2011-06-17

ဘာသာစကား (၂၄)မျိုးမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း


ဘာသာစကား (၂၄)မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော http://www.myordbok.com/ site တစ်ခုဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေစေပါသည်။ ၎င်း website မှ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာ စကား (၂၄)မျိုးတို့မှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကား (၂၄)မျိုး ကို မြန်မာ ဘာသာသို့ ပြန်ဆိုနိုင်မည်ဖြစ်သည်။

2011-06-09

Ecodsoft Keylogger 2.1


Ecodsoft Keylogger ဟာ သင့်မရှိသည့်အခိုက် သင့်ကွန်ပျူတာကို တစ်စုံတစ်ဦးက အသုံးပြုထားသည့် မှတ်တမ်း များအားလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ပေသည်။ ကွန်ပျူတာရဲ့ နောက်ကွယ်မှ တိတ်တဆိတ် အလုပ်လုပ် နေပြီး ကွန်ပျူတာမှ လုပ်ဆောင်ချက် အားလုံးကို မှတ်သားပေးနေပါသည်။ ထို့ကြောင့် keylogger အသုံးပြုပြီး အခြားသူ များရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးစေမည့် အမူအကျင့်များအတွက် ရှောင်ကြဉ် သင့်ပါသည်။ နည်းပညာအရ ခြေတစ်လှမ်းနောက်မကျ စေရန်အတွက် ရည်ရွယ်ပါသည်။



2011-05-16

New DOTA Map 6.72 Review


"Rubicle" ဟာ နာမည်ကျော် မှော်ဆရာကြီး Aghanim ရဲ့ သားဖြစ်ပါတယ်။ သူဟာ ဘယ်အရာကိုမဆို ဘာ လက်နက်မှ မသုံးဘဲ သူ့ရဲ့ စိတ်စွမ်းအင်သက်သက်နဲ့ လေထဲကို အားစိုက်စရာမလိုဘဲ 'မ' တင်နိုင်တယ်။ မှော်ဆရာ ပေါင်းများစွာက စိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းအားကို မကျော်လွန်နိုင်ဘဲ ပြိုင်ဘက်တွေသာ အားပျော့ရှုံးနိမ့်သွားရတယ်။ Rublicle (The Grand Magus) ဟာ သူ့ရဲ့ အဆုံးမရှိတဲ့ ပါရမီနဲ့ ပြိုင်ဘက်တွေကို သူတို့ရဲ့ ကိုယ်ပိုင်မှော်ပညာဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။ ဒီစွမ်းအင်တွေကြောင့် Sourge တွေကို တိုက်ခိုက်တဲ့ Sentinel ဘက်တော်သားတွေထဲမှာ သူဟာ နာမည်ကြီးပါတယ်။
ဒါကတော့ လူကြိုက်များတဲ့ DOTA ကစားနည်းရဲ့ နောက်ဆုံးထွက် မြေပုံ 6.72 မှာ ပါဝင်လာတဲ့ hero အသစ် Rubicle (The Grand Magus) ရဲ့ နောက်ခံဇာတ်ကြောင်းဖြစ်ပါတယ်။ မြေပုံရေးဆွဲသူကတော့ Icefrog ပဲဖြစ်ပြီး သူဟာ ဒီမြေပုံမှာ hero တော်တော်များများကို Spell, Ability နဲ့ Basic Stats တွေ ပြောင်းလဲ ထားတာ တွေ့ရပါတယ်။ သိသာစွာ ပြောင်းလဲထားတဲ့ hero တွေက Bane, Beast Master, Faceless Void, Guardian Wisp, Icarus, Naga Siren, Pit Lord, Treant Protector, Silencer, Night Crawler, Terorblude တို့ ဖြစ်ကြပါတယ်။ အခြား hero တွေမှာလည်း အနည်းငယ် အလျှော့အတင်း ပြုလုပ်ထားတာ တွေ့ ရပါတယ်။
Hero အသစ်ကတော့ Sentinel ဘက်မှာ Intel Hero အသစ် Rubicle ပါဝင်လာပြီး Item အသစ်ကတော့ Viel of Discord ဖြစ်ပါတယ်။ Hero Ultimate ကို Aghanim's Scepter Upgrade ပြုလုပ်နိုင်တဲ့ Hero List ထဲမှာ Beast Master, Dark Seer, Gyrocopter, Meepo တို့ အသစ် ပါဝင်လာတယ်။ ဒီ Dota 6.72 မြေပုံအသစ်ကို www.getdota.com မှာ download ဆွဲ ရယူနိုင်ပါတယ်။
Icefrog ဟာ hero တွေရဲ့ Balance ကို ညှိပေးဖို့ ကြိုးစားခဲ့သလို Item တွေကိုလည်း အသုံးပြုပုံ ပြောင်းလဲမှု အတော်များများ ပြုလုပ်ခဲ့တယ်။ Viel of Discord ဟာ Target Spell အမျိုးအစားဖြစ်ပြီး AOEm 450 range ရှိပါတယ်။ အခြား Bug တော်တော်များများကိုလည်း ပြုပြင်ပေးခဲ့ပြီး Far Seer ကို Distuptor လို့ Class Name ပြောင်းထားတယ်။ Spell တချို့ ရဲ့ Icon နဲ့ Animation ကိုလည်း ပြောင်းထားပါတယ်။


