
Latest News
Showing posts with label Kaspersky Tricks. Show all posts
Showing posts with label Kaspersky Tricks. Show all posts
2010-04-20
2010-02-20
New Trick To Activate Trial In Kaspersky

Kaspersky Lab ရဲ့ ထုတ်ကုန်များဟာ သုံးစွဲသူ များကို အကြိုက်တွေ့ စေမည့် စွမ်းဆောင်ချက်များ နဲ့ အတူ ရိုးရှင်းတဲ့ အသွင်အပြင် များကြောင့် ထိပ်တန်း Anti- Virus software စာရင်းတွင် အမြဲမပြတ် နေရာ ရလျှက်ပင် ရှိပါသည်။ အသုံးပြု ရ အဆင်ပြေခြင်း၊ ထိရောက်မှုရှိခြင်း၊ အချိန်အခါအလိုက် အဆင့်မြင့်နိုင်ခြင်း၊ ထူးခြားသော လုပ်ဆောင်ချက်များ ထည့်သွင်းထားနိုင်ခြင်း၊ တပ်ဆင်ရ လွယ်ကူခြင်း၊ အထောက်အပံ့ပေးနိုင် ခြင်း စသည်တို့ကြောင့် Kaspersky ကို လူကြိုက်များကြပါသည်။ အမှန်တကယ်ပင် အားကိုးချင်စရာ ကောင်းလောက်အောင်ပင် Kaspersky သည် Virus များကို ကာကွယ်နိုင်စွမ်းရှိပါသည်။
တရားဝင် license ကို အခကြေးငွေပေးပြီး တစ်နှစ်စာ ၀ယ်ယူနိုင်သလို၊ နမူနာစမ်းသပ်ပြီး သုံးစွဲလိုပါကလည်း သုံးစွဲမှု ပြုနိုင်ပါသည်။ အင်တာနက်အတွင်းမှ အခမဲ့ပေးထားသော Key များကိုရှာဖွေ၍လည်း မိမိတို့ရဲ့ Kaspersky ကို အသက်သွင်းနိုင်ပါသေးတယ်။ နမူနာ Beta version ကို ရက်ပေါင်း (၃၀)သာ ခွင့်ပြုထားရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် Kaspersky Trial Resetter များကို အသုံးပြုကာ နောက်ထပ်ရက် (၃၀) ပြန်လည်ရရှိကာ အသုံးပြုသွား၍ ရနိုင်ပေသည်။ မည်သို့ပင်ဆိုစေ (ပိုက်ပိုက်) မကုန်ဖို့သာ လိုရင်းပင် မဟုတ်ပါလော။ :)ယခုဖော်ပြပါ နည်းသည် မိမိအနေဖြင့် Kaspersky Antivirus 2010 ကို Trial Version ဖြင့် သတ်မှတ်ရက် (၃၀) ထက်ကျော်လွန်ပြီး ထပ်မံ၍ နောက်ထပ်ရက်(၃၀)အခမဲ့သုံးစွဲလိုပါက ပြုလုပ်ရမည့် လုပ်ဆောင်ချက် ပင်ဖြစ်သည်။

(1) ပထမဦးစွာ Trial version ရဲ့ Active license Key ကို delete လုပ်ပစ်ပါ။


အထက်ပါပုံအတိုင်း ပေါ်လာပါမည်။ Yes ကို click နှိပ်ရွေးချယ်လိုက်ပါ။

(2) ထို့နောက် kaspersky ရဲ့ setting အတွင်းသို့ ၀င်ရောက်ပြီး Enable Self-Defense ဆိုသည့် အမှန်ခြစ် အစိမ်းရောင်လေးကို ဖြုတ်ပေးပါ။

(3) ပြီးနောက် Kaspersky ကို Exit ဖြင့် ထွက်လိုက်ပါ။
(4) ထပ်မံပြီး Run တွင် regedit ဟု ရိုက်ထည့်ပေးပါ။ ဒါဆိုရင် registry editor ပွင့်လာပါမည်။

(5) ထို့နောက် Find command ဖြင့် ProductStatus ဟု ရိုက်ထည့်ပြီး ရှာလိုက်ပါ။

(6) ပြီးနောက် PCID ပေါ်တွင် double click နှိပ်လိုက်ပါ။ ထို့နောက် Bracket အတွင်းမှ နောက်ဆုံး (၃)သုံးကို သင်နှစ်သက်ရာသို့ ပြောင်းပေးလိုက်ပါ။
(7) Registry editor မှ ပြန်ထွက်လိုက်ပါ။ ပြီးတော့ Kaspersky ကို ပြန်ဖွင့်ပြီးတော့ Trial License ကို ပြန်လည်ပြီး Activate ပြန်လုပ်လိုက်ပါ။


ဒါဆိုရင် Kaspersky ရဲ့ Trial for 1 computer အတွက် အောင်မြင်သွားပြီပေါ့။
Ref: Rajeshmagic
Subscribe to:
Posts (Atom)