2010-03-02

How to Do Everything Adobe Photoshop CS4



Adobe Photoshop သည် Design Software များတွင် နံပါတ်တစ် ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။ ယခု နောက်ဆုံးထုတ် version ဖြစ်သည့် Adobe Photoshop CS4 ကို အသုံးပြုခြင်းအားဖြင့် သင့်၏ ပြီးပြည့်စုံသည့် ဖန်တီးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။ brushes များအသုံးပြုပုံ၊ Shades များအသုံးပြုပုံစသည့် အခြေခံအသုံးပြုနည်းမှသည် နောက်ဆုံးပေါ် ဖန်တီးချက်များ စသည့် နည်းစနစ်များအထိ တတ်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ထို့ပြင် 3D နှင့် Video Editor သမားများ အတွက်ပါ အသုံးတည့်စေမည့် ရေးသား လမ်းညွှန်မှုများ ပါရှိလေသည်။



2010-02-28

Adobe Photoshop CS3 A-Z

Contents
SECTION 1: Fast solutions for everyday editing tasks;

Adjusting brightness and contrast, Removing colour casts, Converting from a Raw file using ACR, Applying sharpness, Retouching dust and scratch marks, Removing red eye, Spreading image tones (pegging black and white points), Correcting lens problems, Altering tones with curves, Conversion to greyscale, Montaging photos together (Layer basics), Managing files with Bridge, Using Adjustment layers, Basic filtering techniques

SECTION 2:
A-Z reference Accented Edges filter – Automate; Bridge Background color - Button mode; Cache - Cutout filter; Darken blend mode - Dust & Scratches filter Edges - Eyedropper tool Facet filter - Fuzziness setting Gamut Warning - Guides Smart Halftone Pattern filter - Hue/Saturation adjustment layer; ICC profiles - Knockout; LAB color - LZW compression; Magic Eraser tool - Multi-Page PDF to PSD; Navigator -Notes; Ocean Ripple filter - Overlay blend mode; Page Setup - Quick Mask mode; Radial Blur filter - Rulers; Sample All Layers - Swatches palette; Text - Type Masks; Underlining type - Use All Layers; Vanishing Point filter - Vivid Light blending mode; Warp - Workspace; Photoshop XMP - ZoomView format.

Windows 7 Secrets




Windows 7 နှင့်ပတ်သက်၍ ဖြစ်နိုင်ချေ မရှိဘူးလို့ တွေးထင်ထားတဲ့ လျှို့ဝှက်ချက်များနဲ့ နည်းစနစ်များကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။

File Size : 26 MB
File Type: PDF

2010-02-26

Windows 7 Private Secrets Tips and Tricks E-book



Windows 7 Pocket Guide
မူရင်းစာရေးဆရာ Rich Robinson ရေးသားထားတဲ့ Windows Guide ဟာ Windows 7 ရဲ့ Secrets ၊ Tips and Tricks များ ပေါင်းစုထားတဲ့ စာအုပ်ကောင်း တစ်အုပ်ပင် ဖြစ်သည်။ လေ့လာရ လွယ်ကူပြီး ဖတ်ရှုရကျိုး နပ်စေမယ့် နည်းစနစ်များကို တတ်မြောက်စေမှာဖြစ်ပါတယ်။

Driver Checker 2.7.4



Driver Checker သည် Computer အတွင်းရှိ ထည့်သွင်းထားသော Driver များကို Up to Date ဖြစ်စေရန် အတွက် ပြင်ဆင်ဆောင်ရွက်ပေးလေသည်။ Driver checker ကို ဘာ့ကြောင့် သုံးစွဲကြသနည်းဆိုသည်မှာ-
(၁) ထည့်သွင်းထားသည့် Driver များ Date Out နေခြင်းကြောင့် ကွန်ပျူတာရဲ့အမြန်နှုန်းကို ကျဆင်းစေခြင်း၊
(၂) Printer များ၊ Scanner များ၊ USB Device များ၊ DVD Player များနှင့် ဆက်စပ်ပစ္စည်းသစ်များကို လက်မခံ နိုင်ခြင်း၊
(၃) System ပျက်ယွင်းပြီး Blue Screen တက်ကာ ပြဿနာဖြစ်ပေါ်နေခြင်း အစရှိသည်တို့ ဖြစ်ခဲ့ပါက Driver Checker သည် လိုအပ်သော Driver များကို ရှာဖွေပြီး Install ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် Driver များဟာ အမြဲတမ်း Updated ဖြစ်နေသည့်အတွက် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်ခိုင်မာစေသည်။

How to run multiple instances of Gtalk?




