2010-02-25

အင်တာနက်စုစည်းမှု သီချင်းခွေအတွင်းမှ သတိပြုရမည့် ဗိုင်းရပ်စ် အကြောင်း



အင်တာနက် စုစည်းမှု ဆိုတဲ့ DVD ခွေထဲအတွင်းတွင် ပါဝင်သည့် PRO.BAT ဆိုတဲ့ ဖိုင်လေးဟာ Windows စတင်ရန် အတွက် အဓိကကျတဲ့ file များကို ဖျက်ပစ်ပါတယ်။ Windows တက်ရန်အတွက် လိုအပ်တဲ့ Batch File လေး တစ်ဖိုင် ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ Batch File အလုပ်လုပ်ရန်အတွက် Autorun.inf ဖိုင်လေးပါ တွဲလျှက်ထည့်ထားပါတယ်။ ထို့ကြောင့် ကွန်ပျူတာကို autorun မပိတ်ထားတဲ့ စက်များမှာ ယင်း file ရဲ့ ဖျက်ဆီးမှုကို ခံရပါမယ်။ ထို့ပြင် My computer တွင် သွား၍ ဖွင့်ပါကလည်း Autorun ကြောင့် shutdown ကျသွားပါလိမ့်မယ်။ ယင်းအခြေအနေမျိုးတွင်တော့ လုံးဝ နောက်ကျသွားပါပြီ။ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များသည် ဟိုယခင်နှစ်များအတွင်းက တစ်ဘ၀လုံး ချစ်မယ့်သူ ဆိုတဲ့ အခွေအတွင်းမှ လုပ်ဆောင်ချက်များ အတိုင်းပင်ဖြစ်သည်။ ဒီခွေရဲ့နာမည်ကိုတောင် တစ်ဘ၀လုံးကို ဖျက်မယ့်သူ လို့ ကွန်ပျူတာသမားတွေက ခေါ်ဆိုသမုတ်ခဲ့ကြပါတယ်။ ကွန်ပျူတာဆိုသောအရာကလည်း Multimedia ဘက်စုံသုံး တစ်ခုပင် မဟုတ်ပါလော။

ဒါ့ကြောင့် ဒီခွေထဲမှာ ပါဝင်တဲ့ တိုက်ခိုက်မှု မခံရစေရန်အတွက် ပထမဦးစွာ
- ကွန်ပျူတာကို autorun ပိတ်ထားပေးရပါမည်။
- ယင်း autorun ကို ပိတ်ရန်အတွက် gpedit.msc နဲ့ ၀င်ရောက်ပိတ်ပေးရပါမယ်။ autorun ပိတ်နည်းကို ယခင် post များ ရေးသားချက်တွင် ဖတ်ရှုနိုင်ပါသည်။
- Autorun ပိတ်ထားပြီးပါက ခွေကို စက်တွင်ထည့်ပြီး My computer ကို double click နှိပ်ပါ။
-ပြီးတော့ အပေါ်ဘက် Standard buttons bar ပေါ်က Folders ဆိုတဲ့ အ၀ါရောင်အတုံးလေးပေါ်တွင် Click တစ်ချက်နှိပ်ပေးပါ။ အထက်ပါ ပုံစံအတိုင်း Explorer View ဖြင့် မြင်ရပါမည်။ ဒါဆိုရင် သီချင်းများကို ဖွင့်၍ ရသွားပြီပေါ့။

- အောက်ဆုံးက ယင်း File (၅)ဖိုင်ကိုတော့ အထူး သတိပြု၍ ရှောင်ကြရပါမည်။ အကယ်၍ သင့်အနေဖြင့် ဒီဖိုင်လေးက ဘာတွေကို သွားဖျက်ပါလိမ့် လို့ သိချင်ခဲ့ပါက PRO.BAT ဆိုတဲ့ ဖိုင်ပေါ်တွင် Right Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ Edit ကို ရွေးပြီး ကြည့်နိုင်ပါတယ်။ Double Click တော့ မနှိပ်လိုက်နဲ့နော်။


Windows ကို ထိသွားခဲ့ပြီဆိုရင်လည်း ပြင်ဆင်နည်းကို myanmaritmen ရဲ့ website တွင် ရေးသား ချက်များကို လေ့လာဖတ်ရှုကြည့်နိုင်ပါသည်။


1 comment:

Unknown said...

အခုမှဒီစာလေးကို ဖတ်ရတယ်
အစောထဲကသာ ဖတ်ခွင့်ရမယ်ဆိုရင်
ဝင်ဒိုးအသစ် မတင်ရတော့ဘူး
အခုဝင်ဒိုးအသစ် တင်ပြီးသွားပါပြီး
ကျေးဇူးတင်ပါတယ်

Up