New Item Formula






နာမည် - Veil of Discord
တွဲစပ်ပစ္စည်းများ - Helms of Iron Will + ( 2 x Robe of the Magic) + Recipe
ကုန်ကျစရိတ် - 3100
Grant - +5 Armor, +5 HP/sec Regeneration, 12 Intelligence
အသုံးပြုပုံကတော့ Item ကို click နှိပ်လိုက်ရင် 475 AoE ရှိတဲ့ Target ပေါ်လာမယ်။ Target ကို Enemy တွေပေါ် နှိပ်လိုက်တာနဲ့ Ememy တွေဟာ Magic Damage 25% ပိုထိမှာ ဖြစ်ပါတယ်။






Grand Magus
Rubick
Starting stats (Level 1 )
Damage 44-54 (Str : 19+1.5 Per Level)
Armor : L (Agi : 14+1.6 Per Level)
MoveSpeed : 300 (Int : 27+2.4 Per Level)
Attack Range : 600

Telekinesis

Rubick က သူ့ရဲ့ စိတ်စွမ်းအင်နဲ့ Enemy Unit တစ်ခုကို လေထဲမှာ ဆွဲမြှောက်ထားပြီး မြေပေါ်ကို ဆောင့်ပစ်ချ လိုက်တာ ဖြစ်ပါတယ်။ မြေပေါ်ပြုတ်ကျတဲ့ Unit ဟာ သူတင်မက ဘေးက Enemy တွေကိုပါ Stun ဖြစ်စေ ပါတယ်။

Telekinesis Land
Telekinesis ကို သုံးလိုက်ရင် Enemy Unit လေထဲမှာ မြှောက်နေချိန်မှာ Telekinesis Land အဖြစ် ပြောင်းလဲ သွားပါတယ်။ ပစ်ချမယ့် နေရာကို Cast လုပ်တဲ့ နေရာရဲ့ 375 AoE အတွင်း ရွေးချယ်ပေးတဲ့ spell ဖြစ်ပါတယ်။


Fade Bolt

ဟိုးအရင်က Spell ဟောင်းတစ်ခုဖြစ်တဲ့ Chain Lighting နဲ့ Spell cast ပုံစံအတူတူပါပဲ။ Fade Bolt ထိတဲ့ Enemy Unit ဟာ Attach Damage ဆယ်စက္ကန့်လျော့ကျမှာပါ။ ပထမဆုံး ၀င်သွားတဲ့ Unit နောက်မှာ Spell Damage 4% ဆီ လျော့သွားမှာ ဖြစ်ပါတယ်။

Null Field

Rubick ရဲ့ Arcane မှော်ပညာကျွမ်းကျင်ပိုင်ဆိုင်မှုက သူနဲ့ သူ့ဘက်တော်သားတွေကို Spell ဒဏ်မှ ကာကွယ် ပေးပါတယ်။ AoE 900 အတွင်းက Allies အားလုံး Magic Damage Reduction 20% ထိ ရရှိနိုင်မှာပါ။

