2008-08-14

Bit Rate များကို လေ့လာခြင်း

သင်ဟာ Audio နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို စိတ်ဝင်စားသူ တစ်ယောက် ဆိုရင် wave တွေရဲ့ ကွာခြားမှု၊ Recording လုပ်တဲ့အခါ Bit Rate တွေရဲ့ ကွာခြားမှုတွေကို အထိုက်အလျောက် သိထားသင့်ပါတယ်။ Audio Recording လုပ်ငန်းအတွက် bit rate တွေ ကွာခြားမှုဟာ အလွန်အရေးကြီး ပါတယ်။ Recording လုပ်တဲ့အခါမှာ bit rate တွေမှန်ကန်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ သီချင်းတစ်ပုဒ်ကို Select လုပ်ပြီး Right Click မှတစ်ဆင့် Properties ကို ဖွင့်လိုက်ပါ။ CD တစ်ချပ်ရဲ့ bit rate ကို ကြည့်မယ်ဆိုရင် 16 bit ရှိပါတယ်။ Bit rate ဆိုတာဟာ binary digit တွေရဲ့ rate (နှုန်းထား) များဖြစ်ပါတယ်။ CD တစ်ချပ်ဟာ တကယ်တော့ digital form ပဲ ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သင်ဟာ recording လုပ်ရမယ်ဆိုရင် bit rate နဲ့ ကြုံတွေ့ရမှာပါ။ သာမန် recording လုပ်ရုံကတော့ 16 bit ကို ရွေးချယ်လိုက် ပါ။ Professional လုပ်ငန်းအတွက်ကတော့ အသံတစ်သံကို ဖမ်းရာမှာ 16 bit သို့မဟုတ် 32 bit ကို ရွေးချယ်ကြပါတယ်။ Bit rate တွေရဲ့ ကွာခြားမှုကြောင့် အသံတွေဟာလည်း ကွာခြားနိုင်ပါတယ်။ အသုံး အများဆုံးကတော့ 16 bit ပဲ ဖြစ်ပါတယ်။
တစ်ချို့ MP4 တွေမှာ Recording System ပါဝင်ပါတယ်။ အဲဒီလိုဖမ်းထားတဲ့ အသံတွေကို computer ပေါ် တင်ပြီး CD ပြန်ကူးမယ်ဆိုလျှင်တော့ အရည်အသွေးကောင်းမွန်စေရန်အတွက် bit rate တွေကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ MP4 ရဲ့ recording format ဟာ 8 bit ပဲရှိပါတယ်။ တကယ်တော့ 8 bit ဟာ အရည် အသွေး အလွန်ညံ့ပါတယ်။ ဒါပေမယ့် file size သေးတဲ့အတွက် အချိန်ကြာမြင့်စွာ အသံဖမ်းယူနိုင်ပါတယ်။ CD ပြန်ကူးမယ်ဆိုလျှင်လည်း တချို့စက်တွေမှာ ဖွင့်လို့မရတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ အကောင်းဆုံး ဖြစ်စေဖို့အတွက် ဒီ record လုပ်ထားတဲ့ data တွေကို wavelab မှ တဆင့် ပြန်လည်ပြုပြင်ယူနိုင်ပါတယ်။ 16 bit ဖြစ်စေရန်အတွက် wavelab မှ open ဖွင့်ပြီး encoding ပြန်လုပ်တဲ့အခါမှာ 16 bit 44 kHz ကို ရွေး ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေဆုံး wave file တစ်ခု ဖြစ်သွားပါပြီ။ MP3 အနေနဲ့ကတော့ 128 kbps, 44 kHz ဟာ အကောင်းဆုံးပါပဲ။ Bit rate များခြင်းဟာ အသံရဲ့ gain ကို ကောင်းစေနိုင်တာမှန်ပေမယ့် file size ကိုတော့ ကြီးစေပါတယ်။ Data file အနေနဲ့ကတော့ တစ်ခါတစ်ရံမှာ 16 bit, 48 kHz ကို သုံးပါတယ်။
တစ်ခါတရံမှာ bit rate တွေ မမှန်တဲ့အတွက် CD ကူးတာမျိုး MP3 ခွေ ပြုလုပ်တဲ့အခါမှာ ပြန်ဖွင့်လို့ မရတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ သင့်ရဲ့ computer မှာ MP3 producer (သို့) Audio Grabber စတဲ့ software တွေ တင်ထားမယ်ဆိုရင်တော့ အလွယ်တကူ ပြုပြင်ယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ software တွေဟာ Editing လုပ်လို့ မရပါဘူး။ တကယ်လို့ သင်ဟာ editing ပါ လုပ်ချင်တယ်ဆိုရင်တော့ WaveLab (သို့) Sound Forge ကိုသုံးတာ အဆင်ပြေစေပါတယ်။

Ref: Sanay Oo
Thursday, July 31, 2008
Internet Journal

2008-08-10

Windows XP Registry Guide E-book

Jerry Honeycutt's, Windows XP Registry Guide, is an invaluable resource for any XP user. Two registry guides. I read for previous Windows operating systems were a total waste of money. This book, however, is worth buying at any price.The Windows XP Registry Guide takes a systematic approach to learning and using registry tools to get the most out or your XP system. Novice users will learn enough to make the book worthwhile by reading just the first section (five chapters), but once you get that far you will want to read it all. Jerry is careful to warn about careless hacking and thoroughly covers backing up and restoring the registry using tools already included in Windows XP and several third party tools. I was surprised to learn how useful Microsoft's Word application is in managing changes made to the registry.


Download Link:
http://rapidshare.com/files/90314468/Microsoft_Windows_XP_Registry_Guide.rar
Pass:passiondownload.com

Source of http://whereweget.com/2008/02/26/windows-xp-registry-guide-e-book.html

2008-08-02

Windows ၏ Send To Menu တွင် Destinations အသစ်များ ထပ်မံပေါင်းထည့်ခြင်း

Windows ထဲတွင်ရှိသော Send To Command သည် ဖိုင်များအား တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းရာတွင် အသုံးပြုပါသည်။ အသုံးပြုသူ အနေဖြင့်လည်း ၎င်း Command အား အသုံးပြုရာတွင် ပုံသေ Default Destination များကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံသေပါဝင်မှု စာရင်းများအနေဖြင့် ဥပမာ- Compressed (zipped) Folder, Desktop (create shortcut), Mail Recipient, My Documents, CD/DVD Drive ဟူ၍ တစ်ခုခု ဖြစ်နိုင်ပါသည်။ ၎င်း command များသည် Default ပါရှိမှု များသာ ဖြစ်ပေသည်။ အကယ်၍ သင့်အနေဖြင့် အချက်အလက်များအား အခြားနေရာတစ်ခုဆီသို့ သယ်ယူရွှေ့ပြောင်းမှု ပိုမို၍ မြန်ဆန်စေရန်အတွက် Send To Lists တွင် Destinations အသစ်များအား ထပ်မံပြီး ပေါင်းထည့်ပေး ထားနိုင်ပါသေးသည်။ ပထမဦးစွာ-
(1) Start ကို Click တစ်ချက်နှိပ်ပြီး Run ကို Click နှိပ်ရွေးချယ်ပါ။
(2) Run Option Box ထဲတွင် sendto ဟူ၍ ရိုက်ထည့်ပြီး OK ကို Click နှိပ်ရွေးချယ်လိုက်ပါ။
(3) ထိုအခါ Send To Dialog Box တစ်ခုပေါ်လာပြီး ၎င်း Folder ထဲသို့ မိမိစိတ်ကြိုက် Program, Folders နှင့် Drives Shortcuts များအား Mouse ကို ဖိဆွဲပြီး Drag-and Drop (သို့) Copy and Paste နည်းကိုသုံးပြီး ရွှေ့ပြောင်းလိုက်နိုင်ပါသည်။ ထိုအခါ သင်ဖန်တီးလိုက်သော New Shortcut အသစ်ဆီသို့ သင်ရွှေ့ပြောင်းလိုသည့် ဖိုင်တစ်ခုပေါ်တွင် Right-Click နှိပ်ပြီး ရွေးချယ်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
(4) သင့်အနေဖြင့် ၎င်း Command များအား မကြိုက်၍ ဖျက်ပစ်မည် ဆိုပါကလည်း အထက်ပါနည်းလမ်းအတိုင်း အဆင့်ဆင့်ဝင်ရောက်ရွေးချယ်ပြီး Delete လုပ်ခြင်းအားဖြင့် ဖျက်ပစ်လိုက်နိုင်ပါသည်။

