2009-02-16

Adobe Photoshop CS Classroom In A Book



Adobe Systems ထုတ်လုပ်မှုတစ်ခုဖြစ်သော Photoshop ဆော့ဖ်ဝဲ၏ ဒစ်ဂျစ်တယ်ပုံရိပ်များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်းစသည့် ဆောင်ရွက်နိုင်ချက် စွမ်းရည်များကို ကွန်ပျူတာသမားများ သိထားကြပြီး ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်များနှင့်စပ်လျဉ်း၍ ဆော့ဖ်ဝဲများတွင် အကောင်းဆုံးဆော့ဖ်ဝဲတစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။ Adobe Photoshop CS Classroom in a Book သည် Adobe Systems မှ ကျွမ်းကျင်သူ ပညာရှင် များမှ ရေးသားထုတ်ဝေသည့် သင်ယူမှုအထောက်အကူပြုစာစဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သင်ခန်း စာများကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် တစ်ဆင့်ချင်းဖော်ပြထားပါသည်။ Photoshop ဆော့ဖ်ဝဲ ကို စတင်လေ့လာသူ လူသစ်တစ်ဦး ဖြစ်စေကာမူ အခြေခံကျကျ နားလည်စေနိုင်၍ တစ်ဆင့်ချင်းတက်ကာ ဆော့ဖ်ဝဲတစ်ခုလုံးကို ဆောင်ရွက်စေနိုင်ပါလိမ့်မည်။ အထူးသဖြင့် Classroom in a Book စာစဉ်တွင် Photoshop ၌ ပါဝင်သော အဆင့်မြင့် ဆောင်ရွက်နိုင်ချက်များ၊ နည်းပညာများကို ကုန်စင်အောင် နမူနာပေး လေ့ကျင့်ခန်းများ ပါဝင်၍ ၀က်ဘ်ဆိုက်များအတွက် ပုံရိပ်များ ဖန်တီးရန် နည်းလမ်းများကိုလည်း ဖော်ပြပေး ထားပါသည်။ Photoshop CS ၏ သင်ခန်းစာများကို တစ်ဆင့်ပြီးတစ်ဆင့် လေ့လာနိုင်ရန် ညွှန်ကြားဖော်ပြ ပေးထားပါသည်။


download


File Type:= PDF, File Size=20.8 MB

2009-02-14

Learning Web Design


WEB ဒီဇိုင်း ရေးသားခြင်း လက်တွေ့သင်ခန်းစာများ

အင်တာနက် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ Web တည်ဆောက်ပုံသဘာဝ၊ Browser များနှင့် URLs အကြောင်းကအစ အသေးစိတ်ဖော်ပြထားသည်။ Web designer ဖြစ်လိုသူတစ်ဦးအနေဖြင့် အတွေ့အကြုံ လုံးဝမရှိသည့်တိုင် web ၏ အလုပ်လုပ်ပုံ သဘောတရားများ၊ HTML အခြေခံများ၊ ဒီဇိုင်းဥပဒေသများကို သိရှိနားလည်စေနိုင်သည်။ မိမိ တည်ဆောက်ဖန်တီးယူမည့် web တစ်ခုကို စတင်တွေးခေါ်ယူခြင်းမှအစ နောက်ဆုံးရလဒ်များအထိ အသေးစိတ် ရှင်းလင်းဖော်ပြပေးထားသည်။
HTML အခြေခံသဘောတရားများအတွက် text များ format လုပ်ယူပုံ၊ graphic element များ ဖြည့်သွင်းပုံ၊ link များ ချိတ်ဆက်ပုံ၊ table နှင့် frames များ ဖန်တီးပုံနှင့် web ပေါ်တွင် အရောင်များကို အသုံးချပုံ စသည်တို့ကို အသေးစိတ် နမူနာများဖြင့် တင်ဆက်ပေးထားသည်။
Web ဒီဇိုင်းလုပ်ငန်းတွင် အလွန်ကျော်ကြား လူသိများလှသည့် Micromedia Dreamweaver, Adobe Golive နှင့် Microsoft FrontPage တို့ကို အသုံးပြု၍ လုပ်ဆောင်ထားသည့် နမူနာလုပ်ဆောင်ပြချက်များ ပါဝင်သည်။
-Image ပုံစံအမျိုးအစားအလိုက် GIFs သို့မဟုတ် JPEGs တို့ကို အသုံးချယူပုံကို ရှင်းပြပေးထားပြီး web လုပ်ငန်းအတွက် ဂရပ်ဖစ်များကို ကိုင်တွယ်ရာတွင် အရေးကြီးလှသည့် လက်တို့အညွှန်းများကိုလည်း ထည့်သွင်း ဖော်ပြပေးထားသည်။ Adobe Photoshop အပါအ၀င် နာမည်ကြီး web graphic tool သုံးမျိုးကို အသုံးချ၍ ဂရပ်ဖစ်များ ဖန်တီးယူပုံကိုလည်း တစ်ဆင့်ချင်း ဖော်ပြထားသည်။
-Information ဒီဇိုင်းများ၊ interface ဒီဇိုင်းများနှင့် navigation စနစ်များကို ဖြည့်ဆည်းထားရှိပြီး အသုံးချထား သည့် web site များ၏ သင်ခန်းစာများအဖြစ် စီစဉ်ဖော်ပြထားသည်။
- Web Design စတင်ရေးသားသူများအတွက် ယေဘုယျ မှားယွင်းတတ်သည့် အချက်များနှင့် web ဒီဇိုင်းတစ်ခု ဖြစ်လာရေးအတွက် ကြံဆပုံတို့ကို ဆောင်ရန်၊ ရှောင်ရန်များနှင့်တကွပါရှိသည်။

