2011-04-29

Windows OS လုပ်ငန်းစဉ်များ


ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-

IO.SYS
CONFIG.SYS

MSDOS.SYS
AUTOEXE.BAT

NTDETECT.COM

တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။

Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။

Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။

Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။

Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။


အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။

Source: ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း - Honest Hacking သန်းထိုက် (ရွှေရိပ်) စာအုပ်မှ ထုတ်နုတ် ဖော်ပြ အပ်ပါသည်။

2011-04-22

Active Password Changer Pro 3.5


ဒီ Program လေးကတော့ အကြောင်းအရာ တစ်ခုခုကြောင့် မိမိစက်တွင် ပေးထားသော Log on Password များ မေ့လျော့သွားခြင်း၊ အခြားသူ တစ်ရှိဦးတစ်ယောက်က လိုက်လံ၍ Password များ ပေးထားခြင်းများ ဖြစ်တတ် ပါသည်။ ယင်းကဲ့သို့သော Windows User Name များအတွက် Log ကျသွားခဲ့ပါက Memory Stick လေးတစ်ခု ရှိရုံဖြင့် အလွယ်တကူ ပြန်ဖြည်၍ ရစေပါသည်။ ယခင်ကဆိုလျှင် Log ကျသွားပြီဆိုသည်နှင့် Hiren's Boot CD ဆိုတဲ့ CD ပြားနဲ့ ပြင်ဆင်နိုင်ပါသည်။ ယခုဖော်ပြပါ နည်းလမ်းလေးကတော့ CD/DVD Drive မရှိတဲ့ (သို့) မတတ်ဆင်ထားတဲ့ ကွန်ပျူတာများအတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။ Windows XP နှင့် Windows 7 အတွက်ပါ အဆင်ပြေစေပါသည်။


2011-04-03

How to change the Default Operating System to start in Windows 7


Windows 7 ကို စတင်ဖွင့်လိုက်သောအခါတွင် အထက်တွင် မြင်တွေ့ရသည့် ပုံမှာ Dual Boot Screen ပုံစံဖြစ်ပါသည်။ ပုံမှန်အားဖြင့် ယင်းဖော်ပြပါ နှစ်ခုအနက်မှ Operating System တစ်ခုခုကို ရွေးချယ်လိုက်ရန်မှာ အချိန် စက္ကန့် (၃၀) ပေးထားပါသည်။ ထို့နောက်တွင်မှ သူ့ပုံသေ (default) အတိုင်း windows တက်သွားပါလိမ့်မည်။

ထို့ကြောင့် Windows 7 အသုံးပြုထားသည့် Dual Boot Screen ဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ရန် သက်ဆိုင်ရာ ညွှန်ကြားချက်များအလိုက် နည်းလမ်းများစွာ ရှိပါသည်။ ယင်းကဲ့သို့သော ပြဿနာရပ်များအတွက် အလွယ်ကူ ဆုံးနှင့် အလျင်မြန်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မည်။



2011-03-30

Office 2007 အတွက် Product Key မလို Installer CD ပြုလုပ်ခြင်း။


Microsoft Office 2007 ကို install တင်သောအခါတွင် ပြုလုပ်ရလေ့ရှိသည်မှာ ခွေထည့်လိုက်သည့်အခါတွင် setup wizard မှ Serial No. ထည့်သွင်းရန်အတွက် အကွက်ပေါ်လာပါသည်။ ထိုအခါတွင် ခွေအတွင်းမှ text file ကိုဖွင့်ပြီး နံပါတ်ကို copy ကူးယူပြီး ဖြည့်ခြင်းများဖြင့် အဆင့်ဆင့်ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ယခုနည်းမှာ Office 2007 တင်သောအခါတွင် အဆိုပါ key များကိုထည့်သွင်းပေးရန်မလိုအပ်ပဲ၊ အချိန်ကုန်သက်သာစေမည့် installer ခွေလေး ဖြစ်သွားအောင် ပြုလုပ်ကြည့်ကြရအောင်။

(၁) ပထမဦးစွာ Microsoft Office 2007 CD ခွေကို သင့်စက်တွင်ထည့်၍ ခွေအတွင်းတွင် ပါဝင်သည့် file များ အားလုံးကို Folder လေးတစ်ခု တည်ဆောက်ထားပြီး ကူးယူထားလိုက်ပါ။

(၂) ယင်းသို့ ကူးယူပြီးနောက် ရရှိလာသော Folder ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ် ပေးပြီး၊ ၎င်းအတွင်းမှ Read-Only အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါမယ်။

