2010-05-30

Google Operating System 2010 Android LiveCD


Google Operating System 2010 Android LiveCD (No Instalation) | 179 MB
LiveAndroid lets you download a disk image LiveCD operating system Google Android. Just record the image on the disc, placing it in the CD-ROM drive and restart your computer and you can test Android, without installing it and not touching any files on your computer.

Language: English
File: ISO
Size: 172.46 Mb
Checksums
MD5 E0C5C305F78CD958DBAEA3716C82296F
SHA-1 741B42748666AC085FC12692AC6AFB369B002A2E
CRC32 EEDBFF00
:::DOWNLOAD:::

http://hotfile.com/dl/34502766/9ba8525/liveandroidv0.3.part1.rar.html

http://hotfile.com/dl/34502798/4c92ca2/liveandroidv0.3.part2.rar.html


Magix 3D Maker ‘D’ Version v6.06


Magix 3D Maker ‘D’ Version v6.06 | 65MB
Design and animate three-dimensional text and graphics.

စာနှင့်ရုပ်ပုံများအတွက် 3D ပုံစံ ဒီဇိုင်းရေးဆွဲမှု ပြုရာတွင် လည်းကောင်း၊ သက်ဝင်လှုပ်ရှားနေသော animation များ ဖန်တီးလိုသည့်အခါတွင် လည်းကောင်း Magix 3D Maker ကို အသုံးပြုနိုင်ပါသည်။ ယင်း software ကို အသုံးပြု၍ သင့်စိတ်ကြိုက် စာသားများ အသုံးပြုနိုင်ခြင်း၊ software ပါ templates များအတွင်းမှ အသင့်ယူသုံး နိုင်ခြင်း နှင့် အခြားသော ထူးခြားဆန်းပြားသည့် 3D Titles များ၊ Objects နှင့် Animation များကို လွယ်လင့် တကူ ပြုလုပ်နိုင်ပါသည်။ သင့် စိတ်တိုင်းကျ ဖန်တီးရေးဆွဲထားသည့် ဒီဇိုင်းများကိုလည်း အလိုရှိရာ image file, graphic files နှင့် animated video file များ အဖြစ် သို့ ပြောင်းလဲပေးနိုင်ပေသည်။


2010-05-15

ကမ္ဘာ့အကောင်းဆုံးနည်းပညာ Logo များနှင့် အမှတ်တံဆိပ်များ

Microsoft
မိုက်ကရိုဆောဖ့် ကော်ပိုရေးရှင်း သည် ကမ္ဘာတွင် အကြီးမားဆုံး ဆောဖ့်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်ပါ သည်။ ကမ္ဘာ့ အသီးသီးမှ နှစ်စဉ် ရရှိသည့် ကုမ္ပဏီ ၀င်ငွေမျာ ဒေါ်လာ (၄၄.၂၈) ဘီလျံကျော် ရှိပါသည်။ မိုက်ခရိုဆောဖ့် ကုန်အမှတ်တံဆိပ် ၏ တန်ဖိုးမှာ ဒေါ်လာ (၅၉.၀၀) ဘီလျံ ဖြစ်၍ ကမ္ဘာပေါ်တွင် တတိယမြောက် စွမ်းအား အမြင့်ဆုံး ကုန်အမှတ် တံဆိပ်တစ်ခု ဖြစ်ပါသည်။
ဘီလ်ဂိတ်သည် ၁၉၇၅ ခုနှစ်တွင် စပ်တူအဖြစ် ပေါလ်အယ်လင်နှင့် တွဲဖက်၍ မိုက်ခရိုဆောဖ့်ကို တည်ထောင်ခဲ့ ပါသည်။ ယခုအခါ ဘီလ်ဂိတ်သည် ယင်းကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာ့အချမ်းသာ ဆုံး စာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ ၁၉၈၁ ခုနှစ် ဇွန်လ (၂၅)ရက်၏ နေ့တွင် ကုမ္ပဏီအား ကော်ပိုရေး ရှင်းအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ IBM ကွန်ပျူတာကုမ္ပဏီမှ ပုဂ္ဂလိကသုံး ကွန်ပျူတာများကို ၁၉၈၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်မိတ်ဆက်ဖြန့်ချိရာ၌ မိုက်ခရိုဆောဖ့်မှ ထုတ်လုပ်သည့် 16 bit အရွယ်အစားရှိ Operating System ဖြစ်သည့် MS-DOS 1.၀ ကို ထည့်သွင်း၍ မိတ်ဆက်ဖြန့်ချိခဲ့ပါသည်။
၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၀ါရှင်တန်၊ ရက်ဒ်မွန်းဒေသ၌ တည်ထောင်ထားသည့် ကုမ္ပဏီနယ် မြေသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ် မတ်လ ၁၃ ရက်တွင် မိုက်ခရိုဆောဖ့် ၊ ဆောဖ့်ဝဲပစ္စည်းများကို အများပြည်သူ သို့ ဖြန့်ချိခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၂ ရက်တွင် Windows 3.0 အမည်ရှိ ဆောဖ့်ဝဲအသစ်ကို ထုတ်လုပ်ခဲ့ပါသည်။ မိုက်ခရိုဆောဖ့် Windows မှာ၊ မူလက MS-Dos ၏ Operating System တွင် တွဲစပ်ထားသော အစိတ်အပိုင်းမျှ သာ ရှိရာမှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် သီးသန့်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။
ဘီလ်ဂိတ်သည် သူ၏ အမြော်အမြင်ကြီးမားမှုအတွက် ချီးကျူးဂုဏ်ပြုခြင်း ခံရသကဲ့သို့ သူ၏ စီးပွားရေး လုပ်နည်း လုပ်ဟန်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံရသူလည်း ဖြစ်ပါသည်။ မိုက်ခရိုဆောဖ့် ကုမ္ပဏီတွင် လက်ရှိ အမှု ဆောင်အရာရှိချုပ်အဖြစ် စတီးဗ်ဘော်လမာ၊ ဆောဖ့်ဝဲ ပိသုကာအဖြစ် ရေးအူဇီ တို့ကို ခန့်အပ်ထားရှိပြီး နိုင်ငံ ပေါင်း ၁၀၂ နိုင်ငံတွင် ၀န်ထမ်းဦးရေ ၇၆၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်လျှက် ရှိသည်။
မျက်မှောက်အိုင်တီခေတ်တွင် လူသုံးအများဆုံး အသိဥာဏ်ပစ္စည်း ကုန်အမှတ်တံဆိပ်ဖြစ်၍ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