Web Page များကို PDF ဖိုင်အဖြစ် သိမ်းဆည်းထားခြင်း

အင်တာနက်စာမျက်နှာများမှ PDF အဖြစ် ပြုလုပ်သိမ်းဆည်းရန်မှာ Software များစွာရှိသည့်အနက်မှ လွန်စွာ လွယ်ကူလျင်မြန်လှသော software တစ်ခုမှာ CutePDF Creator ပင်ဖြစ်ပါတယ်။ CutePDF Software မှာ အခြားသော Print ထုတ်ယူနိုင်သော Software များစွာမှလည်း PDF ပြောင်းပေးနိုင်ပါသေး သည်။ အသုံးပြုပုံမှာ Print ထုတ်ယူလိုသော Website အား ဖွင့်ထားပြီး File Menu မှ Print ကို ရွေးချယ်ပေးပြီး ဆက်လက်၍ Printer Name Box ထဲတွင် CutePDF Writer ကို ရွေးချယ်ပေးပြီး OK ကို နှိပ်ခြင်းအားဖြင့် PDF File တစ်ခုကို ပြုလုပ်ပေးနိုင်ပါတယ်။

Create professional quality PDF files from almost any printable document. FREE for personal, commercial, gov or edu use! No watermarks! No popup Web ads! Now supports 64-bit Windows.

Download:
CutePDF Writer
http://www.cutepdf.com/download/CuteWriter.exe
Free Download (1.6 MB) (Vista Ready)

2008-07-31

PageMaker Software အကြောင်း တစ်စေ့တစ်စောင်းနှင့် ၎င်း၏ အနာဂတ်

အချိန်ကာလတစ်လျှောက်လုံး စာစီစာရိုက်လုပ်ငန်းသမား အားလုံးလိုလိုက အသုံးပြုနေကြတဲ့ စာစီ (work processing software) ဟာ PageMaker ပဲ ဖြစ်ပါတယ်။ စာစီစာရိုက်လုပ်ငန်းများရဲ့ 90% လောက် ရှိမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီ Pagemaker Software ကို ဘယ်သူကရေးသားခဲ့တယ်၊ ဘယ် Company က ထုတ်လုပ်ခဲ့တယ်၊ ဘယ် ခုနှစ်က စတင်ခဲ့တယ်၊ ရှေ့ဆက်ပြီး ဘယ်လို အဆင့်မြှင့် Version တွေ ထွက်လာဦး မယ်ဆိုတာ မသိတဲ့သူက များပါတယ်။ သိဖို့လည်း မလိုဘူးလို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ သမိုင်းကြောင်းကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း PageMaker Software ရဲ့ အကြောင်းရင်းမြစ်ကို ရှာဖွေရေးသားလိုက်ပါတယ်။
PageMaker Software အကြောင်းမစခင် Adobe System Inc တည်ထောင်ခဲ့တာကို ကြည့်ရအောင်။ John Warnock နဲ့ အဖွဲ့ဟာ Xerox PARC လို့ခေါ်တဲ့ ဘာသာစကား Software တစ်ခုကို တီထွင် ရေးသားခဲ့ပါတယ်။ ၎င်း Software ဟာ Computer မှာ စာစီထားတဲ့ စကားလုံးတွေကို Laser Printer တွေမှာ အဆင်ပြေ လှပအချိုးကျအောင် သုံးနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ Page Description Language ဆိုပါ တော့။ ဒါပေမယ့် Warnock ရဲ့ တီထွင်မှုကို Xerox က အလေးမထားခဲ့ပါဘူး။ ဒီလိုနဲ့ Warnock ဟာ 1982 ခုနှစ်မှာ Xerox က ခွဲထွက်ခဲ့ပြီး Adobe System Inc. ကို တည်ထောင်ခဲ့ပါတယ်။ အတိအကျ ဆိုရင်တော့ system Inc. ကို 1982 ခုနှစ်၊ December လမှာ ကယ်လီဖိုးနီးယားအရပ်မှာ တည်ထောင်ခဲ့ တာဖြစ်ပြီး အခြား တွဲဖက်ပါဝင်သူမှာ Charles Geschke ဆိုသူ ဖြစ်ပါတယ်။ Adobe ဆိုတဲ့ အမည်ကို Adobe Creek လို့ခေါ်တဲ့ သူတို့ရဲ့ Company နဲ့ မလှမ်းမကမ်းအရပ်နားမှာရှိတဲ့ ချောင်းငယ်ကလေးရဲ့ အမည်ကို ယူလိုက် တာပါ။
John Warnock

PostScript ဘာသာစကား Software ဟာ Adobe ရဲ့ ပထမဆုံးသော ထုတ်လုပ်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်များမှာ အဆိုပါ software ကို Company အနည်းစုကသာ အသုံးပြုခဲ့ပါတယ်။
Adobe ကို တည်ထောင်တဲ့ အချိန်ကာလများမှာ ကမ္ဘာတစ်ဝန်း Personal Computer လို့ခေါ်တဲ့ တစ်ဦးချင်းသုံး computer များကို အလုံးအရင်းနဲ့ ထုတ်လုပ်နေကြပါပြီ။ 1975 ခုနှစ်က MITS မှ computer ၀ါသနာရှင်များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ Altair Computer ကလေးကနေ အစပြုလိုက်တာ Apple ရဲ့ ပန်းသီးတံဆိပ် computer များ၊ IBM ရဲ့ PC များနဲ့ အခြားသော company အများအပြားက computer တွေ အပြိုင် ပေါ်ပေါက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 1984 ခုနှစ်မှာ Apple က ထုတ်လုပ်တဲ့ Macintosh Computer နဲ့အတူ Apple က Laser Writer ခေါ် Laser Printer များကိုလည်း ထုတ်လုပ်ခဲ့ ပါတယ်။ အဆိုပါ Macintosh Computer နဲ့ Laser Printer တို့ ချိတ်ဆက်အသုံးပြုရာမှာ Apple က Adobe ရဲ့ PostScript Software ကို လိုင်စင်ယူပြီး ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အဆင်ပြေချင်တော့ Computer နဲ့ Laser Printer တစ်စုံကို ဒေါ်လာ 9,000 နီးပါးနဲ့ ရောင်းခဲ့တာတောင် Computer သမားတွေ က ဈေးကြီးတယ်လို့ မထင်ခဲ့ပါဘူး။ Desktop Publishing လုပ်ငန်းတွေလည်း ခေတ်စားလာတဲ့ အချိန် လည်း ဖြစ်ပါတယ်။ Adobe ရဲ့ နောက်ထုတ်တဲ့ Software က Adobe Illustrator နဲ့ Photoshop Software များ ဖြစ်ပါတယ်။

Aldus Corporation
Paul Brainerd

Aldus Corporation ကို Paul Brainerd ဆိုသူက 1985 ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Aldus ဟူသော အမည်ကို ယူရခြင်းမှာ 1495 ခုနှစ်က Aldine Press ပုံနှိပ်လုပ်ငန်းကို တည်ထောင်ခဲ့သူ Aldus Manutius ကို လေးစားအမှတ်ရစေရန် ဖြစ်ပါတယ်။ Aldus ဟာ ပုံနှိပ်လုပ်ငန်းကို ခေတ်မီအောင် ပြောင်းလဲ တီထွင်ခဲ့သူ ဖြစ်ပါတယ်။
ပထမဆုံးလို့ ဆိုရမည့် PageMaker Software ကို Aldus Corporation မှ ထုတ်လုပ်ခဲ့ပါတယ်။ Company ကိုတည်ထောင်သူ Paul Brainerd က တီထွင်ရေးသားခဲ့တာဖြစ်ပြီး Aldus PageMaker Version 1.0 လို့ အမည်ပေးထားပါတယ်။ ၎င်း Software ကို Apple Company ရဲ့ Macintosh Computer များမှာ အသုံးပြု ရန် 1985 ခုနှစ်၊ July လမှာ စတင်ဖြန့်ချိခဲ့၍ IBM ၏ Computer များတွင် အသုံးပြုရန် 1986 ခုနှစ်၊ December လတွင် ဖြန့်ချိခဲ့ပါတယ်။
PageMaker 1.0 မှာ စာမျက်နှာဖွဲ့စည်းတာ၊ နေရာချတာ၊ စာကွက်များ (Layer) များကို နေရာအမျိုးမျိုး သို့ ရွှေ့တာ စသည်ပြုလုပ်နိုင်ပါတယ်။ စာစီရုံသာမက ပုံဆွဲဖို့လည်း Tools တွေ ပါပါတယ်။ အခြားသော စာစီ Software တွေက ပုံနဲ့စာသားတွေကိုလည်း ရွှေ့ပြောင်းထည့်သွင်းနိုင်ပါတယ်။ အဲဒီ အချိန်ကာလများ မှာ Desktop Publishing လို့ခေါ်တဲ့ စာအုပ်ထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုလုံးကို အပြည့်အ၀ ဆောင်ရွက် မပေးနိုင်သည့်တိုင် Computer အသုံးပြုသူတွေ (သို့) စာစီစာရိုက်သူတွေရဲ့ အကြိုက်ကို ဖြစ်စေခဲ့ပါတယ်။ ပထမဆုံးသော Desktop Publishing Software လို့လည်း ပြောနိုင်ပါတယ်။ Apple ရဲ့ Macintosh Computer များနဲ့အတူ နာမည်ရခဲ့ပါတယ်။ Aldus မှ ဆက်လက်ပြီး FreeHand Illustration Software နဲ့ PageMaker Version 4.2, Version 5 တို့ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ စာကြောင်း များကို မည်သည့်ဘက်သို့မဆို လှည့်ပြောင်းနိုင်ခြင်း၊ Story Editor နဲ့ အရောင်ခြယ်သမှု စတဲ့ စွမ်းဆောင် နိုင်ချက်များ ပါဝင်လာပါတယ်။

