အသုံးပြုပြီး အခြားသူ များရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးစေမည့် အမူအကျင့်များအတွက် ရှောင်ကြဉ် သင့်ပါသည်။ နည်းပညာအရ ခြေတစ်လှမ်းနောက်မကျ စေရန်အတွက် ရည်ရွယ်ပါသည်။



2011-04-22

Active Password Changer Pro 3.5


ဒီ Program လေးကတော့ အကြောင်းအရာ တစ်ခုခုကြောင့် မိမိစက်တွင် ပေးထားသော Log on Password များ မေ့လျော့သွားခြင်း၊ အခြားသူ တစ်ရှိဦးတစ်ယောက်က လိုက်လံ၍ Password များ ပေးထားခြင်းများ ဖြစ်တတ် ပါသည်။ ယင်းကဲ့သို့သော Windows User Name များအတွက် Log ကျသွားခဲ့ပါက Memory Stick လေးတစ်ခု ရှိရုံဖြင့် အလွယ်တကူ ပြန်ဖြည်၍ ရစေပါသည်။ ယခင်ကဆိုလျှင် Log ကျသွားပြီဆိုသည်နှင့် Hiren's Boot CD ဆိုတဲ့ CD ပြားနဲ့ ပြင်ဆင်နိုင်ပါသည်။ ယခုဖော်ပြပါ နည်းလမ်းလေးကတော့ CD/DVD Drive မရှိတဲ့ (သို့) မတတ်ဆင်ထားတဲ့ ကွန်ပျူတာများအတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။ Windows XP နှင့် Windows 7 အတွက်ပါ အဆင်ပြေစေပါသည်။


2011-04-03

How to change the Default Operating System to start in Windows 7


Windows 7 ကို စတင်ဖွင့်လိုက်သောအခါတွင် အထက်တွင် မြင်တွေ့ရသည့် ပုံမှာ Dual Boot Screen ပုံစံဖြစ်ပါသည်။ ပုံမှန်အားဖြင့် ယင်းဖော်ပြပါ နှစ်ခုအနက်မှ Operating System တစ်ခုခုကို ရွေးချယ်လိုက်ရန်မှာ အချိန် စက္ကန့် (၃၀) ပေးထားပါသည်။ ထို့နောက်တွင်မှ သူ့ပုံသေ (default) အတိုင်း windows တက်သွားပါလိမ့်မည်။

ထို့ကြောင့် Windows 7 အသုံးပြုထားသည့် Dual Boot Screen ဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ရန် သက်ဆိုင်ရာ ညွှန်ကြားချက်များအလိုက် နည်းလမ်းများစွာ ရှိပါသည်။ ယင်းကဲ့သို့သော ပြဿနာရပ်များအတွက် အလွယ်ကူ ဆုံးနှင့် အလျင်မြန်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မည်။



2011-03-25

Faronics DFS 6.62.20.3058


DeepFreeze ရဲ့ နောက်ဆုံးထွက် version 6.62.20.3058 ကို အသုံးပြုနည်း manual နဲ့တွဲဖက်ပြီး ပြန်လည်၍ share လုပ်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျား။

File Type: Rar | File Size:4.09 Mb

2011-03-14

Classic Menu For Office 2007


Microsoft Office 2003 မှ Microsoft Office 2007 သို့ version မြှင့်၍ အသုံးပြုရာတွင် ခက်ခဲမှုတစ်ခုမှာ Menu bar များအပြောင်းအလဲကြောင့် အသုံးပြုရ ခက်နေသယောင် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် Office 2003 ချစ်သူများအတွက် Office 2007 ကို အသုံးပြုရာတွင် ယခင်အသုံးပြုခဲ့သော ပုံစံအတိုင်း ပြုလုပ်ထားနိုင်ပါသည်။ အဆင်ပြေကြ ပါစေဗျား။