Microsoft အမှတ်တံဆိပ် Logo ကို အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ဟန်ဒန်မြို့ရှိ
ယင်းကုမ္ပဏီရုံး၌ ချိတ်ဆွဲထားသည်ကို တွေ့ရပုံ
( မင်းရဲဦး)



မီးလ်ဝါဒ်ဘရောင်း၏ ကုန်အမှတ်တံဆိပ် အညွှန်းကိန်း သုတေသန ပြုချက်အရ အထက်ပါ ဂူးဂဲလ် အမှတ်တံဆိပ် သည် (၁၀)နှစ် သက်တမ်းသာ ရှိသေးသော်လည်း ကမ္ဘာတွင် စွမ်းအားအမြင့်ဆုံး တံဆပ်တစ်ခု ဖြစ်နေကြာင်း ဖော်ပြထားပါသည်။ ယင်းသုတေသနမှာ ကုန်အမှတ်တံဆိပ်များ၏ လက်ရှိ ဘဏ္ဍာရေးအင်အားနှင့် သုံးစွဲသူများ ၏ နှစ်သက်မှုကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်ပါသည်။
ဂူးဂဲလ်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ဒေါ်လာ ၂၅.၅၉ ဘီလီယံ ရှိပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ် စတင်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသော လာရီပိတ်ဂ်ျနှင့် ဆာဂျီဘရင်းတို့နှစ်ဦးသည် သုတေသန ပရောဂျက်တစ်ခုကို ၁၉၉၆ ခုနှစ် ဇန်န၀ါရီလတွင် စတင်ခဲ့ရာမှ ယခုကဲ့သို့ ကမ္ဘာကျော် အင်တာနက် ရှာဖွေရေး ယန္တရား (Search Engine) လုပ်ငန်းကြီး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့တွင် ဂူးဂဲလ်ကုမ္ပဏီကို ကယ်လီဖိုးနီးယား ပြည်နယ်၊ မင်လိုပါ့ခ်ဒေသ၌ မိတ်ဆွေတစ်ဦး၏ ကားဂိုဒေါင်တွင် စတင်အခြေချခဲ့သည်။ ဤကုမ္ပဏီသည် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်နှုန်း မြန်ဆန်မှုတို့ကြောင့် အမည်ကျော် ကြားပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် အများပိုင် ကုမ္ပဏီဖြစ်လာခဲ့သည်။
ပိတ်ဂ်ျနှင့် ဘရင်းတို့၏ အင်တာနက်ရှာဖွေရေးယန္တရားကို မူလက Back Rub ဟု အမည်မှည့်ခဲ့သေးသည်။ ယခု မှည့်ခေါ်နေသော ဂူးဂဲလ် (Google) အမည်မှာ 'googol' ဟူသော စကားလုံးမှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ တစ်ဂဏန်း၏ နောက်တွင် သုညပေါင်းတစ်ရာရှိသော ကိန်းကို ဆိုလိုသည်။
ဂူးဂဲလ်၏ အမှုဆောင် အရာရှိချုပ်မှာ အဲရစ်အီး-ရှမစ်ဖြစ်သည်။ ဤလုပ်ငန်းကို ပူးတွဲတည်ထောင်သူများဖြစ် သည့် ဆာဂျီဘရင်းနှင့် လာရီပိတ်ဂ်ျတို့မှာ နည်းပညာနာယကနှင့် ထုတ်ကုန်နာယကတို့အဖြစ် အသီးသီး ဆောင်ရွက်လျက်ရှိသည်။ နာစ်ဒက်စတော့ အိတ်ချိန်းစာရင်းတွင် ဤကုမ္ပဏီကို GOOG သင်္ကေတဖြင့် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယခု Google အမည်သည် အင်္ဂလိပ်အဘိဓာန်တွင်လည်း ကြိယာပုဒ်အဖြစ် ပါဝင်လာပြီဖြစ်သည်။ အဓိပ္ပာယ် ရှင်းလင်းချက်၌ 'ဂူးဂဲလ် ရှာဖွေရေး ယန္တရားသုံးစွဲ၍ အင်တာနက်မှ သတင်းအချက်အလက်များကို ရယူသည်' (To use the Google search engine to obtain information on the Internet) ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။
အထက်ပါ အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၁၉၃၁ / ၂၀၀၆ ဖြင့် မှတ်ပုံတင် ထားပြီး အများပြည်သူ သိရှိစေရန် ၆-၇-၂၀၀၆ ရက်နေ့တွင် သတင်းစာမှ ကြော်ငြာခဲ့ပြီးကြောင်း သိရှိရ ပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူးဒေသရှိ ရုံးချုပ်ရှေ့တွင် ဂူးဂဲလ်အမှတ်တံဆိပ်ကို တွေ့မြင်ရပုံ
(မင်းရဲဦး)


IBM
IBM ဟူသော အတိုကောက်စာလုံးဖြင့် လည်းကောင်း၊ 'Big Blue' ဟူ၍ လည်းကောင်း၊ လူသိများသော နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းသုံး စက်ပစ္စည်းကော်ပိုရေးရှင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အာမန့်ဒေသ တွင် ဌာနချုပ်ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်သည်။ ယင်းကုန်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ခန့်မှန်းခြေဒေါ်လာ ၅၉.၀၃ ဘီလီယံရှိပြီး ကမ္ဘာ့အဆင့် (၂)တွင် ရှိနေသည်။
၂၀၀၆ ခုနှစ်အထိ IBM သည် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာကုမ္ပဏီ ဖြစ်ခဲ့သော်လည်း ယခုအခါ ဟူးလက်-ပက်ကာ့ဒ်ကုမ္ပဏီက ကျော်တက်သွားသဖြင့် ဒုတိယအကြီးဆုံး ကုမ္ပဏီအဖြစ် ရှိနေသည်။ သို့ရာတွင် IBM သည် ကမ္ဘာ့ဒေသအသီးသီးတွင် ၀န်ထမ်း အင်အားပေါင်း (၃၅၀၀၀) ဖြင့် လုပ်ငန်း လည်ပတ်နေသောကြောင့် ကမ္ဘာ ပေါ်တွင် ၀န်ထမ်းဦးရေအများဆုံး အိုင်တီကုမ္ပဏီ ဖြစ်လေသည်။ ဤကုမ္ပဏီအား ၁၈၈၈ ခုနှစ်တွင် လက်နှိပ်စက် လက်ကွက်ဇယားခလုတ် ကုမ္ပဏီအဖြစ်တည်ထောာင်ရာမှ ၁၉၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မှတ်တမ်းဇယား တွက်ချက်မှု ကော်ပိုရေးရှင်း (CRT) အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် နယူးယောက်စတော့ အိတ်ချိန်းစာရင်း၌ ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဤကော်ပိုရေးရှင်း၌ အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၅၀ ပါဝင်လာခဲ့ပြီး IBM ဟူသော လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။
IBM ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်မှာ ဆင်မြူယယ်ဂျေပေါလ်မစ်ဆာနို ဖြစ်သည်။ အထက်ပါ ကုန်အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၄၀၂၉/၁၉၉၄ ဖြင့် လည်းကောင်း၊ ၄/၄၀၃၀/၁၉၉၄ ဖြင့်လည်းကောင်း မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးမျက်နှာစာတွင် IBM လိုဂိုကိုတွေ့ရပုံ (မင်းရဲဦး)