download


File Type = PDF, Size = 2.42 MB

Source of Computer Journal

2009-01-23

ကွန်ပျူတာအမေးအဖြေ

ကွန်ပျူတာဂျာနယ်တွင် ဖော်ပြခဲ့သော ကွန်ပျူတာအမေးအဖြေကဏ္ဍပါ အမေးအဖြေများကို ပြန်လည် တည်းဖြတ်ထုတ်ဝေခြင်း ဖြစ်ပါသည်။
ကွန်ပျူတာကို နေ့စဉ်အသုံးပြုနေသူများ၊ ကွန်ပျူတာကို ရံဖန်ရံခါသုံးစွဲသူများ၊ ကွန်ပျူတာကို သုံးစွဲရန် အစီအစဉ် ရှိနေသူများအတွက် ကွန်ပျူတာသုံးစွဲနေရင်း တွေ့ကြုံလာရနိုင်သည့် အခက်အခဲများ၊ ပြဿနာများ၊ ဆောင်ရန် ရှောင်ရန်များကို ဖော်ပြထားသည်။
-ကွန်ပျူတာ စာစီစာရိုက်ပြုလုပ်ခြင်း၊ စာရင်းဇယား ရေးဆွဲခြင်း၊ ဂရပ်ဖစ် ဒီဇိုင်းရေးဆွဲခြင်း၊ ကွန်ပျူတာဟာ့ဒ်ဝဲ ပြုပြင်ထိန်းသိမ်းခြင်း အပါအ၀င် ၀င်းဒိုးစ်အသုံးပြုသည်အထိ အခန်းကဏ္ဍပေါင်း ၁၅ ခု၊ မေးခွန်းပေါင်း ၅၀၀ ခန့် ကို ဖြေဆိုဖော်ပြထားသည်။
-အမေးအဖြေတစ်ပုဒ်ချင်းတိုင်းသည် ကွန်ပျူတာ သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။ မိမိကွန်ပျူတာတွင် ပြဿနာဖြစ်ပေါ်မှ အဖြေရှာဖွေဖတ်နိုင်သကဲ့သို့ တစ်အုပ်လုံး အစအဆုံး လေ့လာဖတ်ရှုလျှင်လည်း အကျိုးရှိ သည့် အမေးအဖြေများ ဖြစ်သည်။
- ကွန်ပျူတာတစ်လုံးအတွက် ပြဿနာများကို အဖြေရှာဖွေပေးထားသည့်အတွက် အားလုံးကို လေ့လာပြီးလျှင် မိမိကွန်ပျူတာတစ်ခုဖြစ်တိုင်း ကွန်ပျူတာပြင်ဆိုင်သို့ ပို့စရာမလိုဘဲ မိမိဘာသာ ဖြေရှင်းနိုင်သည်အထိ နားလည် တတ်ကျွမ်းလာမည်ဖြစ်သည်။
-ကွန်ပျူတာအမေးအဖြေ တစ်ပုဒ်ချင်းတိုင်းကို ရိုးရှင်းလွယ်ကူသော စကားပြေဖြင့် ဖော်ပြထားပြီး လိုအပ်သည့် နေရာတိုင်းတွင် သရုပ်ဖော်ပုံများ၊ အဆင့်အလိုက်ရှင်းလင်းချက်များဖြင့် ဖော်ပြထားသည်။

download


File Type=PDF, Size=8.04 MB
Source of Computer Journal

2009-01-16

MyMyanmar Unicode 2009


Overview
What happen when you become a billionare? You may want to be a superhero. What happen when Myanmar Unicode is perfect solution, you may want MyWindows. Entire Windows XP in Myanmar Language.

