Showing posts with label Dictionary. Show all posts
Showing posts with label Dictionary. Show all posts

2007-11-03

Computer User's Dictionary (ကွန်ပျူတာ အဘိဓာန်)

Computer User's Dictionary

A

ABC-AB Switch
အခြေခံ RS-232C ABC ခလုတ်မျိုးကွဲတစ်ခု ဖြစ်သည်။ ဘုံသုံးကိရိယာ (င) အကြား အခြားကိရိယာနှစ်ခု (A or B) ၏ အခြေခံ ABC လုပ်ဆောင်မှုတွင် အပိုထပ်ဆောင်းလျက် ဤခလုတ်က (A or B) ဆက်သွယ်မှုကို ရွေးချယ် လုပ်ဆောင်ခွင့် ရစေသည်။ ABC-AB သည် A-B ဆက်သွယ်မှုကို ဖြတ်သန်းလျက် null modem တစ်ခုအတိုင်း DTE ကိရိယာနှစ်ခု၏ တိုက်ရိုက်ဆက်သွယ်မှု ရရှိစေရန် အတွင်းပိုင်းဝါယာ ဆက်သွယ်ထားခြင်း ဖြစ်သည်။ တချို့ ABC-AB Switches တို့တွင်'TEST' အမှတ်အသားပြထားသည့် ရွေးချယ်မှုခလုတ်တစ်ခု ပါရှိသည်။ စမ်းသပ်မှုတွင် A နှင့် B ခလုတ် အနေအထားများရှိ ကိရိယာများသို့ data အချက်အလက်များကို ပြန်လည်ပို့ပေးတတ်သည်။ ကိုယ်တိုင် စမ်းသပ်မှုအတွက် အသုံးဝင်သည်။

A bend (A bnormal End)
ကွန်ပျူတာ ရုတ်တရက်ချို့ယွင်းသွားခြင်း/ပျက်သွားခြင်း (carsh) သို့မဟုတ် bomb ဟုလည်း ခေါ်သည်။ ကွန်ပျူတာက သူလက်ခံနေသော ညွှန်ကြားချက်များ (သို့) data များကို မမှတ်မိတော့သောအခါ (သို့) program တစ်ခုက အကာအကွယ်ပေးထားသော နယ်နိမိတ် (protective boundary) အပြင်ဘက်ကို ရောက် အောင် ကြိုးပမ်းလာသောအခါမျိုးတွင် ဤကဲ့သို့ ဖြစ်ပွားတတ်ပါသည်။ မမှန်ကန်သော software logic (သို့) hardware ချို့ယွင်းချက်တို့ကြောင့်လည်း ဤသို့ဖြစ်နိုင်သည်။

Abstract Syntax Notation One (ASN-1)
OSI Reference model ၏ အပိုင်းတစ်ခုကို Abstract Syntax အဖြစ် ဖန်တီးထားပြီး machine independent ဟု ခေါ်သည်။ computer နှင့် သီးခြားသတ်မှတ်ထားသော စံများဖြစ်ပြီး computer အချင်းချင်းချိတ်ဆက် သုံးစွဲရာတွင် သုံးစွဲရမည့် `စံ´ များဖြစ်သည်။ encoding system မတူသော computer နှစ်ခုကို ချိတ်ဆက်ရာ ၌ data များ ပေးပို့ရာတွင် data function structure များကို ဖော်ပြပေးရာတွင် အသုံးပြုသည်။

Abstraction
ရှင်းလင်းချက်များ (သို့) နောက်ခံအသေးစိတ် အချက်အလက်များ (background detail) မပါဝင်သော အရေး ပါသည့် အင်္ဂါရပ်များကိုသာ ကိုယ်စားပြုသော အလုပ် (act)။ ဥပမာ- မော်တော်ကားတစ်စင်း အသုံးပြုမည် ဆို ပါက ကား၏အတွင်းပိုင်း အလုပ်လုပ်ပုံ၊ အတွင်းပိုင်း နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ သိစရာမလိုပါ။ ကျွန်ုပ်တို့ သိထားရမည်မှာ မောင်းနည်းသာ ဖြစ်သည်။

Access Charge
Computer (သို့) Data တစ်ခုရှိ Telephone ကွန်ယက်များသုံးစွဲသည့်အတွက် ပေးရသော အခကြေးငွေဖြစ်သည်။

Access Control List (ACL)
(i) Microsoft Windows NT နှင့် Windows 2000 တို့တွင်ရှိသော ကွန်ယက်တွင်ပါဝင်သည့် အရင်းအမြစ်များကို အရာဝတ္ထု တစ်ခုက ဆက်သွယ်ပေးနိုင်သော စာရင်း။
(ii) သတင်းအချက်အလက် အကြောင်းအရာများ၏ သတ်မှတ်ထားသည့် အချက်များကို ဖွင့်ယူခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အခြေအနေများအား ကန့်သတ်တားဆီးမှု ပြုလုပ်ရန် အစိတ်အပိုင်းဖြစ်သည်။ တနည်းအားဖြင့် များပြားလှစွာသော ကြိုတင် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၏ အုပ်စုအတွင်း အသုံးပြုသူမှ သီးခြားသင်္ကေတလက္ခဏာများ၊ ၎င်းတို့၏ အသင်းဝင်အဖြစ် အသိအမှတ်ပြုထားချက်များအား အခြေခံကာ သတ်မှတ်ထိန်းချုပ်မှု အသွင်အပြင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

Access method
အချက်အလက်များကို main storage နှင့် I/O device များအကြား ပေးပို့သည့် နည်းစနစ်တစ်ခုဖြစ်သည်။ System Network Architecture တွင် ၎င်းသည် software တစ်ခုဖြစ်သည်။ ကွန်ရက်၏ information စီးဆင်း သွားလာမှုတွင် ထိန်းချုပ်ပေးသည်။ ဤစကားလုံးကို နည်းစနစ်တစ်ခုအတွက်လည်း အသုံးပြုသည်။ ဥပမာ Token/Collision Detection CSMA/CD တို့ဖြစ်သည်။ ၎င်းအား ကွန်ရက်၏ node များက မည်သည့်အစီအစဉ် မည်သို့ ချိတ်ဆက်ရမည်ကို ထိန်းချုပ်ပေးသည်။

Access Permissions
Microsoft Windows 2000 သုံး servers အတွင်းတွင် မျှတစွာ သုံးစွဲနိုင်စေရန် ၀င်ရောက်လုပ်ကိုင်မှုအတွက် ထိန်းချုပ်မှု ခွင့်ပြုချက်များဖြစ်သည်။

Access Provider
Internet ဆက်သွယ်မှုကို ရောင်းချပေးသော ကုမ္ပဏီ၊ အင်တာနက် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးသူများ (Internet Service Provider) ဟုလည်း လူသိများသည်။

Access Speed
သင်၏ PC သို့ ပို့ပေးရန်နှင့် disk ပေါ်ရှိ သီးသန့် data များကို ရှာဖွေရန် အခြား drive သို့မဟုတ် CD drive, hard drive, floppy drive တစ်ခုအတွက် ကြာသော ပျမ်းမျှအချိန်ပမာဏ၊ Access speed ကို မီလီစက္ကန့် (millisecond ms) ဖြင့် တိုင်းသည်။