2011-03-11

Partition Manager 10.0 Personal



Partition Manager 10.0 Personal ဟာ ကွန်ပျူတာပြုပြင်သူများအတွက် လွန်စွာမှ အသုံးတည့်စေသည့် software တစ်ခုပင်ဖြစ်ပါသည်။ Partition ခွဲထားပြီးသား Hard disk ကို size အရွယ်အစား ပြန်လည်၍ adjust ပြုလုပ်လိုခြင်း၊ Partition ပြန်ခွဲလိုခြင်း၊ ပြန်ပေါင်းလိုခြင်း စသည်တို့ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သင့် hard disk တစ်ခုလုံးကို backup ပြုလုပ်၍ သိမ်းဆည်းထားနိုင်ခြင်း၊ အင်တာနက်ဂိမ်းဆိုင်များတွင် အမျိုးအစားတူ ကွန်ပျူတာများအတွက် စက်တစ်လုံးအား လိုအပ်သည်များကို အပြီးအစီး install တင်ထားပြီးပါက ကျန်သောကွန်ပျူတာများအတွက် မိနစ်ပိုင်းအတွင်း windows တစ်ခုလုံးကို install ပြုလုပ်၍ ရခြင်း စသည့်အချက်များကြောင့် Partition Manager ကို ဆောင်ထားသင့်လှပေသည်။

Download:
http://rapidshare.com/files/328329320/fileborg.org_PPM_10.0_Personal__x32_.part1.rar
http://rapidshare.com/files/328329396/fileborg.org_PPM_10.0_Personal__x32_.part2.rar
http://rapidshare.com/files/328329788/fileborg.org_PPM_10.0_Personal__x64_.part1.rar
http://rapidshare.com/files/328329887/fileborg.org_PPM_10.0_Personal__x64_.part2.rar



2011-01-12

Cool Screen Capture v7.0.1.521


Screen ကို Capture ဖမ်းယူရသော လုပ်ငန်းစဉ်များအတွက် Screen Capture Software များစွာရှိသည့် အနက် အသုံးပြုရလွယ်ကူသော Cool Screen Capture မှာ version 7.0.1.521 ထိပင် ထွက်ရှိလာခဲ့ပါပြီ။ Capture ဖမ်းယူရာတွင် ကွန်ပျူတာနောက်ခံကြီးတစ်ခုလုံးကို အရည်အသွေးကောင်းမွန်သော AVI အမျိုးအစားဖြင့် ထုတ်ယူ ရရှိနိုင်ပါတယ်။ သင်ထောက်ကူမှု ပြုရသော လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထူးပင် သင့်လျော်လှပါသည်။


2011-01-11

Cafezee အသုံးပြုနည်း

Internet ဆိုင်များနှင့် Network Game ဆိုင်များ အတွက် လူသုံးအများဆုံး ဖြစ်သည့် Cafezee 3.9 ရဲ့ Installer နဲ့ အသုံးပြုနည်း လမ်းညွှန် (မြန်မာ) စာအုပ်နဲ့ တကွ တွဲဖက်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။ အဆင်ပြေ ကြပါစေဗျား။


2010-12-17

Driver Genius Pro v10.0.0.526 Final • Inc Genuine Serial


Driver Genius Pro v10.0.0.526 တွင် စွမ်းဆောင်ရည်ပြည့် လုပ်ဆောင်ချက် များစွာပါဝင်လာပါသည်။ Driver Genius ကိုအသုံးပြု၍ ကွန်ပျူတာအတွင်းရှိ driver များကို backup ပြုလုပ်သိမ်းဆည်းထားနိုင်ခြင်း၊ ပြန်လည်၍ restore လုပ်နိုင်ခြင်းအပြင်၊ ပိုမို၍ ထူးခြားသည်မှာ သင့်စက်တွင် တင်ထားသော driver version များကိုပါ ထပ်မံ၍ up to date ဖြစ်နေအောင် online ပေါ်တွင် update လုပ်၍ ရနိုင်ပေသေးသည်။