Spell Steal

Rubick ရဲ့ သင်္ကေတ မှောပညာပါ။ ရန်သူ hero ရဲ့  နောက်ဆုံးသုံးခဲ့တဲ့ Spell ကို ခိုးယူသင်ကြားပြီး Rubick က သူ့ရဲ့ ကိုယ်ပိုင်မှော်ပညာအဖြစ် အသုံးပြုပြန်တိုက်ခိုက်ပါတယ်။ မိနစ်အနည်းငယ်ကြာရင် (သို့) Rubick သေသွား ရင်တော့ ပျောက်သွားမှာပါ။

Net Guide Journal - 7 May 2011, Saturday မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။


2011-05-04

Data Storage သမိုင်းကြောင်း


1. Data Storage
၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။ အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။

၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ့ ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။
ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ ဈေးလည်း သက်သာလာတယ်။

IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ၀င်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။

၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ ဈေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။

၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ ဈေးသက်သက်သာသာ၊ disk-drive တွေကလည်း ဈေးကွက်မှာ ၀ယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။

၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။

နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ့ သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။
ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုဈေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ့ နေကြတာ မဟုတ်လား။

အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။

လူ့ဦးနှောက်မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ့ ရတယ်။

၂၀၁၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။

၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဥာဏ်မျိုးကို ရလာလိမ့်မယ်။

၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။

၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ့  သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေ က သိမ်းဆည်းနိုင်လိမ့်မယ်။

အင်တာနက် သုံးစွဲသူပေါင်း
၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။

ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် ဈေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ၀ယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ့ ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ့ ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်း ဖွံ့ ဖြိုးတိုးတက်လာဖို့ မျှော်လင့်မိပါတယ်။

Ref:

http://www.sizes.com/people/brain.htm
http://www.physorg.com/news143893844.html
http://www.zdnet.co.uk/news/desktop-hareware/
http://www.guardian.co.uk/business/2009/may/
http://www.networkworld.com/news/

Computer Magazine (No.48, April 2011 ) မှ ရေးသားချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

2011-04-29

Windows OS လုပ်ငန်းစဉ်များ


ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-

IO.SYS
CONFIG.SYS

MSDOS.SYS
AUTOEXE.BAT

NTDETECT.COM

တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။

Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။

Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။

Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။

Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။


အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။

Source: ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း - Honest Hacking သန်းထိုက် (ရွှေရိပ်) စာအုပ်မှ ထုတ်နုတ် ဖော်ပြ အပ်ပါသည်။

2011-04-22

Active Password Changer Pro 3.5


ဒီ Program လေးကတော့ အကြောင်းအရာ တစ်ခုခုကြောင့် မိမိစက်တွင် ပေးထားသော Log on Password များ မေ့လျော့သွားခြင်း၊ အခြားသူ တစ်ရှိဦးတစ်ယောက်က လိုက်လံ၍ Password များ ပေးထားခြင်းများ ဖြစ်တတ် ပါသည်။ ယင်းကဲ့သို့သော Windows User Name များအတွက် Log ကျသွားခဲ့ပါက Memory Stick လေးတစ်ခု ရှိရုံဖြင့် အလွယ်တကူ ပြန်ဖြည်၍ ရစေပါသည်။ ယခင်ကဆိုလျှင် Log ကျသွားပြီဆိုသည်နှင့် Hiren's Boot CD ဆိုတဲ့ CD ပြားနဲ့ ပြင်ဆင်နိုင်ပါသည်။ ယခုဖော်ပြပါ နည်းလမ်းလေးကတော့ CD/DVD Drive မရှိတဲ့ (သို့) မတတ်ဆင်ထားတဲ့ ကွန်ပျူတာများအတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။ Windows XP နှင့် Windows 7 အတွက်ပါ အဆင်ပြေစေပါသည်။


2011-04-03

How to change the Default Operating System to start in Windows 7


Windows 7 ကို စတင်ဖွင့်လိုက်သောအခါတွင် အထက်တွင် မြင်တွေ့ရသည့် ပုံမှာ Dual Boot Screen ပုံစံဖြစ်ပါသည်။ ပုံမှန်အားဖြင့် ယင်းဖော်ပြပါ နှစ်ခုအနက်မှ Operating System တစ်ခုခုကို ရွေးချယ်လိုက်ရန်မှာ အချိန် စက္ကန့် (၃၀) ပေးထားပါသည်။ ထို့နောက်တွင်မှ သူ့ပုံသေ (default) အတိုင်း windows တက်သွားပါလိမ့်မည်။