အခြားသော စာစီ Software များ


PageMaker Software ဟာ 1985 ခုနှစ် (သို့) 1986 ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် ၎င်း အချိန်ကာလများမှာ စာစီ Software တွေ ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် 1979 ခုနှစ်ကတည်းက စတင် နာမည်ရလာခဲ့တဲ့ Micro International မှ Seymour Rubin Stein ရဲ့ WordStar စာစီ Software ဟာ နှစ် အတန်ကြာ စာစီ software ဈေးကွက်ကို ကြီးစိုးခဲ့ပါတယ်။ ယခုတိုင် အချို့သော နိုင်ငံတွေမှာ WordStar Version 7.0 ကို သုံးနေကြတုန်းပါ။
1983 ခုနှစ်မှာ Lotus Development Corp. မှ Lotus 1-2-3 Software ကို ထုတ်လုပ်ခဲ့ပြီး အဲဒီမှာ စာစီ software အဖြစ် Lotus Word Pro ပါလာခဲ့ပါတယ်။ Satellite Software International (SSI) မှ Word Perfect ကို ထုတ်လုပ်ခဲ့ပါတယ်။ ၎င်း company ဟာ နောက်တော့ WordPerfect Corporation လို့ အမည်ပြောင်းခဲ့ပြီး 1996 ခုနှစ်မှာ Corel Corporation က လွှဲပြောင်းယူလိုက်ပါတယ်။ Corel Word Perfect Suite ဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။
1984 ခုနှစ်မှာ Office Solutions Inc. မှ Office Writer စာစီ Software နဲ့ Samna Corp., မှ Samna Word III စာစီ software တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ Microsoft ရဲ့ Microsoft Word စာစီ Software ကလည်း သူ့ရဲ့ Windows စနစ်နဲ့အတူ နာမည်ရနေပါပြီ။ Easy Writer, Super Writer, Perfect Writer, Display Writer, VisiWord Plus ကဲ့သို့သော အခြားသော စာစီ Software များလည်း အများအပြား ရှိနေ ပါပြီ။
အဲဒီလို စာစီ Software တွေ အပြိုင်ပေါ်ထွက်နေတဲ့ကြားက Aldus Company ကို အထိနာခဲ့စေတာဟာ Quark XPress စာစီ Software ဖြစ်ခဲ့ပါတယ်။ ၎င်းကို Quark Inc. က 1988 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး အခြားသော စာစီ Software များကိုလည်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ Aldus ရဲ့ PageMaker ဟာ Software ဈေးကွက်မှာ Quark XPress ကို မယှဉ်နိုင်ခဲ့တဲ့အခြေအနေသို့ ရောက်လာခဲ့ပါတယ်။ Aldus အတွက် ၀င်ငွေလည်း လျော့နည်းလာခဲ့ပါတယ်။ သို့ဖြစ်၍ 1994 ခုနှစ်၊ September လမှာ Adobe Company က PageMaker ကို လွှဲပြောင်းယူလိုက်ပါတယ်။ Aldus ကို တည်ထောင်ခဲ့သူ Paul Brainerd လည်း မူလက သူရည်မှန်းထားခဲ့တဲ့ Brainerd Foundation (http://www.brainerd.org) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Software လုပ်ငန်းကို ကျောခိုင်းခဲ့ပါတယ်။
Adobe က PageMaker Software ကို ဆက်လက်ကိုင်တွယ်ခဲ့ရာမှာ 1995 ခုနှစ်မှာ Adobe PageMaker 6.0 နဲ့ 1996 ခုနှစ်မှာ PageMaker 6.5/ 6.5 Plus ဟူ၍ ပေါ်ထွက်ခဲ့ပါတယ်။ ထို့အတူ Chinese PageMaker 5.0 လည်း ပေါ်ထွက်လာခဲ့ပါတယ်။ 1999 ခုနှစ်မှာ PageMaker 7.0 ကို ထုတ် လုပ်ခဲ့ပြီး လက်ရှိအားဖြင့် ၎င်းသည် နောက်ဆုံး Version ဖြစ်ပါတယ်။
Adobe ရဲ့ လက်ထက်မှာ PageMaker Software ဟာ နာမည်ထင်ရှား အသုံးများခဲ့ပေမယ့် Adobe အနေနဲ့ သူ့ရဲ့ Adobe InDesign လောက် စိတ်ဝင်စားမှု မရှိခဲ့ပါ။ Adobe မှာ Desktop Publishing နဲ့ စပ်လျဉ်းတဲ့ Software တွေလည်း အများကြီး ရှိပါတယ်။ PageMaker Software ဟာ Adobe ရဲ့ မူရင်း Software မဟုတ်ပါဘူး။ PageMaker ဟာ အတိုင်းအတာတစ်ခုမှ နာမည်ရနေလို့သာ ဆက်လက် အသက်ဆက်ပေးနေတာပါ။ တကယ်တမ်းမှာ PageMaker ကို Desktop Publishing လုပ်ငန်းမှာ အဓိက မကျတော့ဘူးလို့ သတ်မှတ်ထားပါတယ်။ အိမ်သုံးနဲ့ လုပ်ငန်းအသေးစားလေးများမှာသာ အသုံးဝင်တယ်လို့ ဆိုတယ်။ နောက်ပြီး Adobe မှာ Desktop Publishing အတွက် Adobe InDesign ဆိုတာ ရှိပြီးသားပါ။ ၎င်း Software ကို PageMaker အစား ပြောင်းလဲပွဲထုတ်ဖို့ ရည်ရွယ်ထားတယ် ဆိုပါတယ်။ အဲဒီ အချက် တွေကြောင့် PageMaker ကို အဆင့်မြှင့်ရန် အကြောင်း မမြင်တော့ပါ။
Adobe ရဲ့ တည်နေရာဟာ Adobe System Inc. 345 Park Ave. San Jose, CA 95110-2704 ဖြစ် ပြီး ဆက်သွယ်ရန်မှာ (800) 833-6687 http://www.adobe.com, ftp://ftp.adobe.com ဖြစ်ပါတယ်။ Adobe InDesign မှာ ယခုအခါ Version 4.0 သို့ ရောက်နေပြီး Adobe Creative Suite အနေနဲ့ ပါရှိပါ တယ်။ PageMaker ကို စာစီစာရိုက်လုပ်ငန်းများမှာ ဆက်လက်သုံးနေဦးမှာ ဖြစ်ပေမယ့် ဒီထက် ကောင်း မွန်တဲ့ စွမ်းဆောင်နိုင်ချက်တွေကို ထပ်မံပြီး ရနိုင်တော့မည် မဟုတ်ပေ။ Adobe InDesign အနေနဲ့သာ ပိုပြီး အဆင့်မြှင့်လာမှာဖြစ်လို့ အဆိုပါ Adobe InDesign Software ကို လေ့လာထားကြလျှင် ပိုမိုပြီး အကျိုးရှိ ပါလိမ့်မည် ဖြစ်ပါတယ်။