Instant Messaging (text chat)

Instant messaging ဆိုတာ အင်တာနက်ပေါ်မှ ရနိုင်တဲ့ service တစ်ခုပဲဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန် အလှန်စာသားများအဖြစ် ရိုက်ထည့်ပြီး အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးပို့နိုင်ကြတဲ့ service ပဲ ဖြစ်ပါတယ်။ ပုံမှန် အားဖြင့်ဆိုလျှင် Gtalk အတွင်းသို့ User name တစ်ခုဖြင့် Sign In ၀င်ရောက်ထားသည့် မိမိနှင့် အခြားတစ်ဖက်မှ လက်ခံသူ မိတ်ဆွေများနှင့် chatting လုပ်သည်ဆိုပါစို့။ ယင်းကဲ့သို့ chatting လုပ်ရာတွင် ယခင် ၀င်ရောက်ခဲ့သော e-mail လိပ်စာဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပေသည်။ ထပ်မံပြီး နောက်ထပ် e-mail လိပ်စာကို သုံးစွဲလိုပါက ယခု Sign In ၀င်ရောက်ခဲ့သော e-mail အတွင်းမှ ပြန်ပြီး Sign Out နဲ့ ပြန်ထွက်၊ နောက်ထပ် e-mail လိပ်စာတစ်ခုနဲ့ Sign In ပြန်ဝင် လုပ်ရပါမည်။
ဒါဆိုရင် အဲဒီလို မလုပ်ပဲ မိမိတွင် Account ရှိသလောက် Chatting ထိုင်တော့မယ့် Chatter ကြီးတွေကတော့ Gtalk ရဲ့ Setting လေးကို နည်းနည်းပြင်ပြီးတော့ ဟိုကိုလှမ်းချက်လိုက်၊ ဒီကိုလှမ်းချက်လိုက်နဲ့ ဆိုတော့ လက်မလည်နိုင်အောင်ပါပဲ။

(၁) ပထမဦးစွာ Google Talk ကို Desktop ပေါ်မှာ Shortcut ချထားပေးရန်ဖြစ်သည်။

(၂) ထို့နောက် ယင်း shortcut ပေါ်တွင် Right Click တစ်ချက်နှိပ်ပြီး Properties ကို ရွေးချယ်ပေးပါ။

(၃) ပုံတွင် ပြထားသည့်အတိုင်း Target အတွင်းရှိ startmenu ဆိုသည့် စာကိုဖျက်လိုက်ပြီး nomutex ဟု ပြင်ပေးလိုက်ပါမည်။

(၄) ပြီးတော့ Apply ပေါ်တွင် click နှိပ်လိုက်ပါ။ ဆက်လက်၍ OK ပေါ်တွင် click နှိပ်ပြီး ပြန်ထွက်လိုက်ပါ။ ဒါဆိုရင် Gtalk ကို စက်တစ်လုံးတည်းဖြင့် user account များစွာနဲ့ဝင်ရောက်ပြီး အားမနာတမ်းသာ chat လိုက်ပါတော့ ။ :)



