2010-01-29

Satellite New Code Lists


Satellite New Code Lists (2009-2010 Last Update) များကို စုစည်းပြီး တင်လိုက်ပါတယ်။ ၂၀၀၉ ဒီဇင်ဘာ၊ ၂၀၁၀ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများအတွက် update channel များဖြစ်ပါတယ်။
Download Now

2010-01-28

Computer Journal 2009 E-Books

၂၀၀၉ ခုနှစ်အတွက် ထုတ်ဝေခဲ့တဲ့ ကွန်ပျူတာဂျာနယ်ရဲ့ စာအုပ်များကို မဖတ်လိုက်ရသေးတဲ့ သူငယ်ချင်းများ အတွက် ရည်ရွယ်ပြီး တစ်နှစ်စာ E-Books များကို တင်ပေးလိုက်ပါတယ်။ ကျန်ရှိသော ကွန်ပျူတာဂျာနယ် e-books များကိုလည်း ကိုညီနေမင်း ရဲ့ site မှာ ၀င်ရောက် ဖတ်ရှုနိုင်ပါသေးတယ်။ ပြီးတော့ ကွန်ပျူတာဂျာနယ် စာအုပ်ထုတ်ဝေသူများရဲ့ စေတနာကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Download link:


http://hotfile.com/dl/25435459/3e2cb40/2009Jan.pdf.html

http://hotfile.com/dl/25432473/22cb885/2009Feb.pdf.html

http://hotfile.com/dl/25436714/6c17d27/2009Mar.pdf.html

http://hotfile.com/dl/25429679/0d5a367/2009April.pdf.html

http://hotfile.com/dl/25436947/684d17f/2009May.pdf.html

http://hotfile.com/dl/25436100/7c78173/2009June.pdf.html

http://hotfile.com/dl/25435716/361e0df/2009July.pdf.html

http://hotfile.com/dl/25430178/450b47d/2009Aug.pdf.html

http://hotfile.com/dl/25437656/ae37734/2009Sept.pdf.html

http://hotfile.com/dl/25437507/fadd0df/2009Oct.pdf.html

http://hotfile.com/dl/25437293/0ce62e9/2009Nov.pdf.html

http://hotfile.com/dl/25432025/1edba78/2009Dec.pdf.html


2010-01-25

Auto Login Windows XP without typing password



အချို့သော ကွန်ပျူတာများတွင် ကွန်ပျူတာဖွင့်လိုက်သည်နှင့် အထက်ပါ ပုံအတိုင်း windows အတွင်းသို့ ၀င်ရောက် နိုင်ရန်အတွက် စကားဝှက် (password) ရိုက်ထည့်ပေးရန် တောင်းဆိုပါသည်။ အိမ်သုံး ကွန်ပျူတာ များအတွက် ကွန်ပျူတာဖွင့်လိုက်တိုင်း Login ပြုလုပ်ပေးနေရသည်မှာလည်း စိတ်အနှောင့်အယှက် တစ်ခုပင်။

ဒါကြောင့် သင့်ကွန်ပျူတာရဲ့ Local Account လေးကို Password လုပ်ပေးရန်မလိုပဲ Auto Login ဖြစ်စေရန် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါစို့။

(1) Start ပေါ်တွင် click တစ်ချက်နှိပ်ပြီး Run ကို ရွေးချယ်ပေးပါ။

(2) ပြီးတော့ run dialog box ထဲတွင် control userpassword2 ဟု ရိုက်ထည့်ပေးပါ။
(3) User Accounts dialog box ပေါ်လာပါမည်။ ပြီးတော့ Users must enter a user name and password to use this computer ဆိုသည့် အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ။
(4) ပြီးစီးသွားပါက Apply ပေါ်တွင် click နှိပ်လိုက်ပြီး OK ဖြင့် ပြန်ထွက်လိုက်ပါသည်။ ဒါဆိုရင် ကွန်ပျူတာကို ပြန်လည်ပြီး Restart လုပ်ကြည့်ပါက ထပ်မံ Password မတောင်းခံတော့ပဲ windows အတွင်းသို့ auto login ၀င်ရောက်သွားကြောင်း တွေ့ရပါလိမ့်မည်။


(အဆင်ပြေကြပါစေဗျား)