Ref: Computer Journal: August-2005

2008-07-29

Microsoft Office 2003 All-in-one by Joe Habraken


Learn to use the core Office applications, Web integration, and Windows XP quickly, with ten manageable mini-books in one. Each of the ten parts is a hands-on tutorial broken down into short and easy-to-understand lessons, getting the reader up to speed with Office essentials immediately. Ten books in one makes this an affordable and valuable means for learning Office 11 and more!
Provides basic information, plus some intermediate coverage.
Covers the core Office components (Word, Excel, PowerPoint, Access, FrontPage, and Outlook) as well as Windows XP, Web integrations and Internet Explorer.
Joe Habraken is a best selling author whose publications include Complete Idiots Guide to Microsoft Access 2000, and Practical Cisco Routers. He has a Masters degree from the American University in Washington, D.C. and more than 12 years of experience as an educator, author, and consultant in the information technology field. Joe is a Microsoft Certified Professional and Cisco Certified Network Associate. He currently serves as a technical director for ReviewNet Corporation and is also an instructor at the University of New England in Portland, Maine, where he teaches IT Certification courses.

http://rapidshare.com/files/89552745/Microsoft_Office_2003_All-In-One.chm

Source: http://www.whereweget.com/e-books/

Fix your Own PC Magazine (Vol-11, Issue 1)


Computers are wonderful tools that occasionally refuse to work the way they should. When something does go wrong, you can avoid frustrating (and costly) downtime by learning to fix your own PC. Use the basic troubleshooting techniques and step-by step instructions in this issue to solve hundreds of common hardware and software problems.

2008-07-20

How to remove the Thumb.db File From your Hard Drive


ကွန်ပျူတာအတွင်းရှိ Thumb ဖိုင်များကို ဖယ်ထုတ်ခြင်း

Windows directory အတွင်းရှိ Thumb ဖိုင်များဟာ Thumbnail Pictures များကို ဖုံးကွယ်ရန်အတွက် အသုံးဝင်ပါတယ်။ Thumbnail Picture တွေကတော့ ရုပ်ပုံတစ်ခု (သို့) document တစ်ခုကို အလျင်အမြန် ကြည့်ရှု၍ မရနိုင်အောင် သေးငယ်စွာ ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ Graphic (သို့) D.T.P ဖိုင်များကို မထုတ်မီ ပါဝင်သော အချက်အလက်များကို စစ်ဆေးဖို့ လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းကို ဖြစ်စေပါတယ်။ ဖိုင်များနဲ့ ပုံများကို Thumbnail View အနေနဲ့ကြည့်မယ်ဆိုပါက Thumb ဖိုင်များဟာ လွန်စွာအဆင်ပြေ လွယ်ကူစေပြီး ပိုပြီးလည်း မြန်မြန်ဆန်ဆန် ကြည့်နိုင်ပါတယ်။ Thumb ဖိုင်များဟာ File Size သေးငယ်ကာ နေရာယူမှု နည်းပါးသည်ဆိုပေမယ့်လည်း ကွန်ပျူတာကို ပုံမှန်ဆက်လက်အသုံးပြုသွားပါက သေးငယ်တဲ့ ပမာဏကနေ ကြီးမားတဲ့ ပမာဏအထိ နေရာယူလာပါလိမ့်မယ်။ ဒါကြောင့် Thumbs.db ဖိုင်များ သည်လည်း တကယ်တော့ မလိုအပ်ပါ။ ဖျက်ပစ်သင့်ပါတယ်။ ဒါပေမယ့် ပုံတွေကို ကြည့်တိုင်း ပြန်တိုးလာမှာပါ။ ၎င်း ဖိုင် များ မပေါ်ချင်ရင်တော့...

(1) Desktop ပေါ်ရှိ My Computer ကို double click နှိပ်ပြီး Open လုပ်ပါ။
(2) Tools အောက်က Folder Option ကို Click နှိပ်ပါ။
(3) ထို့နောက် View Tab ကို Click နှိပ်ပါ။
(4) ပြီးနောက် Do not cache thumbnails ဘေးတွင်ရှိနေသော အမှန်ခြစ်ကို ရွေးချယ်ထားလိုက်ပါ။
(5) ထို့နောက် OK ကို ရွေးချယ်ပြီး My Computer မှ ပြန်ထွက်လိုက်ပါ။

ထပ်မံပြီး Thumb ဖိုင်များကို ရှာဖွေပြီး ဖျက်ပစ်ရန်အတွက်..
(1) Start ကို Click နှိပ်ပြီး Search ပေါ်တွင် ထပ်မံပြီး Click တစ်ချက်ထပ်မံနှိပ်ပါ။
(2) File များကို ရှာဖွေရန်အတွက် All files and Folders ကို ရွေးချယ်ပါ။
(3) ရှာဖွေရန်အတွက် စာသားအကွက်ထဲတွင် thumbs.db လို့ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါသည်။
(4) ထို့အပြင် Start ကို Click နှိပ်ပြီး Run ကို ရွေးချယ်ကာ Text box ထဲတွင် %temp% ဟူ၍ ရိုက်ထည့်ပြီးလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ပေါ်လာသော %temp% များအားလုံးကို ဖျက်ပစ်လိုက် နိုင်ပါပြီ။


2008-05-06

ဝင်းဒိုး(စ်) တင်နည်း



Windows XP Clean Installation

Computer အသုံးပြုသူတစ်ဦးအနေနဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံတွေ့ရမှာက Computer ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ အသုံးချခံ Electronic Device တစ်ခုသာ ဖြစ်တဲ့အတွက် သူ့ရဲ့ပျက်စီးမှုဟာ အထူးအထွေ အံ့သြစရာ မရှိပါ။ ပျက်စီးမှုကြုံတွေ့လာရင် ကျော်လွှားနိုင်ဖို့ ပြုပြင်မှု အတတ်ပညာကို မဖြစ်မနေ တတ်မြောက်ထားဖို့ အရေးကြီးတဲ့ ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Computer ပျက်စီးမှု (၂)မျိုးသာ ရှိပါတယ်..။ ၎င်းတို့မှာ-

(1) Hardware
(2) Software ပျက်စီးမှုတို့ ဖြစ်ပါတယ်..။

Hardware ပျက်စီးမှု

Hardware ပျက်စီးမှုဟာ အကြောင်းမျိုးစုံ ရှိပါတယ်။ Electronic Devices များသာ ဖြစ်တဲ့အတွက် မူလစက်ရုံ မှ ထုတ်လုပ်စဉ်ကတည်းက ပါရှိလာတဲ့ အပြစ်ကြောင့် ပျက်တာလား၊ အသုံးပြုတဲ့ သက်တမ်း ကြာလာလို့ ပျက် တာလား၊ အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုကြောင့် ပျက်တာလား၊ အသုံးပြုသူရဲ့ အမှားအယွင်း ကြောင့် ပျက်စီးတာလား စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါသည်။

Software ပျက်စီးမှု

Computer မှာ အသုံးပြုတဲ့ Software ကို (၂)မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ-
(1) Operating System
(2) Application Software ဆိုပြီး (၂)မျိုးရှိပါတယ်..။

ကွန်ပျူတာ စတင်လှုပ်ရှားနိုင်ဖို့ Operating System တစ်ခု လိုအပ်ပါတယ်။ အသုံးများတဲ့ Operating System တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်..။ ၎င်းတို့မှာ-

(1) DOS 6.22
(2) Windows 3.1
(3) Windows 95
(4) Windows 98
(5) Windows ME
(6) Windows XP
(7) Windows NT
(8) Windows 2000 တို့ ဖြစ်ကြပါတယ်..။

Windows 3.1 ဟာ Operating System မဟုတ်ပါ။ DOS 6.22 မှာ မှီပြီး အသုံးပြုရတဲ့ Application Software တစ်ခုသာ ဖြစ်ပါတယ်။ ကျန် Windows အားလုံးဟာ Operating System တွေ ဖြစ်ကြပါတယ်။ Windows NT နဲ့ Windows 2000 တို့ဟာ Network Version များ ဖြစ်ကြပါတယ်။