2010-02-25

အင်တာနက်စုစည်းမှု သီချင်းခွေအတွင်းမှ သတိပြုရမည့် ဗိုင်းရပ်စ် အကြောင်း



အင်တာနက် စုစည်းမှု ဆိုတဲ့ DVD ခွေထဲအတွင်းတွင် ပါဝင်သည့် PRO.BAT ဆိုတဲ့ ဖိုင်လေးဟာ Windows စတင်ရန် အတွက် အဓိကကျတဲ့ file များကို ဖျက်ပစ်ပါတယ်။ Windows တက်ရန်အတွက် လိုအပ်တဲ့ Batch File လေး တစ်ဖိုင် ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ Batch File အလုပ်လုပ်ရန်အတွက် Autorun.inf ဖိုင်လေးပါ တွဲလျှက်ထည့်ထားပါတယ်။ ထို့ကြောင့် ကွန်ပျူတာကို autorun မပိတ်ထားတဲ့ စက်များမှာ ယင်း file ရဲ့ ဖျက်ဆီးမှုကို ခံရပါမယ်။ ထို့ပြင် My computer တွင် သွား၍ ဖွင့်ပါကလည်း Autorun ကြောင့် shutdown ကျသွားပါလိမ့်မယ်။ ယင်းအခြေအနေမျိုးတွင်တော့ လုံးဝ နောက်ကျသွားပါပြီ။ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များသည် ဟိုယခင်နှစ်များအတွင်းက တစ်ဘ၀လုံး ချစ်မယ့်သူ ဆိုတဲ့ အခွေအတွင်းမှ လုပ်ဆောင်ချက်များ အတိုင်းပင်ဖြစ်သည်။ ဒီခွေရဲ့နာမည်ကိုတောင် တစ်ဘ၀လုံးကို ဖျက်မယ့်သူ လို့ ကွန်ပျူတာသမားတွေက ခေါ်ဆိုသမုတ်ခဲ့ကြပါတယ်။ ကွန်ပျူတာဆိုသောအရာကလည်း Multimedia ဘက်စုံသုံး တစ်ခုပင် မဟုတ်ပါလော။

ဒါ့ကြောင့် ဒီခွေထဲမှာ ပါဝင်တဲ့ တိုက်ခိုက်မှု မခံရစေရန်အတွက် ပထမဦးစွာ
- ကွန်ပျူတာကို autorun ပိတ်ထားပေးရပါမည်။
- ယင်း autorun ကို ပိတ်ရန်အတွက် gpedit.msc နဲ့ ၀င်ရောက်ပိတ်ပေးရပါမယ်။ autorun ပိတ်နည်းကို ယခင် post များ ရေးသားချက်တွင် ဖတ်ရှုနိုင်ပါသည်။
- Autorun ပိတ်ထားပြီးပါက ခွေကို စက်တွင်ထည့်ပြီး My computer ကို double click နှိပ်ပါ။
-ပြီးတော့ အပေါ်ဘက် Standard buttons bar ပေါ်က Folders ဆိုတဲ့ အ၀ါရောင်အတုံးလေးပေါ်တွင် Click တစ်ချက်နှိပ်ပေးပါ။ အထက်ပါ ပုံစံအတိုင်း Explorer View ဖြင့် မြင်ရပါမည်။ ဒါဆိုရင် သီချင်းများကို ဖွင့်၍ ရသွားပြီပေါ့။

- အောက်ဆုံးက ယင်း File (၅)ဖိုင်ကိုတော့ အထူး သတိပြု၍ ရှောင်ကြရပါမည်။ အကယ်၍ သင့်အနေဖြင့် ဒီဖိုင်လေးက ဘာတွေကို သွားဖျက်ပါလိမ့် လို့ သိချင်ခဲ့ပါက PRO.BAT ဆိုတဲ့ ဖိုင်ပေါ်တွင် Right Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ Edit ကို ရွေးပြီး ကြည့်နိုင်ပါတယ်။ Double Click တော့ မနှိပ်လိုက်နဲ့နော်။


Windows ကို ထိသွားခဲ့ပြီဆိုရင်လည်း ပြင်ဆင်နည်းကို myanmaritmen ရဲ့ website တွင် ရေးသား ချက်များကို လေ့လာဖတ်ရှုကြည့်နိုင်ပါသည်။


