Showing posts with label Windows 7. Show all posts
Showing posts with label Windows 7. Show all posts

2011-04-03

How to change the Default Operating System to start in Windows 7


Windows 7 ကို စတင်ဖွင့်လိုက်သောအခါတွင် အထက်တွင် မြင်တွေ့ရသည့် ပုံမှာ Dual Boot Screen ပုံစံဖြစ်ပါသည်။ ပုံမှန်အားဖြင့် ယင်းဖော်ပြပါ နှစ်ခုအနက်မှ Operating System တစ်ခုခုကို ရွေးချယ်လိုက်ရန်မှာ အချိန် စက္ကန့် (၃၀) ပေးထားပါသည်။ ထို့နောက်တွင်မှ သူ့ပုံသေ (default) အတိုင်း windows တက်သွားပါလိမ့်မည်။

ထို့ကြောင့် Windows 7 အသုံးပြုထားသည့် Dual Boot Screen ဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ရန် သက်ဆိုင်ရာ ညွှန်ကြားချက်များအလိုက် နည်းလမ်းများစွာ ရှိပါသည်။ ယင်းကဲ့သို့သော ပြဿနာရပ်များအတွက် အလွယ်ကူ ဆုံးနှင့် အလျင်မြန်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မည်။



2010-11-05

Install Windows 7 From USB Drive


USB Flash Drive ကို အသုံးပြုပြီး Windows Vista, Windows 7 တင်လိုသူများအတွက် ရာနှုန်းပြည့် လုပ်ဆောင် ချက်များ ဖြစ်ပါသည်။ Memory Stick ဖြင့် Windows တင်ရန် bootable ပြုလုပ်ပုံမှာ နည်းစနစ်များစွာအနက်မှ ယခုလုပ်ဆောင်မှုမှာ အလွယ်ကူဆုံးဖြင့် မိနစ်ပိုင်းအတွင်း ပြီးစီးစေမည်ဖြစ်သည်။

Requirements:

(1) Memory Stick အနည်းဆုံး 4GHz ရှိရန် လိုအပ်ပါမည်။
(2) အသုံးပြုလိုသည့် Windows 7 (or) Windows Vista အခွေလည်း အဆင်သင့် ရှိထားရန်လိုအပ်ပါသည်။
(3) Memory Stick ကို ကွန်ပျူတာရှိ USB Port တွင် တပ်ဆင်လိုက်ပါ။
(4) ထို့နောက် Keyboard မှ Windows Key + R ကို တွဲနှိပ်လျှက် Run ကို ဖွင့်လိုက်ပါ။
(5) Run box ထဲတွင် cmd ဟု ရိုက်ထည့်၍ Enter key ကို နှိပ်လိုက်ပါ။
(6) Command Prompt ထဲတွင် DISKPART ဟု ပထမဦးစွာ ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။


(7) ထပ်မံပြီး LIST DISK ဟု ရိုက်ထည့်ပါ။ အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ သင့် Memory Stick ရဲ့ Size အရွယ်အစားကိုတော့ ကြိုတင်၍ သတိပြုကြည့်ထားပါ။ Disk 0 မှာ 298 GB ဖြစ်ပြီး၊ Disk 1 မှာ 3836 MB ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါပုံအရ ကျွန်ုပ်၏ Memory Stick Size မှာ Disk 1 ကို ကိုယ်စားပြုထားပါသည်။

အကယ်၍ သင့်မှာ Drive (၂)ခု ရှိခဲ့ပါက Disk 2 ဟု ရိုက်ထည့်ရပါမယ်။ မသေချာပါက Hard Disk တစ်ခုတည်း သာထားရှိသော စက်တွင်သာ ပြုလုပ်ပါစေလိုပါတယ်။ တစ်စုံတစ်ရာ Drive Letter အညွှန်းမှားယွင်း ရိုက်ထည့် မိပါက Drive ရှိ Partition Table (MBR) ပျက်ဆီးကာ Drive Letter များ ပျောက်ဆုံးသွားတတ်ပါသည်။ ထို့ကြောင့် သေချာစွာ ဂရုပြုစေလိုပါတယ်။ ကိုယ်တွေ့ပါပဲ။ :)

ထပ်မံပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါတယ်။

SELECT DISK 1

CLEAN

CREATE PARTITION PRIMARY

SELECT PARTITION 1

ACTIVE

FORMAT FS=NTFS

(Format လုပ်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းရပါမည်)