download

Download File Type: Rar, Size=25 MB
More details: http://www.mymyanmar.net

2009-01-09

Setting Domain Blogspot With co.cc Domain


Domain Name

Domain name တစ်ခုဟာ အင်တာနက်ပေါ်မှာရှိတဲ့ host computer ဒါမှမဟုတ် service ရှိရာ ရှာပေးပြီး အတည် ပြုပေးပါတယ်။ domain name ဟာ မကြာခဏဆိုသလို business, organization ဒါမှမဟုတ် service တွေနဲ့ ဆက်စပ်နေတတ်ပြီး company အမည်တစ်ခုလိုပဲ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ domain တွေကို sub domain ဆိုပြီး ထပ်ခွဲပါသေးတယ်။ ပုံစံကတော့ domain ပုံစံပါပဲ။ ထပ်ခွဲတာက တိုင်းပြည်တွေရဲ့ code အမှတ် အသားပါပဲ။ အဲဒါကို sophie@thehub.com.aw မှာ ကြည့်နိုင်ပါတယ်။ sub domain ဆိုတာက thehub ပါပဲ။ thehbub ကို Internet Service Provider လို့လည်း သိထားကြပါတယ်။ သူရဲ့ domain ပုံစံမှာပါတဲ့ com ဆိုတာ က company တစ်ခု (သို့) commercial site ကို ဆိုလိုပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ခုရဲ့ code ကို ဆိုလိုပါတယ်။ ဥပမာ au ဆိုရင် သြစတြေးလျ (Australia) ကို ရည်ညွှန်းပါတယ်။ နိုင်ငံတိုင်းမှာ သီးခြား code တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ code တွေကို အမြဲသုံးလေ့မရှိပါဘူး။ အဲဒီ code တွေကတော့-

au Australia
ca
Canada

cc Cocos Islands

de Germany

es Spain

fr France
jp Japan
no Norway

uk United Kingdom

nl Netherlands

domain name ပုံစံများတွင် အောက်ပါတို့လည်း ပါဝင်နေပါတယ်။

ac Academic (UK)
com Company or Commercial organization

co Company or commercial organization (UK, NZ)

edu Educational institution
gov Government

mil Military

net Internet gateway or administrative host

org Non-profit organization

အကျယ်သိလိုပါက http://www.internic.net/faq.html ကို ဆက်သွယ်ကြည့်ပါ။

Free Domain co.cc
co.cc သည် free အဖြစ်အသုံးပြုနိုင်သော domain တစ်ခုဖြစ်ပါသည်။
၎င်းအား URL (Uniform Resource Locator) တစ်ခုအနေဖြင့်သာမကပဲ DNS Records, A, MX, နဲ့ CNAME records များအတွက်လည်း အသုံးပြု နိုင်ပါတယ်။ Blog တွေရဲ့လိပ်စာအမည်တွေကို co.cc အဖြစ် ပြောင်းလဲလိုက်နိုင်ပါတယ်။ "name.blogspot.com" ဆိုတဲ့ နာမည်နဲ့သုံးရတာကိုက အရမ်းရိုးလွန်းနေပါပြီတဲ့ (ဒါကတော့ သူ့အပြောပေါ့)။ ဒါကြောင့် blog ရဲ့ နာမည်ကို blogspot.com အစား co.cc ဆိုတဲ့ domain လေးနဲ့ ပြောင်းသုံးဖို့ ကြိုးစားကြည့်လိုက်ရအောင်။ ပထမဦးစွာ-

