2010-02-09

Check Disk ကို ပိတ်ထားခြင်း

Disable Auto Check Disk During Windows Startup


Scan Disk ပြုလုပ်သည်ဆိုသည်မှာ Hard Disk အတွင်းရှိ Folders များ၊ Files များ၊ Free Space များနဲ့ FAT တွေ၊ Lost Cluster တွေ စသည်များကို စစ်ဆေးပေးခြင်း ဖြစ်ပါသည်။ ကွန်ပျူတာသုံးနေရင်း မီးပျက်သွားတဲ့ အခါမှာ လက်ရှိသုံးနေတဲ့ Program နဲ့ Files များမှာ Error ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မီးပြန်လာတဲ့အခါ ကွန်ပျူတာကို မီးဖွင့်လိုက်တာနဲ့ Windows မတက်ခင် Auto Scan Disk စစ်ဆေးပါတော့တယ်။ ဒါက Windows မှ Auto ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ကွန်ပျူတာအသုံးပြုကြသူအများစု (ကျွန်တော်အပါအ၀င်) က မစောင့် နိုင်ကြပါဘူး။ ဒါကြောင့် အဲဒီလို Check Disk ပြုလုပ်တော့မယ့် လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် ကျွန်တော်တို့မှာ အချိန် (၁၀ စက္ကန့်) သာရရှိပါတယ်။
သို့ရာတွင် ပုံမှန်အတိုင်း ကွန်ပျူတာကို အဖွင့်၊ အပိတ် မှန်နေသော်လည်း Restart ပြန်လုပ်လိုက်ပါက ယင်းသို့ ထပ်မံပြီး Checking လုပ်နေပြီဆိုပါက သင့်အနေဖြင့် ပိတ်ထားရန်လိုအပ်ပြီဟု သင့်အနေဖြင့် ဆုံးဖြတ်လာပါက အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ကြရအောင်ပါ။

-ပထမဦးစွာ Start ရှိ Run Box ထဲတွင် chkntfs /x c: ဟူ၍ ရိုက်ထည့်ပါ့မယ်။
-အကယ်၍ သင့်ထံတွင် Drive Letter နှစ်ခုရှိခဲ့ပါက chkntfs /x c: d: ဟု ရိုက်ရပါ့မယ်။

( /x ကို အသုံးပြုခြင်းဖြင့် Command Prompt အတွင်းမှ chkntfs command ဖြင့် File System စစ်ဆေးခြင်း အား ပိတ်ရန် registry ထဲတွင်သွားရောက်ပြုပြင်လိုက်စေပါသည်။ )


CHKDSK Utility သည် Registry အတွင်းရှိ BootExcecute Value ကို ပြုပြင်ပြောင်းလဲရန်အတွက် လုပ်ဆောင်ပေးသည်။ Registry အတွင်းရှိ BootExecute ရဲ့တန်ဖိုးမှာလည်း ပြောင်းလဲသွားသည်။

HKEY_LOCAL_MACHINE\SYSTEM\CURRENTCONTROLSET\CONTROL\Session Manager
တွင် BootExcecute Vale ရဲ့ ပြောင်းလဲမှု အား ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments:

Up