Accounting Information System
အဖွဲ့အစည်းတစ်ခုမှ ငွေကြေးယိုပေါက်မှုများ၊ စီးပွားရေးလုပ်ငန်းများကို မှတ်တမ်းတင်ပြီး အစီရင်ခံတင်ပြသော သတင်းအချက်အလက်ပေးစနစ်များ (information system) နှင့် ငွေကြေးဆိုင်ရာထုတ်ပြန်ချက်များကို ဖော်ပြ ခြင်း၊ ယင်းသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့ ထိန်းချုပ်မှုနှင့် စီမံချက်များအတွက် သတင်းအချက်အလက် (information) ကို ပေးသည်။ ယင်းသည် တရားဝင်သည်။

Account lockout
သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း မအောင်မြင်သည့် logon ပြုလုပ်ထားမှုများ ရှိလာပါက ထို logon ပြုလုပ်ထားသူ user အား လုံခြုံမှုဆိုင်ရာမူအရ lockout setting ဖြင့် အခြေခံဆောင်ရွက်ထားသည့် Windows 2000 security ၏ အသွင်အပြင်တစ်မျိုးဖြစ်သည်။

Account Policy
ကိုယ်ပိုင် ကွန်ပျူတာများတွင်ဖြစ်စေ၊ domain တစ်ခုခုတွင်ဖြစ်စေ၊ Password များကို user accounts အားလုံး ဖြင့် မည်သို့ အသုံးချရမည်ကို ထိန်းချုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Active Directory Schema
Active Directory Service လုပ်ငန်းအတွင်းတွင် အကြောင်းကိစ္စ ရည်ရွယ်ချက်အမျိုးအစားနှင့် သိုမှီးမှု အနေ အထားတို့ကို ဖော်ပြပေးသည့် ပုံစံအနေအထားဖြစ်သည်။ ရည်ရွယ်ချက်အမျိုးအစား တစ်ခုစီအတွက် ပုံစံအနေ အထားသည် မူလပုံစံအမျိုးအစားတစ်ခုမှ ဆင့်ပွားပုံစံ အမျိုးအစားအထိ အဆင့်ဆင့် ကိုယ်ပိုင်ဂုဏ်သတ္တိများဖြင့် တည်ရှိနေစေသည်။

Active Directory Service
Windows 2000 Server, Advanced Server နှင့် Data center Server Operating Systems များနှင့် အတူ ပါဝင်ထားပြီး၊ directory service ကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Active Directory သည် users များ အနေဖြင့် လည်းကောင်း၊ computer များအနေဖြင့်လည်းကောင်း၊ groups များအနေဖြင့် လည်းကောင်း အခြား network resources များအနေဖြင့်လည်းကောင်း ကိုယ်စားပြုပေးသည့် ကိစ္စများ ပါဝင်ထားသော အဆင့်ဆင့် ခွဲခြားသတ်မှတ်ထားသည့် directory တစ်ခုဖြစ်သည်။

Active Directory Service Interfaces
Directory service model တစ်ခုနှင့် အတူရှိနေသော com interfaces တစ်စုံကို ခေါ်ဆိုခြင်းဖြစ်သည်။ ထို ADSI သည် Windows 95, Windows 98, Windows NT နှင့် Windows 2000 တို့အား application မှန်သမျှ ကို Active Directory Service အပါအ၀င် ကွန်ရက်ဆိုင်ရာ directory services တော်တော်များများတွင် ၀င်ရောက်သုံးစွဲစေနိုင်သည်။

Active Directory Sites and Services Console
သင့် ကွန်ရက်၏ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သော စီမံ ခန့်ခွဲရေးဆိုင်ရာ ကိရိယာတစ်ခုဖြစ်သည်။ Active Directory သည် လမ်းညွှန်သတင်းအချက်အလက်များကို မိတ္တူပွားရန်နှင့် တောင်းဆိုလာသော ၀န်ဆောင်မှုများကို ထိန်းချုပ်ရာတွင် အဆုံးအဖြတ်ပေးရန် သတင်းအချက် အလက်များကို အသုံးပြုလေ့ရှိသည်။

Active Directory Users and Computers
တက်ကြွသော လမ်းညွှန်သဘောပါ အုပ်ချုပ်ရေးတာဝန်များ (Active Directory administration tasks) ကို နေ့စဉ်ဆောင်ရွက်ရန် တီထွင်ထားသော administrative tool ဖြစ်သည်။ ဤ task များတွင် ဖန်တီးခြင်း (creating) ၊ ပယ်ဖျက်ခြင်း (deleting) ၊ ပြုပြင်မွမ်းမံခြင်း (modifying) ၊ ရွှေ့ပြောင်းခြင်း (moving) နှင့် လမ်းညွှန် ထဲတွင် သိုလှောင်ထားသော object များနှင့် ပတ်သက်သည့် ခွင့်ပြုချက်များကို စီစဉ်ထားခြင်း (အချက်အလက် များ ရှာနိုင်သည်ဟု ဆိုလိုပါသည် ) တို့ပါဝင်သည်။ ဤ object များတွင် အဖွဲ့အစည်းဆိုင်ရာ ဌာနများ (organizational units) အသုံးပြုသူများ (users) ၊ contacts ၊ groups ၊ computers ၊ printers တို့ ပါဝင်သည့် အပြင် ခွဲဝေပေးထားသော file object များ ပါဝင်သည်။

Active Directory Users and Computers console
စီမံခန့်ခွဲမှုဆိုင်ရာ ကိရိယာများအား Active Directory ၏ စီမံခန့်ခွဲမှုဖြင့် တစ်နေ့ချင်း ဆောင်ရွက်သွားရန် စီစဉ် တည်ဆောက်ထားသည်။ ဤတာဝန်များတွင် ဖန်တီးခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ဖယ်ရှားခြင်း (moving) နှင့် directory ထဲတွင် သိုလှောင်ထားသော အကြောင်းအရာများ (objects) နှင့် ပတ်သက်၍ စီစဉ် ထားသည့် ခွင့်ပြုချက်များ ပါဝင်သည်။

Active Volume
Computer စဖွင့်စဉ် ထွက်လာသည့်အသံ အတိုးအကျယ်ခလုတ်။ Active volume သည် dynamic disk ပေါ်မှ ရိုးစင်းသော volume ဖြစ်သည်။ သင်သည် လက်ရှိ dynamic volume ကို active volume အဖြစ် မှတ်ယူ၍ မရ ပါ။ သို့သော် dynamic disk တစ်ခုတွင် active partition ပါဝင်သော basic disk ကို သင် upgrade လုပ်နိုင် ပါသည်။ disk ကို တစ်ကြိမ်သာ dynamic အဖြစ် upgrade လုပ်ထားခဲ့ပါက partition သည် active ကို ဆိုလို သော simple volume တစ်ခုဖြစ်လာသည်။

Active X Control
Active X နည်းပညာကို အသုံးပြုသည့် control တစ်ခုဖြစ်သည်။ ယင်းကို web browser တစ်ခုဖြင့် download နှင့် Execute လုပ်နိုင်သည်။ Program ရေးဘာသာရပ် မဟုတ်ဘဲ application များက သတင်းအချက်အလက် များအား ခွဲဝေသုံးစွဲသည့်နည်းကို ညွှန်ပြထားသည်။ Active X control သည် Java applet ထက် ပို၍စွမ်းအား မြင့်သည်။