အိုင်ဘီအမ် IBM လိုဂိုသမိုင်း

အိုင်ဘီအမ် ကုမ္ပဏီနဲ့ သူ့ရှေ့က ကုမ္ပဏီများဟာ လိုဂိုနဲ့ အမှတ်တံဆိပ်များစွာကို တီထွင်အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ ရုံးသုံးပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး သူတို့ အမှတ်တံဆိပ်နဲ့ လိုဂိုများကို ကမ္ဘာက သိစေခဲ့ပါတယ်။

ပုံ (၁) ITR
ပုံအမှတ် (၁) မှာ မူလအစ အိုင်တီအာရ် ကုမ္ပဏီရဲ့လိုဂိုကို ဖော်ပြထားပါတယ်။

အိုင်တီအာရ်လိုဂို

အိုင်တီအာရ်လို့ခေါ်တဲ့ International Time Recording ကုမ္ပဏီ ITR ဟာ ပထမ ဦးစွာ ဘန်ဒီမန်နျူဖက်ချားရင်း ကုမ္ပဏီအဖြစ်နဲ့ နယူယော့ခ်၊ အောဘန်းမှာ စတင်ခဲ့ပါ တယ်။ အိုင်တီအာရ်ရဲ့ အဓိက ထုတ်ကုန်လိုင်းကတော့ ၁၈၈၈ မှာ ဘန်ဒီ တီထွင်ပြီး မူပိုင်လုပ်ခဲ့တဲ့ အချိန်မှတ်စက်များ ဖြစ်ပါတယ်။
အိုင်တီအာရ်ဟာ နောက်ပိုင်းမှာ ၁၉၁၁ မှာ CTR ဖြစ်လာတယ်။ အဲဒါဟာ အိုင်ဘီအမ်ရဲ့ ရှေ့ပြေးဖြစ်တယ်။

ပုံ (၂) CSC

၁၈၉၁ မှာ အိုဟိုင်းအိုမှ လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ အက်ဒွပ်ကန်ဒီနဲ့ အောရိန်းတို့ဟာ အသစ်တီထွင်ထားတဲ့ Computing Scale ကုမ္ပဏီကို ၀ယ်ယူခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ လိုဂိုကို ပုံ (၂)မှာ တွေ့နိုင်တယ်။






ပုံ (၃) CTR
၁၉၁၁ မှာ ITRC နဲ့ Tabulating Machine Company တို့ကို ချားလ်စ်ဖရင့် ဆိုသူက ပူးပေါင်းခဲ့ပြီး CTR ကုမ္ပဏီအဖြစ် ထူထောင်ခဲ့ပါတယ်။ ၁၉၁၄ မှာ ၀ပ်ဆင်ဟာ CTR ရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာတယ်။







ပုံ (၄ ) အိုင်ဘီအမ်
၁၉၂၄ မှာ CTRC ကုမ္ပဏီက IBMC ကုမ္ပဏီရဲ့ နာမည်ကို လွှဲယူလိုက်ပါတယ်။ အဲဒါ ကြောင့် CTR လိုဂိုဟာလည်း Business Machines စကားလုံးများနဲ့ အစားထိုးခံရ ပါတယ်။ အဲဒီကစလို့ အင်တာနေရှင်နယ်ဆိုတဲ့ စကားလုံးကိုလည်း ကြားထဲမှာ ထည့်သွင်းလာပါတယ်။ ဒါကြောင့် Business International Machines ဖြစ်လာပါ တယ်။





ပုံ (၆ ) IBM
အိုင်ဘီအမ်ကုမ္ပဏီဟာ ကွန်ပျူတာထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီး အသွင်သို့ တဖြည်း ဖြည်း ကူးပြောင်းလာခဲ့ပါတယ်။ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိုဂိုပုံစံကို ပြောင်းလဲခဲ့တယ်။
လိုဂိုအသစ်ဟာ Business Machines တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီ လ (၁)ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ IBM ဆိုတဲ့ စာလုံးကို ရိုးရိုးရှင်းရှင်းပဲ ဖော်ပြထားတာပါ။




ပုံ (၆) IBM
၁၉၅၆ ခုနှစ် မေလမှာ (သူမကွယ်လွန်မီ ရက်ပိုင်းအလိုမှာ) သောမတ်စ်ဝပ်ဆန်စီနီယာ ဟာ သူ့သားကို အိုင်ဘီအ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တရားဝင် လွှဲပြောင်းပေးခဲ့ ပါတယ်။
တွမ်ဝပ်ဆန်ဂျူနီယာဟာ အမြန်ဆုံး လှုပ်ရှားခဲ့တယ်။ လုပ်ဆောင်မှုတွေရော၊ သင်္ကေတ တွေပါ ခေတ်သစ်သို့ ပြောင်းခဲ့သည်။ ပထမဆုံး မြင်သာတာက ကုမ္ပဏီရဲ့ လိုဂိုပုံစံ ပြောင်းခြင်းပါ။ ဂရပ်ဖစ်ဒီဇိုင်နာ ပေါလ်ရန်းဒ်က လိုဂိုအသစ်ကို ဖန်တီးခဲ့ပါတယ်။


ပုံ (၇) IBM
၁၉၇၂ မှာ ကုမ္ပဏီဟာ လိုဂိုဗားရှင်းအသစ်ကို တီထွင်မိတ်ဆက်ခဲ့ ပြန်ပါတယ်။ အဲဒီ လိုဂိုအသစ်ကို ပေါလ်ရန်းဒါက ဖန်တီးပါတယ်။ ရေပြင်ညီ အစင်းကျားများနဲ့ ဖော်ပြထား ပါတယ်။ ဒီလိုနဲ့ အိုင်ဘီအမ်လိုဂို အမှတ်တံဆိပ်ဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက် ခဲ့ပြီး ကမ္ဘာ့လူသိအများဆုံးနဲ့ အကောင်းဆုံးတစ်ခု ဖြစ်လာခဲ့ပါကြောင်း။