Word, Excel, PageMaker တို့လို Software တွေဟာ Application Software တွေ ဖြစ်ပါတယ်။ Computer အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့အမျှ Application Software တွေ ပြဿနာပေါ်ရင် အများအားဖြင့် အသုံးပြုသူ Computer ၀ါသနာရှင်များကိုယ်တိုင် ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Windows XP မှာ ပြဿနာ ပေါ်ရင် Computer အသုံးပြုသူတွေဟာ ကိုယ်တိုင် Installation လုပ်ဖို့ မ၀ံ့မရဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Windows XP ပျက်တဲ့အခါ အလွယ်ကူဆုံး ထည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို ပြောပြမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clean Installation ဖြစ်ပါတယ်။ Hard Disk အသစ်ကို Windows XP Installation လုပ်ခြင်းနဲ့အတူ Partition ပိုင်းခြင်း၊ Format လုပ်ခြင်းတို့ တစ်ခါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Hard Disk အသစ်မဟုတ်ပဲ Hard Disk အဟောင်းပေါ်မှာ Installation လုပ်ရင် Format လုပ်ပြီးထည့်မှာ ဖြစ်တဲ့အတွက် Data တွေ ပျက်စီးနိုင်တာကို ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် Partition ပိုင်းတာက အစ စီမံကိန်းချပြီး သတိရှိရှိနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Hard Disk ကို စတင်အသုံးပြုနိုင်ဖို့ Partition အရင် ပိုင်းရပါမယ်။ Partition ကို FAT32 နဲ့ ပိုင်းမှာလား၊ NTFS နဲ့ ပိုင်းမှာလား၊ ကြိတင်စဉ်းစားရပါတယ်။ Windows OS ဘယ်နှစ်မျိုး အသုံးပြုမှာလဲဆိုတာ ကြိုတင် စဉ်းစားရပါတယ်။ Windows 98 ကို အသုံးပြုမယ်ဆိုရင် FAT32 ကို အသုံးပြုရပါမယ်။ Windows XP ကို FAT32 (သို့) NTFS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Windows OS နှစ်မျိုးစလုံး အသုံးပြုမှာဆိုရင် အနည်း ဆုံး Partition နှစ်ခုပိုင်းရင် အကောင်းဆုံးဖြစ်ပါတယ်။

အခု ပြောပြမယ့် ကွန်ပျူတာရဲ့ Partition ကို NTFS နဲ့ ပိုင်းမှာ ဖြစ်တဲ့အတွက် Windows 98, Windows ME တို့ ထည့်သွင်းလို့ မရတာကို သတိပြုရပါမယ်..။

Windows XP တစ်မျိုးတည်းထည့်မှာ ဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထားရုံနဲ့ အဆင်ပြေပါတယ်။ သို့သော် Windows XP ပြဿနာပေါ်ခဲ့ရင် အမြန်ဆုံး၊ အလွယ်ကူဆုံးထည့်တဲ့နည်းလမ်းဟာ Clean Installation ဖြစ်ပါတယ်။ Clean Installation နဲ့အတူ Format လုပ်ပြီးထည့်မှာဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထား မှာဆိုရင် Format လုပ်ပြီးတဲ့အခါတိုင်းမှာ Data တွေ ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် PageMaker တို့နဲ့ ရိုက်ထားတဲ့ Documents Files တွေ၊ အသံပိုင်းဆိုင်ရာ Files တွေ၊ Video ပိုင်းဆိုင်ရာ Data တွေကို ဒုတိယ Partition မှာ သိမ်းထားမှာ ဖြစ်ပါတယ်။ Data တွေကို Partition အလိုက် ခွဲပြီးသိမ်းချင်ရင် Partition ကို နှစ်ခု ထက်ပိုပြီး ပိုင်းနိုင်ပါတယ်။

Partition နှစ်ပိုင်းပိုင်းမှာဖြစ်တဲ့အတွက် မိမိ Computer ထဲမှာ Drive Letter "C:" နဲ့ Drive "D:" တို့ကို တွေ့ရ မှာဖြစ်ပါတယ်။ အသစ်ထည့်မယ့် Windows XP ကို Drive "C:" ထဲမှာ ထည့်မှာလား၊ Drive "D:" ထဲမှာ ထည့် မှာလား၊ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ Operating System ဟာ Windows XP တစ်မျိုးတည်းသာ အသုံးပြု မှာဖြစ်တဲ့အတွက် Windows XP ကို Drive "C:" မှာ ထည့်သွင်းရင် အကောင်းဆုံး ဖြစ်ပါတယ်။ Data တွေ အား လုံးကို Drive "D:" ထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။

Windows XP Installation (၂) မျိုးရှိပါတယ်။
၎င်းတို့မှာ-
(1) Full Version Installation
(2) Upgrade Installation တို့ ဖြစ်ပါတယ်။ Full Version Installation (၂)မျိုး ရှိပါတယ်။
၎င်းတို့မှာ-
(1) Clean Installation
(2) Command Prompt Installation တို့ ဖြစ်ကြပါတယ်။ Hard Disk အသစ်ကို Installation လုပ်တဲ့နည်းလမ်း နဲ့ High Level Format လုပ်ပြီးမှ ထည့်တဲ့နည်းလမ်းတွေကို Clean Installation လို့ ခေါ်ပါတယ်။

Installing & Upgrading Windows

Windows ကို Install or Upgrade မလုပ်ခင် လုပ်ရမဲ့အချက်တွေကို အရင်လေ့လာပါမယ်။

(၁) ပထမဦးဆုံး ကျွန်တော်တို့ အသုံးပြုမယ့် Windows ဟာ ဘယ်လို Computer (CPU, RAM, HDD) အနည်း ဆုံးရှိဖို့ လိုအပ်သလဲ။ ဒါကို Hardware Requirement လို့ ခေါ်ပါတယ်။

(၂) ကိုယ်သုံးမယ့် Windows နဲ့သုံးထားတဲ့ Hardware ဟာ အပ်စပ်ရဲ့လား။ ဆီလျှော်ရဲ့လား။ ဒါကို Hardware & Software Compatibility လို့ ခေါ်ပါတယ်။

(၃) အစ, အဆုံး Install ပြန်လုပ်မှာလား။ Clean Install ဒါမှမဟုတ် ရှိပြီးသားကို Upgrade လုပ်မှာလား။

(၄) Data ကို Backup လုပ်ဖို့လိုအပ်ရင် ဘယ်လို Backup လုပ်လို့ ဘယ်လိုပြန်ခေါ်ကြမလဲ။ ဒါလည်း စဉ်းစား စီစဉ်ရမယ်။

(၅) Install လုပ်တဲ့အခါ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာ ရွေးချယ်ရမယ့် အဆင့်ဆင့်။

(၆) Hard Disk ကို တစ်ပိုင်းတည်းပဲထားမှာလား။ C: တွေ၊ D: တွေ ခွဲအုံးမှာလား။ File System က ဘာသုံး မှာလဲ။

(၇) Windows တင်တာတော့ ဟုတ်ပါပြီ။ ဒီ Computer က Network ချိတ်အုံးမှာလား။

(၈) Computer မှာ Windows ကို English လား၊ German လား၊ Language ရွေးပေးပါ။ ဒီရွေးပေးတဲ့ပေါ် မူတည်ပြီး Currency တို့၊ Keyboard Layout တို့ ပြောင်းသွားမှာ ဖြစ်ပါတယ်။

(၉) Install လုပ်ပြီးသွားရင် လုပ်ရမယ့်အချက်များစုဆောင်းပါ စသည်ဖြင့် အချက်(၉)ချက်နဲ့ လုပ်သွားမှာ ဖြစ်ပါ တယ်။

Entering Setup Program
System BIOS သည် power on self test (Post) လုပ်နေစဉ်အတွင်းမှာ CMOS setup program ကို access လုပ်ခွင့်ပေးထားပါတယ်။ Computer power စဖွင့်ပြီး မကြာခင် System memory ကို စစ်ဆေးနေစဉ် အတွင်း setup ထဲသို့ ၀င်ရောက်ရန်အတွက် key တစ်ခုခုကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်ပါဝင်သော message ကို screen ပေါ်တွင် တွေ့ရပါလိမ့်မယ်။


AMI ၊ Award နှင့် အခြားအသုံးများသော BIOS များတွင် Delete Key သည် Setup အတွင်း ၀င်ရောက်ရန် Standard key ဖြစ်ပြီး အချို့သော BIOS များမှာတော့ F1 ၊ F2 ၊ F10 ၊ Esc ၊ အစရှိသော Key များကို နှိပ်ပြီး ၀င်ရောက်ရပါတယ်။ Memory Test လုပ်နေစဉ်အတွင်း ညွှန်ကြားထားတဲ့ Key (ဥပမာ Del ) ကို နှိပ်မယ်ဆိုရင် ရွေးချယ်စရာ Menu များစွာပါရှိသော BIOS setup program ရဲ့ Interface ကို မြင်ရပါမယ်။ ထို Interface သည် BIOS အမျိုးအစားပေါ်မူတည်ပြီး မတူညီပဲ ကွဲပြားကြပါတယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

