Design နယ်ပယ်တွင် design ဆွဲကြရာ၌ ကောင်းမွန်တဲ့ လက်ရာဖြစ်ဖို့ရာ ပုံစံအမျိုးမျိုးဖြင့် ဖန်တီးရေးဆွဲလျှက် ရှိကြပါတယ်။ အချို့မှာ ကိုယ်တိုင်ဆွဲသားခြင်းဖြင့် လည်း ကောင်း၊ ပုံနှိပ်စာအုပ်အမျိုးမျိုးတို့မှ ရရှိသော ပုံတို့အား Scan ဖတ်ခြင်းလည်းကောင်း စသည်ဖြင့် ရှာဖွေပြီး ဖန်တီးမှု ပြုကြပါသည်။ ထိုသို့ media အမျိုးမျိုးတို့မှ ရရှိသော အရာများစွာဖြင့် design မှု ပြုကြရာတွင် လိုအပ်သော ကုန်ကြမ်း ရရှိရေးမှာ လက်လှမ်းမီကြသူများ မှာ လွယ်လင့်တကူ ရှာဖွေနိုင်၊ ၀ယ်ယူအသုံးပြုနိုင် ကြသော်လည်း လက်လှမ်းမမီသော designer များအတွက်မူ မလွယ်ကူလှပါပေ။ ယင်းကဲ့သို့ ယခုလို ပြန်လည် ဝေမျှပေးရသည်မှာလည်း မူလဖန်တီးသူ ပညာရှင်များရဲ့ ကြိုးစားအားထုတ်မှုနှင့် အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်လို၍ မဟုတ်ကြောင်း နားလည် ပေးစေလိုပါတယ်။နောက်တစ်ခု အရေးကြီးတာက information ကို 'ကျီ' ထဲမှာ ထည့်လှောင်ထားရင် တန်ဖိုး တက်မလာရုံမျှမက တန်ဖိုးကျသွားနိုင်တယ်။ 'အ' သွားနိုင်တယ်။ Information ကို share လုပ်ပေးနိုင်မှသာ ရှင်သန်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာရှင် အသိုင်းအ၀ိုင်းက သဘောတူညီကြတဲ့ အကောက်အယူလည်း ဖြစ်ပါတယ်။
Download NowFile Type=RARFile Size= 745.01KB
No comments:
Post a Comment