ASSIGN

EXIT

Command Prompt မှ မထွက်ပါနဲ့အုံး။ Minize လုပ်ထားလိုက်ပါ။ ထို့နောက် Windows 7 (သို့) Vista ခွေကို သင့် DVD Drive ထဲသို့ ထည့်ပေးလိုက်ပါ။ သင့် Drive ရဲ့ Drive Letter ကို ကြိုတင်မှတ်သားထားပါ။ ယခု ဖော်ပြထားသည့် နမူနာ လုပ်ဆောင်ချက်အရ CD Drive ကို (D:) ဟု သတ်မှတ်ပြီး၊ USB Drive Letter ကိုတော့ (H:) လို့ သတ်မှတ်ထားတယ်ဆိုပါစို့။

ဒါကြောင့် Command Prompt ကို ပြန်ဖွင့်လိုက်ပြီး-

D: CD BOOT

ဟု ရိုက်ထည့်ပါ။ ( D: ဆိုသည်မှာ သင့်စက်ရှိ DVD Drive တပ်ဆင်ထားသော location ကို ညွှန်းပါသည်။)

CD BOOT
ဟု ရိုက်ထည့်လိုက်ပါအုံး။ ဒါဆိုရင် အောက်ပါအတိုင်း message များကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့နောက်

BOOTSECT.EXE /NT60 H
:
ဟု ရိုက်ထည့်လိုက်ပါအုံး။ USB Drive အတွက် BOOTMGR ကို အဆင်ပြေစေမယ့် command ဖြစ်ပါတယ်။
(H: ဆိုသည်မှာ သင့်ရဲ့ Memory Stick ကို ကိုယ်စားပြုပါတယ်။)


ဒါဆိုရင် Windows7 ခွေထဲက File အားလုံးကို Copy ကူးယူ၍ Memory Stick အတွင်းသို့ ထည့်ပေးလိုက်ပါ။ သင့်အတွက် လွန်စွာအသုံးတည့်စေမယ့် USB Bootable, Windows 7 Version Stick လေးကို ပိုင်ဆိုင်သွားပြီ ပေါ့။ အဆင်ပြေကြပါစေဗျား။

Source of : http://www.intowindows.com/

2010-03-19

Getting StartED with Windows 7




Getting StartED with Windows 7 assumes no previous knowledge of Windows, so is perfect for those using Windows for the first time, or switching from another operating system. What you will learn-

2009-12-31

Windows 7 Ultimate x86 Crack



Windows 7 Ultimate x86 အတွက် Crack File လေးပါ။ Crack လုပ်နည်းလေးကလည်း လွယ်ကူပါတယ်။
(1) ပထမဦးစွာ Windows 7 Install စတင်လုပ်ရာတွင် မည်သည့် key ကိုမျှ ထည့်ပေးရန် မလိုပါ။
(2) ပြီးတော့ crack မပြုလုပ်ရသေးခင် Internet connection ကိုလည်း မချိတ်ရသေးပါ။
(3) Control Panel ထဲက User account control ကိုလည်း Disable ပြုလုပ်ပါ။
(4) ထို့နောက် 7Loder.exe ဖိုင်ကို Run လိုက်ပါ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း မြင်တွေ့ရပါမည်။
(5) သင့်ကွန်ပျူတာအမျိုးအစားကိုလိုက်ပြီး OEM information ပုံပေါ်တွင် ရွေးချယ် click နှိပ်ပါ။
(6) Install 7Loder ပေါ်မှာ click တစ်ချက်ထပ်နှိပ်ပေးပြီး computer ကို Restart ပြုလုပ်လိုက်သောအခါ သင့် Windows 7 မှာ Activated လုပ်ဆောင်ချက် အထမြောက်သွားပါပြီ။ အဆင်ပြေကြပါစေ..။

Download Now

File Size=10.18 MB
File Type= Rar

Windows 7 နှင့် တွဲသုံးသင့်သော Antivirus 10 မျိုး


List of Anti-Virus Software Compatible with Windows 7


Windows 7 တွင် လုံခြုံရေးဆိုင်ရာ feature အသစ်တွေ ပါဝင်လာပေမယ့် Antivirus ပရိုဂရမ်များကိုတော့ တွဲဖက် အသုံးပြုဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် (၁၀)ခုကတော့ Windows 7 နဲ့ တွဲဖက်အသုံးပြု သင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်..။