YAHOO
၂၀၀၈ ခုနှစ်စာရင်းအရ အထက်ပါ လိုဂို၏တန်ဖိုးမှာ ဒေါ်လာ (၅၄၉၆) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂိုစာရင်း အမှတ်စဉ် (၆၅) တွင် ပါဝင်လျက်ရှိနေပါသည်။ YAHOO ဟူသော အင်တာနက် ရှာဖွေရေးလုပ်ငန်းကို ဒေးဗစ်ဖီလိုနှင့် ဂျယ်ရီရန်းတို့နှစ်ဦးက တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ဒေးဗစ်နှင့် ဂျယ်ရီတို့မှာ (Stanford University) စတန်းဖို့တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသည်။ သူတို့သည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တက္ကသိုလ်ဝင်းအတွင်း အခန်းငယ်တစ်ခု၌ အင်တာနက်ချိတ်ဆက်၍ သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာများကို ခြေရာကောက်ရှာဖွေသည့် အလုပ်ကို စတင်ခဲ့ကြသည်။ များမကြာမီ ပင် သူတို့၏ စိတ်ဝင်စားမှုမှာ ကြီးထွားသည်ထက် ကြီးထွားလာပြီး၊ ဒေါက်တာဘွဲ့စာတမ်းအတွက် အချိန်ပေးခြင်း ထက် မိမိတို့ဝါသနာပါရာ အင်တာနက်ချိတ်ဆက်စာရင်းပြုစုခြင်းကို အချိန်ပေးခြင်းက ပိုများလာသည်။ နောက်ပိုင်းတွင် ဒေးဗစ်နှင့် ဂျာရီတို့၏ အင်တာနက်စာရင်းများမှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာခဲ့ပြီး ရှုပ်ထွေးမှုများ ရှိနေသဖြင့် အမျိုးအစားအလိုက် ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်များ ခွဲခြားပြုစုခြင်းအားဖြင့် YAHOO ၏ လုပ်ငန်းကို စတင်မွေးဖွားပေးခဲ့သည်။
ဤ Web Site ၏ မူလအမည်မှာ ''ဂျယ်ရီနှင့် ဒေးဗစ်တို့၏ ကမ္ဘာ့ကွန်ယက်လမ်းညွှန်" ("Jerry and David's Guide to the World Wide Web") ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် အဘိဓာန်အကူအညီယူပြီး အဓိပ္ပါယ်ပြည့်စုံ သော အမည်သစ်ကို မှည့်ခဲ့သည်။ ၎င်းအမည်မှာ YAHOO (ရဟူး) ဟူ၍ ဖြစ်ပြီး၊ YAHOO မှာ စာလုံးအတို ကောက်ဖြစ်၍ အဓိပ္ပါယ်အပြည့်အစုံမှာ "Yet Another Hierarchical Officious Oracle" ဖြစ်သည်။ သို့သော် ဒေးဗစ်နှင့် ဂျယ်ရီတို့ကမူ YAHOO ဆိုသည်မှာ "ရိုင်းသူ၊ ကြမ်းသူ၊ ရက်စက်သူ" ဟု အဓိပ္ပာယ်ရကြောင်း အခိုင် အမာပြောဆိုလျက် ရှိကြပါသည်။


(မျိုးမဉ္ဖူ)