Download Software

crack + serial:
http://www.mediafire.com/?0a71x93cueu9oc8
http://www9.zippyshare.com/v/23521530/file.html


2010-12-08

Bootable USB Windows XP/ Vista/ Win 7 Maker 2010



Netbooks, Notebooks နှင့် Desktop ကွန်ပျူတာများအတွက် USB Flash Drive လေးဖြင့် install တင်လို သူများအတွက် အဆင်ပြေစေမယ့် tool လေးတစ်ခုပင် ဖြစ်ပါတယ်။
|| File Size - 9.22 MB ||



2010-07-31

Online ပေါ်မှအခမဲ့ Data Recovery Software များ

သင့် Hard Disk Partition ထဲမှ အရေးကြီးတဲ့ Data တွေ မတော်တဆ Delete လုပ်မိရင်ပဲဖြစ်ဖြစ်၊ Partition မှားယွင်းပြီး Format ချမိရင်ပဲဖြစ်ဖြစ်၊ file တွေကို recovery software များအသုံးပြုပြီး ပြန်လည်ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှာဖွေမယ်ဆိုရင် Hard disk ကို လက်ရှိ အသုံးပြုနေတဲ့နေရာမှာ ထပ်ပြီး data တွေ save မလုပ် ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ file တွေကို မပျက်မဆီး မဆုံးရှုံးပဲ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ recovery software တွေဟာ internet ပေါ်မှာ အများအပြားရှိပေမယ့် အခမဲ့အသုံးပြုနိုင်မယ့် Top Ten Free Recovery Software တွေကို ဖော်ပြပေးလိုက်ပါတယ်။


TOKIWA DataRecovery

TOKIWA DataRecovery Software ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်တာကြောင့် လူကြိုက် များပါတယ်။ ထို့ပြင် ဆုံးရှုံးသွားတဲ့ file တွေကို ပြန်လည်ရှာဖွေပေးရာမှာလည်း file တွေကို အများဆုံး ပြန်ရှာ ပေးနိုင်ပြီး Data Lost ဖြစ်မှုနည်းအောင် ပြုလုပ်ပေးနိုင်တဲ့ Recovery Software တစ်ခုဖြစ်ပါတယ်။


RECUVA


C Cleaner မှ ထုတ်လုပ်တဲ့ Recovery Software ဖြစ်ပါတယ်။ အခမဲ့ ရရှိတဲ့ Recovery Software တွေထဲမှာ လူသုံးများတဲ့ Software တစ်ခုဖြစ်ပါတယ်။ Install ပြုလုပ်ရာမှာ လွယ်ကူပြီး USB နှင့် Memory Card ထဲမှ file တွေကို Recuva ရဲ့ Latest Version မှာ ရရှိနိုင်မှာဖြစ်ပြီး၊ Data တွေကို အလွယ်တကူနဲ့ Restore ပြန်လုပ်ပေး နိုင်မှာ ဖြစ်ပါတယ်။


SOFTPERFECT FILE RECOVERY


Delete လုပ်မိတဲ့ Data ကို Undelete ပြန်လုပ်ဖို့အတွက်ကတော့ Soft Perfect file software က စွမ်းဆောင် နိုင်မှာဖြစ်ပါတယ်။ Hard Disk ပေါ်မှာဆိုရင် FAT 12 ကနေ NTFS Partition တွေအထိ အသုံးပြုနိုင်မှာဖြစ်ပြီး USB နှင့် Memory Card တွေက file တွေကိုလည်း Recovery လုပ်နိုင်မှာ ဖြစ်ပါတယ်။


PC INSPECTOR FILE RECOVERY


PC Inspector File Recovery ဟာ FAT နဲ့ NTFS Format ပေါ်မှာရှိတဲ့ file တွေကို ပြန်လည် Restore လုပ်နိုင်ရုံသာမက Partition ကို Format ချမိတဲ့အခါမှာလည်း Data တွေကို ပြန်ရှာဖွေပေးနိုင်မယ့် အသုံးဝင်တဲ့ Recovery Software တစ်ခုဖြစ်ပါတယ်။


