2007-10-28

Cyber Culture Concepts (ဆိုက်ဘာဓလေ့ အကောက်အယူများ)



စကားပလ္လင်
`အိုင်တီ´ ခေတ်ဆိုသည်မှာ ငြင်းဆိုမည့်သူ မရှိသလောက် ရှားနေပြီထင်ပါသည်။ တစ်ခုတော့ရှိသည်။ မိမိတို့မှာ စိုက်ပျိုးရေးလူ့အဖွဲ့အစည်းတွင်သာ ရှိနေဆဲဖြစ်၍ သူများ အိုင်တီတိုင်း လိုက်တီစရာမလိုဆိုသူအချို့ ရှိသလောက် ရှိပါလိမ့်ဦးမည်။ (ဤပုဂ္ဂိုလ်များအတွက် ယခုစာစုမှာ ဖတ်စရာမလိုပါ။) စင်စစ် အိုင်တီ၏ လက်တံများမှာ စိုက်ပျိုး အပါအ၀င် ဘ၀၏နေရာတိုင်း၊ ထောင့်တိုင်းတွင် အရှိန်ပြင်းပြင်းနှင့် တိုးဝင်လျက် ရှိနေ ပြီဖြစ်ပါသည်။ သို့နှင့်အမျှ အိုင်တီအခြေခံသော အကောက်အယူသစ်များနှင့် ၎င်းတို့ကိုသယ်ပိုးလာသော ဝေါဟာရသစ်များမှာလည်း ဘာသာရပ်နယ်ပယ်အသီးသီးသို့ သဘာဝကျစွာ လျှံကျလာတော့သည်။ ´ဆိုက်ဘာ ဓလေ့အကောက်အယူများ´(Cyber culture Concepts) ဆိုပါစို့။ ဤသို့သော အကောက်အယူများနှင့် မယဉ် ပါးလျှင်ပင် ခေတ်ပြိုင်အခြင်းအရာများကို ချဉ်းကပ်လို့ မရနိုင်လောက်အောင် ဖြစ်နေရသည်။ ဤသည်ပင် စာရေးသူအပါအ၀င် ခေတ်ရေစီးကို မျက်ခြေပြတ်မခံလိုသူများအတွက် မသေးလှသော အခက်အခဲကြီး ဖြစ်တော့သည်။ ယခုစာစု၏ ရည်ရွယ်ချက်မှာ စာရေးသူနှင့်ဘ၀တူ သောတုဇနများအတွက် အထိုက်သင့် အဆင်ပြေလွယ်ကူစေရန် လက်လှမ်းမီသမျှ စုစည်းကြည့်ခြင်း ဖြစ်ပါကြောင်း။