Setting Domain Blogspot With co.cc Domain

(1) သင့် browser ရဲ့ address bar မှာ co.cc ရဲ့ site ကို ရိုက်ထည့်ပြီးသွားလိုက်ပါ။
(2) ထို့နောက် သင်အသုံးပြုလိုသော domain အား register လုပ်လိုက်ပါ။
(3) အကယ်၍ သင်ပေးလိုက်သော site နာမည်သည် အခြားသူတစ်ဦးတစ်ယောက်က အသုံးပြုထားသည့် site အမည်နှင့်သွား၍ တိုက်ဆိုင်တတ်ပါသည်။ ထိုအခါ အခြားသင့်တော်ရာ domain အမည်တစ်ခုခုဖြင့် ပြောင်းလဲပြီး ထပ်မံ Check availability ပြုလုပ်ကြည့်ပါ။
(4) ယင်းလုပ်ငန်းစဉ်များ ပြီးဆုံးသွားသောအခါမှာ သင့် domain ကို ထပ်မံပြီး setup လုပ်ရပါမယ်။ ဒါကြောင့် Setup-->Manage domain ကို သွားလိုက်ပါ။
(5) ထို့နောက် Zone Records ကို ရွေးချယ်လိုက်ပါ။
(6) Host Column အကွက်ထဲတွင် သင်ရွေးချယ်ခဲ့သော domain ကို ထည့်ပါ။
( ဥပမာ- www.yourdomainname.co.cc )
(7) Type အတွက် CNAME ကို ရွေးချယ်ပါ။
(8) Value box အတွင်းမှာတော့ "ghs.google.com" လို့ ဖြည့်ပေးပါ။
(9) ထို့နောက် Setup ကို Click နှိပ်လိုက်ပါ။


ကျန်ရှိတဲ့ အဆင့်တွေကတော့ blogspot မှာ ပြင်ဆင်ရမယ့် အပိုင်းပဲဖြစ်ပါတယ်-

ရှေးဦးစွာ Blogger.com ရဲ့ blogspot မှာ Log In လုပ်ပြီး-
(1) "Setting --->Publishing" ကို ရွေးချယ်ပါ။
(2) ထို့နောက် Switch to: Custom Domain ကို ရွေးပါ။
(3) "Already own a domain? Switch to advanced settings" မှာ click နှိပ်ပါ။
(4) ထို့နောက် "Your Domain" ဆိုတဲ့အကွက်ထဲမှာ သင့်ရဲ့ domain name လေးကို ဖြည့်လိုက်ပါမယ်။

(5) သင့်လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် Save Setting ကိုထပ်မံနှိပ်လိုက်ပါ။ 1-48 နာရီ အတွင်းမှာ သင့် co.cc နဲ့ အဆုံးသတ်တဲ့ domain က စတင်အလုပ်လုပ်ပြီဖြစ်ပါတယ်။

Ref: http://www.trick-blog.blogspot.com
http://aungmyohan.myanmarbloggers.org
အင်တာနက် guide book (မောင်ထူးချွန်)


2009-01-05

How to Add Google Webmaster Tools to Your Blogger Blog

သင့် sites ဆီကိုလာရောက်လည်ပတ်ကြည့်ရှု့ကြသူများအပေါ်မှာ သင့်လုပ်ဆောင်မှု project ကို အသိအမှတ် ပြုနိုင်ရေးသည်သာ အဓိကလိုရင်းပန်းတိုင် တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ဈေးကွက်ကို ပြောင်းလဲဖို့ရန်အတွက် ကျွန်ုပ်တို့ websites များရဲ့ တိုးတက်ဖြစ်ထွန်းမှု လမ်းကြောင်းကိုလိုက်ဖို့ လိုအပ်လာပါတယ်။ Site အားလုံးအတွက် အကြိုက်နှစ်သက်ဆုံး Tools တစ်ခုမှာ Google Webmaster Tools တစ်ခုဖြစ်ပါတယ်။ ပြုလုပ်ပုံမှာ လွယ်ကူပြီး Blogger အတွက်သာမက Website များအတွက်ပါ အသုံးချနိုင်ပါသေးတယ်။ Tracking လုပ်ရန်လိုအပ်ချက်အရ သင့် site အတွင်းသို့ Google Tools လေးကို ပေါင်းထည့်ပေးရပါမယ်။ ဒါမှလည်း Google မှာ ရှာဖွေတဲ့အခါမှာ ကျွန်ုပ်တို့ ရေးတင်ထားသော အချို့သော သတင်းအချက်အလက်များကို တိုက်ရိုက်အသေးစိပ် မြင်နိုင်မှာ ဖြစ်ပါတယ်။

ပထမဦးစွာ မစတင်မှီ သင့် Blogger Template (သို့) Website ကို Backup လုပ်ထားပါ။ ထို့နောက်