GLARY UNDELETE


FAT 12, 32 နဲ့ NTFS Format တွေပေါ်မှာ မူရင်း file များကို ပျက်ဆီးမှုအနည်းဆုံးနဲ့ ပြန်လည်ရှာဖွေ ပေးနိုင်မည့် Recovery Software ဖြစ်ပါတယ်။ Windows 95 မှာ Windows 7 အထိ မည်သည့် OS တွင်မဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Hard Disk တွေမှာသာမက Memory Card နဲ့ USB Stick တွေပေါ်မှာပါ အသုံးပြု နိုင်မှာဖြစ်ပါတယ်။


FREE UNDELETE


Free Undelete ဟာ file တွေကို မှားယွင်းဖျက်မိတဲ့အခါ ပြန်လည်ရှာဖွေပေးနိုင်တဲ့ Recovery Software တစ်ခုဖြစ်ပါတယ်။ ဒီ Software ဟာ FAT 12, FAT 32 နဲ့ NTFS Format တွေပေါ်မှာ အသုံးပြုထားတဲ့ file တွေပေါ်မှာ အသုံးပြုထားတဲ့ file တွေကို ရှာဖွေရာမှာ အသုံးဝင်တဲ့ အခမဲ့ Freeware တစ်ခုဖြစ်ပါတယ်။


UNDELETE PLUS


အသုံးဝင်တဲ့ Recovery Software ဖြစ်ပါတယ်။ ဒီ Software ကို Install မလုပ်ဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူတဲ့အတွက် လူကြိုက်များတဲ့ စာရင်းမှာ ပါဝင်ပါတယ်။ FAT 12, FAT 32 နဲ့ NTFS Format တွေသာမက USB နဲ့ Memory Card တွေပေါ်က ဓာတ်ပုံဖိုင်တွေကိုပါ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။


PANDORA RECOVERY



အလွန်ကို အံ့သြဖို့ကောင်းပြီး သုံးစွဲသူနှစ်လိုဖွယ်ဖြစ်စေမယ့် Recovery Software ဖြစ်ပါတယ်။ Hard Disk ပေါ်မှ ပျက်ဆီးပျောက်ဆုံးသွားတဲ့ Data တွေကို restore ပြန်လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှားယွင်း ဖျက်မိတဲ့ ဖိုင်တွေကိုလည်း Recycle Bin ထဲကနေ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။


ADRC DATA RECOVERY PLUS


အသုံးပြုသူတွေ အလွယ်တကူ အသုံးပြုနိုင်မယ့် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ software ဖြစ်ပါတယ်။ ရိုးရှင်းပြီး၊ စွမ်းဆောင်ရည်မြင့်မားတဲ့ လူကြိုက်များတဲ့ software တစ်ခုဖြစ်ပါတယ်။ Install လုပ်ဖို့ လိုပေမယ့် Restore ပြုလုပ်ရန်၊ Backup ပြုလုပ်ရန်နှင့် Hard Disk ကို Image File ပြုလုပ်ရန် လွယ်ကူမှုတွေကြောင့် ထိပ်တန်း စာရင်းဝင်တဲ့ software တစ်ခုပဲဖြစ်ပါတယ်။


AVIRA UNERASE PERSONAL


Avira Antivirus က ထုတ်လုပ်တဲ့ အခမဲ့ software ဖြစ်ပါတယ်။ Delete လုပ်မိတဲ့ ဖိုင်တွေကို အလွယ်တကူ Restore ပြန်လုပ်နိုင်မှာဖြစ်ပြီး virus ဖျက်ဆီးလိုက်သည့် ဖိုင်တွေကို အလွယ်တကူ Restore ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Source :
(1)အင်တာနက်ဂျာနယ်(ဇူလိုင် (၂၉)ရက်၊ ၂၀၁၀ ခုနှစ်)-http://www.myanmarinternetjournal.com
(2)http://www.raymond.cc/blog/archives/2008/01/24/top-10-free-data-recovery software/