2010-01-24

CD/DVD Drive လေး ပျောက်သွားလို့ပါဗျ


သင်အသုံးပြုနေတဲ့ ကွန်ပျူတာမှာ တစ်ခါတစ်ရံ CD Drive (သို့) DVD Drive ပျောက်ဆုံးနေသည်ကို ကြုံတွေ့ဖူးကြပါသလား။ My Computer ရဲ့ Device Manager ထဲတွင် ၀င်ရောက်ကြည့်ပါသော်လည်း အောက်ပါပုံအတိုင်းအ၀ါရောင် error tip လေးတစ်ခု ရှိနေပါတယ်။
ယင်းသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိသည့်အနက် BIOS Setting အတွင်းတွင် Disable ပြုလုပ် ခဲ့ခြင်းကြောင့် လည်းကောင်း၊ CD Drive Jumpers များ မှားယွင်းနေသည့် အတွက်ကြောင့်လည်းကောင်း၊ IDE Cable နှင့် Power Cable ကြိုးများ ပြုတ်နေသည့်အတွက်ကြောင့် လည်းကောင်း၊
virus ထိသွားခြင်း ကြောင့်လည်းကောင်း စသည့် အကြောင်းအချက် အမျိုးမျိုးတို့ကြောင့်ပင်ဟု ယေဘုယျ မှတ်ယူလိုက်ကြပါသည်။


မည်သို့ပင်ဖြစ်စေ...။ ကျွန်တော်သိရှိသော လုပ်နည်းအချို့ကို ပြန်လည်ပြီး Share လုပ်လိုပါတယ်။

ဖြစ်ပုံက ဒီလိုပါ..။
-BIOS setting အတွင်းတွင် ၀င်ရောက်ကြည့်ရှုသော်လည်း Drive ကို တွေ့ရပါတယ်..။
-Disk Management တွင်လည်း CD-ROM ကို တွေ့ရပါတယ်..။
-Device Manager တွင်လည်း ကြည့်သော်လည်း တွေ့ရပါတယ်။ (သို့ပေမယ့် အမှားအယွင်းဖြစ်ပေါ်ကြောင်း အ၀ါရောင် error tip လေးတစ်ခုတော့ ပေါ်နေပါတယ်..။)
-သို့ပေမယ့် My Computer အတွင်းမှာတော့ CD/DVD Drive လုံးဝမပေါ်ပဲ ပျောက်ဆုံးနေပါတယ်..။ (ဘယ်ရောက်သွားပါ လိမ့်)။

ဖြေရှင်းခဲ့ပုံမှာ-
(1) Start တွင် click နှိပ်ပြီး Run ကိုရွေးချယ်ပါ။
(2) ထို့နောက် regedit ဟု ရိုက်ထည့်လိုက်ပြီး OK ကို ရွေးချယ်လိုက်ပါ။
(3) Registry dialog box ပေါ်လာသောအခါ-

ဟု အဆင့်ဆင့်ဝင်ရောက် ရွေးချယ်ပေးလိုက်ပါ။ ပြီးတော့ ညာဖက်ရှိ အကွက်ထဲမှာ UpperFilters နှင့် LowerFilters ဟု တွေ့ရှိခဲ့ပါက Edit menu ပေါ်တွင် Click နှိပ်ပြီး Delete ကို ရွေးချယ်ပြီး ဖျက်လိုက်ပါ။
(4) ပြီးတော့ Registry Editor အတွင်းမှ ပြန်ထွက်လိုက်ပြီး computer ကို Restart ပြန်လုပ်ပေးလိုက်ပါ။


ဒါဆိုရင် ပျောက်ဆုံးနေတဲ့ သင့်အချစ်တော် CD/DVD drive လေး ပြန်ရောက်လို့ လာပါပြီဗျား..။

