2007-09-03

ကြော်ငြာအသွင်ဆောင်သည့် Blog များ ပိုမိုများပြားလာ

အင်တာနက်အသုံးပြုသူများကြားမှာ၂၀၀၅ ခုနှစ်ကစပြီး ကိုယ်ပိုင် Blog တွေတည်ဆောက်ပြီး စာပေ၊ ကဗျာ၊ ဗဟုသုတ စသည်ဖြင့် အကြောင်းအရာအလိုက် ဆွေးနွေးမျှဝေနေမှုများဟာ Chatting ကဲ့သို့ပင် လူထုအကြား တဖြည်းဖြည်းနေရာယူလျက်ရှိပြီး ယခုအခါ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှလည်း မိမိလုပ်ငန်း ကို အခကြေးငွေကုန်ကျမှုမရှိဘဲ ကြော်ငြာနိုင်ခြင်းကြောင့် ကြော်ငြာအသွင်ဆောင်သည့် Blogger များ ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ Blog ဆိုသည်မှာ Website တစ်ခုကဲ့သို့ Web Page များနဲ့ ဖွဲ့စည်းထားကာ နာမည်အမျိုးမျိုးပေး၍ စိတ်ကြိုက် Account ဖွင့်နိုင်ခြင်း၊ Gmail account တစ်ခုရှိရုံနဲ့ ကိုယ်ပိုင် Blog တင်နိုင်ခြင်း၊ Google Search မှာ ကိုယ့် blog နာမည်ကိုရိုက်ထည့်၍ အလွယ်တကူရှာဖွေနိုင်ခြင်း၊ မိမိကိုယ်တိုင် Update လွယ်ကူစွာပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် blog တည်ဆောက်သုံးစွဲသူများ ပိုမိုများပြားလာနေကြောင်း သုံးသပ်ရပါတယ်။ အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် တွေကလည်း သူတို့လုပ်ငန်းအကြောင်းကို Website သီးသန့်ဝယ်တင်ပြီး မသုံးတော့ဘဲ အခမဲ့ရတဲ့ Blog တွေ ဖန်တီးပြီး ရေးသားကြော်ငြာလာကြတယ်။ blog မှာ ကိုယ်တိုင်လည်း update လုပ်နိုင်တော့ အချိန်ကုန်သက်သာ၊ ငွေကြေးသက်သာလို့ လုပ်ငန်းရှင်တော်တော်များများလည်း မျက်စိကျလာကြပါတယ်။

No comments:

Up
Contact us

Formulir Kontak

Name

Email *

Message *