2010-06-24

Alcohol 120% 1.9.8


CD, DVD ချပ်များပေါ်သို့ သင့်ကိုယ်ပိုင် data အချက်အလက်များကို backup ပြုလုပ်ထားရန်နှင့် ခွေကူး၍ သိမ်းဆည်း ထားနိုင်ရန်အတွက် Utility တစ်ခုလိုအပ်နေပါသလား။ ခွေကူးသည့်စွမ်းဆောင်ရည် အမြန်ဆုံးနှင့် အကျော်ကြားဆုံး burning software ကို ပြပါဆိုပါလျှင် Alcohol ကိုသာ ညွှန်းဆိုရပါလိမ့်မည်။ Alcohol ကိုသာ လက်ကိုင်ပြုထားလိုက်ပါ။ သင်အရက်သမား သေချာပေါက်ဖြစ်လာစေရပါမည်။:)

Image Making Wizard ကိုအသုံးပြု၍ သင့်ကိုယ်ပိုင် CD, DVD များအား ကွန်ပျူတာအတွင်းတွင် image ရိုက်၍ ကူးယူ သိမ်းဆည်းထားနိုင်ခြင်း။

Image Burning Wizard ကို သုံးခြင်းဖြင့် သင့်ကွန်ပျူတာအတွင်းမှ image ရိုက်ထားသော အခွေများကို ပြန်လည်ကူးထုတ် ပေးနိုင်ခြင်း။

Copy Wizard ဖြင့် CD, DVD ကူးခြင်း လုပ်ငန်းရပ်များအတွက် လွယ်ကူလျင်မြန်စေခြင်း။

Image Finder ကို အသုံးချ၍ စက်အတွင်းမှ image လုပ်ထားသော file များကို ပြန်လည်ရှာဖွေပေးနိုင်ခြင်း။

လူသုံးများသည့် image format များဖြစ်သော ISO, Nero, Clone CD, CDRWIN တို့အတွက်ပါ ပံ့ပိုးပေးနိုင်ခြင်း၊ လိုအပ်ပါက Virtual Drive များကို (31)ခုအထိ တိုးမြှင့်အသုံးပြုခြင်းနှင့် အခြားသော စွမ်းဆောင်မှု မြောက်မြားစွာတို့ဖြင့် Wizard ပေါ်တွင်အခြေခံထားသည့် အသွင်အပြင်ဆောင်နေပါသည်။ Application ရဲ့လုပ်ဆောင်ချက်များနှင့်အတူ သင့်ကို စိတ်ကျေနပ်မှုအပြည့် ပေးစေမည်မှာအမှန်ဖြစ်သည်။

File Size=7.4 MB | File Type=Rar




2010-05-30

Google Operating System 2010 Android LiveCD


Google Operating System 2010 Android LiveCD (No Instalation) | 179 MB
LiveAndroid lets you download a disk image LiveCD operating system Google Android. Just record the image on the disc, placing it in the CD-ROM drive and restart your computer and you can test Android, without installing it and not touching any files on your computer.

Language: English
File: ISO
Size: 172.46 Mb
Checksums
MD5 E0C5C305F78CD958DBAEA3716C82296F
SHA-1 741B42748666AC085FC12692AC6AFB369B002A2E
CRC32 EEDBFF00
:::DOWNLOAD:::

http://hotfile.com/dl/34502766/9ba8525/liveandroidv0.3.part1.rar.html

http://hotfile.com/dl/34502798/4c92ca2/liveandroidv0.3.part2.rar.html


Magix 3D Maker ‘D’ Version v6.06


Magix 3D Maker ‘D’ Version v6.06 | 65MB
Design and animate three-dimensional text and graphics.