References:

http://support.microsoft.com/kb/314060#moreinfo



2010-01-20

MP3, MP4 Digital Player ဆိုသည်မှာ


MP3, MP4 Digital Player များကို လူကြီး၊ လူငယ်၊ ကလေးများပါမကျန် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ MP3, MP4 digital player များကို ပြုပြင်နိုင်သည်အထိ လေ့လာမည်ဆိုလျှင် ဦးစွာလေ့လာရမည်မှာ Audio CD Player မှ စတင်လေ့လာရပါမည်။ ရေဒီယို၊ ကက်ဆက်များတွင် အသုံးပြုခဲ့သော အသံစနစ်ကို Laser Disc လေဆာဓါတ်ပြားပေါ်တွင် တင်သွင်း အသုံးပြုရာမှ စတင်၍ Digital နည်းပညာဖြင့် တီထွင်အသုံးပြုခဲ့ပြီး Audio CD Disc ကို စတင်တီထွင်အသုံးပြုခဲ့ ပါသည်။ Audio CD အလွတ်တစ်ချပ်ကို အနည်းဆုံး (74)မိနစ်မှ အများဆုံး (80)မိနစ်အထိ အသုံးပြုနိုင်ရန် ထုတ်လုပ်ထား ပါသည်။ သီချင်းတစ်ပုဒ်ကို ခန့်မှန်းအချိန်ပမာဏ (5) မိနစ်ကြာလျှင် ၎င်း Audio CD ဓါတ်ပြားပေါ်တွင် သွင်းယူ ထားသော Audio Data File ၏ ပမာဏမှ 52 Milion Bytes 52MB ခန့်ရှိပြီး CD အလွတ်သည် (700MB/80Min) ဖြစ်လျှင် (52 Milion Bytes) ရှိ သီချင်းအပုဒ်ရေပေါင်း (13) ပုဒ်ခန့် တင်သွင်း ကူးယူနိုင်ပါသည်။ ဤသို့ Audio CD တစ်ချပ်ပေါ်တွင် ပုံမှန်သီချင်း ၁၃ ပုဒ်ဝန်းကျင်ခန့် တင်သွင်းကူးယူအသုံးပြု ခဲ့ရာမှ (700MB / 80Min) မိနစ် လေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းအပုဒ်ရေပေါင်း အနည်းဆုံး (130) အထိ ချုံ့၍ သွင်းနိုင်သော (MP3) စနစ်ကို တီထွင်အသုံးပြုနိုင်ခဲ့ပါသည်။
ဤသို့ လူနားနှင့်ကြားနိုင်သော ကြိမ်နှုန်းကို အရည်အသွေး ထိခိုက်ကျဆင်းခြင်းမရှိဘဲ ကောင်းမွန်စွာ အသုံးပြု နိုင်သည့် (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques) ကော်ပရက်ရှင်း တက္ကနစ် ဟူသော အကျဉ်းချုံ့နည်းဖြင့် (MP3 File) ဖြစ်အောင် လုပ်ဆောင်နိုင်သော နည်းပညာဖြစ်သောကြောင့်ဖြစ်ပြီး အသံအရည်အသွေးမှာ (Audio CD) အရည်အသွေးအတိုင်းပင် အသုံးပြုနိုင်ပါသည်။ ဤနည်းဖြင့် (52MB) ပမာဏရှိသော သီချင်းတစ်ပုဒ်ကို (5MB) အထိ ကျုံ့အောင်ချုံ့၍ သီချင်းအပုဒ်အရေပေါင်းများစွာကို အချိန် ကြာမြင့်စွာ ဆက်တိုက် အသုံးပြုနိုင်သဖြင့် ၎င်း (MP3 Files) စနစ်ကို လူကြိုက်များလာစေခဲ့ပါသည်။
ဤသို့ (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques System) စတင်တီထွင် အသုံးပြုခဲ့သော အဖွဲ့ကို (Moving Picture Experts Groups) ဟု ခေါ်ဆိုပြီး ၎င်းကို အတိုချုံ့ (MPEG) ဟု ခေါ်ဆိုသတ်မှတ်ခဲ့ပါသည်။
(Moving Picture Experts Group) ခေါ် (MPEG) ဟူသော လှုပ်ရှားပုံရိပ်ကျွမ်းကျင်သူများအဖွဲ့ က (1978, 1980) ပတ်ဝန်းကျင်ခန့်တွင် ရုပ်/သံ ထုတ်လွှင့်မှုဆိုင်ရာ နည်းစနစ်များကို (Audio And Video Compression Transmission Techniques System) အသံနှင့်ရုပ်ပုံကို အကျဉ်းချုံ့နိုင်သမျှ ချုံ့၍ ထုတ်လွှင့်နိုင်သော အဆင့် အတန်းစနစ်သို့ရောက်အောင် တီထွင်နိုင်ရန် ဖွဲ့စည်းခဲ့ပြီး ပထမဦးစွာ (MPEG) အဖွဲ့ကို (1988) ခုနှစ် မေလ တွင် ကနေဒါနိုင်ငံရှိ "အော့တ်တာဝါ" မြို့တွင် ကျင်းပခဲ့ပါသည်။
ဤသို့ဖြင့် စက်မှုလုပ်ငန်းအမျိုးမျိုးနှင့် နည်းပညာတက္ကသိုလ်အမျိုးမျိုး အပါအ၀င် သုတေသနအဖွဲ့အစည်း အမျိုးမျိုးတို့ဖြင့် စုပေါင်းဖွဲ့စည်းမှုမှာ တစ်စစဖြင့် ကျယ်ပြန့်ကြီးမားလာပြီး (2005) ခုနှစ်တွင် အဖွဲ့အစည်း စုစုပေါင်း (၃၅၀) ကျော်ခန့်ဖြင့် အင်အားကြီးမားစွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်း (MPEG) အဖွဲ့ကြီး၏ အသိအမှတ်ပြု အမှတ်အသား (Official Designation) မှာ (ISO/IEC TTCI/SC25 WG11) ဖြစ်ပါသည်။ ၎င်း (MPEG) အဖွဲ့မှ အဆင့်ဆင့် အောင်မြင်ခဲ့သော တီထွင်လုပ်ဆောင်မှုများကို (MPEG1, MPEG2, MPEG3, MPEG4,....) မှသည် (MPEG21) အထိ အဆင့်ဆင့် ပိုင်းခြားတီထွင် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