Motherboard Manual ထဲတွင် ထို Setup Program ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ညွှန်ကြားချက်များ ပါရှိပါတယ်။ Setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် အလွန်သတိထားဖို့ လိုပါတယ်။ အကယ်၍ အရေးကြီး Setting တစ်ခုခုကို မှားယွင်းပြောင်းလဲခဲ့မိပါက စက်မတက်သည့် ပြဿနာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် မပြောင်းခင်မှာ နဂိုရှိပြီးသား CMOS setting များကို စာရွက်ပေါ်မှာ ဖြစ်ဖြစ် ရေးချမှတ်သားထားဖို့ လိုပါလိမ့်မယ်။


System Boot Sequence
ယခုဆက်လက်ပြီးတော့ System BIOS ၏ လုပ်ဆောင်ပုံများကို ပိုမိုသဘောပေါက် နားလည်စေရန်အတွက် computer power စဖွင့်ချိန်မှစ၍ Operating System စတင်သည့်ကြားကာလအတွင်း BIOS မှ လုပ်ဆောင်ပုံ အဆင့်ဆင့်တို့ကို အနည်းငယ် ထပ်မံရှင်းပြလိုပါတယ်။

When Power is applied to the computer
Computer Power ဖွင့်လိုက်တဲ့အခါ Power Supply သည် မိမိအတွင်းပိုင်းမှာ ပုံမှန်လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး အောင်မြင်ပါက Power Good Signal ကို ထုတ်ပေးပါလိမ့်မယ်။ Motherboard ပေါ်ရှိ Processor Timer Chip သည် ထို Power Good Signal ကို ရရှိမှသာလျှင် Processor reset လုပ်ထားခြင်းကို ရပ်ဆိုင်း လိုက်ပြီး စတင်အလုပ်လုပ်စေပါလိမ့်မယ်။ ပုံမှန်အားဖြင့် power ဖွင့်ချိန်မှစပြီး power good စတင်ထုတ်ပေးချိန် ထိ ၁ စက္ကန့်မှ ၅ စက္ကန့်အတွင်း ကြာမြင့်လေ့ရှိပါတယ်။

CMOS Setup
Computer ထဲကို Hard Disk အသစ် တပ်ဆင်ပြီးတဲ့အခါ Auto Detect Hard Disk လုပ်ပေးရပါတယ်။ Pentium III, P4 Computer တွေမှာ Auto Detect Hard Disk အပိုင်းဟာ သီးသန့်လုပ်ဆောင်ပေးစရာ မလိုပါ။ CMOS Setup က တပ်ဆင်ထားတဲ့ Hard Disk ကို Auto ရှာဖွေပြီး၊ Cylinder, Head, Sector တန်ဖိုးတွေကို ဖြည့်ပေးပါတယ်။ Model နိမ့်တဲ့ PI, PII Computer တွေမှာတော့ Auto Detect Hard Disk ကို မဖြစ်မနေ လုပ် ပေးဖို့ လိုအပ်ပါတယ်။

(၁) Computer ဖွင့်စ Post လုပ်နေတဲ့အချိန်မှာ Del Key ကိုနှိပ်ပြီး CMOS setup ထဲကို ၀င်ရပါတယ်။
Press DEL to run Setup ဆိုပြီး CMOS setup ထဲကို ၀င်ချင်ရင် Del Key ကိုနှိပ်ပြီး ၀င်ဖို့ ပြော နေတာကို Monitor ရဲ့အောက်မှာ တွေ့နိုင်ပါတယ်။


(၂) Hard Disk အသစ်တပ်ဆင်တိုင်း Auto Detect Hard Disk လုပ်ရပါမယ်။ ယခု computer ဟာ P4 ဖြစ်တဲ့ အတွက် Auto Detect ကို သီးသန့်လုပ်ဖို့ မလိုအပ်ပါ။

(၃) Auto Detect လုပ်ပြီးတဲ့အခါ Advanced BIOS Feature Setup ထဲကို ၀င်လိုက်ရပါတယ်။



BIOS အတွက် အရေးကြီးသောသီးခြား ရွေးချယ်မှု Navigation Options များမှာ-
- အပေါ်၊ အောက် Highlight Scroll ရွေးချယ်မှု ပြုလုပ်ရန်အတွက် UP and Down Arrow Key များကို နှိပ်၍ ရွေးချယ်ခြင်း၊ (သို့မဟုတ်) Page Up or Page Down Key ကို နှိပ်ခြင်း။
- Select လုပ်ထားသော Option ကို ၀င်ရောက်ရန်အတွက် Enter Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- ပြန်ထွက်ရန်အတွက် Esc Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- Save လုပ်ပြီးပြန်ထွက်ရန်အတွက် F10 Key ကို ရွေးချယ်ခြင်း စသည်ဖြင့် ၀င်ရောက်နိုင်ပါတယ်။

(၃) Boot Sequence ကို အောက်ပါအတိုင်း တွေ့ရပါတယ်။


အချို့သော Boot Sequence များမှာ HDD-0 ဟာ Hard Disk ကို ကိုယ်စားပြုပါတယ်။ တစ်ခါတရံ IDE-0 လို့လည်း ဖော်ပြတတ်ပါတယ်။

(၄) ပုံတွင်မြင်ရသည့်အတိုင်း 1st Boot Device = 1st FLOPPY DRIVE ပေါ်မှာ Highlight ထားပြီး၊ Floppy မှ CD-ROM ကိုပြောင်းရန် Key (or) Key ကို နှိပ်ရ ပါတယ်။ CD-ROM နှင့် Boot လုပ်၍ Windows တင်ရန်အတွက် First Boot Device နေရာတွင် CD-ROM ဖြစ်စေရန် ပြောင်းထားပေးပါ။ Second Boot မှာ HDD-0 မဖြစ်မနေရှိနေဖို့ လိုအပ်ပါတယ်။ Windows XP ကို CD-ROM Drive ထဲထည့်ပြီး CMOS Setup ထဲ မှာ Boot Sequence မှာ CD-ROM ကို First Boot Device အဖြစ် ထားလိုက်ပါတယ်။

(၅) Boot Sequence ရဲ့ First Boot မှာ CD-ROM ကို ရွေးချယ်ပြီးတဲ့အခါ Key ကိုနှိပ်ပြီး Main Menu ကို သွားလိုက်ပါတယ်။ Save လုပ်ရန်အတွက် Key ကို နှိပ်လိုက်ပါတယ်။ ထိုအခါ ပုံတွင်ပြထားသည့်အတိုင်း Save to CMOS and EXIT (Y or N) y လို့မေးတဲ့အခါ "Y" Key ကိုနှိပ်ပြီး Enter Key ကို ခေါက်လိုက်ပါ။ CMOS Setup မှာ ပြောင်းလဲထားတဲ့အချက်တွေကို Save လုပ်ပြီး Reboot ပြန်လုပ်တာ တွေ့ရပါတယ်။ CMOS က Save လုပ်ပြီး ထွက်လိုက်တာ ဖြစ်ပါတယ်။


ထိုအခါ အောက်ပါအတိုင်း CD-Drive မှ Boot လုပ်ရန်အတွက် နှစ်သက်ရာ Key တစ်ခုခုကို နှိပ်ရန် ညွှန်ကြား ချက်တစ်ခု ထပ်မံပေါ်လာပါလိမ့်မယ်။ ညွှန်ကြားချက်မှ ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။


ထိုအခါ အောက်ပါအတိုင်း Windows Files များကို Copy ကူးပြီးလို့ Restart လုပ်ပြီးရင် CD နဲ့ Boot လုပ်စရာ မလိုပါ။ ဒါကြောင့် "Press any key to boot from CD." ဆိုတဲ့ စာပေါ်လာရင် မည်သည့် Key မှ နှိပ်ပေးရန် မလိုအပ်ပါ။


ပြီးသော် အောက်တွင်မြင်တွေ့ရသည့်အတိုင်း Welcome Setup ကို တွေ့ရပါမယ်။ Enter ခေါက်ရင် Continue, Repair လုပ်ချင်ရင် R ကို နှိပ်ပါ၊ ပြန်ထွက်ရန် F3 ကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်မှ ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။


ထိုအခါ အောက်ဘက်တွင် တွေ့ရသည့်အတိုင်း License Agreement မေးနေတဲ့အတွက် သဘောတူညီ ကြောင်း "F8" Key ကို နှိပ်လိုက်ပါတယ်။