စာနှင့်ရုပ်ပုံများအတွက် 3D ပုံစံ ဒီဇိုင်းရေးဆွဲမှု ပြုရာတွင် လည်းကောင်း၊ သက်ဝင်လှုပ်ရှားနေသော animation များ ဖန်တီးလိုသည့်အခါတွင် လည်းကောင်း Magix 3D Maker ကို အသုံးပြုနိုင်ပါသည်။ ယင်း software ကို အသုံးပြု၍ သင့်စိတ်ကြိုက် စာသားများ အသုံးပြုနိုင်ခြင်း၊ software ပါ templates များအတွင်းမှ အသင့်ယူသုံး နိုင်ခြင်း နှင့် အခြားသော ထူးခြားဆန်းပြားသည့် 3D Titles များ၊ Objects နှင့် Animation များကို လွယ်လင့် တကူ ပြုလုပ်နိုင်ပါသည်။ သင့် စိတ်တိုင်းကျ ဖန်တီးရေးဆွဲထားသည့် ဒီဇိုင်းများကိုလည်း အလိုရှိရာ image file, graphic files နှင့် animated video file များ အဖြစ် သို့ ပြောင်းလဲပေးနိုင်ပေသည်။


2010-03-21

Salfeld Child Control 2010 v10.316.0.0

Child Control 2010 The parental control for PC and Internet, time limits, Internet content control, block folders...



Installation:
Unpack, use keygen to register !
Release: Salfeld.Child.Control.2010.v10.316.0.0.Incl.Keymak er-ACME
Size: 14 MB (Rapidshare+Hotfile)

2010-02-26

Driver Checker 2.7.4



Driver Checker သည် Computer အတွင်းရှိ ထည့်သွင်းထားသော Driver များကို Up to Date ဖြစ်စေရန် အတွက် ပြင်ဆင်ဆောင်ရွက်ပေးလေသည်။ Driver checker ကို ဘာ့ကြောင့် သုံးစွဲကြသနည်းဆိုသည်မှာ-
(၁) ထည့်သွင်းထားသည့် Driver များ Date Out နေခြင်းကြောင့် ကွန်ပျူတာရဲ့အမြန်နှုန်းကို ကျဆင်းစေခြင်း၊
(၂) Printer များ၊ Scanner များ၊ USB Device များ၊ DVD Player များနှင့် ဆက်စပ်ပစ္စည်းသစ်များကို လက်မခံ နိုင်ခြင်း၊
(၃) System ပျက်ယွင်းပြီး Blue Screen တက်ကာ ပြဿနာဖြစ်ပေါ်နေခြင်း အစရှိသည်တို့ ဖြစ်ခဲ့ပါက Driver Checker သည် လိုအပ်သော Driver များကို ရှာဖွေပြီး Install ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် Driver များဟာ အမြဲတမ်း Updated ဖြစ်နေသည့်အတွက် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်ခိုင်မာစေသည်။

2010-02-18

Convert Scanned Images into Text


Image မှ Text အဖြစ်သို့ပြောင်းခြင်း

OCR (Optical Character Recognition) သည် ရေးသားထားသော စာများ၊ print ထုတ်ထားသော စာများ၊ digital camera ဖြင့် ရိုက်ကူးထားသော စာများနှင့် scan ဖတ်ထားသော စာသားများအား ကွန်ပျူတာနှင့် တွဲဖက်ပြီး ပြင်ဆင်ရာ၌ အသုံးပြုနိုင်ပါသည်။ Languages ပေါင်း (၁၁)မျိုး ပါဝင်ပြီး image processing အပိုင်း တွင်လည်း ကောင်းမွန်ပါသည်။ OCR မှ MP3 အဖြစ်သို့လည်း ကူးပြောင်းနိုင်ပါသေးသည်။ OCR ဖြင့် ပြောင်းလဲ ထားသော စာသားများကိုလည်း PDF နှင့် HTM format များအနေဖြင့်လည်း save ပြုလုပ်နိုင်ပါသည်။ စွမ်းဆောင်ချက်ကောင်းမွန်ပြီး အသုံးပြုရလွယ်ကူသော program တစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်..။