Code:
http://www.google.com/webmasters/tools/

ဟူ၍ သွားပါ။ အကယ်၍ Google account အတွင်း သင် sign in လုပ်ထားပါက ပုံတွင် ပြထားတဲ့အတိုင်း Continue ကိုသာ click နှိပ်လိုက်ပါ။


ယခုဆိုရင် သင့် site အကြောင်းကို Google သို့ ပြောရန်အတွက် လိုအပ်ပါတယ်။ ပထမဦးစွာ သင့် blog ရဲ့ URL ကို အောက်တွင်ရှိသော ပုံစံအတွင်း ရိုက်ထည့်လိုက်ပါ။ ထို့နောက် Next ကို Click သာ နှိပ်လိုက်ပါ။


ထပ်မံပြီး ကျွန်ုပ်တို့ site ကို Verify လုပ်ရန်အတွက် "Verify Your Site" အပေါ်မှာ Click တစ်ချက်နှိပ်ပါ။




"Choose Verification Method" ကို ပြောင်းလဲရန်အတွက် "Add a Meta tag." ပေါ်မှာ click နှိပ်ပါ။
ထိုအခါ သင့် blog အတွင်းသို့ ပြောင်းလဲထည့်သွင်းရန်လိုအပ်တဲ့ Meta tag ကို မြင်တွေ့ရမှာပါ။ အောက်ဘက် နမူနာတွင် ကြည့်ပါ။




(1) ထို့နောက် blogger.com ကို ဖွင့်လိုက်ပါ။


Code:
http://www.blogger.com/
(2) Sign-in ပြုလုပ်ပြီး blogs Control panel သို့ သွားပါ။
(3) ထို့နောက် Template ပေါ်တွင် Click တစ်ချက်နှိပ်ပါ။
(4) ထပ်မံပြီး "Edit HTML" ပေါ်တွင် ပုံတွင်ပြထားသကဲ့သို့ Click နှိပ်လိုက်ပါ။


Verification code ကို Blogger အတွင်းရှိ "Edit HTML" အပိုင်းတွင် ထားရမည်ဖြစ်ပါသည်။ ထို့ကြောင့်-
(1) သင့် Template အတွင်း head ဟူသော tag ကို ပုံတွင်ပြထားသကဲ့သို့ ရှာဖွေလိုက်ပါ။
(2) ထို့နောက် သင် Webmaster Tools အတွင်းမှ ကူးယူလာသော code ကို head tag ရဲ့ အောက်မှာ ထည့်ပါ။
(3) စာမျက်နှာအောက်ဆုံးသို့ Buttom ကို Scroll လုပ်ပြီးနောက် "Save Template" ပေါ်တွင် Click နှိပ်ပါ။


Verification code ကို သေချာစွာထည့်ထားပြီးနောက် Save လုပ်ပြီးသော် Verification Process ပြည့်စုံ သွားပါပြီ။ ပြီးသော် Webmaster Tools window ဆီသို့ ပြန်သွားပြီး Verify ပေါ်တွင် Click တစ်ချက်နှိပ်ပါ။


Congratulations!
ယခုဆိုရင် သင့် site မှာ Google Webmaster Tools ကို အသုံးပြုထားနိုင်ပြီ ဖြစ်သည်။

Ref: post of xnyash


2008-12-25

Unlocker Assistant


File (သို့မဟုတ်) Folder တစ်ခုခုကို မလိုအပ်လို့ ဖျက်လိုက်ပေမယ့် တစ်ခါတစ်ရံမှာ အထက်ပါပုံအတိုင်း Error Message ပေါ်တတ်ပါတယ်။ ယင်းသို့ဖြစ်ရခြင်းမှာ အဲဒီ File, Folder ကို Windows စနစ်(သို့မဟုတ်) အခြားသော program တစ်ခုခုက အသုံးပြုနေရင် ဖျက်ခွင့်မပေးပဲ error message ပေါ်လာရခြင်းဖြစ်ပါတယ်။ ယင်းသို့ ဖြစ်လာ ပါက restart ပြန်လုပ်ပြီးမှ ဖျက်ခြင်း၊ ဒါနဲ့မှ ဖျက်မရပြန်ရင် computer ကို safe mode မှာထားပြီး ဖျက်ခြင်းတို့ကို ပြုလုပ်မှသာ အဆင်ပြေသွားတတ်ပါတယ်။