MPEG1 အဆင့်
(MPEG1) သည် (Audio) နှင့် (Video) ဆစ်ဂနယ်များကိုချုံ့၍ အသုံးပြုနိုင်ရန် (Data Format File) များကို (Encoded) ပြုလုပ်၍ (Data File) အသွင် ပြောင်းလဲအသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်း (MPEG1) အဆင့်တွင် (Layer3 Audio Compression Format) လည်း တစ်ခု အပါအ၀င်ဖြစ်ပြီး ၎င်း (MPEG) အဖွဲ့၏ တီထွင်မှု ဖြစ်သော (MPEG1 Layer3 Audio Compression Format ) သည် အသုံးပြုမှု အများဆုံးဖြစ်ပြီး ၎င်းကို (MP3) ဟု တင်စားခေါ်ဆိုခဲ့ကြပါသည်။ (MP3) ဆိုသည်မှာ (MPEG1) အဆင့်မှာ စတင်အောင်မြင်ခဲ့သော အသံကို အကျဉ်းချုံ့၍ စီဒီလေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းတစ်ပုဒ်ကို ပုံမှန် (52MB) မှ (5MB) အထိ ချုံ့ပေးနိုင်ခဲ့ပြီး ပုံမှန်သီချင်း (13)ပုဒ်ခန့် သွင်းယူနိုင်သော စီဒီလေဆာဓါတ်ပြားပေါ်တွင် သီချင်းအပုဒ်ပေါင်း (140) ခန့်အထိ သွင်းယူနိုင်ခဲ့သော (MPEG1 Layer3 Compression) ကို အတိုချုံ့၍ (MP3) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

MPEG2 အဆင့်
(MPEG1) အဆင့်တွင် (MP3 Data File) စနစ်ကို အောင်မြင်ထင်ရှားကျော်ကြားစွာ အသုံးပြုနိုင်ခဲ့သလို (MPEG2) အဆင့်တွင် (Digital Television) ဒီဂျစ်တယ် ရုပ်သံလွှင့်စနစ်များဖြစ်သော (ATSC, ISDB, Dish Network) နှင့် (Digital Satellite TV Series, Digital Cable Television Signals, SVCD, DVD) တို့တွင် (MPEG2) အဆင့်ကို အသုံးပြုခဲ့ပါသည်။ ဆိုလိုသည်မှာ (MPEG) အဖွဲ့၏ (MPEG2) အဆင့်တွင် (VCD, SVCD, DVD) တို့၏ (Data File) စနစ်ကို အဆင့်တိုးမြှင့်တီထွင် အသုံးပြုနိုင်ခဲ့ပါသည်။