APPLE
အထက်ပါ လိုဂိုသည် ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုးဒေါ်လာ (၁၃.၇၂၄) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂို စာရင်းတွင် အမှတ်စဉ် (၂၄) ရရှိသော လိုဂိုဖြစ်ပါသည်။ Apple လိုဂိုသည် အမေရိကန်နိုင်ငံ Apple Computer Inc. မှ ပိုင်ဆိုင်သော လိုဂိုတစ်ခုဖြစ်ပြီး၊ ၂၀၀၅ ခုနှစ် စာရင်းများအရ လိုဂိုတန်ဖိုး (၇.၉၈၅) ဒေါ်လာဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၄၉) ချိတ်သော လိုဂိုဖြစ်သည်။ Apple ကုမ္ပဏီသည် ပထမဆုံး အနောက်ဘက်ကမ်းခြေ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်အတွက် လိုဂိုအသစ်တစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ရာမှ Apple လိုဂို စတင် ပေါ်ပေါက်လာခဲ့သည်။ Apple ကုမ္ပဏီမှ စတင်ထုတ်လုပ်သော Apple-1 computer များ ရောင်းချရာတွင် အသုံးပြုနေသည့် မူလလိုဂိုမှာ ပန်းသီးပင်အောက်၍ ထိုင်နေသော အိုက်ဇက်နယူတန်၏ ရုပ်ပုံနှင့်အတူ 'Newton' ထူးဆန်းသော အတွေးပင်လယ်ကိုဖြတ်ပြီး တစ်ကိုယ်တည်း အမြဲခရီးသွားနေသောစိတ်' ဟူသော စာသားတို့ ပါဝင်လေသည်။ Steve Jobs က Apple-1 ၏ ရောင်းအား နှေးကွေးရခြင်းမှာ ယင်း၏ လိုဂိုကြောင့် လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟု ယူဆကာ လိုဂိုဒီဇိုင်းအသစ်ထွင်ရာတွင် ကူညီရန် Regis Mckenna ကြော်ငြာအေဂျင်စီအား ငှားရမ်းခဲ့သည်။
ဤသို့ဖြင့် လူငယ်အနုပညာ ဒါရိုက်တာတစ်ဦးဖြစ်သူ Rob Janov ထံ Apple နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လွှဲပြောင်းပေးပြီး လိုဂိုသစ်အား ဒီဇိုင်းရေးဆွဲစေခဲ့သည်။ Janov သည် ကွန်ပျူတာများအား သုံးစွဲသူများထံ ရောင်းချနိုင်ရန်နှင့် ယင်းပစ္စည်းများသည် စိတ်ဝင်စားဖွယ်ကောင်းသော ပစ္စည်းအနည်းငယ်တွင် တစ်ခု အပါ အ၀င်ဖြစ်သည်ဟူသော အယူအဆနှင့်အတူ ပန်းသီးသဏ္ဍာန်ကို စတင်ရေးဆွဲခဲ့လေသည်။ ထို့အပြင် သေးငယ် သည့် သတင်းအချက်အလက်များပေးသော ကမ္ဘာအပေါ်ကျီစားလိုသည့်သဘောနှင့် ယင်းလိုဂို၏ အနုပညာ လက်ရာမြောက်မှုကို မြင်သာစေရန် ပန်းသီးတစ်ဖက်တွင် အချိုင့်ကွေးလေးတစ်ခုကို ထွင်းခဲ့သည်။ Janov အတွက်မူ ယင်းသို့ အချိုင့်ကလေး ပေါ်နေခြင်းမှာ ပန်းသီးအား ခရမ်းချဉ်သီးနှင့် ဆင်တူနေခြင်းမှ ကာကွယ်ရန် အတွက်ပင် ဖြစ်သည်။ သူသည် ပန်းသီးအား အသွင်မြူးကြွသော အစိမ်းရောင် အကိုင်းအခက်လေးဖြင့် စတင် ထားပြီး အနည်းငယ်တောက်ပကာ ပုံသဏ္ဍာန် ဆန်းပြားသော အရောင်အသွေး အနုအရင့်အမျိုးမျိုးတို့ဖြင့် ရောစပ်ထားသည့် ကန့်လန့်ဖြတ်အစင်းကြား ခြောက်ခုနှင့် ပုံဖော်ထားရာ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော လိုဂို တစ်ခု ဖြစ်လာခဲ့သည်။
Steve Jobs သည် လိုဂို၏ ဒီဇိုင်း၊ အသွင်အပြင်နှင့်ပတ်သက်ပြီး အသေးစိတ် ဂရုစိုက်ခဲ့လေသည်။ လိုဂိုအား ပြန်လည်ထုတ်လုပ်ရာတွင် ပို၍ လွယ်ကူစေရန် လိုဂိုအရောင် ခြောက်မျိုးအား အစင်းကြောင်း ပါးပါးလေးများဖြင့် ခွဲခြားရန် Janov က အကြံပေးသောအခါ Jobs က ငြင်းပယ်ခဲ့သည်။