Active X Data Objects Ado:
OLE DB နှင့် ကြားခံ ဆက်သွယ်ပေးရန် တည်ဆောက်ထားသော ကွန်ပျူတာ program ဖြင့် ထိန်းချုပ်နိုင်သော object တစ်စုံဖြစ်သည်။ ADO object model က ယခင် ADO object library ထက် ရိုးစင်းပြီး ယင်းကို အခမပေးရသော Microsoft ကဏ္ဍမှ ရယူနိုင်ပါသည်။

Address connections
ROM နှင့် RAM တို့ကို address bus နှင့် မည်သို့ ဆက်သွယ်ရမည်ကို ရည်ညွှန်းသည်။ Bits AII နှင့်AI တို့သည် chip ရွေးချယ်မှုများဖြစ်သည်။ RAM က A7 မှ A0 ၊ ROM က A9 မှ A0 အသုံးပြု၏။ address bus သည် အစိတ်အပိုင်းတစ်ခုအတွင်းမှ နေရာတစ်နေရာကို ရွေးချယ်ရာ၌သုံးသည့် ပစ္စည်းဖြစ်၏။ ထိုသို့ ဆောင်ရွက်ရန် ရွေးချယ်မှုနှစ်ခုကို ဆောင်ရွက်ရသည်။ ဦးစွာ ပစ္စည်းကို အရင်ရွေးရ၏။ နောက်မှ ထိုပစ္စည်းထဲမှ နေရာကို ရွေးရ သည်။

Administrator
စကားဝှက်များနှင့် ခွင့်ပြုချက်များကို သတ်မှတ်ခွဲဝေပေးရန် တာဝန်ယူကာ စီမံခန့်ခွဲရေး domain controller သို့မဟုတ် ဒေသတွင်း computers ၊ ၎င်းတို့ကို အသုံးပြုသူများ၊ group accounts နှင့် setting up တို့အတွက် တာဝန်ရှိသော ပုဂ္ဂိုလ်။

Adobe type manager
Font များ၏ ပုံသဏ္ဌာန်ကို ဖော်ပြရန်နှင့် အရည်အသွေးကို မပြောင်းစေပဲ လိုသည့် အရွယ်အစားပြန်ပြောင်းရန် အသုံးပြုသော software စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ဤစံသတ်မှတ်ချက်သည် Apple system 7 နှင့် Microsoft Windows 3.1 တို့နှင့် တွဲသုံးပြီး မည်သည့် point အရွယ်အစားကိုမဆို စကေးချနိုင်သည်။ မည်သည့် printer ဖြင့်မဆို print ထုတ်နိုင်သည်။ Adobe သည် software company တစ်ခုဖြစ်ပြီး Acrobat, ATM နှင့် Post Script စသော ပစ္စည်းများကို ထုတ်လုပ်သည်။

Advergame
Download လုပ်နိုင်သော game သို့ internetို အခြေခံသော game ဖြစ်ပြီး ပစ္စည်းတစ်ခု၏ ကုန်အမျတ်တံဆိပ် ကို game ၏ အဓိက အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းထားလေ့ရှိသော game ဖြစ်သည်။

.aero
သတ်မှတ်ထားသော အမည်များနှင့် နံပါတ်များအတွက် ဆောင်ရွက်ပေးသော internet ကော်ပိုရေးရှင်း (Internet Corporation for Assigned Name and Numbers (ICANN) က 2000 ပြည့်နှစ်တွင် အတည်ပြုပေး ခဲ့သော အဆင့်မြင့် domain name ခုနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ .aero ဆိုသည်မှာ လေကြောင်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်းနှင့် ဆက်နွယ်နေသော website ဟု အဓိပ္ပါယ်ရသည်။ ထို domain name အသစ်ခုနှစ်ခုကို 2001 ခုနှစ် နွေဦးရာသီမှစ၍ အသုံးပြုနိုင်ခဲ့သည်။

Aggregator
အခြားကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို စုစည်း၍ စားသုံးသူများထံ Website တစ်ခု တည်းမှ သတင်းဖြန့်ချိပေးသည့် internet ကုမ္ပဏီဖြစ်သည်။

Air Snort
ကြိုးမဲ့ကွန်ရက်များမှ ပေးပို့သော သတင်းအချက်အလက်များတွင် ပါဝင်သည့် စကားဝှက်များကို စုစည်းရန်နှင့် စကားဝှက်ပြန်ဖော်ရန် အသုံးပြုသော ကိရိယာဖြစ်သည်။ Air Snort သည် ကြိုးမဲ့ထုတ်လွှင့်မှုများကို ထိန်းသိမ်း ကွပ်ကဲပြီး သတင်းအချက်အလက်စုံတွဲများကို စုစည်းပေးသည်။ သတင်းထုတ်လွှင့်ပေးပို့ရာတွင် အသုံးပြုသော စကားဝှက်ရေးသွင်းမှု key များကို computer ဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်သည်။ Air Snort သည် ၀ိုင်ယာကြိုး သုံး ပရိုတိုကော Wired Equivalent Protocol (WEP) စံ သတ်မှတ်ချက်တွင် ဖြစ်ပေါ်တတ်သော လုံခြုံရေး အားနည်းချက်များမှ အခွင့်အရေးရအောင် ဆောင်ရွက်နိုင်သည်။

A-Life
Artificial Life ၏ အတိုကောက်ဖြစ်သည်။ computer program သို့မဟုတ် computer စနစ်တစ်ခုက သက်ရှိ လက္ခဏာများ၏ ပုံတူအသွင်အဖြစ် တစ်ခုဖန်တီးခြင်း။


Always on
Computer အသုံးပြုသူသည် Online နှင့် ဆက်နေသည်ဖြစ်စေ၊ ဆက်မနေသည်ဖြစ်စေ ဆက်သွယ်မှုကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်သော internet ဆက်သွယ်မှုဖြစ်သည်။ အမြဲဖွင့်ဆက်သွယ်မှု (Always On) များသည် computer အသုံးပြုသူများက internet ဆက်သွယ်မှုကို ပြန်ဖွင့်ပြန်ဆက်ရန် မလိုဘဲ အဆင်ပြေ အောင် ဆောင်ရွက်ပေးသည်။ သို့သော် hacker များက ထိုစနစ်ကို ဆက်သွယ်မှုကိုလည်းကောင်း၊ ဒုက္ခပေးနိုင် သော program များကို ပြန့်ပွားအောင် ဆောင်ရွက်စေနိုင်ရန်လည်းကောင်း အခွင့်အလမ်းများကို ပိုမိုရရှိစေ သည်။



B

1970 ခုနှစ်က AT & T သုတေသန၏ စမ်းသပ်ဓာတ်ခွဲခန်းများ၌ တီထွင်ခဲ့သော experimental programming language တစ်ခုဖြစ်ပြီး C ၏ အစောဆုံးပေါ်ထွက်ခဲ့သော ဘာသာစကားဖြစ်သည်။