ဆက်လက်ပြီး ညွှန်ကြားချက်များအတိုင်း ရှေ့ဆက်သွားရန် "Enter" Key ကို ခေါက်လိုက်ပါ။


ထိုအခါ Windows XP ထည့်သွင်းရန် Drive ရွေးခိုင်းခြင်း ဖြစ်ပါတယ်။ ပုံတွင် ပြထားသည့်အတိုင်း Unpartitioned Space 16379 MB လို့ ပြနေတာကို တွေ့ရပါတယ်။ Partition ပိုင်းတဲ့အခါ Create နဲ့ Delete ဆိုတဲ့ Menu နှစ်ခု ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Create ဟာ Partition ပိုင်းလိုတဲ့အခါ အသုံးပြုပြီး၊ Delete ဟာ Partition ဖျက်လိုတဲ့အခါ အသုံးပြုပါတယ်။ Partition မပိုင်းရသေးရင် Create Menu ကိုသာ တွေ့ရမှာဖြစ်ပြီး Partition ပိုင်းပြီးတဲ့အခါ Delete Menu ပါ ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Data ရှိတဲ့ Hard Disk ဆိုရင် Partition ကို Delete လုပ်ပြီး ဖျက်လိုက်တာနဲ့ Hard Disk အတွင်းမှာရှိတဲ့ Software နဲ့ Data တွေအားလုံး ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Partition မပိုင်းပဲ တစ်ခုတည်း ထား၍ Install တင်ချင်ရင် "Enter" Key ကို နှိပ်ပါ။ Maximum Size အတိုင်း Partition ခွဲပေးမှာ ဖြစ်ပါတယ်။ Hard Disk ကို Partition ဖန်တီးလိုပါက "C" Key ကို နှိပ်ပါ။ သို့မဟုတ် ပြန်ထွက်လိုပါက "F3" Key ကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်တစ်ခု ထပ်မံပေါ်လာပါမယ်။ Partition ကို C: နှင့် D: ဆိုပြီး အညီအမျှ (၂)ပိုင်း ပိုင်းထားကာ C: ထဲတွင် Windows နှင့် အခြား Softwares များတင်ရန်နှင့် D: ထဲတွင် Data Backup များပြုလုပ်နိုင်ဖို့အတွက် Create လုပ်ရန် "C" Key ကို နှိပ်လိုက် ပါတယ်။



ပြီးနောက် နှစ်ပိုင်းထားလိုတဲ့အတွက် ပေါ်နေတဲ့ 16379 MB ကို Back Space နှိပ်ပြီး ဖျက်လိုက်ပါတယ်။ မိမိ ခွဲလို တဲ့ Partition Size ကို ရိုက်ထည့်လိုက်ပါတယ်။ ဥပမာ- အညီအမျှ ထားလိုပါက 8190 လို့ ရိုက်ထည့်ပေးခြင်းမျိုး ဖြစ်ပါတယ်။ ပြီးသော် "Enter" Key ကို ခေါက်လိုက်ပါ။



ဒုတိယ Partition ပိုင်းရန် Unpartitioned Space ကို ရွေးချယ်ပြီး Create လုပ်ရန် "C" Key ကို နှိပ်လိုက်ပါ။ ပြီးနောက် "Enter" Key ကို နှိပ်လိုက်ပါတယ်။ Partition နှစ်ပိုင်းပိုင်းထားပြီးနောက် Windows XP ကို Drive C: နဲ့ Drive D: အနက် နှစ်သက်ရာတစ်ခုခုမှာ ထည့်နိုင်ပါတယ်။ Windows XP ကို Install လုပ်ရန် Drive C: ကို ရွေးချယ်ပြီး "Enter" Key ကို ခေါက်လိုက်ပါတယ်။

ထိုအခါ အောက်တွင်ပြထားသည့် အတိုင်း Format Partition အပိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ Partition ခွဲ ပြီးတဲ့အတွက် Format လုပ်မှာဖြစ်ပါတယ်။ Format ရွေးချယ်စရာ (၄)မျိုးကို တွေ့နိုင်ပါတယ်။ NTFS (သို့) FAT နဲ့ပိုင်းမှာလား၊ Quick Format လုပ်မှာလားဆိုတဲ့ မေးခွန်းတွေကို တွေ့ရပါတယ်။



FAT
Hard Drive က 2GB ထက် ငယ်မယ်ဆိုရင်တော့ FAT နဲ့ Format ချခဲ့မယ်။ 2GB ထက်ကြီးနေမယ် ဆိုရင် တော့ FAT32 ပေါ့။ ဒီနေ့ခေတ်မှာတော့ FAT (FAT16) က မသုံးသလောက် ဖြစ်သွားပါပြီ။ ဒါကြောင့် FAT32 ကိုပဲ အများဆုံး တွေ့ရမှာဖြစ်ပါတယ်။ Partition နှစ်ပိုင်းပိုင်းထားပြီး တစ်ပိုင်းကို FAT32 ထားမယ်၊ နောက် တစ်ပိုင်းကို NTFS ထားမယ်ဆိုရင်တော့ FAT32 ကနေ NTFS ကို တွေ့ရမှာ မဟုတ်ပါ။ သုံးလို့ရမှာ မဟုတ်ပါ။

NTFS
Windows 2000 ရဲ့ NTFS က (NTFS 5) ပါ။ Windows 4.0 ရဲ့ (NTFS 4) ထက် ကောင်းမွန်တဲ့အချက် (သို့) NTFS 4 က မလုပ်နိုင်သော အချက်အနည်းငယ် ရှိပါတယ်။ အဲဒါတွေကတော့ အသုံးပြုသူတွေကို Hard Disk Space ကို သူ့ကိုသုံးသလောက်ပဲ ခွဲဝေပေးလို့ရပါတယ်။ Hard Drive ထဲမှာ File and Folder တွေကို Security အတွက် Encrypt လုပ်နိုင်ပါတယ်။ Windows 2000 ရဲ့ Dynamic Disk Configuration ကို Support လုပ်ပါ တယ်။ သင့်ရဲ့ Computer မှာ Windows System တစ်မျိုးတည်းသာ သုံးမယ်ဆိုရင် NTFS ကို သုံးတာ အကောင်းဆုံးပါပဲ။ Local File Security လည်း ရမယ်လေ။

Quick Format ဟာ Format တစ်ကြိမ်လုပ်ပြီးတဲ့ Partition တွေအတွက် ဖြစ်ပါတယ်။ ဒါကြောင့် "Format the partition using the NTFS file system" ကို ရွေးချယ်လိုက်ပါတယ်။

အောက်ဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း Format လုပ်နေသည်ကို တွေ့ရပါမယ်။ Windows XP ဟာ Drive C: ကိုသာ Format လုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့ Drive D: ကိုတော့ Windows XP တင်ပြီးတဲ့နောက်မှသာ ကိုယ်တိုင် ပြန်လည်ပြီး Format လုပ်ရမှာ ဖြစ်ပါတယ်။



Format လုပ်ပြီးတဲ့အခါမှာ Windows XP Files တွေကို CD-ROM ထဲမှ Hard Disk ထဲကို Copy ကူးနေတာ တွေ့ရပါတယ်။


Copy ကူးယူနေမှု လုပ်ငန်းစဉ်အား အချိန်အနည်းငယ် စောင့်လိုက်ပါ။


ထိုအခါတွင် အောက်ဘက်တွင် ပြထားသည့်အတိုင်း Windows အတွက် လိုအပ်သော Configuration များကို စတင်ဆောင်ရွက်နေပါပြီ။


လိုအပ်တဲ့ Files တွေကို Copy ကူးပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း Restart ပြန်လုပ်နေတာကို တွေ့ရမှာ ပါ။ စောင့်ဆိုင်းရန် စိတ်မရှည်သူများအတွက်ကတော့ "Enter" Key ကို သာနှိပ်လိုက်ပြီး Restart ပြန်လုပ် လိုက်ပါ။


Computer ကို Restart ပြန်လုပ်ပြီးတဲ့အခါ "Press any key to boot from CD....." လို့ ပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ CD-ROM နဲ့ Boot လုပ်စရာမလိုတဲ့အတွက် မည်သည့် Key မှ ထပ်မံပြီးနှိပ်စရာ မလိုတာကိုတော့ အထူးသတိပြုဖို့ လိုပါတယ်။

ပုံတွင် ပြထားသည့်အတိုင်း Windows XP Logo တက်လာပါတယ်။


ထိုအခါ အောက်ဘက်တွင် မြင်တွေ့ရသည့်အတိုင်း Windows XP ဟာ 39 Minutes ကြာရင် ပြီးဆုံးမှာ ဖြစ်ပါ တယ်။