ထို့ကြောင့် Windows 7 အသုံးပြုထားသည့် Dual Boot Screen ဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ရန် သက်ဆိုင်ရာ ညွှန်ကြားချက်များအလိုက် နည်းလမ်းများစွာ ရှိပါသည်။ ယင်းကဲ့သို့သော ပြဿနာရပ်များအတွက် အလွယ်ကူ ဆုံးနှင့် အလျင်မြန်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မည်။



2011-03-30

Office 2007 အတွက် Product Key မလို Installer CD ပြုလုပ်ခြင်း။


Microsoft Office 2007 ကို install တင်သောအခါတွင် ပြုလုပ်ရလေ့ရှိသည်မှာ ခွေထည့်လိုက်သည့်အခါတွင် setup wizard မှ Serial No. ထည့်သွင်းရန်အတွက် အကွက်ပေါ်လာပါသည်။ ထိုအခါတွင် ခွေအတွင်းမှ text file ကိုဖွင့်ပြီး နံပါတ်ကို copy ကူးယူပြီး ဖြည့်ခြင်းများဖြင့် အဆင့်ဆင့်ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ယခုနည်းမှာ Office 2007 တင်သောအခါတွင် အဆိုပါ key များကိုထည့်သွင်းပေးရန်မလိုအပ်ပဲ၊ အချိန်ကုန်သက်သာစေမည့် installer ခွေလေး ဖြစ်သွားအောင် ပြုလုပ်ကြည့်ကြရအောင်။

(၁) ပထမဦးစွာ Microsoft Office 2007 CD ခွေကို သင့်စက်တွင်ထည့်၍ ခွေအတွင်းတွင် ပါဝင်သည့် file များ အားလုံးကို Folder လေးတစ်ခု တည်ဆောက်ထားပြီး ကူးယူထားလိုက်ပါ။

(၂) ယင်းသို့ ကူးယူပြီးနောက် ရရှိလာသော Folder ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ် ပေးပြီး၊ ၎င်းအတွင်းမှ Read-Only အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါမယ်။

(၃) ဆက်လက်၍ ကူးယူထားသော Folder အတွင်းမှ Enterprise.WW ဆိုတဲ့ Folder အတွင်းမှာ config.xml ဆိုတဲ့ file လေးကို Notepad ဖြင့် ဖွင့်စေ၍ အထက်ပါပုံစံတွင် ၀ိုင်းပြထားသည့်အတိုင်း အ၀ိုင်းအတွင်းမှ စာများကို ဖျက်လိုက်ပါ။ PIDKEY value နေရာတွင်တော့ ခွေတွင် ပါဝင်သော product key ကို copy ကူးယူ၍ ဖြည့်ပေးလိုက်ပါ။ ထို့နောက် file ကို save လုပ်ပေး၍ Nero burning ဖြင့် ပြင်ဆင်လိုက်သည့် folder အတွင်းမှ file များအားလုံးကို ကူးယူလိုက်ပါ။ ဒါဆိုရင် ရရှိလာသည့် Office 2007 cd အချပ်လေးဟာ cd key ထည့်သွင်း ပေးရန် မလိုအပ်တော့သည့် Office 2007 Installer အချပ်လေးတစ်ချပ်ကို ပိုင်ဆိုင်သွားပြီပေါ့။ အကယ်၍ များများပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ များများသာကူးပေတော့ဗျို့။ အားလုံး အဆင်ပြေကြပါစေဗျား။



2011-03-29

Zawgyi Keyboard Installer for Windows 7 (64-bit)


Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။

2011-03-25

Faronics DFS 6.62.20.3058


DeepFreeze ရဲ့ နောက်ဆုံးထွက် version 6.62.20.3058 ကို အသုံးပြုနည်း manual နဲ့တွဲဖက်ပြီး ပြန်လည်၍ share လုပ်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျား။

File Type: Rar | File Size:4.09 Mb

2011-03-14

Classic Menu For Office 2007


Microsoft Office 2003 မှ Microsoft Office 2007 သို့ version မြှင့်၍ အသုံးပြုရာတွင် ခက်ခဲမှုတစ်ခုမှာ Menu bar များအပြောင်းအလဲကြောင့် အသုံးပြုရ ခက်နေသယောင် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် Office 2003 ချစ်သူများအတွက် Office 2007 ကို အသုံးပြုရာတွင် ယခင်အသုံးပြုခဲ့သော ပုံစံအတိုင်း ပြုလုပ်ထားနိုင်ပါသည်။ အဆင်ပြေကြ ပါစေဗျား။