Ref: မောင်ထူးချွန် ...Computer User's Dictionary (ကွန်ပျူတာ အဘိဓာန်)

2007-10-06

Pocket Internet (အိတ်ဆောင် အင်တာနက်)



အပိုင်း(၁)
အက်ဆေးများ

အင်တာနက် သမိုင်းအကျဉ်း
မစတင်မီကာလ

1866- အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ တယ်လီဖုန်းကေဘယ်ကြိုးကို ပထမဆုံးချထားခဲ့ပါတယ်။ ယင်းသည် ကမ္ဘာ့တိုက်ကြီးများ အလျင်အမြန် ဆက်သွယ်ရေးအတွက် ဖြစ်နိုင်သည်ဟု သရုပ်ပြလိုက်ခြင်းဖြစ်သည်။ ၀ိတိုရိယ ဘုရင်မကြီးနှင့် သမ္မတ ဂျွန်ဆင် တို့အကြား ထိုကေဘယ်ကို သုံး၍ အပြန်အလှန်သတင်းများ ပေးပို့ ခဲ့ကြသည်။

1943- အလန်တာရင်း (Alan Turing) က ကိုလိုဆပ် (Colossus) ကို တည်ဆောက်ခဲ့သည်။ ယင်းစက်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ ဆက်သွယ်ရေးကို နားထောင်ကာ စကားဝှက်များကို ဖော်ထုတ်နိုင်ခဲ့ သည်။ ကမ္ဘာ၏ အစောဆုံး Program ပါသော Computer ဟု ဆိုနိုင်သည်။

1945- "As We May Think" ဟူသော ခေါင်းစဉ်ဖြင့် Atlantic Monthly Magazine တွင်ဖော်ပြခဲ့သော ဆောင်းပါးသည် ရှေ့ရေးကို ကြိုတွေးထားသကဲ့သို့ပင် ဖြစ်ခဲ့ရသည်။ ယင်းဆောင်းပါးကို ရေးခဲ့သူမှာ နောင်တွင် အမျိုးသားသိပ္ပံအဖွဲ့၏ ပထမဆုံး ဒါရိုက်တာဖြစ်လာခဲ့သူ Vannevar Bush ဖြစ်သည်။ သူက ယင်းဆောင်းပါး တွင် memex ဟု ခေါ်သော စက်တစ်မျိုးကို ရေးသားဖော်ပြခဲ့သည်။ Microfilm ကို အခြေခံထားသော memex သည် user ကို အလျင်အမြန် သတင်းအချက်အလက်ပြန်ရယူပေးနိုင်အောင် ဆက်သွယ်ပေးနိုင်ပါလိမ့်မည်။ ယင်းမှာ Web မပေါ်ခင် လွန်ခဲ့သော အနှစ် (50) နီးပါးက စိတ်ကူးဖြစ်သည်။

1948- AT & T ၏ Bell labs မှ သချာင်္ပညာရှင် Claude Shannon သည် Mathematical Theory of Communication ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ Theory အရ မည်သည့် Channel မှမဆို သတင်းအချက်အလက် သယ်ဆောင်နိုင်သော စွမ်းရည်ကို တွက်ချက်ရယူနိုင်သည်ဟု ဆိုသည်။ သူ့ Theory တွင် binary information တစ်ခုကို ဖော်ပြရန် 'bit' ဟူသော စကားလုံးကို စတင်မိတ်ဆက်ပေးခဲ့သည်။ Shannon ၏ စွမ်းဆောင်မှုသည် Information Theory နှင့် Internet အပါအ၀င် ခေတ်သစ်ဆက်သွယ်ရေး စနစ်များအားလုံးကို အထောက်အကူပြုခဲ့သည်။

1958- ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပထမဆုံး ဂြိုလ်တုဖြစ်သော စပွတ်နစ် ပစ်လွှတ်ခဲ့ခြင်းကို တုန့်ပြန်သော အားဖြင့် သမ္မတ Dwight D. Eisenhower သည် အာကာသဖွံ့ဖြိုးတိုးတက်ရေးနှင့်စစ်ရေး Program များကို အပေါ်စီးမှ စောင့်ကြည့်နိုင်ရန် Advanced Research Project Agency (ARPA) ကို ဖန်တီးခဲ့သည်။ ARPA ၏ အကျဉ်းအဓိပ္ပါယ်တွင် computer နှင့် ဆက်သွယ်ရေးစနစ်အသစ်များကို တီထွင်ဖန်တီးတော့မည့် သဘောကို လည်းဆောင်ပါသည်။

1960- မက်ဆက်ချူးဆက် ပြည်နယ် နည်းပညာသိပ္ပံ (Massachusetts Institute of Technology- MIT) မှ သုတေသီ J.C.R Licklider က "Man- Computer Symbiosis" ဟူသော စာတမ်းတစ်စောင်ကို ရေးသား ထုတ်ဝေခဲ့သည်။ ပြဿနာ (Problems) များကို ဖြေရှင်းရာတွင် အဖိုးတန်သော အချိန်ကို ချွေတာနိုင်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရန် လူနှင့် စက်တို့ပူးပေါင်းဆောင်ရွက်နိုင်သော နည်းလမ်းများကို ယင်းစာတမ်းတွင် ဖော်ပြထားသည်။

1961- MIT မှ သုတေသီ Leonard Kleinrock က packet switching theory နှင့်ပတ်သက်သော ပထမဆုံး စာတမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့သည်။ အသေတပ်ဆင်ထားသော ဆားကစ် (fixed circuits) များမှ တစ်ဆင့် information ကို ပေးပို့ခြင်းထက် အထုပ်လိုက်ပြုလုပ်ထားသော သတင်းအချက်အလက်များ (packages of information) ကို သွက်လက်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပါက information အတွက် အလွန်ကောင်း မွန်သော ဆောင်ရွက်မှုကို ရရှိစေနိုင်သည်ဟု ယင်းစာတမ်းက ARPA မှ သိပ္ပံပညာရှင်များကို အသိပေး လှုံ့ဆော် ခဲ့သည်။

1962- နျူကလီယား တိုက်ခိုက်မှုခံခဲ့ရပါက ဆက်သွယ်ရေးကွန်ယက်များ ပြတ်တောက်မသွားဘဲ ဆက်လက် ရှင်သန်နေအောင် ဆောင်ရွက်သော Rand Corporation မှ သိပ္ပံပညာရှင် Paul Baran က သတင်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်သော computer ကွန်ယက်ကို ပထမဆုံးအကြိမ် ဖော်ပြခဲ့သည်။ ကွန်ယက်တစ်ခု ကို nodes များစွာဖြင့် တည်ဆောက်ထားသော သူ၏ model မှာ အပြောင်းအလဲ တစ်ရပ်ပင်ဖြစ်သည်။ ယင်းတွင် messages ကို blocks များအဖြစ် ခွဲပစ်ပြီး ယင်း block တစ်ခုစီကို သူတို့၏ နောက်ဆုံး destination ဆီသို့ မတူညီသော လမ်းကြောင်းတစ်ခုစီဖြင့် သယ်ဆောင်သွားမည်ဖြစ်သည်။ အဓိပ္ပါယ်မှာ packet-based network တစ်ခုကို ဆိုလိုပါသည်။