ပို၍လွယ်ကူသည်မှာ Unlocker Assistant ကို အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်မှု ရှိစေပါတယ်။ မိမိဖျက်လိုသော File (သို့မဟုတ်) Folder ပေါ်တွင် Right Click နှိပ်ပြီး ပေါ်လာ Menu ပေါ်တွင် Unlocker ကို ရွေးချယ် Click နှိပ်လိုက်ပါ။ ထိုအခါ အသုံးပြုရန်အတွက် No Action, Delete, Rename, Move လုပ်ရန် ပေါ်လာပါမည်။ ဖျက်မည်ဆိုပါက Action တွင် Delete ကို ရွေးပြီး OK ကို Click နှိပ်ခြင်းအားဖြင့် အလွယ်တကူ ဖျက်၍ရသွားပါ တယ်။




Click Here to Download : Unlocker 1.8.7 (238 KB)
Source of : http://ccollomb.free.fr/unlocker/

2008-11-18

Windows XP Setup Simulator


Windows XP Setup Simulator သည် Program တစ်ခုဖြစ်ပြီး Windows XP ကို ဘယ်လို Install လုပ်မလဲ ဆိုတာကို သင်ကြားပြသပေးပါတယ်။ Computer ရဲ့ Hardware နဲ့ Software အခက်အခဲများကိုလည်း စိုးရိမ် စရာမလိုပါဘူး။ အမှန်တကယ် Windows Install လုပ်နေသကဲ့သို့ ထင်ရပေသည်။ အဆင့်တိုင်းကို တိကျစွာနဲ့ Windows တင်စဉ်အတွင်းတွင် Restart မဖြစ်စေဘဲ ပြန်လည်ဖော်ပြပေးပါတယ်။ ၎င်း program ကို အသုံးပြု၍ Windows 2003 တွင်လည်း သင်ကြားရေးအတွက် လမ်းညွှန်အဖြစ် အသုံးပြုနိုင်ပါတယ်။ Package အတွင်းတွင် e-book များပါဝင်ပြီး အခြား Windows အခြေခံနှင့် Windows တင်နည်းအဆင့်ဆင့်တို့အား လွယ်ကူစွာ ရှင်း လင်း ပြထားပါတယ်။
download here: Windows XP Setup Simulator (1.23 MB)
More details: http://www.echoproject.net/

2008-11-17

iRepairMan

iRepair Man


iRepair Man Program လေးဟာ စွမ်းဆောင်ရည်ကောင်းမွန်သလောက် အခမဲ့ download အနေနှင့်ပါ ရယူနိုင်ပါတယ်။ ကိုထိန်လင်းထူး က ရေးသားထားပြီး http://www.isoft.ygn.cc/ မှာ download ချယူနိုင် ပါတယ်။ iRepair Man ကို အသုံးပြုပြီးတော့ Folder Option, Registry Editor, Task Manager, Hidden Files နဲ့ File Extension များကို ပြန်ဖွင့်ပေးနိုင်ပါတယ်။
To Download:
iRepairMan.exe (1,273 KB)
iRepairMan.zip (1,220 KB)
C++ Source.zip (497 KB)
Guide Par1 (952 KB)
Happy Birthday Virus Article.pdf (92 KB)

2008-10-06

Error Messages


My Computer ရဲ့ Tool menu မှ Folder Option Command ပျောက်နေပြီး Show/Hidden folders and files စတဲ့ function များကို သုံး၍မရတော့ပါ။

Start menu ရှိ Run box ထဲတွင် regedit ရိုက်၍ Registry ကို ဖွင့်ရာတွင်လည်း အောက်ပါအတိုင်း Regisrty editing has been disabled by your administrator. ဆိုတဲ့ Registry Editor မှ Alert တစ်ခု တက်လာပြီး regedit ကို ဖွင့်မရပါ။


Ctrl+Alt+Del key များကို တွဲနှိပ်ပြီး Task Manager ကို ဖွင့်ရန်ကြိုးစားကြည့်သောအခါတွင်လည်း Task Manager has been disabled by your administrator. ဟူသော message box တစ်ခုတက်လာပြီး ဖွင့်မရပြန်ပါ။


Removing the Disable Registry Tools restriction:


Method 1: Using the REG.EXE console tool

Registry Editor ကို ပြန်လည်ဖွင့်ရန်အတွက် ပထမဦးစွာ-
(1) Start ကို Click နှိပ်ပြီး Run တွင် အောက်ပါအတိုင်း command တစ်ကြောင်းကို ရိုက်ထည့်ပါ။