2010-01-11

Revo Uninstaller Pro 2.0.2


Revo Uninstaller Pro သည် Control Panel အတွင်းရှိ Add or Remove Programs ကို အသုံးပြုပြီး အသုံး မလိုတော့သည့် software များအား ဖျက်ထုတ်ရာတွင် ဖျက်မရတော့သည့်အခြေအနေမျိုးနဲ့ တွေ့ကြုံလာပါက Revo Uninstaller Pro ကို အသုံးပြု၍ လွယ်ကူစွာဖြေရှင်းပေးနိုင်ပါသည်။
Revo Uninstaller Pro သည် ဆန်းသစ်မှုများစွာတို့နှင့်အတူ ပြုပြင်ပေါင်းလဲထားတဲ့ စွမ်းဆောင်ရည်မြင့် utility တစ်ခုပင်ဖြစ်ပါတယ်။ အသုံးပြုရန် လွယ်ကူပြီး ပိုမိုပြီးထိရောက်တဲ့ လုပ်ဆောင်ချက်များနဲ့အတူ uninstall နဲ့ဆိုင် တဲ့ ပြဿနာရပ်များကို ပြေလည်စွာ ဖြေရှင်းပေးနိုင်တာကို တွေ့ရပါတယ်။
Windows XP, Windows 2003, Windows Vista နဲ့ Windows 7 တို့တွင်လည်း အသုံးပြုဖို့ သင့်လျှော်ပါတယ်။
ဘာပဲဖြစ်ဖြစ် Revo Uninstaller Pro ဟာ ဆောင်ထားသင့်တဲ့ software တစ်ခုဆိုလည်း မမှားပါဘူး။

Download Now

File Type= rar, File Size = 6.81 MB

Source of http://www.revouninstaller.com/


2010-01-10

Speak Computer Text to Speech



SpeakComputer Text to Speech Software ရဲ့ version 2.0-Build 2.5.0 ဟာ လုပ်ဆောင်ချက် (၇)ခု ပါဝင်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Reader ၊ Web Browser ၊ Mini Speaker ၊ Presentation ၊ Reminders ၊ Clock ၊ Gaurd စတဲ့ လုပ်ဆောင်ချက် များပါဝင်ပြီး အင်္ဂလိပ်ဘာသာ သင်ကြားရေးအတွက် ရင်းမြစ်များစွာနဲ့ အသုံးပြုနိုင်ပါသေးတယ်။
Reader အပိုင်းမှာ မိမိရိုက်ထည့်လိုက်သော အင်္ဂလိပ်စာပိုဒ်တစ်ခုလုံးကို အသံထွက်ပြီး ပြောကြားပေးရန်နဲ့ မိမိ လိုသလောက်စာကြောင်းကိုသာ select လုပ်ပြီးပြောပေးရန်အတွက်လည်း ရွေးချယ်နိုင်ပါတယ်။ ထို့အတူ ယောကျာ်းအသံ၊ မိန်းမအသံကိုလည်း change နိုင်ပါတယ်။ အသံတွေရဲ့ အနှေး၊အမြန် speed ကိုလည်း ချိန်ဆ ပေးနိုင်ပါတယ်။ ရိုက်ထည့်လိုက်သော အသံထွက်ကို Mp3 (သို့) Wave File အနေနဲ့လည်း Save လုပ်နိုင်ပါ တယ်။ ထို့နည်းတူစွာပင် ကျန်ရှိတဲ့ အခြားသော လုပ်ဆောင်ချက်များစွာကိုလည်း ရွေးချယ်စမ်းသပ်နိုင်ပါသေး တယ်။


Download Now
File Type = rar , File Size=11.7 MB

Source of : http://www.speakcomputers.com/
Up