1965- ကွန်ယက်အမျိုးအစား အသစ်တစ်ခုကို ဖြတ်ကာ transmission အတွက် messages များကို ဖြိုခွဲပေး သော နည်းလမ်းတစ်ရပ်ကို ဖော်ပြရန် အမျိုးသား ရူပဗေဒ ဓာတ်ခွဲသုတေသန (NPL) (National Physical Laboratory) မှ ဗြိတိသျှလူမျိုး သုတေသီ Donald Davies က 'packet' ဟူသော စကားလုံးကို ပထမဆုံး အသုံး ပြုခဲ့သည်။ Davies ၏ စိတ်ကူးမှာ Paul Baran ၏ တစ်ဆင့်ခံ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ work သည် စစ် ရေးထက် လူထုဆက်သွယ်ရေးကို ပို၍ အာရုံစိုက်ထားခဲ့သည်။
ARPA က ယင်း၏ ကွန်ယက်ချိတ်ထားသော ကွန်ပျူတာများကို ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်ခဲ့ သည်။ ယင်းလုပ်ငန်းတွင် တစ်စက္ကန့်တွင် 2000 bits ရှိသော တယ်လီဖုန်း Link ကို သုံးကာ မက်ဆက်ချူးဆက် ပြည်နယ်နှင့် ကာလီဖိုးနီးယား တို့ရှိ စက်နှစ်လုံးကို ဆက်သွယ်မှုလည်း ပါဝင်သည်။
Ted Nelson က ဤဝေါဟာရကို 'hypertext' ဟု အမည်ပေးခဲ့သည်။

1967- ARPA မှ ကွန်ပျူတာသိပ္ပံပညာရှင် Larry Roberts က dial up telephone lines များအပေါ် အခြေခံ သော မြန်ဆန်စွာ transfer အင်အားကောင်းသည့် network အတွက် design တစ်ခုကို တင်ပြခဲ့သည်။ London တွင် Donald Davies က အစောပိုင်း စမ်းသပ်မှုဖြစ်သော packet switching ကို အခြေခံသည့် National Physical Laboratory Data Network ကို တည်ဆောက်နေသည်။ အောက်တိုဘာလတွင် Association for computing Machinery Symposium တွင် "ARPA net" network အတွက် design တစ်ခု ကို တည်ဆောက်ရန် အကြံပြုထားသော ပထမဆုံး စာတမ်းတစ်စောင်ကို Roberts က တင်ပြခဲ့သည်။
Packet networks သုတေသနပြုမည့် အဖွဲ့သုံးဖွဲ့ (ARPA, RAND နှင့် NPL) မှ ကိုယ်စားလှယ်များသည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

1968- Interface Message Processors (IMPS) များကို တည်ဆောက်ရန် ကန်ထရိုက်စာချုပ် ချုပ်ခဲ့သည်။ experimental ARPA network အတွက် Bolt, Beranek နှင့် Newman (BBN) တို့ ဆုရခဲ့သည်။

The Arpanet age
1069- စတင်းဖို့ဒ်တက္ကသိုလ်၊ လော့အိန်ဂျယ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ် (University of California of Los Angeles (UCLA)၊ စင်တာဘာဘရာရှိ ကာလီဖိုးနီးယား တက္ကသိုလ်၊ ယူတာတက္ကသိုလ်တို့တွင် ပထမဆုံး ARPA network hosts လေးခုကို တပ်ဆင်ပြီး ယင်းတို့ကို AT & T က 50 kbps lines မှ တဆင့် ဆက်သွယ် နိုင်အောင် ဆောင်ရွက်ပေးထားသည်။ ပထမဆုံး မှတ်တမ်းတင်ခဲ့သော network မှာ အောက်တိုဘာလတွင် ပျက်စီးခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ UCLA မှ စတင်းဖို့ဒ် ကွန်ပျူတာကို ဆက်သွယ်ရန်ကြိုးပမ်းသောအခါ LOGIN ၏ G ဆိုသော အက္ခရာက ၀င်ရောက်လာသောကြောင့်ဖြစ်သည်။
Bell labs မှ Ken Thompson နှင့် Dennis Ritchie တို့သည် အင်တာနက်၏ အခြေခံဖြစ်လာနိုင်သော ရှေးဦး operating system ဖြစ်သည့် Unix ကို တီထွင်သည်။
Compuserve သည် computer time sharing service အဖြစ် အမေရိကန်အာမခံ ကုမ္ပဏီတစ်ခုတွင် စတင် လှုပ်ရှားလာသည်။
Remote terminal တစ်ခုမှ ကွန်ပျူတာကို control လုပ်နိုင်သည်။ လူများကို log into လုပ်ရာတွင် အထောက်အကူပြုသော program တစ်ခုဖြစ်သည်။

1970- ဟာဝေယံကျွန်းလေးကျွန်းပေါ်၌ ကွန်ပျူတာများအကြား data များကို အပြန်အလှန် ဖလှယ်ပေးနိုင်သော စနစ်တစ်ခုဖြစ်သည့် Alohanet ကို Norman Abramson က တီထွင်ခဲ့သည်။

1972- BBN မှ Ray Tomlinson က ပထမဆုံး e-mail program ကို ရေးသားသည်။ e-mail address များတွင် @ ဆိုသော အမှတ်အသားကို အသုံးပြုကာ တည်ဆောက်ထားသည်။ ဇူလိုင်လတွင် Larrry Roberts က စာရင်း လုပ်ထားနိုင်သော ပထမဆုံး program ကို တီထွင်သည်။ ယင်းသည် ပထမဆုံး စစ်မှန်သော e-mail client ထံ သို့ messages များကို ပေးပို့နိုင်သည်။ ပြန်ကြားနိုင်သည်။
ပထမဆုံး အများပြည်သူများကို သရုပ်ပြခဲ့သော ARPA network ကို ၀ါရှင်တန်ရှိ ဟီလတန်ဟိုတယ်တွင် ကျင်းပသော ကွန်ပျူတာဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် နိုင်ငံတကာ ကွန်ဖရင့်တွင် ပြသခဲ့သည်။ ယင်းပြပွဲတွင် စက်အလုံး ၄၀ ပါဝင်ပြသခဲ့သည်။

1973- ARPA network သည် လန်ဒနှ်ရှိ University College နှင့် နော်ဝေးတွင် တည်ဆောက်ထားသော Royal Radar တို့ကို အမေရိကန်ပြည်ထောင်စုရှိ စက်များနှင့် ဆက်သွယ်ရန် ဆောင်ရွက်သည်။
ဟားဗတ်တက္ကသိုလ်မှ ပီအိခ်ျဒီ ကျောင်းသား Bob Metcalfe က Ethernet (ပိုမိုသစ်လွင်ပြီး မြန်ဆန်သော ကွန်ယက်များ ချိတ်ထားသည့် ကွန်ပျူတာများ) နှင့် ဆိုင်သော အယူအဆတစ်ရပ်ကို ဖော်ထုတ်ခဲ့သည်။ သူ၏ တီထွင်မှုကို ကာလီဖိုးနီးယား ပြည်နယ်ပါလို့အယ်တို့ရှိ Xerox PARC မှ ကွန်ပျူတာများနှင့် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။