2010-02-20

New Trick To Activate Trial In Kaspersky



Kaspersky Lab ရဲ့ ထုတ်ကုန်များဟာ သုံးစွဲသူ များကို အကြိုက်တွေ့ စေမည့် စွမ်းဆောင်ချက်များ နဲ့ အတူ ရိုးရှင်းတဲ့ အသွင်အပြင် များကြောင့် ထိပ်တန်း Anti- Virus software စာရင်းတွင် အမြဲမပြတ် နေရာ ရလျှက်ပင် ရှိပါသည်။ အသုံးပြု ရ အဆင်ပြေခြင်း၊ ထိရောက်မှုရှိခြင်း၊ အချိန်အခါအလိုက် အဆင့်မြင့်နိုင်ခြင်း၊ ထူးခြားသော လုပ်ဆောင်ချက်များ ထည့်သွင်းထားနိုင်ခြင်း၊ တပ်ဆင်ရ လွယ်ကူခြင်း၊ အထောက်အပံ့ပေးနိုင် ခြင်း စသည်တို့ကြောင့် Kaspersky ကို လူကြိုက်များကြပါသည်။ အမှန်တကယ်ပင် အားကိုးချင်စရာ ကောင်းလောက်အောင်ပင် Kaspersky သည် Virus များကို ကာကွယ်နိုင်စွမ်းရှိပါသည်။
တရားဝင် license ကို အခကြေးငွေပေးပြီး တစ်နှစ်စာ ၀ယ်ယူနိုင်သလို၊ နမူနာစမ်းသပ်ပြီး သုံးစွဲလိုပါကလည်း သုံးစွဲမှု ပြုနိုင်ပါသည်။ အင်တာနက်အတွင်းမှ အခမဲ့ပေးထားသော Key များကိုရှာဖွေ၍လည်း မိမိတို့ရဲ့ Kaspersky ကို အသက်သွင်းနိုင်ပါသေးတယ်။ နမူနာ Beta version ကို ရက်ပေါင်း (၃၀)သာ ခွင့်ပြုထားရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် Kaspersky Trial Resetter များကို အသုံးပြုကာ နောက်ထပ်ရက် (၃၀) ပြန်လည်ရရှိကာ အသုံးပြုသွား၍ ရနိုင်ပေသည်။ မည်သို့ပင်ဆိုစေ (ပိုက်ပိုက်) မကုန်ဖို့သာ လိုရင်းပင် မဟုတ်ပါလော။ :)
ယခုဖော်ပြပါ နည်းသည် မိမိအနေဖြင့် Kaspersky Antivirus 2010 ကို Trial Version ဖြင့် သတ်မှတ်ရက် (၃၀) ထက်ကျော်လွန်ပြီး ထပ်မံ၍ နောက်ထပ်ရက်(၃၀)အခမဲ့သုံးစွဲလိုပါက ပြုလုပ်ရမည့် လုပ်ဆောင်ချက် ပင်ဖြစ်သည်။



(1) ပထမဦးစွာ Trial version ရဲ့ Active license Key ကို delete လုပ်ပစ်ပါ။





အထက်ပါပုံအတိုင်း ပေါ်လာပါမည်။ Yes ကို click နှိပ်ရွေးချယ်လိုက်ပါ။



(2) ထို့နောက် kaspersky ရဲ့ setting အတွင်းသို့ ၀င်ရောက်ပြီး Enable Self-Defense ဆိုသည့် အမှန်ခြစ် အစိမ်းရောင်လေးကို ဖြုတ်ပေးပါ။


(3) ပြီးနောက် Kaspersky ကို Exit ဖြင့် ထွက်လိုက်ပါ။
(4) ထပ်မံပြီး Run တွင် regedit ဟု ရိုက်ထည့်ပေးပါ။ ဒါဆိုရင် registry editor ပွင့်လာပါမည်။


(5) ထို့နောက် Find command ဖြင့် ProductStatus ဟု ရိုက်ထည့်ပြီး ရှာလိုက်ပါ။


(6) ပြီးနောက် PCID ပေါ်တွင် double click နှိပ်လိုက်ပါ။ ထို့နောက် Bracket အတွင်းမှ နောက်ဆုံး (၃)သုံးကို သင်နှစ်သက်ရာသို့ ပြောင်းပေးလိုက်ပါ။
(7) Registry editor မှ ပြန်ထွက်လိုက်ပါ။ ပြီးတော့ Kaspersky ကို ပြန်ဖွင့်ပြီးတော့ Trial License ကို ပြန်လည်ပြီး Activate ပြန်လုပ်လိုက်ပါ။