Markkula သည် ပြပွဲတွင် ပြသရန်အတွက် လိုဂိုသစ်အား နောက်ခံအလင်းရောင်ပေါ်တွင် မီးခိုးရောင် ခပ်မှိုင်းမှိုင်း ပုံဖော်ထားသည့် ဆိုင်းဘုတ်နှင့်တွဲရန် ညွှန်ကြားခဲ့သည်။ ယင်းကုန်စည်ပြပွဲတွင် Apple ၏ ဆိုင်ခန်း သည် စီးပွားရေးနယ်ပင်တွင် နှစ်ရှည်လများ လုပ်ကိုင်နေသော သေးငယ်သည့် ကွန်ပျူတာများ ထုတ်လုပ်သည့် Processor Technology, IMSAI နှင့် Cromemco ကုမ္ပဏီ၏ ဆိုင်ခန်းများ၊ အခြား ကုမ္ပဏီများ၏ ဆိုင်ခန်းများ နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ပို၍ ကျွမ်းကျင်ကောင်းမွန်မှု ရှိနေခြင်းမှာ Markula ၏ ကျေးဇူးပင် ဖြစ်သည်။ Apple company ထက်ကြီးသော အခြားပါဝင်ပြသသည့် ကုမ္ပဏီများမှာမူ အနက်ရောင် ဖောင်တိန် ဖြင့် ရေးဆွဲထားသော ကတ်ထူစားပွဲတစ်ခုထက် မပိုပေ။
ပြပွဲတွင် ပါဝင်ပြသရန်အတွက် ဦးစွာ စာရင်းပေးသွင်းထားသူများထဲတွင် ပါဝင်သည့်အလျောက် Apple ၏ ဆိုင်ခန်းမှာ ၀င်ပေါက်အနားတွင်ရှိ၍ ခန်းမအတွင်းသို့ ၀င်ရောက်လာသူတိုင်း မြင်သာစေခဲ့သည်။ Apple ကုမ္ပဏီ သည် ကြီးမားသော ပြစက်ပေါ်တွင် လျှပ်တပြက်ဗွီဒီယိုရုပ်ပုံ အစီအစဉ်များကို ပြသကာ လူများ စိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင်ခဲ့သည်။ သို့သော် ပြပွဲအပြီးမှာမူ Homebrew Club အဖွဲ့ဝင်နှင့် Dr.Dobb's ဂျာနယ် ၏ အယ်ဒီတာတစ်ဦးဖြစ်သူ Jim Warren က Apple သည် လူသိများသော ပြပွဲတင်သူတစ်ယောက် မဟုတ်ဟု ထင်ခဲ့သည်။ ယင်းပြပွဲ သတင်းကို ရေးသားသော Byte မဂ္ဂဇင်းတွင်လည်း Apple အကြောင်း ဖော်ပြရန်ပင် ကျန်ခဲ့လေသည်။ လူများအပေါ် လွှမ်းမိုးသောသူများ၏ ဤသို့သော အစောပိုင်း ထင်မြင်ချက်များကို ရခဲ့သော် လည်း လအနည်းငယ်ကြာသောအခါ ယခင် Apple-1 ရောင်းရသည့် အရေအတွက်ထက် တစ်ရာကျော် ပိုများ သော အမှာစာ (၃၀၀)ကို Apple-2 အတွက် လက်ခံရရှိခဲ့လေသည်။
Ron Wayne ၏ ပန်းသီးတစ်လုံးနှင့် Newton ၏ ရုပ်ပုံပါသော မူလ Apple လိုဂိုမှာ အမှန်ပင်လှပသော လိုဂို တစ်ခုဖြစ်သည်။ သို့သော် ယင်း၏ အလှအပအားလုံးကြောင့်ပင် လိုဂိုမှာ ရှုပ်ထွေးခဲ့ရပြီး လိုဂိုအား အရွယ်အစား အမျိုးမျိုးဖြင့် အရေအတွက် များစွာထုတ်လုပ်ရာ၌ လွန်စွာခက်ခဲမည်ကို Steve Jobs က စိုးရိမ်သဖြင့် ပြင်ဆင် ပြောင်းလဲရန်နှင့် Regis Mckenna ကြော်ငြာလုပ်ငန်းဆီသို့သွားရောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမှန် တကယ် အသုံးပြုမည့် လိုဂိုအား ရေးဆွဲရန်တာဝန်မှာ Rob Janoff ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။ Mr.Janoff သည် Mac ၏ ပြောပရလောက်သည့် အကူအညီမပါဘဲ ဒီဇိုင်းအမျိုးမျိုးကို ကြိုးစားရေးဆွဲပြီးနောက် ရင်းနှီးပြီးသား သက်တံရောင်လိုဂိုပေါ်တွင် အခြေခံကာ ယခင်ထွင်းထားသည့် အချိုင့်ကွေးလေးအား ဆက်လက် ပါဝင်စေပြီး မြင်ရုံဖြင့် ပန်းသီးတစ်လုံးအဖြစ် သိနိုင်စေရန်နှင့် ပန်းသီးထက်မနည်း စိတ်ဝင်စားမှုရှိစေရန် ပုံဖော်ခဲ့ လေသည်။
နောက်ဆုံးတွင် 'ဆွဲခဲ့ဖူးသမျှ ဒီဇိုင်းများထဲတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးလိုဂို' ဟု Apple ၏ ဥက္ကဋ္ဌဖြစ်သူ Mike Scott ပြောခဲ့သည့် Apple လိုဂိုအား များစွာ နှစ်သက်ခဲ့ကြလေသည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ ယခင် သုံးစွဲခဲ့သည့် အဖြူရောင်လိုဂို၏ နေရာတွင် Apple လိုဂိုအား ပြောင်းလဲသုံးစွဲစေခဲ့လေသည်။
Apple လိုဂိုများကို မြန်မာနိုင်ငံ ရန်ကုန်မြို့ စာချုပ်စာတမ်းများရုံး၌ မှတ်ပုံတင်အမှတ် ၄/၄၃၇၈/၁၉၉၄ နှင့် ၄/၄၃၇၉/၁၉၉၄ တို့ဖြင့် မှတ်ပုံတင်သွင်းထားခဲ့ပြီး သတင်းစာများတွင် သတိပေးကြော်ငြာချက်များ ထည့်သွင်းခဲ့ ရာ ၁၈/၈/၂၀၀၃ ခုနှစ်တွင် နောက်ဆုံးကြေငြာထားခဲ့ကြောင်း သိရသည်။