1974- ပထမဆုံးသော Commercial packet-switched networking service ဖြစ်သော Telenet ကို BBN က ထုတ်လုပ်ခဲ့သည်။ ကွန်ယက်များကိုဖြတ်၍ data packets တွေကို transmission လုပ်ရာတွင် စီမံခန့်ခွဲသော နည်းလမ်းသစ်တစ်ရပ်ဖြစ်သည့် သူတို့၏ Transmission Control Protocol (TCP) အတွက် Vint Cerf နဲ့ Bob Kahn တို့က ပထမဆုံး အသေးစိတ် အချက်အလက်များကို ဖြန့်ဝေခဲ့ပါသည်။

1975- Microsoft ကို ဘီလ်ဂိတ်က တည်ထောင်ခဲ့ပြီး Paul Allen က microcomputers များအတွက် software ကို ထုတ်လုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှသည် ဟာဝေယံကျွန်းနှင့် UK အထိ ဂြိုလ်တု links များကိုဖြတ်ကာ TCP ၏ mailing list ကို Arpanet တွင် မွေးဖွားခဲ့သည်။ သို့မဟုတ် စတင်ဖော်ထုတ်ခဲ့သည်။

1976- UK ရှိ Malvern တွင် တည်ထောင်ထားသော Royal Signals and Radar မှစ၍ ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီးက ပထမဆုံးအကြိမ် royal e-mail ကို ပို့ခဲ့သည်။
Bell Labs မှ သုတေသီများက Unix-to-Unix Copy program ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ သည်။ ယင်းသည် နောင်တွင် basis of Usenet ကို ဖွဲ့စည်းလာခဲ့သည်။
Cryptographer နှင့် လုံခြုံမှုကာကွယ်ရေးဆိုင်ရာ ရှေ့နေ Whitfield Diffie နှင့် Electrical အင်ဂျင်နီယာ Martin Hellman တို့က public key cryptography ကို တီထွင်ခဲ့သည်။

1977- MIT မှ သုတေသီသုံးဦးဖြစ်သူ Ron Rivest, Adi Shamir နှင့် Len Adleman တို့သည် encrypting messages အတွက် public key method (စနစ်) တစ်ခုဖြစ်သော RSA algorithm (အတိုကောက်မှာ သူတို့ နာမည်ပေါ်တွင် မူတည်သည်) ကို တီထွင်ခဲ့သည်။

1978- TCP protocol ကို Internet protocol (IP) အသစ်အဖြစ် ဖန်တီးကာ အစိတ်အပိုင်းနှစ်ခု ခွဲပစ်ခဲ့သည်။ ဤ protocol ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသော network များကို internet အဖြစ် လူသိများသည်။ ဤကဲ့သော internet များကို စုပေါင်းကာ ပိုမိုကျယ်ပြန့်သော internet ကို တည်ဆောက်ထားသည်။

1979- မြောက်ပိုင်းကာလိုလိုင်းနားတက္ကသိုလ်မှ Steve Bellovin ( ) Duke တက္ကသိုလ်မှ Jim Ellis နှင့် Tom Truscott တို့က Usenet ကို တည်ထောင်ခဲ့ကြသည်။
Emoticons (smileys များအဖြစ်လည်း သိထားကြသည်) များကို Arpanet Msg Group mailing list ပေါ်တွင် ပထမဆုံးအဖြစ် အသုံးပြုခဲ့သည်။
Richard Bartle နှင့် အင်္ဂလန်နိုင်ငံ အက်ဆက်တက္ကသိုလ်မှ Roy Trubshaw တို့သည် role-playing games အတွက် ပထမဆုံးသော multiuser dungeon software ကို တီထွင်ခဲ့သည်။

1981- IBM က ပထမဆုံးသော personal computer (PC) ကို ထုတ်လုပ်ခဲ့သည်။ ယင်းတွင် Microsoft ၏ DOS operating system ကို တပ်ဆင်ခဲ့သည်။
အမျိုးသားသိပ္ပံအဖွဲ့ (The National Science Foundation (NSF) က CSNET backbone (ကျောရိုး) ကို တည်ဆောက်ခဲ့သည်။ ယင်းသည် ပညာရှင်များ၊ သုတေသီများအနေဖြင့် Arpanet ကို access လုပ်စရာမလိုဘဲ အသုံးပြုနိုင်သော network အသစ်တစ်မျိုးဖြစ်သည်။

The Internet Age
1982- European Unix Network ခေါ် EUNET ကို UK ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် နယ်သာလန်တို့အကြား e-mail နှင့် Usenet services များကို ဆောင်ရွက်ပေးရန် တီထွင်ခဲ့ကြသည်။
Electronic networks များတွင် အစောပိုင်းက ဒုက္ခပေးခဲ့သော addressing system ကို အစီအစဉ်တကျ ရှိစေရန်အတွက် Wisconsin တက္ကသိုလ်တွင် Domain Name System (DNS) ကို တည်ထောင်ခဲ့သည်။
UK ၏ Joint Academic Network ဖြစ်သော JANET ကို တည်ထောင်ခဲ့သည်။ PC ကို အခြေခံသော Local area networks ကို စတင်သုံးမှုသည် တစ်စတစ်စ ကျယ်ပြန့်ကာ တိုးတက်ဖွံ့ဖြိုးလာသည်။

1983- TCP/IP ကို ARPA မှ တရားဝင် သုံးစွဲခဲ့သည်။ အမေရိကန်ကာကွယ်ရေးဌာနသည် အင်တာနက် ဆက်သွယ်မှု၏ အခြေပြုရာ နေရာဖြစ်သည်။

1984- Cyberspace ခေါ် ဝေါဟာရကို ၀ီလီယံဂစ်ဆင်၏ Neuromancer ခေါ် ၀တ္ထုစာအုပ်တွင် ပထမဆုံး တွေ့ရသည်။ Nets ၏ နာမည်ကျော် အသိုင်းအ၀ိုင်းတစ်ခုဖြစ်သည့် The Well ကို Stewart Brand, Larry Brilliant နှင့် အခြားပုဂ္ဂိုလ်များက စတင်ခဲ့သည်။ ယင်းသည် အီလက်ထရွန်းနစ်ဆွေးနွေးမှုများအတွက် အရေး ပါသော နေရာတစ်ခုဖြစ်လာသည်။ Macintosh ကွန်ပျူတာပထမဆုံး ပေါ်လာသည်။

1985- CSNET အယူအဆအရ NSF ကို တည်ဆောက်သည်။ NSFNET ကို ဖန်တီးလိုက်သည်နှင့် အမေရိကန် ပြည်ထောင်စုရှိ supercomputing centres ငါးခုကို ဆက်သွယ်ပေးသည့် အလွန်လျန်မြန်သော backbone ဖြစ်လာသည်။ NSFNET ပေါ်ပေါက်လာသဖြင့် network အသေးကလေးများ အနှံ့အပြား ပေါ်လာသည်။
America Online (AOL) သည် Quantum Computer Services များအနေဖြင့် စတင်အသက်ဝင်လာသည်။
1986- The Internet Engineering Task Force (IETF) ကို Arpanet နှင့် သော့ချက်ကျသော Internet gateway systems တို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ညှိနှိုင်းရန် ဖွဲ့စည်းခဲ့သည်။
Network News Transport Protocol (NNTP) ကို Usenet ပေါ်တွင် UUCP ကို စတင်အစားထိုးနိုင်ရန် ပြုလုပ်လာခြင်း ဖြစ်သည်။ ယင်းမှာ newsgroup data များ ဖလှယ်ရေးတွင် စံပြုထားသော နည်းလမ်းအဖြစ် ထားရှိရန် ဖြစ်သည်။

