Showing posts with label Others. Show all posts
Showing posts with label Others. Show all posts

2007-09-03

ကြော်ငြာအသွင်ဆောင်သည့် Blog များ ပိုမိုများပြားလာ

အင်တာနက်အသုံးပြုသူများကြားမှာ၂၀၀၅ ခုနှစ်ကစပြီး ကိုယ်ပိုင် Blog တွေတည်ဆောက်ပြီး စာပေ၊ ကဗျာ၊ ဗဟုသုတ စသည်ဖြင့် အကြောင်းအရာအလိုက် ဆွေးနွေးမျှဝေနေမှုများဟာ Chatting ကဲ့သို့ပင် လူထုအကြား တဖြည်းဖြည်းနေရာယူလျက်ရှိပြီး ယခုအခါ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှလည်း မိမိလုပ်ငန်း ကို အခကြေးငွေကုန်ကျမှုမရှိဘဲ ကြော်ငြာနိုင်ခြင်းကြောင့် ကြော်ငြာအသွင်ဆောင်သည့် Blogger များ ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ Blog ဆိုသည်မှာ Website တစ်ခုကဲ့သို့ Web Page များနဲ့ ဖွဲ့စည်းထားကာ နာမည်အမျိုးမျိုးပေး၍ စိတ်ကြိုက် Account ဖွင့်နိုင်ခြင်း၊ Gmail account တစ်ခုရှိရုံနဲ့ ကိုယ်ပိုင် Blog တင်နိုင်ခြင်း၊ Google Search မှာ ကိုယ့် blog နာမည်ကိုရိုက်ထည့်၍ အလွယ်တကူရှာဖွေနိုင်ခြင်း၊ မိမိကိုယ်တိုင် Update လွယ်ကူစွာပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် blog တည်ဆောက်သုံးစွဲသူများ ပိုမိုများပြားလာနေကြောင်း သုံးသပ်ရပါတယ်။ အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် တွေကလည်း သူတို့လုပ်ငန်းအကြောင်းကို Website သီးသန့်ဝယ်တင်ပြီး မသုံးတော့ဘဲ အခမဲ့ရတဲ့ Blog တွေ ဖန်တီးပြီး ရေးသားကြော်ငြာလာကြတယ်။ blog မှာ ကိုယ်တိုင်လည်း update လုပ်နိုင်တော့ အချိန်ကုန်သက်သာ၊ ငွေကြေးသက်သာလို့ လုပ်ငန်းရှင်တော်တော်များများလည်း မျက်စိကျလာကြပါတယ်။

2007-08-23

တစ်ကိုယ်ရေသုံး ကွန်ပျူတာများ Virus တိုက်ခိုက်

ကွန်ပျူတာသုံးစွဲသူများအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ အရေးကြီးတဲ့ data များအတွက် စက်များရဲ့ User account မှာ password ပေးထားကြပြီး အဲဒီ password များနဲ့ ကွန်ပျူတာထဲက data များအသုံးပြုလို့ မရအောင် Virus များ တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် Folder များမှာ Show လုပ်လို့မရနိုင်တဲ့ Virus အသစ် တစ်မျိုးလည်း တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စက်မှာ Autorun ပါဝင်တာကြောင့်လည်း Virus များဟာ Click မနှိပ်ပေမယ့်လည်း အလိုအလျောက် ကူးစက်လွယ်ပါတယ်။ အဲဒီပြဿနာ တွေကတော့ worm လို့ခေါ်တဲ့ software ၀င်ရောက် တိုက်ခိုက်တာကြောင့် ဖြစ်ပါတယ်။
Virus problem တွေကို ဖြေရှင်းဖို့အတွက် နည်းလည်းတွေကတော့ အဆင်သင့်ရှိပြီးသားပါ။ ကိုယ့်ရဲ့စက်မှာ ဒီလို ပြဿနာတွေကြုံတိုင်း ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။
ကွန်ပျူတာမှာ Autorun စနစ်ကိုပိတ်မယ်ဆိုရင်-
(၁) Start > Run ကို Click တစ်ချက်နှိပ်ပါ။
(၂) gpedit.msc လို့ရိုက်ပြီး OK ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။
(၃) ထိုအခါ Group Policy Dialog box ပေါ်လာပြီး အောက်ဆုံးမှာရှိတဲ့ Administrator Templates မှာ Click တစ်ချက်နှိပ်ပါ။ ပြီးတော့ သူ့ရဲ့ဘေးမှာပေါ်လာတဲ့ System ဆိုတဲ့စာပေါ်မှာ Double Click နှိပ်လိုက် ပါ။
(၄) ပြီးတော့ Turn off Autoplay ဆိုတဲ့ စာပေါ်မှာ Double Click နှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲက Enabled ဆိုတာကို ရွေးပြီး Turn off Autoplay on: မှာ All drives ကိုရွေးပြီး OK နဲ့ ပြန်ထွက်လိုက်ပါ။