(၃) ဆက်လက်၍ ကူးယူထားသော Folder အတွင်းမှ Enterprise.WW ဆိုတဲ့ Folder အတွင်းမှာ config.xml ဆိုတဲ့ file လေးကို Notepad ဖြင့် ဖွင့်စေ၍ အထက်ပါပုံစံတွင် ၀ိုင်းပြထားသည့်အတိုင်း အ၀ိုင်းအတွင်းမှ စာများကို ဖျက်လိုက်ပါ။ PIDKEY value နေရာတွင်တော့ ခွေတွင် ပါဝင်သော product key ကို copy ကူးယူ၍ ဖြည့်ပေးလိုက်ပါ။ ထို့နောက် file ကို save လုပ်ပေး၍ Nero burning ဖြင့် ပြင်ဆင်လိုက်သည့် folder အတွင်းမှ file များအားလုံးကို ကူးယူလိုက်ပါ။ ဒါဆိုရင် ရရှိလာသည့် Office 2007 cd အချပ်လေးဟာ cd key ထည့်သွင်း ပေးရန် မလိုအပ်တော့သည့် Office 2007 Installer အချပ်လေးတစ်ချပ်ကို ပိုင်ဆိုင်သွားပြီပေါ့။ အကယ်၍ များများပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ များများသာကူးပေတော့ဗျို့။ အားလုံး အဆင်ပြေကြပါစေဗျား။



2011-03-29

Zawgyi Keyboard Installer for Windows 7 (64-bit)


Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။

2011-03-25

Faronics DFS 6.62.20.3058


DeepFreeze ရဲ့ နောက်ဆုံးထွက် version 6.62.20.3058 ကို အသုံးပြုနည်း manual နဲ့တွဲဖက်ပြီး ပြန်လည်၍ share လုပ်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျား။

File Type: Rar | File Size:4.09 Mb

2011-03-14

Classic Menu For Office 2007


Microsoft Office 2003 မှ Microsoft Office 2007 သို့ version မြှင့်၍ အသုံးပြုရာတွင် ခက်ခဲမှုတစ်ခုမှာ Menu bar များအပြောင်းအလဲကြောင့် အသုံးပြုရ ခက်နေသယောင် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် Office 2003 ချစ်သူများအတွက် Office 2007 ကို အသုံးပြုရာတွင် ယခင်အသုံးပြုခဲ့သော ပုံစံအတိုင်း ပြုလုပ်ထားနိုင်ပါသည်။ အဆင်ပြေကြ ပါစေဗျား။


2011-03-11

Partition Manager 10.0 Personal



Partition Manager 10.0 Personal ဟာ ကွန်ပျူတာပြုပြင်သူများအတွက် လွန်စွာမှ အသုံးတည့်စေသည့် software တစ်ခုပင်ဖြစ်ပါသည်။ Partition ခွဲထားပြီးသား Hard disk ကို size အရွယ်အစား ပြန်လည်၍ adjust ပြုလုပ်လိုခြင်း၊ Partition ပြန်ခွဲလိုခြင်း၊ ပြန်ပေါင်းလိုခြင်း စသည်တို့ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သင့် hard disk တစ်ခုလုံးကို backup ပြုလုပ်၍ သိမ်းဆည်းထားနိုင်ခြင်း၊ အင်တာနက်ဂိမ်းဆိုင်များတွင် အမျိုးအစားတူ ကွန်ပျူတာများအတွက် စက်တစ်လုံးအား လိုအပ်သည်များကို အပြီးအစီး install တင်ထားပြီးပါက ကျန်သောကွန်ပျူတာများအတွက် မိနစ်ပိုင်းအတွင်း windows တစ်ခုလုံးကို install ပြုလုပ်၍ ရခြင်း စသည့်အချက်များကြောင့် Partition Manager ကို ဆောင်ထားသင့်လှပေသည်။

Download:
http://rapidshare.com/files/328329320/fileborg.org_PPM_10.0_Personal__x32_.part1.rar
http://rapidshare.com/files/328329396/fileborg.org_PPM_10.0_Personal__x32_.part2.rar
http://rapidshare.com/files/328329788/fileborg.org_PPM_10.0_Personal__x64_.part1.rar
http://rapidshare.com/files/328329887/fileborg.org_PPM_10.0_Personal__x64_.part2.rar



2011-02-11

Kaspersky All Version Keys 03 April 2011

Kaspersky အတွက် Keys တွေကို ထပ်မံ ရှာပေးလိုက်ပါတယ်။ အဆင်ပြေပါစေဗျား။

2011-01-12

Cool Screen Capture v7.0.1.521


Screen ကို Capture ဖမ်းယူရသော လုပ်ငန်းစဉ်များအတွက် Screen Capture Software များစွာရှိသည့် အနက် အသုံးပြုရလွယ်ကူသော Cool Screen Capture မှာ version 7.0.1.521 ထိပင် ထွက်ရှိလာခဲ့ပါပြီ။ Capture ဖမ်းယူရာတွင် ကွန်ပျူတာနောက်ခံကြီးတစ်ခုလုံးကို အရည်အသွေးကောင်းမွန်သော AVI အမျိုးအစားဖြင့် ထုတ်ယူ ရရှိနိုင်ပါတယ်။ သင်ထောက်ကူမှု ပြုရသော လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထူးပင် သင့်လျော်လှပါသည်။


Up