ဒါဆိုရင် Kaspersky ရဲ့ Trial for 1 computer အတွက် အောင်မြင်သွားပြီပေါ့။

Ref: Rajeshmagic

2010-02-18

Convert Scanned Images into Text


Image မှ Text အဖြစ်သို့ပြောင်းခြင်း

OCR (Optical Character Recognition) သည် ရေးသားထားသော စာများ၊ print ထုတ်ထားသော စာများ၊ digital camera ဖြင့် ရိုက်ကူးထားသော စာများနှင့် scan ဖတ်ထားသော စာသားများအား ကွန်ပျူတာနှင့် တွဲဖက်ပြီး ပြင်ဆင်ရာ၌ အသုံးပြုနိုင်ပါသည်။ Languages ပေါင်း (၁၁)မျိုး ပါဝင်ပြီး image processing အပိုင်း တွင်လည်း ကောင်းမွန်ပါသည်။ OCR မှ MP3 အဖြစ်သို့လည်း ကူးပြောင်းနိုင်ပါသေးသည်။ OCR ဖြင့် ပြောင်းလဲ ထားသော စာသားများကိုလည်း PDF နှင့် HTM format များအနေဖြင့်လည်း save ပြုလုပ်နိုင်ပါသည်။ စွမ်းဆောင်ချက်ကောင်းမွန်ပြီး အသုံးပြုရလွယ်ကူသော program တစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်..။





2010-02-16

Run any Internet Site from Windows Calculator

Calculator ဖြင့် အင်တာနက်အသုံးပြုခြင်း


Windows တွင် ပါရှိသော Calculator မှ Standard calculator နှင့် Scientific calculator အမျိုးအစားနှစ်ခု ပါဝင်ပါတယ်။ ရိုးရိုး အပေါင်းအနှုတ် အမြောက်အစားပဲ လုပ်လုပ်၊ ထပ်ကိန်းတင်တာတို့၊ နှစ်ထပ်ကိန်းရင်းရှာတာတို့၊ sine, cosine တန်ဖိုးတွေ ရှာတာတို့၊ statistical calculation တွေ တွက်တာတို့ အစရှိတဲ့ တွက်နည်းမျိုးစုံကို လုပ်လို့ရပါတယ်။ ထပ်မံပြီး လုပ်လို့ရတာလေးလည်း ကျန်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Calculator ကို သုံးပြီးတော့ အင်တာနက် ဖွင့်နည်းလေးပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်ရန်အတွက် ပထမဦးစွာ-
(၁) Start ကို Click နှိပ်ပြီး All Programs မှ တဆင့် Accessories > Calculator ဟု အဆင့်ဆင့် ၀င်ရောက်ရွေးချယ်ပြီး Open လုပ်ပါမယ်။ (သို့) (Run Box ထဲတွင် calc ဟု ရိုက်ပြီး OK ကို click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။)
(၂) ထိုအခါ အထက်ပါပုံစံအတိုင်း Calculator ပွင့်လာပါမည်။
(၃) ပြီးနောက် Menu Bar ရှိ Help မှ Help Topics ကို ရွေးချယ် click နှိပ်ပေးပါ။ (သို့) Keyboard မှ F1 ကို နှိပ်ခြင်းဖြင့်လည်း ဖွင့်လိုက်ပါ။

(၄) ဒါဆိုရင် အထက်ပါပုံစံအတိုင်း Help Windows တက်လာပါမယ်။ ထပ်မံပြီးတော့ Help Windows ရဲ့ အပေါ်ဆုံးရှိ ဘယ်ဖက်ထောင့်စွန်းမှ icon လေးပေါ်မှာ click တစ်ချက်နှိပ်လိုက်ပါ။

(၅) ထို့နောက် အထက်ပါပုံစံအတိုင်း Jump to URL... ကို ရွေးချယ်ပေးပါ။

(၆) Jump to URL dialog box ပေါ်လာသောအခါ သင်အလိုရှိရာ အင်တာနက်လိပ်စာကို ရိုက်ထည့်နိုင်ပါပြီ။ သို့ပေမယ့် http:// ဆိုတဲ့ (Hyper Text Transport Protocol) လေးကိုတော့ ထည့်ပေးဖို့ မမေ့နဲ့နော်။

ဒါဆိုရင် အခြားသော Browser များနည်းတူစွာပဲ အင်တာနက်ကို အသုံးပြုလို့ ရသွားပြီပေါ့။
Up