2007-08-18

Using Blog increased

စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Blog များကိုတွင်တွင်ကျယ်ကျယ်အသုံးမပြုကြသေးပေမယ့် တစ်နေ့တာ ကြုံတွေ့မှုများ၊ အဖြစ်အပျက်များ၊ ဖြစ်ပျက်ခဲ့သမျှကို အများသူငါသိရှိအောင် ဖော်ပြချင်သူများဟာ Blog များကို ပိုပြီးအသုံးပြုလာကြပါတယ်။ အိုင်တီ ထွန်းကားလာသော ခေတ်မှာ အင်တာနက်သုံးစွဲသူဦးရေမှာ တဖြည်းဖြည်း နဲ့ များလာတာကြောင့် မိမိတို့ Company နဲ့ပတ်သက်တဲ့ကြော်ငြာတွေကို Blog လုပ်ပြီးကြော်ငြာသင့်ပါတယ်။ တစ်နည်းအားဖြင့် ကျော်အောင်လို့ညာခြင်းမျိုးမဟုတ်ပဲ မိမိတို့၏ပစ္စည်းများကို ဈေးကွက်အတွင်းဝေစုရအောင် ထိထိရောက်ရောက်နဲ့ဝယ်ယူ အသုံးပြုသူများပိုမိုစိတ်ဝင်တစား သိရှိနိုင်ဖို့ရည်ညွှန်းလိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ မိမိတို့ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ ကို Blog လုပ်ပြီး ဖော်ပြ ကြမယ်ဆိုရင် လုပ်ငန်းလည်းတွင်လာပြီး Blog ကိုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် လူငယ်အတော်များများဟာ ကိုယ်ပိုင် Blog လုပ်ရတာကို အတော်လေး ဆန္ဒပြင်းပြ လာကြတာကို တွေ့ရပါတယ်။ လူငယ်တွေက ကိုယ်တစ်နေ့တာ သွားခဲ့တဲ့မှတ်တမ်းတွေ၊ ကိုယ်ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကို တစ်နေ့တစ်ခါလိုလို အမြဲတမ်းတင်လာကြပါတယ်။ ဒီလိုတင်ပြီးသွားရင် သူငယ်ချင်းတွေကို တစ်ဆင့်စကားတစ်ဆင့်ပြောကြပါတယ်။ ဒါမှမဟုတ် ကိုယ်က Chatting ၀င်နေတယ်ဆိုရင် Chatting ထဲက သူငယ်ချင်းတွေကို ကိုယ်လုပ်ထားတဲ့ Blog အမည်တွေကိုပေးတယ်။ သူပေးလိုက်တဲ့ Blog တွေကို သူငယ်ချင်းတွေက ၀င်ကြည့်မယ်၊ Blog ပေါ်မှာ အချင်းချင်း မျှဝေခံစား နိုင်ကြပါတယ်။ စီးပွားရေး လုပ်ငန်း ရှင်များအနေနဲ့ Blog များကို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပေမယ့်လည်း လူငယ်များမှာ Blog တွေကို တစ်ခုထက်တစ်ခု ထပ်တိုးလုပ်လာကြကြောင်း သိရပါတယ်။ ဒါကြောင့် Myanmar Blog ပြုလုပ်လိုကြတဲ့ Myanmar Blogger တွေအဆင်ပြေအောင် အသုံးဝင်တဲ့အချက်အလက်တွေကို ရေးသားထားတဲ့ Blog တွေကို စုစည်းပြီး တင်ပြထားပါတယ်။ ဒါတွေကိုဖတ်ပြီးရင် ကိုယ်ပိုင် Blog ကောင်းတစ်ခုကို အလွယ်တကူ ဖန်တီး နိုင်မယ်လို့ ထင်မြင်မိပါတယ်။ တင်ထားတဲ့ Blog အသစ်တွေတွေ့ရင် တွေ့သလိုထပ်ပြီး Updated လုပ်ပေး သွားပါအုံးမယ်။ ပိုမိုကောင်းမွန်တဲ့ Blog Technique နည်းစနစ်တွေရှိရင်လည်း ထပ်ပြီး အကြံပေးနိုင်ပါ တယ်။
ဝိုင်းဝန်းကြိုးပမ်းကြတဲ့ Myanmar Blogger များအားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
Myanmar Blogger များ နည်းပညာမှာ နောက်မကျကျန်စေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြပါစို့
Up