1987- Usenet နှင့် ကွန်ရက်များ ဆက်သွယ်ရန် ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် UUNET ကို တည်ထောင်ခဲ့သည်။
Bill Atkinson သည် Apple Macintosh အတွက် Hypercard ကို ရေးသားပေးသည်။ ယင်းမှာ ဈေးကွက်တွင် တင်ရောင်းနိုင်သော hypertext နှင့် hyper-media applications များ ပြုလုပ်ရာတွင် ပထမဆုံး ကိရိယာတစ်ခုဖြစ်သည်။ (hypertext= ကွန်ပျူတာတစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းနိုင်သော စာသား)

1988- ကော်နဲလ်တက္ကသိုလ်မှ computer သိပ္ပံဘွဲ့ရ Robert Morris ဆိုသူက Internet ပေါ်တွင် သုံးနိုင်သည့် မိမိဘာသာ ပြုလုပ်စီမံနိုင်သည့် ပရိုဂရမ်တစ်ခုကို တီထွင်ပြုလုပ်ခဲ့သည်။ worm ဟု ခေါ်နေကြသော အဆိုပါ program သည် network ပေါ်ရှိစက်များ၏ 10% သို့မဟုတ် သုံးစွဲသူ host 6000 ကို ဆက်သွယ်နိုင်သည်။
Internet relay chat (IRC) ကို ဖင်လန်နိုင်ငံမှ Jarkko Oikarinen က ပြုလုပ်ခဲ့သည်။

1989- ဂျာမနီနိုင်ငံ Fraunhofer Institute က MP3 ဂီတ compression algorithm ကို မူပိုင်မှတ်ပုံတင် လိုက် သည်။
မက်ဆာချူးဆက်ပြည်နယ်တွင် The World (world. std. com) ခေါ် ပထမဆုံး dial-up Internet Service Provider (ISP) ကို တည်ထောင်ခဲ့သည်။

1990- Arpanet သည် သုတေသနလုပ်ငန်းတစ်ခုအဖြစ်မှ တရားဝင်ရပ်စဲခဲ့ပြီး Network တစ်ခုဖြစ်လာသည်။ ဇူလိုင်လတွင် John Perry Barlow နှင့် Mitch Kapor တို့က Electronic Freedom Foundation (EFF) ကို တည်ထောင်သည်။

1991- CERN ခေါ် Europe's particle physics laboratory မှ HTML mark-up language နှင့် HTTP protocol တို့အတွက် သုံးရန် စာသားအနေအထားကိုသာ ကြည့်ရှုနိုင်သော Browser တစ်ခုကို တီထွင်ဖော်ထုတ်ခဲ့သည်။ ယင်းပစ္စည်းဖြင့် အဝေးမှ သုတေသီများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိစေမည် ဖြစ်သည်။ Tim Berners Lee က alt.hypertext news group သို့ ပထမဆုံး အများသုံး Web software ကို ပေးခဲ့ သည်။ ဖင်လန်လူမျိုး ကျောင်းသားတစ်ဦးဖြစ်သူ Linus Torvalds သည် writing the operating system နှင့် ပတ်သက်၍ စတင်ဆောင်ရွက်သည်။ ယင်းသည် နောက်ပိုင်းတွင် Linux ဖြစ်လာသည်။ သတင်း ရေးသားရာတွင် ပါဝင်သောစာလုံးများကို သင်္ကေတများအဖြစ်ပြောင်းလဲရာတွင် တွက်ချက်မှု အမျိုး အစားတစ်ခု ဖြစ်သည့် RSA ကို သုံးစွဲသော Pretty Good Privacy ၏ ပထမအမျိုးအစားကို Phil Zimmerman ဆိုသူက ထုတ်ပြန်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သော ဆက်သွယ်မှုများအား NSFNET backbone ကို ပထမဆုံး အကြိမ်အသုံးပြုခွင့်ပေးလိုက်သည်။ မတ်လကျော်လာသည့်အခါ ဆက်သွယ်မှုများ သည် 1 trillion bytes ထက် ကျော်လွန်သွားမည် ဖြစ်သည့်အပြင် တစ်လလျှင် 10 billion packet ရှိမည်ဖြစ်သည်။ မင်နီဆိုတာတက္ကသိုလ် က Gopher ခေါ် Web နှင့်သက်ဆိုင်သော သတင်းများရှာဖွေမည့် program တစ်ခုကို ထုတ်ပြန်လိုက်သည်။

1992- World Wide Web software ကို CERN က public domain အတွင်းသို့ ဖြန့်ချိလိုက်သည်။ အင်တာ နက်သုံးစွဲသူများ၏ ဦးရေမှာ ၁ သန်းကျော်သွားပြီ ဖြစ်သည်။

The Web Age
1993- Marc Andressen က ရေးသားထားသော Mosaic for X အမည်ရှိ ပထမဆုံး graphical browser ကို National Centre for Supercomputing Applications (NCSA) မှ ဖြန့်ဝေလိုက်သည်။
www ပေါ်တွင် ဆက်သွယ်မှုများမှာ 300,000% အထိ ကျယ်ပြန့်လာသော်လည်း Gopher တိုးတက်မှုနှုန်း မှာ 997% သာ ရှိသေးသည်။ Internic ကို အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်းက တီထွင်လိုက်သည်။ ယင်းမှာ အင် တာနက်မှတ်ပုံတင်လုပ်ငန်း စီမံခန့်ခွဲမှုကို လမ်းညွှန်မှုပေးရန်ဖြစ်သည်။

1994- Marc Andressen နှင့် Jim Clark တို့က Netscape ကို စတင်လိုက်ပြီး နွေနှောင်းရာသီတွင် Navigator browser ၏ ပထမပုံစံကို ထုတ်ပြန်လိုက်သည်။ Linus Torvalds က Linux kernel ၏ version 1.0 ကို ထုတ် ဖော်လိုက်သည်။
www consortium ကို Web နည်းပညာများဖွံ့ဖြိုးရေးအတွက် ဦးဆောင်မှုပေးရန် ဖွဲ့စည်းလိုက်ပြီး Tim Berners-Lee ကို ညွှန်ကြားရေးမှူးခန့်သည်။
အမေရိကန်လူမျိုး ရှေ့နေနှစ်ဦးဖြစ်သော Laurence Canter နှင့် Martha Siegel တို့သည် Usenet တွင် သူတို့၏ green card lottery ခေါ် ထီလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ကြောငြာခဲ့ရာမှ အင်တာနက်သမိုင်းတွင် နာမည်အပျက်ဆုံး လူများဖြစ်သွားခဲ့သည်။
Pizza Hut ဆိုသူက internet ပေါ်မှ အမှာစာများ ရရှိအောင် စတင်ဆောင်ရွက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် First Virtual ခေါ် ပထမဆုံး internet ဘဏ်လုပ်ငန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ Vladimir Levin ဆိုသူ ရုရှားလူမျိုး computer ကျွမ်းကျင်သူတစ်ဦးသည် Citibank မှ ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူ ခဲ့သည်။ သူသည် ပထမဆုံး internet ဘဏ်သူခိုးဖြစ်သည်။