(ခင်သင်္ဂီဖုန်း)

INTEL
အထက်ပါ အင်တဲ့လ် လိုဂိုသည် ကွန်ပျူတာဆော့ဖ်ဝဲများ၊ ကွန်ပျူတာပရိုဂရမ်များ၊ ကွန်ပျူတာမိုမိုရီများ၊ တစ်ဦး ချင်းသုံး ကွန်ပျူတာများ၊ လက်တော့ပ်ကွန်ပျူတာများ၊ နည်းပညာများကို အသုံးပြု ထုတ်လုပ်သော ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်နွယ်အသုံးပြု ပစ္စည်းများစသည်တို့အား တီထွင်ထုတ်လုပ်ရာတွင် ယနေ့ကာလထိတိုင် အောင်မြင်နေဆဲဖြစ်သည့် အမေရိကန်နိုင်ငံရှိ အင်တဲ့လ်ကော်ပိုရေးရှင်း (Intel Corporation) မှ ပိုင်ဆိုင်ထား သော လိုဂိုတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုး ဒေါ်လာ (၃၁.၂၆၁) ဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၇) ချိတ်သော လိုဂိုတစ်ခုဖြစ်သည်။ အင်တဲ့လ်ကော်ပိုရေးရှင်းကို ၁၉၆၈ ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၁၀၀) စာရင်းတွင် အင်တဲ့လ်ကော်ပိုရေးရှင်း ပါဝင်ကြောင်း သိရပါသည်။
ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည့် ၁၉၆၈ ခုနှစ်ကတည်းက အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဓိပ္ပါယ်လေးနက် ပြည့်စုံပြီး ထင်ရှားသော ပေါ်လွင်လှသော ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခု ရှိထားရန် မည်သို့မည်ပုံ အရေးကြီး ကြောင်းကို အမြဲသိရှိ လက်ခံထားလေသည်။ အင်တဲ့လ်သည် ၎င်း၏ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဈေးကွက်ချဲ့ထွင် မှုအတွက် ကျင့်သုံးသော မဟာဗျူဟာ၊ ကုမ္ပဏီ၏ အတွင်းပိုင်းစည်းရုံးလှုံ့ဆော်မှုနှင့် သတ်မှတ်ထားသော ဦးတည်ချက်သို့ရောက်အောင် ပူးပေါင်းဆောင်ရွက် သွားမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် အကောင်းဆုံးသော ကွန်ပျူတာအမှတ်တံဆိပ်အမျိုးအစားများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။
အင်တဲ့လ်မှ ပထမဦးဆုံး စတင်အသုံးပြုခဲ့သော လိုဂိုပုံစံမှာ အင် တဲ့လ် ဟူသော ရိုးရိုးရှင်းရှင်း သီးသန့်စာသား (word) တွင် "e" ဟူသော အက္ခရာကို အခြားသော အက္ခရာများနှင့် တစ်ပြေးတည်းမထားဘဲ အောက်သို့ နှိမ့်ချ ထားသော ပုံစံဖြစ်ပါသည်။ အဆိုပါ လိုဂိုဒီဇိုင်းအား ဆီလီကွန်ဘဲလ်လီ ပိုင်အိုးနီးယား ရောဘတ်သ်နွိုင်စီနှင့် ဂေါဒွန်မိုရီက ဒီဇိုင်းထွင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်တွင် တစ်ဦးချင်းသုံး ကွန်ပျူတာများတွင် ဆက်နွယ်ပတ်သက်သည့် ပစ္စည်းအမယ်များ ၊ သာဓကအား ဖြင့် ကွန်ပျူတာ key ခလုတ်များနှင့် ကွန်ပျူတာဆိုင်ရာ နည်းပညာများ ထည့်သွင်းမှုကို ဖော်ညွှန်းသည့် သင်္ကေတအနေအဖြစ် အင်တဲ့လ်လိုဂိုနှင့်အတူ "Intel inside" ဟူသော စာသားကို ထည့်သွင်းလာခဲ့ပြီး လိုဂိုသစ် အနေဖြင့် ထပ်မံမိတ်ဆက်ပေးခဲ့ပါသည်။ အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဆိုပါ လိုဂိုသစ်အား အများသိရှိ စေရန် ကြော်ငြာရာတွင် မည်သည့်ကြော်ငြာမဆို ထိုကြော်ငြာတွင် အင်တဲ့လ်လိုဂိုအား ထည့်သွင်းဖော်ပြပါက ထိုကြော်ငြာစရိတ်၏ တစ်ဝက်နှုန်းကို ကျခံပေးမည့် နည်းဗျူဟာကို အသုံးပြုခဲ့ပါသည်။ ထိုနည်းဗျူဟာကြောင့်ပင် လိုဂိုအသစ်သည် နေရာအတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရရှိပြီး လူသိများလာခဲ့ပါသည်။
၂၀၀၆ ခုနှစ်တွင် အင်တဲ့လ်ကော်ပိုရေးရှင်းသည် (Centrino) လက်တော့ပ်များနှင့် (Viiv) အိမ်သုံး ဖျော်ဖြေ တင်ဆက်မှုပစ္စည်းများတွင် ထည့်သွင်းမည့် ကွန်ပျူတာ ချစ်ပ် (chip)၊ တနည်းအားဖြင့် ကွန်ပျူတာမှတ်ဥာဏ် အမျိုးအစားသစ်တစ်ခုကို တီထွင်ထုတ်လုပ်မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ပစ္စည်းသစ်အား မိတ်ဆက်ပေးခြင်း သည် အင်တဲ့လ်လိုဂိုသစ် သတ်မှတ်ခြင်းနှင့် ကုမ္ပဏီ၏ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ကျင့်သုံးမည့် နည်းဗျူ ဟာတို့ကို ဖော်ထုတ်ဖွင့်ဟရန် ဖြစ်လာခဲ့ပါသည်။ ထို့ပြင် ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် ထူးခြားအရေးပါ သော အသွင်လက္ခဏာများစသည့် အချက်အလက်များကို ၀ယ်ယူသုံးစွဲမည့် ဖောက်သည်များအား အကောင်း ဆုံး ပြောပြနိုင်ခဲ့ပါသည်။ အင်တဲ့လ်လိုဂိုသစ်သည် ကုမ္ပဏီ၏ အတွင်းပိုင်း၌ အပြောင်းအလဲများ သိသိသာသာ ထင်ဟပ်နေပါသည်။ အဆိုပါ "e" ကို အခြားသော အက္ခရာများနှင့်အတူ တစ်ပြေးတည်း ပြန်ထားပြီး "Intel" ဟူ သော ကုမ္ပဏီနာမည်အား တစ်ဟုန်ထိုးလှည့်ပတ်နေသည့် ဟန်ပတ်လမ်းအတွင်း ထည့်သွင်းထားသော ဒီဇိုင်းနှင့် အတူ "ရှေ့သို့ တစ်ဟုန်ထိုး တိုးတက်ဦးဆောင်သွားမည်" ဟူသော ဆောင်ပုဒ်အား ထည့်သွင်းသော ပုံစံဖြစ်ပါ သည်။ လိုဂိုသစ်တွင် ဖော်ပြထားသည့် ဆောင်ပုဒ်အား ထိထိမိမိရှိလှသော ယင်းဆောင်ပုဒ်သည် နောင် အနာဂတ်တွင် နည်းပညာများ၊ ပညာရေး၊ လူမှုဆိုင်ရာတာဝန်များ၊ တီထွင်ထုတ်လုပ်မှု စသည့် နယ်ပယ်များတွင် ရှေ့မှ ဦးဆောင်သွားမည်သာမက ပိုနေမြဲ ကျားနေမြဲ အတိုင်း စိန်ခေါ်မှုမှန်သမျှကိုလည်း ရှေ့ကပင် ဦးဆောင် သွားမည်ဟူသော အင်တဲ့လ်ကုမ္ပဏီ၏ အနာဂတ်သို့ ဦးတည်သွားမည့် ရည်မှန်းချက်များကို ဖော်ညွှန်းနေပါ သည်။ အင်တဲ့လ် ကုမ္ပဏီသည် ရာစုနှစ်အတော်ကြာကြာခန့် ၀ယ်ယူသုံးစွဲသည့် ဖောက်သည်များ အသိဥာဏ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် တီထွင်ဖန်တီးမှုများ ပြုလုပ်ခြင်း၊ နည်းပညာများ တိုးချဲ့ခြင်းနှင့် ထုတ်ကုန် ပစ္စည်းများ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်းစသည်တို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ တီထွင်ဖန်တီးမှု များသည် အင်တဲ့လ်လိုဂို၏ အောင်မြင်မှု သက်သေများပင်ဖြစ်ပါသည်။
အင်တဲ့လ် အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်အမှတ် ၄/၃၃၉၉/၁၉၉၈ အရ စတင်မှတ်ပုံတင်သွင်းထားပြီး အများသိစေရန် သတိပေးကြေညာချက်ကို သတင်းစာတွင် ၅/၁၀/၁၉၉၈ ခုနှစ်၌ စတင်ထည့်သွင်း ကြေညာခဲ့ပြီး၊ နောက်ပိုင်းတွင် မှတ်ပုံတင်အမှတ် ၄/၃၈၁၄/၂၀၀၀၊ ၄/၁၀၆၈/၂၀၀၂ နှင့် ၄/၇၇၆၅/၂၀၀၅ များအရ အသစ်တစ်ဖန် မှတ်ပုံတင်သွင်းမှုများ ဆက်တိုက် ပြုလုပ် ထားပြီး အများသိစေရန် ကြေညာချက်ကို ၂၅/၁/၂၀၀၇ တွင် နောက်ဆုံးကြေညာထားကြောင်း လေ့လာတင်ပြ လိုက်ပါသည်။
(မီမီသော်)

Source : ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာလိုဂိုများနှင့် အမှတ်တံဆိပ်များ။

(ကလောင်စုံ)၊ စိတ်ကူးချိုချိုအနုပညာ။


2010-05-12

15 New Themes for Windows XP

15 New Themes for Windows XP | 15 MB by mr kyda

Night Shades, Night Elf Style, CARBONAT VS, Xbox 360 Shsmall, Wisp VS, Weihnachten, Visions, Tempest, Star Shine, Narzisse, Jaunt VS, Hover VS, Genesis, Chrome4 XP, Volume