MPEG3 အဆင့်
(MPEG) အဖွဲ့မှ (MPEG1, MPEG2) အဆင့်များ တီထွင်ခဲ့ပြီးနောက် ဆက်လက်၍ (MPEG3) ကို ထပ်မံ တီထွင်ကြိုးစားခဲ့ပြန်ပါသည်။ (MPEG3) သည် (Audio Video Signal) ကို အဆင့်မြင့်၍ အရည်အသွေး ကောင်းမွန်သော (Data File) အသစ်များအဖြစ် ပြုပြင်ပြောင်းလဲ အသုံးပြုသော စနစ်သည် (MPEG2)ထက် ပို၍ စွမ်းရည်မြင့်မားလာစေပါသည်။
(MPEG3) တွင် (Audio, Video) ဆစ်ဂနယ်ကို (Multi Resolution Compression) ရုပ်သံကို ချုံ့ယူရာတွင် ဘက်စုံ စံကိုက်တိုးတက်မှု ဖြစ်လာစေခြင်း ဖြစ်ပါသည်။

MPEG4 အဆင့်
(MPEG3) ထက်ပို၍ ရုပ်/သံ အရည်အသွေး အဆင့်မြင့် ကောင်းမွန်သော (MPEG4) စနစ်သည် (Computer Graphic Application) ၏ အဆင့်အတန်းအထိ တိုးမြင့်လာပြီး (3 Dimensional Shapes) သုံးဖက်မြင် ရုပ်ပုံ အဆင့်အထိ ဗီဒီယိုရုပ်သံအဆင့်ကို မြင့်မားစွာ အသုံးပြုနိုင်ပြီး (Proprietary Technologies) ကိုယ်ပိုင် နည်းပညာ အသုံးပြုနိုင်သော အဆင့်အတန်းအထိ တိုးတက် မြင့်မားလာစေပါသည်။
(MPEG4) မှ (MPEG8, MPEG11, MPEG21, MPEG A, MPEG B, MPEG C, MPEG E (ခေါ်) EVD, Multimedia Middle World Audio & Video Technologies) အထိ အသုံးပြုလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အထူးမှတ်သားရန်
(MP3) ဆိုသည်မှာ (MPEG1) ၏ (Audio Layer 3) ကို အတိုချုံ့ ခေါ်ဆိုခြင်းဖြစ်ပြီး (MP4) ဆိုသည်မှာ (MPEG4 Part 14) ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ (MPEG4 Part 14) ဖြင့် (Digital Audio) နှင့် (Digital Video) များကို (Internet) အင်တာနက်ပေါ်မှတစ်ဆင့် (Streaming Data) များအဖြစ် ရယူအသုံးပြုနိုင်ပြီး (MPEG4 Part 14 File) အတွက် (Official File Extension) ကို (*.mp4) ဟု သတ်မှတ်ပြီး ၎င်း၏ (Container Format) ကို (MP4) ဟု အတိုချုံ့၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်ခဲ့ကြပါသည်။ (MP3) သည် အသံအတွက်သာ အသုံးပြုနိုင်ပြီး (MP4) မှ အသံနှင့်ရုပ်ပုံနှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါသည်။

ဦးသန်းဆင့် (နေလင်းအီလက်ထရွန်းနစ်)
နည်းပညာအထောက်အကူပြု အီလက်ထရွန်းနစ်စာစဉ်
(အတွဲ (၉)၊ အမှတ် (၄)၊ ၂၀၀၉ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင် (၃)လတစ်ကြိမ် ထုတ်ဝေသည်။) မှ ကူးယူဖော်ပြထားပါသည်။