AVG Anti-Virus Free Edition
AVG 9.0 ကို အခမဲ့ဗားရှင်း AVG Anti-virus Free ဖြင့် ရရှိနိုင်သလို AVG Anti-virus, AVG Internet Security, AVG Internet Security Business Edition စတဲ့ ပုံမှန်နှစ်စဉ်ကြေး (Subscription Edition) ဖြင့်လည်း ရရှိနိုင်ပါတယ်။ Free Edition မှာ Anti-virus နဲ့ Anti-Spyware တွေကို အသုံးပြုနိုင်ပေမယ့် အလိုအလျောက် update ပြုလုပ်ပေးနိုင်မယ့် စနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ Update ပြုလုပ်လိုတဲ့အခါမှာတော့ manual ဖြင့် ပြုလုပ်နိုင်ပါတယ်။ Subscription Edition မှာတော့ Free Edition မှာ ပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို Phishing နဲ့ Anti-rookit ကာကွယ်မှုစတဲ့ feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AVG package နှင့် ပတ်သက်ပြီး Mysticgeek's review of AVG Free တွင်လည်း
အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။


Avast Anti-Virus Home

လက်ရှိ Avast version ကတော့ 4.8 ဖြစ်ပြီး Version 5.0 ကိုတော့ မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီး ရရှိနိုင်ပါတယ်။ Home Edition မှာ Anti-virus, Anti-Spyware, Anti-rookit, Automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်၊ အခြား feature မြောက်မြားစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Revies of Atast ခေါင်းစဉ်အောက်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။


McAFee

McAFee 2010 ကို Virus Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့် ရရှိနိုင်ပြီး Edition တစ်ခုစီတွင် Anti-Virus, Anti-Spyware, Anti-Phishing နဲ့ Firewall Protection စတဲ့ feature တွေ ပါဝင်ပါတယ်။ အသေးစိတ် အကြောင်းအရာကိုတော့ McAFee မှာ ၀င်ရောက် ကြည့်ရှု့နိုင်ပါတယ်။


Norton Anti-Virus 2010

Norton 2010 ကို Internet Security, Anti-virus စသည့် version နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ၎င်း version နှစ်မျိုးစလုံးတွင် Virus, Spyware, Trojan horse, Worm, Rookit တို့ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် အချက်တွေ ပါဝင်ပါတယ်။ Internet Security version မှာ တော့ Firewall အတွက် နည်းလမ်းနှစ်မျိုး ပါဝင်ပြီး အခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။ Norton website သို့ သွားရောက်ပြီး အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့မှ အချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Safe Run လိုအဆင့်မြင့် feature တွေ ပါဝင် လာသည့်အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


Trend

MicroTrend Micro က ထုတ်လုပ်တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Version တစ်ခုစီမှာ Anti virus နဲ့ Anti sypware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Secruity Version တွင် Web ၊ E-mail နဲ့ Parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Trend Micro Site တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


Panda Security

Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ version များဖြင့် ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Internet Security version တွင် anti-spam, parental control, backup စသည့် feature များ ထပ်ပေါင်းပါဝင်ပြီး Global Protection version မှာတော့ backup နဲ့ PC Tuneup feature များ ပါဝင်လာပါတယ်။ အသေးစိတ်ကိုတော့ Panda Security Site မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။


PC Tools

Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ Virus, Spyware, Trojan, Adware, Worm, Keylogger စသည် များကို ဖယ်ရှားပေးနိုင်ပါတယ်။ PC Tools Site ရဲ့ Site မှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။


Sunbelt Software

Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး ယင်းအတွက် လိုင်စင်ကြေးထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူး။ Sunbelt Software Site မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။


Microsoft Security Essentials

Microsoft Security Essentials ဟာ အခမဲ့ download ပြုလုပ်ကာ အသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ် ဖြစ်ပါတယ်။ Virus, Spyware အပြင် အခြားအန္တရာယ်ရှိတဲ့ Rookit, Trojan စတဲ့ software တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ ပရိုဂရမ်များ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach file များကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Microsoft Security Essentials ရဲ့ site မှာ သွားရောက် download ပြုလုပ် နိုင်ပါတယ်။


Ref: http://www.yatanarpon.com.mm

http://blogs.howtogeek.com/


Up