2010-05-11

Password တွေ strong ဖြစ်ကြရလေအောင်


ဒီနေ့ခေတ်မှာ computer တွေရဲ့လုံခြုံရေးထက် အရေးကြီးတာ မရှိသလောက်ပဲဆိုတဲ့ အခြေအနေကို ရောက်လာ တာကြောင့် IT ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။ ကုမ္ပဏီတွေက IT ပညာရှင်တွေဟာ password policy ကို ချမှတ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ၀န်ထမ်းတွေကိုယ်တိုင်ကလည်း password အကြောင်း၊ security အကြောင်းကို နားလည်ပြီး လိုက်နာကျင့်သုံးလို့ရအောင် ရေးသားတင်ဆက်လိုက် ပါတယ်။
Computer သုံးစွဲသူ ၀န်ထမ်းတွေဟာ password တွေကို ဘယ်လိုမျိုးထားသင့်သလဲ၊ ပေးသင့်သလဲ မသိကြပါဘူး။ များသောအားဖြင့် မွေးနေ့၊ အမှတ်တရနေ့၊ နေရာ၊ ဇနီးအမည်၊ အိမ်မှာ ခွေးအမည် စသည်ဖြင့် အလွယ်တကူ ပေးတတ်ကြပါတယ်။ Password က မေ့နိုင်စရာ အကြောင်း မရှိတော့ပေမယ့် လွယ်လွန်းတော့လည်း ခိုးယူဖို့ လွယ်ကူသလို လုံခြုံစိတ်ချရမှုအတွက်လည်း အားနည်းနေတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။
Password ပေးတာနဲ့ပတ်သက်လို့ အနည်းဆုံး စာလုံး ၈ လုံးရှိရမှာဖြစ်ပြီး ဒီထဲကမှ အနည်းဆုံး ၃ လုံးဟာ upper-case ၊ lower-case ၊ special character တွေနဲ့၊ နံပါတ်တွေကို ရောစပ်ထားသင့်ပါတယ်။
စာတွေနဲ့ နံပါတ်တွေကို အပြန်အလှန် လဲသုံးသင့်တယ်။ [eg. O (အို) အစား 0 (zero) ၊ A အစား 4 ၊ L အစား 1 ၊ 3 အစား E ]

နံပါတ်တွေ ရေးမယ့်အစား one ၊ two ၊ three ဆိုပြီး စာသားအနေနဲ့ ရေးသင့်ပါတယ်။

Upper-case (capital) စာလုံးကို အစမှာပဲ မဟုတ်ပဲ နေရာအစုံမှာ သုံးပါ။ (eg. bLue ၊ happY)

Special character တွေဖြစ်တဲ့ (!@#$%^&*( ) { } [ ] စတာတွေကို သုံးဖို့ လိုပါတယ်။ စာသားအနေနဲ့လည်း သုံးနိုင်ပါတယ်။ (eg.happy 31=h@ppY3! ၊ H = !-L)

လူသားမများတဲ့ စကားလုံး၊ စကားစုတွေ သုံးပါ။

စာလုံးပေါင်းတွေကို လွှဲအောင်ပေါင်းပါ။
(eg-serious=sirius ၊ Class = Klass)

Password တွေကို ဖော်ပြပါ နည်းအတိုင်း အသုံးပြုခြင်းဖြင့် မှတ်ရလွယ်ကူပြီး hacker တွေအတွက် ဖော်ရ ခက်ခဲတဲ့ password တွေ ဖြစ်လာပါတယ်။ ခက်ခဲတဲ့ password အချို့ လက်တွေ့ ဖန်တီးကြည့်ရအောင်။

Friday frYday! Robert #rob ERt# 19 Peach Place One9peacHpl! I love Jill eYelov3Jill My dog Fritz Meyedogfr1tZ

ဒီဥပမာတွေဟာ မှတ်ရလွယ်ကူကြောင်း တွေ့ရပါတယ်။ မှတ်မိသလောက် စာလုံးအရှည်ကို စာတွေ upper-case ၊ lower-case ၊ နံပါတ်တွေ၊ special character တွေ အစုံပါအောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီနည်းနဲ့ ကုမ္ပဏီက ၀န်ထမ်းတွေကို သုံးခိုင်းရင် security policy ကို အထောက်အကူပြုမှာပါ။ ပြီးတော့လည်း သူတို့ရဲ့ social networking အသုံးပြုမှု၊ bank information ဆိုင်ရာတွေကိုပါ ကာကွယ်ပြီး ဖြစ်ပါလိမ့်မယ်။

Ref:
ကောင်းမြတ်
PC World Myanmar ( May 2010 )

2010-05-08

Command Prompt အရောင် ပြောင်းလဲခြင်း

Command Prompt ကို အသုံးပြုကြတဲ့အခါမှာ အနက်ရောင်နောက်ခံမှာ အဖြူရောင်စာလုံးလေးတွေကို တွေ့မြင် နေကြရတဲ့ ပုံစံအတိုင်း လွန်စွာ ရိုးရှင်းလွန်းလှပါတယ်။ ဒါကြောင့် အရောင်ပြောင်းလဲတတ်တဲ့ လူသားတို့ သဘာဝ အရောင်အပြောင်းအလဲလေးတွေကို စိတ်ဝင်စားမိသွားပါတယ်။ Command Prompt အတွက် အရောင်ပြောင်းနိုင်အောင် အောက်ပါအတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

-Start ကို Click နှိပ်ပြီး Run box မှာ cmd လို့ ရိုက်ထည့်ပါ။ ဒါဆိုရင် Command Prompt သို့ ၀င်ရောက်သွား ပြီဖြစ်ပါတယ်။

-Command Prompt ပွင့်လာတဲ့အခါ C:\>help color လို့ ရိုက်ပါ။ Color နဲ့ ပတ်သက်တဲ့ digital နံပတ်တွေ ပြပါမယ်။ နံပါတ်တွေက (0-9) ၊ အက္ခရာတွေက (A-F) အထိ ဖြစ်ပါတယ်။

-သင်က စာလုံးတွေကို အနီရောင် ထားချင်တယ်ဆိုရင် C:\color 4 လို့ ရိုက်ထည့်ရပါမယ်။
တကယ်လို့ နောက်ခံကို အနီရောင် ထားချင်တယ်ဆိုရင်တော့ 'color ce' လို့ ရိုက်ပါ။
ဒါဆိုရင် အနီရောင် background မှာ အ၀ါရောင် စာသားများနဲ့ Command Prompt ကို မြင်ရပါမယ်။


-အခြားတစ်နည်းကတော့ GUI ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ Command Prompt ရဲ့ အပေါ် bar ပေါ်သို့ mouse ကို right click တစ်ချက်နှိပ်ပါ။ ထို့နောက် Properties ကို ရွေးချယ် ဖွင့်ပါ။
ထိုအခါ box တစ်ခု ထပ်ပေါ်လာပြီး ၎င်းတွင် Colors (Tab) သို့ ပြောင်းပါ။


- ၎င်းတွင် စာသား (text) သို့မဟုတ် background color အရောင်များကို သတ်မှတ်ပေးနိုင်ပါတယ်။ Font နဲ့ Layout များကိုလည်း ပြင်နိုင်ပါသေးတယ်။

Up