2010-01-11

Revo Uninstaller Pro 2.0.2


Revo Uninstaller Pro သည် Control Panel အတွင်းရှိ Add or Remove Programs ကို အသုံးပြုပြီး အသုံး မလိုတော့သည့် software များအား ဖျက်ထုတ်ရာတွင် ဖျက်မရတော့သည့်အခြေအနေမျိုးနဲ့ တွေ့ကြုံလာပါက Revo Uninstaller Pro ကို အသုံးပြု၍ လွယ်ကူစွာဖြေရှင်းပေးနိုင်ပါသည်။
Revo Uninstaller Pro သည် ဆန်းသစ်မှုများစွာတို့နှင့်အတူ ပြုပြင်ပေါင်းလဲထားတဲ့ စွမ်းဆောင်ရည်မြင့် utility တစ်ခုပင်ဖြစ်ပါတယ်။ အသုံးပြုရန် လွယ်ကူပြီး ပိုမိုပြီးထိရောက်တဲ့ လုပ်ဆောင်ချက်များနဲ့အတူ uninstall နဲ့ဆိုင် တဲ့ ပြဿနာရပ်များကို ပြေလည်စွာ ဖြေရှင်းပေးနိုင်တာကို တွေ့ရပါတယ်။
Windows XP, Windows 2003, Windows Vista နဲ့ Windows 7 တို့တွင်လည်း အသုံးပြုဖို့ သင့်လျှော်ပါတယ်။
ဘာပဲဖြစ်ဖြစ် Revo Uninstaller Pro ဟာ ဆောင်ထားသင့်တဲ့ software တစ်ခုဆိုလည်း မမှားပါဘူး။

Download Now

File Type= rar, File Size = 6.81 MB

Source of http://www.revouninstaller.com/


2010-01-10

Speak Computer Text to Speech



SpeakComputer Text to Speech Software ရဲ့ version 2.0-Build 2.5.0 ဟာ လုပ်ဆောင်ချက် (၇)ခု ပါဝင်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Reader ၊ Web Browser ၊ Mini Speaker ၊ Presentation ၊ Reminders ၊ Clock ၊ Gaurd စတဲ့ လုပ်ဆောင်ချက် များပါဝင်ပြီး အင်္ဂလိပ်ဘာသာ သင်ကြားရေးအတွက် ရင်းမြစ်များစွာနဲ့ အသုံးပြုနိုင်ပါသေးတယ်။
Reader အပိုင်းမှာ မိမိရိုက်ထည့်လိုက်သော အင်္ဂလိပ်စာပိုဒ်တစ်ခုလုံးကို အသံထွက်ပြီး ပြောကြားပေးရန်နဲ့ မိမိ လိုသလောက်စာကြောင်းကိုသာ select လုပ်ပြီးပြောပေးရန်အတွက်လည်း ရွေးချယ်နိုင်ပါတယ်။ ထို့အတူ ယောကျာ်းအသံ၊ မိန်းမအသံကိုလည်း change နိုင်ပါတယ်။ အသံတွေရဲ့ အနှေး၊အမြန် speed ကိုလည်း ချိန်ဆ ပေးနိုင်ပါတယ်။ ရိုက်ထည့်လိုက်သော အသံထွက်ကို Mp3 (သို့) Wave File အနေနဲ့လည်း Save လုပ်နိုင်ပါ တယ်။ ထို့နည်းတူစွာပင် ကျန်ရှိတဲ့ အခြားသော လုပ်ဆောင်ချက်များစွာကိုလည်း ရွေးချယ်စမ်းသပ်နိုင်ပါသေး တယ်။


Download Now
File Type = rar , File Size=11.7 MB

Source of : http://www.speakcomputers.com/

2010-01-06

Making border frame with Photoshop CS3


Adobe Photoshop CS3 ကို အသုံးပြုပြီး ပန်းကနုတ်ဘောင်ပြုလုပ်ခြင်း (၁)