Method 2: Using the Group policy editor

(1) Start ကို Click တစ်ချက်နှိပ်ပြီး Run တွင် gpedit.msc ဟူ၍ ရိုက်ထည့်ပြီး Enter နှိပ်ပါ။

(2) User Configuration | Administrative Templates | Windows Components | Windows Explorer

ဟူ၍ အဆင့်ဆင့် ရွေးချယ်ပြီး System ရဲ့ Setting အကွက်ထဲရှိ Prevent access to registry editing tools ကို double click နှိပ်ပြီး Not Configured ကို click နှိပ်ရွေးချယ်ပြီး Group Policy Editor မှ Exit လုပ်ပါ။

ဤနည်းလမ်းများဖြင့် Registry အား ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်နိုင်ပါမည်။

ထိုအခါ Registry ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် My Computer ရဲ့ Tools menu မှ Folder Options ပျောက်နေသည့်ပြဿနာကို ဖြေရှင်း၍ရနိုင်ပါပြီ။

Folder Options missing from Tools menu in Windows Explorer

Method 1: Using the REG.EXE console tool

Registry Editor ကို ပြန်လည်ဖွင့်ရန်အတွက် ပထမဦးစွာ-
(1) Start ကို Click နှိပ်ပြီး Run တွင် regedit ဟု ရိုက်ထည့်ပြီး OK ကို Click နှိပ်ပါ။
ထို့နောက် အောက်ပါအတိုင်း တစ်ဆင့်ချင်း ဖွင့်သွားပါ။

HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer

ဆိုတဲ့ စာသားပေါ်ကို Double Click နှိပ်ပါ။ ထိုအခါ ညာဘက်ရှိ မြင်ကွင်းအတွင်း NoFolderOptions ဟူသော value ကိုတွေ့လျှင် delete လုပ်လိုက်ပါ။

(တစ်ခုသတိပြုရန်မှာ registry editor သို့ ၀င်၍ regisrty များကို ပြင်ခြင်းသည် အန္တရာယ်များသော မပြုပြင်မီ ကြိုတင်ပြီး backup လုပ်ထားသင့်ပါတယ်။)


HKEY_LOCAL_MACHINE \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer

တွင်လည်း value များရှိပါက delete လုပ်ပစ်လိုက် နိုင်ပါတယ်။


Method 2: Using the Group policy editor

(1) Start ကို Click တစ်ချက်နှိပ်ပြီး Run တွင် gpedit.msc ဟူ၍ ရိုက်ထည့်ပြီး Enter နှိပ်ပါ။

(2) User Configuration | Administrative Templates | Windows Components | Windows Explorer


ဟူ၍ အဆင့်ဆင့်ရွေးချယ်ပြီးနောက် Remove the Folder Options menu item from the Tools Menu ပေါ်တွင် double click နှိပ်ပြီး Not Configured ကို click နှိပ်ရွေးချယ်ပြီး Group Policy Editor မှ Exit လုပ်ပါ။

ဤနည်းလမ်းများဖြင့် My computer ရဲ့ Folder Option ပျောက်နေခြင်းမှ ပြင်ဆင်ပြီးပါပြီ။


Removing the Disable Task Manager Tools restriction:

Method 1: Using the REG.EXE console tool
Ctrl+Alt+Del key များကိုနှိပ်ပြီး Task manager ရဲ့ ဖွင့်ရန်အတွက် ပထမဦးဆုံး Start > Run တွင် အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။



Method 2: Using the Group policy editor

(1) Start ကို Click တစ်ချက်နှိပ်ပြီး Run တွင် gpedit.msc ဟူ၍ ရိုက်ထည့်ပြီး Enter နှိပ်ပါ။

User Configuration / Administrative Templates / System / Ctrl+Alt+Delete Options / Remove Task Manager

ဟူ၍ အဆင့်ဆင့် ရွေးချယ်သွားပြီး Remove Task Manager ပေါ်တွင် double click နှိပ်ပါ။

(2) ထို့နောက် Not Configured ပေါ်တွင် click နှိပ်ရွေးချယ်ပြီး Group Policy Editor မှ Exit လုပ်ပါ။
ထိုအခါတွင် Ctrl+Alt+Del key များလည်း သုံး၍ ရသွားပေလိမ့်မည်..။
Up