2011-03-11

Partition Manager 10.0 Personal



Partition Manager 10.0 Personal ဟာ ကွန်ပျူတာပြုပြင်သူများအတွက် လွန်စွာမှ အသုံးတည့်စေသည့် software တစ်ခုပင်ဖြစ်ပါသည်။ Partition ခွဲထားပြီးသား Hard disk ကို size အရွယ်အစား ပြန်လည်၍ adjust ပြုလုပ်လိုခြင်း၊ Partition ပြန်ခွဲလိုခြင်း၊ ပြန်ပေါင်းလိုခြင်း စသည်တို့ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သင့် hard disk တစ်ခုလုံးကို backup ပြုလုပ်၍ သိမ်းဆည်းထားနိုင်ခြင်း၊ အင်တာနက်ဂိမ်းဆိုင်များတွင် အမျိုးအစားတူ ကွန်ပျူတာများအတွက် စက်တစ်လုံးအား လိုအပ်သည်များကို အပြီးအစီး install တင်ထားပြီးပါက ကျန်သောကွန်ပျူတာများအတွက် မိနစ်ပိုင်းအတွင်း windows တစ်ခုလုံးကို install ပြုလုပ်၍ ရခြင်း စသည့်အချက်များကြောင့် Partition Manager ကို ဆောင်ထားသင့်လှပေသည်။

Download:
http://rapidshare.com/files/328329320/fileborg.org_PPM_10.0_Personal__x32_.part1.rar
http://rapidshare.com/files/328329396/fileborg.org_PPM_10.0_Personal__x32_.part2.rar
http://rapidshare.com/files/328329788/fileborg.org_PPM_10.0_Personal__x64_.part1.rar
http://rapidshare.com/files/328329887/fileborg.org_PPM_10.0_Personal__x64_.part2.rar



2011-02-11

Kaspersky All Version Keys 03 April 2011

Kaspersky အတွက် Keys တွေကို ထပ်မံ ရှာပေးလိုက်ပါတယ်။ အဆင်ပြေပါစေဗျား။

2011-01-12

Cool Screen Capture v7.0.1.521


Screen ကို Capture ဖမ်းယူရသော လုပ်ငန်းစဉ်များအတွက် Screen Capture Software များစွာရှိသည့် အနက် အသုံးပြုရလွယ်ကူသော Cool Screen Capture မှာ version 7.0.1.521 ထိပင် ထွက်ရှိလာခဲ့ပါပြီ။ Capture ဖမ်းယူရာတွင် ကွန်ပျူတာနောက်ခံကြီးတစ်ခုလုံးကို အရည်အသွေးကောင်းမွန်သော AVI အမျိုးအစားဖြင့် ထုတ်ယူ ရရှိနိုင်ပါတယ်။ သင်ထောက်ကူမှု ပြုရသော လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထူးပင် သင့်လျော်လှပါသည်။


MOBILedit




MOBILedit! Software ဟာ Mobile Service ကို လုပ်ဆောင်နေကြတဲ့ သူများအတွက် အသုံးဝင်စေမယ့် software တစ်ခုပင် ဖြစ်ပါတယ်။ ဖုန်းမှ တဆင့် ကွန်ပျူတာဆီကို Cable ကြိုးဖြင့် ဖြစ်စေ၊ IrDA (Infrared) နှင့် ဖြစ်စေ၊ Bluetooth စနစ်ဖြင့် ဖြစ်စေ ချိတ်ဆက်ပြီးနောက် ဖုန်းအတွင်းမှာပါဝင်တဲ့ စနစ်များကို ပြောင်းလဲမှု ပြုရာတွင် အဆင်ပြေစေနိုင်ပါလိမ့်မယ်။


2011-01-11

Cafezee အသုံးပြုနည်း

Internet ဆိုင်များနှင့် Network Game ဆိုင်များ အတွက် လူသုံးအများဆုံး ဖြစ်သည့် Cafezee 3.9 ရဲ့ Installer နဲ့ အသုံးပြုနည်း လမ်းညွှန် (မြန်မာ) စာအုပ်နဲ့ တကွ တွဲဖက်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။ အဆင်ပြေ ကြပါစေဗျား။


Up