1995- Web သည် internet ဆက်သွယ်မှုတွင် အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ Sun Microsystem က Java ကို တီထွင်လိုက်သည်။ Real Audio ခေါ် audio streaming product အမျိုးအစား ပေါ်လာသည်။ ယခုအချိန်အထိ ပုဂ္ဂလိကပိုင်ဖြစ်နေသော Compuserve နှင့် AOL network များသည် ပထမ ဆုံးအကြိမ် internet ကို dial-up access ကို ဆောင်ရွက်ပေးသည်။
Netscape ကုမ္ပဏီသည် စတင်ဖွဲ့စည်းပြီး 14 လအကြာ 1995 ခု သြဂုတ်လ 8 ရက်နေ့တွင် ပြည်သူများသို့ ရှယ်ယာ 5 သန်းဖိုး ထုတ်ရောင်းလိုက်သည်။ ရှယ်ယာများ စတင်ရောင်းချစဉ်က တစ်စောင်လျှင် 28 ဒေါ်လာဈေး ရှိပြီး အရောင်းပိတ်ချိန်တွင် 58.25 ဒေါ်လာ ပေါက်ဈေးရှိသည်။ ကုမ္ပဏီပိုင်ဆိုင်မှု အရပ်ရပ်တန်ဖိုးမှာ 2 ဘီလီယံ ရှိပြီးလျှင် ရှယ်ယာများ ရောင်းချသည့် ပထမနေ့တွင် ပူးတွဲတည်ထောင်သူ Jim Clark သည် ဒေါ်လာ 663 သန်း ရရှိသည်။ ဒီဇင်ဘာလတွင် ရှယ်ယာဈေးနှုန်းမှာ တစ်စောင်လျှင် ဒေါ်လာ 170 အထိ တက်ခဲ့သည်။

1996- Microsoft နှင့် Netscape တို့ နှစ်ဦးစလုံးတွင် ယင်းတို့၏ third version ဖြစ်သော browser များကို ထုတ်ရောင်းကာ browser စစ်ပွဲကို စတင်ဆင်နွှဲလာကြတော့သည်။
Internet ပေါ်တွင် မလိုလားအပ်သော ဖြန့်ဖြူးမှုများကို ထိန်းချုပ်ရန် US Communications Decency Act (CDA) ကို အမေရိကန်ပြည်ထောင်စုတွင် ဥပဒေအဖြစ် ပြန်ဌာန်းလိုက်သည်။ internet တယ်လီဖုန်းအသုံးပြု သည့်စနစ်ကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီများက အာရုံစိုက်လာကြသည်။ America's Carriers Telecommunication Association (ACTA) က စည်းမျဉ်းဥပဒေအရ သူတို့ကသာ ဦးဆောင်သင့်သည်ဟု အကြောင်းပြကာ IP telephony products များကို ပိတ်ပင်ရန် ကြိုးပမ်းသည့်အနေဖြင့် Federal Communications Commission (FCC) သို့ မေတ္တာရပ်ခံချက်တစ်စောင် ပေးပို့ခဲ့သည်။ FCC ကမူ လက်မခံခဲ့ ပေ။

1997- အင်္ဂါဂြိုဟ်ပေါ်ရှိ Pathfinder spacecraft မှ ထုတ်လွှင့်ချက်များကို လူအများ ကြည့်ရှုရန် နာဆာ၏ home page က 46 မိနစ်ကြာ လွှင့်ထုတ်ပေးသည်။
Netscape က ယင်း၏ browser version 4 ကို Microsoft ထက်ဦးအောင် ထုတ်ဝေခဲ့သည်။ ထို့အတွက် Microsoft နှင့် ပြဿနာတက်ခဲ့ရသည်။

1998- Netscape က သူတို့ browser သာမက browser ၏ source code များကိုပါ အခမဲ့ ဖြန့်ဖြူးပေးမည်ဟု ကြေညာခဲ့သည်။ ဤသည်မှာ software ကုမ္ပဏီတစ်ခု၏ မလျော့သော လှုပ်ရှားမှုတစ်ရပ်ပင် ဖြစ်သည်။ သီးခြား ဌာနခွဲတစ်ခုဖြစ်သော Mozilla.org ကို လုပ်ငန်း၏ open source element အပေါ် အခြေခံသော products များကို create လုပ်ရန် တည်ထောင်ခဲ့သည်။
Network Solution တွင် domain ၂ သန်းခန့် မှတ်ပုံတင်ထားသည်။ Microsoft သည် anti-trust trial ကို အောက်တိုဘာလတွင် စတင်စစ်ဆေးခံခဲ့ရသည်။

1999- Day traders များသည် မိမိတို့၏ PC များကို internet နှင့်ချိတ်ဆက်ကာ stock နှင့် ရှယ်ယာ အရောင်း အ၀ယ်များကို ဆောင်ရွက်ခဲ့ကြသည်။ electronic trading ကို အထူးအားထား ဆောင်ရွက်သော အမေရိကန် လူမျိုး စတော့ပွဲစား Charles Schwab သည် ဘဏ္ဍာရေးနှစ်ကုန်တွင် ယင်းဈေးကွက်၌ 25.5 ဘီလီယံဖိုး မြှပ်နှံ ထားနိုင်ခဲ့သည်။ ယင်းအချက်မှာ Merrill Lynch ကဲ့သို့သော ပွဲစားဟောင်းကြီးများ၏ လုပ်ရပ်ထက်များစွာ သာ လွန်ကြောင်း တွေ့ရသည်။
မယ်လီဆာ Virus ကြောင့် Microsoft နှင့်တကွ computer လောကတစ်ခုလုံး အထိနာခဲ့သည်။ AOL နှင့် Microsoft တို့ Chat software နှင့်ပတ်သက်တိုက်ခိုက်လာခဲ့ကြသည်။ ပြဿနာမှာ Microsoft ကို သုံးသော user များကို AOL က ဟန့်တားရန် ကြိုးပမ်းသောကြောင့် ဖြစ်သည်။
Microsoft ၏ Web-based e-mail service ဖြစ်သော hotmail ပြိုကွဲသွားသောကြောင့် ယင်း၏ သန်း ၄၀ သော accounts ကို access လုပ်ရာတွင် password မလိုဘဲ လုပ်ခွင့်ပြုခဲ့သည်။
နိုဝင်ဘာတွင် တရားသူကြီး သောမတ်ပင်ဖီးလ်က Microsoft သည် consumer interests များကို ဒုက္ခပေး ပြီး internet ဈေးကွက်တွင် မရိုးဖြောင့်သော ယှဉ်ပြိုင်မှုကို ပြုခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

Ref: မောင်ကွန်ပျူတာ (အိတ်ဆောင်အင်တာနက်)
-ဆက်လက်ဖော်ပြပါဦးမည်
Up