မှတ်တမ်းမှတ်ရာများ၊ thesis များစတဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေရဲ့ မျက်နှာဖုံးများ ပြုလုပ်ကြတဲ့အခါ မျက်နှာဖုံးကို အလှဆင်တဲ့အနေနဲ့ ဘောင်များကို ပန်းပွင့်၊ ပန်းခက်၊ ကနုတ်စတဲ့ အလှအပတွေနဲ့ design ဆွဲယူပြီး အလှဆင်ပေးလေ့ရှိပါတယ်။ ယင်းသို့ design ဆွဲသားကြရာမှာလည်း အသုံးပြုသူရဲ့ ကျွမ်းကျင်မှု၊ ပါရမီဓါတ်ခံ အနုပညာအရည်အသွေး၊ စိတ်ကူးစိတ်သန်း စတာတွေနဲ့ ယှဉ်တဲ့ design များကသာလျှင် ကျွန်ုပ်တို့ ၏ စိတ်အာရုံကို ညို့ယူဖမ်းစားနိုင်ပါတယ်။ Design တစ်ခုဖန်တီးသည် ဆိုသည်မှာလည်း အနုပညာတစ်ခု လောက်တော့ ပေါင်းထည့်ပေးဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ်ထိတွေ့နေရသည့် အမြင်အာရုံတိုင်းတွင် လည်း အနုပညာတစ်ခုခု ပါဝင်စမြဲပင်။ ဥပမာ- မုန့်ထုပ်ကလေး ဆိုပါစို့။ သူ့မှာလည်း သူ့ကိုယ်ပိုင် အနုပညာလေး နဲ့ပါ။ ယင်းမုန့်ကို သာမန်အတိုင်း ပုံပြီးရောင်းကြည့်လိုက်ပါ။ အမြင်အာရုံအရ သူ့ရဲ့တန်ဖိုးကျသွားပါပြီ။ သို့ပေမယ့် လို့ ၎င်းမုန့်လေးကို လှလှပပအိတ်လေးဖြင့် ထုပ်ပိုးပြီး စီမံရောင်းချပေးလိုက်မယ်ဆိုရင်တော့ အမြင်အာရုံအရ စားချင်စဖွယ်၊ ၀ယ်ချင်စဖွယ်လေးတော့ စိတ်ထဲမှာ ဖြစ်သွားစေပါတယ်။ ဒါဟာ သူ့ကို Art လေး ပေါင်းထည့်ပေး လိုက်လို့ သူ့ရဲ့တန်ဖိုး တက်သွားခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဈေးကွက်ဖြန့်ဝေသူ လူတော်တော်များများဟာ မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတော့မယ် ကုန်ပစ္စည်းတွေကို Art အခြေခံ စိတ်ခံစားမှုရရှိစေနိုင်မယ့် အရောင် အဆင်း၊ ဒီဇိုင်းအထားအသို လေးများဖြင့် ဖြန့်ဖြူး ရောင်းချလေ့ရှိကြပါတယ်။ ဒီဖြစ်စဉ်လေးကို ပြန်လည် သုံးသပ်ကြည့်လိုက်ပါက လူဆိုတာ မည်သူမျှ အနုပညာနဲ့ မကင်းကြပါ။ ခံစားလိုစိတ်လည်း အနည်းနဲ့အများတော့ ရှိကြပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ design ရေးဆွဲရာမှာလည်း အနုပညာ art လေးတစ်ခုခုကိုတော့ ပေါင်းစပ်လိုက်မယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပါပဲ။ ယခုလေ့ကျင့်ခန်းမှာ ပိုမိုပြီး ရှင်းလင်းလွယ်ကူစေရန်အတွက် အခြေခံအသုံးပြု နည်းကိုပဲ ဦးစားပေးတင်ပြထားပါတယ်။ ကျန်သည့်အပိုင်းမှာတော့ သင့်ရဲ့စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ပြုလုပ်ရန်သာ ကျန်ရှိပါတော့တယ်။


Download now


File Type=Rar
File Size= 1.25 MB

2010-01-04

Knote Art House Fonts (1-5)


အနုပညာအိမ် မြန်မာ့ကနုတ်ပန်း အမှတ်စဉ် (၁) မှ (၅) အထိ Font (၅)မျိုးကို ထပ်မံပြီး တင်ပေးလိုက်ပါတယ်။ Knote ArtHouse Font ကို အသုံးပြုပြီး Photoshop ဖြင့် ပန်းဘောင်ပြုလုပ်နည်း အကြောင်းကို ထပ်ပြီးတော့ post ရေးပါဦးမယ်။ လုပ်ပုံလုပ်နည်း အတွက် post ရှည်မည်စိုးသောကြောင့် PDF ထုတ်ပြီး upload တင်ပေးသွားပါ့မယ်။ ဒါ့ကြောင့် တွဲဖက်ပြီးလေ့လာလို့ရအောင်လို့ အရင်ဦးဆုံး ယူထားလိုက်ပါအုံး။


Download Now


File Size=678.56 KB , File Type = Rar


Up