အောက်ဘက်တွင် မြင်တွေ့နေရသည့် ပုံမှာ Windows XP Setup မှ လိုအပ်တဲ့ Files များကို Copy ကူးယူနေပုံ ဖြစ်ပါတယ်။


အောက်ပါမြင်တွေ့ရသည့် ပုံအတိုင်း Regional and Language Options ပေါ်လာပြီး၊ Default အတိုင်း ယူမှာ ဖြစ်လို့ Next ပေါ်မှာ Click ခေါက်လိုက်ပါ။


အောက်ပါပုံအတိုင်း Installation လုပ်သူရဲ့ Name နဲ့ Organization ကို တောင်းတဲ့အတွက် Name နဲ့ Organization မှာ နှစ်သက်ရာ အမည်နဲ့ ကုမ္ပဏီ တစ်ခုခုကို ဖြည့်ပေးလိုက်ပါ။

ဆက်လက်ပြီး ပုံပါအတိုင်း Windows XP ရဲ့ Product Key ကို ထည့်ပေးရန် လိုအပ်ပါတယ်။ ပြီးနောက် Next ကို Click နှိပ်လိုက်ပါတယ်။


ထိုအခါ အောက်ဘက်တွင် မြင်ရသည့်အတိုင်း Computer Name တောင်းတဲ့အခါ သင်နှစ်သက်ရာ အမည် တစ်ခုခုကို ရိုက်ထည့်ပေးပါ။ ထို့နောက်တဖန် Passward ထည့်ထားလိုပါက Administrator Passward နဲ့ Confirm Passward ရှိ အကွက်ထဲမှာ သင့်စိတ်ကြိုက် Passward တစ်ခုခုကို တူညီမှုရှိအောင် ထည့်သွင်း ပေးရပါမယ်။

သင့် Computer ရဲ့ Security အတွက် လုံခြုံမှုရှိအောင် Passward ကို ဒီအတိုင်း blank မထားလိုက်ပါနဲ့။ Passward ကောင်းကောင်းလေးတစ်ခုလောက်တော့ ထည့်သွင်းပေးထား စေလိုပါတယ်။ ဥပမာ- ခိုင်မာတဲ့ passward တွေမှာတော့ Letters များ၊ Numbers နဲ့ Symbols များ ပါဝင်ပြီး Dictionary စာအုပ်ထဲမှာ မရှိတဲ့ စကားလုံးတွေ ဖြစ်ရပါမယ်။ ဥပမာ- အောက်ဖော်ပြပါ Passward များကို လေ့လာကြည့်ပါ။
  • dR9f?a9e
  • b7$Pruc?
  • tExjf$n4
  • 2!hATrat
  • s@A3ifus



ဆက်လက်ပြီး အောက်ပါပုံအတိုင်း Date and Time Settings ကို မေးပါတယ်။ Next ပေါ်မှာ Click ခေါက်လိုက် ပါ။


ထိုအခါ Network Settings တွေကို မေးလာတဲ့အခါ Typical Settings ကို ရွေးချယ်ပြီး၊ Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။


အကယ်၍ Workgroup နှင့် Domain Setting များအတွက် ထပ်မံပေါ်လာပါက သူ့နဂိုပါ Default Settings အတိုင်းပင် ထားလိုက်ပါ။ ထို့နောက် Next ကို ထပ်မံ၍ Click ခေါက်လိုက်ပါတယ်။ Network ချိတ်ဆက်ရန် အတွက် computer တစ်လုံးနဲ့တစ်လုံး Workgroup Name တူညီဖို့လိုအပ်ပါတယ်။ Computer Name ကတော့ စက်တစ်လုံးကို တစ်မျိုးဖြစ်ပါတယ်။



Finalizing Installation လုပ်ပြီးတဲ့အခါမှာ computer ကို ဒုတိယအကြိမ် Restart ပြန်လုပ်ပါတယ်။ "Press any key to boot from CD....." လို့ ပေါ်လာရင် မည်သည့် Key ကိုမျှ မနှိပ်ရပါ။ (Windows XP CD နဲ့ Boot မလုပ်ရပါ။)

ထိုအခါတွင် အောက်ဘက်ပုံပါအတိုင်း Computer ရဲ့ Screen Resolution ကို ပြောင်းလဲရန် Windows XP က ရှာဖွေပါလိမ့်မယ်။ ထို့ကြောင့် Windows XP က အကြံပေးထားသည့်အတိုင်း Screen Resolution ကို အနည်း ဆုံး 800x600 Setting အနေအထားမှာသာ ထားရှိပေးပါစေ။


ထို့နောက် OK ကို Click ထပ်မံနှိပ်လိုက်ပြီး ဆက်သွားလိုက်ပါတယ်။




Windows XP Logo တက်လာပြီး အောက်ဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း Welcome Screen ပေါ်လာ တဲ့အခါ Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။



ပြီးနောက် Internet Connection တွေကို မေးတဲ့အခါ Skip ပေါ်မှာ Click ခေါက်ပြီး ကျော်လိုက်ပါတယ်။



ထပ်မံပြီး Computer မှ Internet (သို့) Network ဆီသို့ တိုက်ရိုက်ချိတ်ဆက်မှု ပြုလုပ်ရန် ညွှန်ကြားချက်တစ်ခု ပေါ်လာပါမည်။ Skip ကို ရွေးချယ်ပြီး Click ခေါက်လိုက်ပါတယ်။



ထို့နောက် အောက်ပါအတိုင်း Register လုပ်ခိုင်းတဲ့အခါ "No not at this time" ကို Select လုပ်ပြီး Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။



Login (၀င်ခွင့်ပြုပါ)
Windows ဘယ် Version မဆို computer တစ်လုံးထဲမှာ User အများကြီးကို တစ်ယောက်ချင်းစီ ကိုယ့်စိတ် ကြိုက် Setting နဲ့ ၀င်ရောက်လို့ရပါတယ်။ ဒီလိုဖြစ်စေဖို့အတွက် Windows တက်လာတာနဲ့ Windows ထဲကို ၀င်ဖို့ရာ ဦးစွာ Login လုပ်ရပါတယ်။ သို့သော်လည်း တစ်ချို့က ကိုယ့်ရဲ့စက်ကို ကိုယ်ပဲသုံးမယ်။ Login Box လည်း မထားဘူး။ Passward လည်း မထားဘူးဆိုရင်တော့ Login လုပ်စရာမလိုပဲ Desktop တန်းပေါ်လာမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပုံပါအတိုင်း Windows XP က သင့် Computer ကို Default User Name အနေနဲ့ ၀င်ရောက်ရန် အတွက် နာမည်ရိုက်ထည့်ရန် ညွှန်ကြားပါလိမ့်မယ်။ သင့်အနေဖြင့် User Names (၅) ယောက်စာ သတ်မှတ် ပေးထားနိုင်သော်လည်း Installation ပြီးဆုံး သွားတဲ့အခါမှာလည်း ထပ်မံ၍ သတ်မှတ်ပေးနိုင်ပါသေးတယ်။ ထို့ကြောင့် Your name အကွက်ထဲမှာ သင်နှစ်သက်ရာ အမည်တစ်ခုခုကို ရိုက်ထည့်ပေးပြီး Next ကို Click ထပ်မံ၍ နှိပ်ပေးလိုက်ပါတယ်။


ထိုအခါ အောက်ဘက်ပုံပါအတိုင်း Thank you ပေါ်လာတဲ့အခါ Windows XP Installation လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပါပြီ။ Finish မှာ Click ခေါက်လိုက်ပါတယ်။


Welcome Screen နှင့်အတူ Windows XP စတက်လာပါပြီ။

ယခုဆိုရင် Windows XP ရဲ့ Desktop ထဲကို ရောက်ရှိသွားပါပြီ။ Desktop ဆိုတာ Windows တက်လာရင် ပထမဆုံး အသုံးပြုသူထိတွေ့ရမယ့် Interface ပဲဖြစ်ပါတယ်။ Desktop ဟာ အောက်ဆုံးအလွှာပါပဲ။ ဘာတွေပဲ ပေါ်ပေါ် သူ့အပေါ်မှာပဲ ပေါ်မှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Windows XP Installation ကို အလွယ်တကူနဲ့ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။




Ref:
ဦးအေးကိုကို (FEB Computer Centre)
(လက်တွေ့အသုံးချ ကွန်ပျူတာပြုပြင်ခြင်းအခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ- တတိယတွဲ)

Zaw Lin (Youth)
(A+ Certification Exam ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ)

မျိုးသူရ
( ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိန်းခြင်း အခြေခံ သဘောတရားများ)


Up