(A)
ARTIFICIAL INTELLIGENCE (AI)
ARTIFICIAL LIFE (A-LIFE)
အေအိုင်နှင့် အေလိုက်ဖ်


၂၀၀၁ ခုနှစ်က နာမည်ကြီး ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ရဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ထွက်လာတယ်။ နာမည်က အေအိုင် (A.I) တဲ့။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လိုက်က လူသားပုံဏ္ဌာန် ပရိုဂရမ်သွင်းထားတဲ့ `ဒေးဗစ်´ ဆိုတဲ့ စက်ရုပ်လေးပါ။ ထူးခြားတာက အဲဒီဒေးဗစ်မှာ လူလိုချစ်တတ်တဲ့ ပရိုဂရမ်ပါ ထည့်ပေးထား တယ်။ ဒီလိုနဲ့ ဒေးဗစ်ဟာ သူ့ရဲ့မွေးစားအမေကို လူသားကလေးက သူ့အမေအပေါ်ထားတဲ့ အချစ်မျိုးနဲ့ ချစ်နေ ရော။ သားအရင်း မာတင် ဆုံးသွားတဲ့ မွေးစားအမေကလည်း ဒေးဗစ်ကို သားအရင်းလို ပြန်ချစ်ပါတယ်။ ဒါပေမဲ့ မာတင်လည်း ပြန်ရှင်လာရော ဒေးဗစ်ကို မေ့သွားတော့တယ်။ ဒီဇာတ်ကားမှာ စပီးလ်ဘာ့ဂ် ပြောချင်တာက လူ နဲ့စက်ရဲ့ အပြန်အလှန်သံယောဇဉ် အကြောင်းပါ။
ဒီဇာတ်ကား ထွက်လာတယ်ဆိုရင်ပဲ အနာဂတ္တိဆရာ၊ အယ်လ်ဗင်းတော်ဖလာ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ကို ပြန်ကိုးကား ညွှန်းဆိုချင်စရာ ဖြစ်လာတော့တယ်။ `အနာဂတ်အကြောင်း မှန်းဆကြည့်ချင်ရင် သိပ္ပံဝတ္ထု တွေဖတ်၊ သိပ္ပံရုပ်ရှင်တွေကြည့်´ ဆိုတဲ့ စကားပါ။ တကယ်တော့ စပီးလ်ဘာ့ဂ် ရဲ့ဇာတ်ကားဟာ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်လို့ ပြောဖို့တောင် ခက်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ `အေအိုင်´နဲ့ ပတ် သက်တဲ့ သုတေသနတွေက အတော်အရှိန်ရနေပါပြီ။
အတိအကျ ဇာတ်ကြောင်းပြန်ရရင် ၁၉၅၆ ခုနှစ်လောက်ကတည်းက ဒီဝေါဟာရကို စထွင်ခဲ့ကြတာလို့ ဆိုပါ တယ်။ A.I ဆိုတာ Artificial Intelligence ရဲ့ အတိုကောက်ပါ။ လုံးကောက်ဘာသာပြန်မယ်ဆိုရင် `ဉာဏ် အတု´ ပေါ့။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာပဲ `အေအိုင်´ သုတေသနဟာ အဆင့်အဆင့် ဖွံ့ဖြိုးပြီး ပြင်ပလုပ်ငန်း နယ်ပယ် (အထူးသဖြင့်) စီးပွားရေးမှာ တစ်စတစ် နေရာယူလာခဲ့ပါတယ်။
ပထမတော့ လူ့လုပ်အားနေရာမှ အစားထိုးသုံးလို့ ရနိုင်မယ့် စက်ရုပ် (ရိုဘော့) တွေက စတာပါ။ နောက် အဲဒီရိုဘော့တွေထဲမှာ လူ့အပြုအမူဖြစ်စဉ်တွေကို ပရိုဂရမ် သွင်းကြည့်လာတယ်။ နောက်တစ်ဆင့်ရောက်တော့ လူ့စိတ်ကူးဖြစ်စဉ်ကိုပါ ထည့်ကြည့်လာကြတယ်။ ဒီလိုနဲ့ စက်ရုပ်နဲ့မတူတဲ့ စက်ရုပ် (Mecha) တွေ ပေါ်လာရော။ သူတို့တစ်တွေဟာ ပုံမှန်ဇီဝဗေဒနည်းနဲ့ မျိုးပွားလာတဲ့ သတ္တ၀ါ (Orga) လည်း မဟုတ်လေတော့ စက်ရုပ်တစ် ပိုင်း လူတစ်ပိုင်းလို့ ပြောရမယ်ထင်ပါရဲ့။ သူတို့ရဲ့ အသိဉာဏ်ကို ဉာဏ်အတု (အေအိုင်)လို့ ခေါ်တာပါ။
အေအိုင်ကို ပထမဆုံး တွင်တွင်ကျယ်ကျယ်ဈေးကွက်တင်လိုက်တာက Game ထုတ်လုပ်ရေးလို့ ပြောရပါ လိမ့်မယ်။ အထူးသဖြင့် Action Game တွေမှာ `မဟာဗျူဟာစဉ်းစားနည်း´ (Strategic Thinking) ကိုပါ program သွင်းလာတော့ စက်ဟာစက်အဆင့်ကိုလွန်ပြီး သတ္တ၀ါတစ်ကောင်လိုဖြစ်လာတော့တယ်။ ဒါကို `ရိုဘိုဆက်ပိန်း´ (Robo Sapien) လို့ ခေါ်လာကြတယ်။ 1997 ခုနှစ်ရောက်တော့ အပြာရင့် (DeepBlue) လို့ အမည်ပေးထားတဲ့ computer က ကမ္ဘာ့စစ်တုရင်ဘုရင် ချန်ပီယံ ကက်စပါရော့ကို အနိုင်ကစားပစ်လိုက်တယ်။ ဒီမှာတင် လူ `ဟိုမိုဆက်ပိန်း´ (Homo Sapien) ကို ´ရိုဘိုဆက်ပိန်း´ က ခြိမ်းခြောက်လာပြီဆိုပြီး အုတ်အော် သောင်းနင်းဖြစ်လာတော့တယ်။
ဒါပေမဲ့ သုတေသနပညာရှင်တွေကတော့ ဒီလိုဂယက်မျိုးတွေကို ထည့်တွက်ကြဟန် မတူပါဘူး။ သူတို့ အလုပ် (သုတေသန)ကို ဆက်လုပ်ရင်းနဲ့ အေအိုင်ဟာ ပြည့်စုံသထက် ပြည့်စုံလာပါတယ်။ ပြဿနာဖြေရှင်းရေး တို့၊ ဘာသာစကားအသုံးပြုတာတို့၊ ဘာသာပြန်စကားအသုံးပြုတာတို့၊ ရောဂါရှာဖွေတာတို့၊ လူနဲ့အပြန်အလှန် စကားပြောတာတို့ စတဲ့ function အသစ်တွေကို program သွင်းလာကြတယ်။ ဒီတွေ့ရှိချက်တွေကို စီးပွားရေး နယ်ပယ်မှာလည်း စမ်းသပ်အသုံးပြုလာကြတယ်။ အပြန်အလှန်စကားပြော program သွင်းထားတဲ့ EZLIZA ဆိုတဲ့ software ဆိုရင် စိတ်ကုရောဂါကုထုံးတွေမှာတောင် အသုံးပြုလို့ ရနေပြီလို့ ဆိုပါတယ်။
နောက်တစ်ဆင့် သုတေသနရောက်တော့ အေအိုင် မှာ အချစ်၊ အမုန်း စတဲ့ `စိတ်လှုပ်ရှားမှု´ (emotion) နဲ့ လူမှာသာရှိနိုင်တဲ့ `မျှဝေခံစားစိတ်´ (Empathy) ကိုပါ program သွင်းဖို့ ကြိုးစားလာကြတယ်။ စီးပွားရေး လောက ကလည်း နောက်မကျပါဘူး။ ကလေးချစ်တတ်တဲ့ program သွင်းထားတဲ့ ကလေးထိန်းနာရီတွေ ထုတ်လုပ်ဖို့ စိတ်ကူးလာကြတယ်။ ဒီလိုနဲ့ လူ့အပြုအမူကိုသာ ကိုယ်စားပြုနိုင်တဲ့ ရိုဘိုဆက်ပိန်းဟာ လူ့စိတ်လူ့ သဘာဝကိုပါ ကိုယ်စားပြုမယ့် `ဆိုက်ကိုဆက်ပိန်း´ (Psycho Sapien) အဆင့်ထိရောက်တော့မလို ဖြစ်လာ တော့တယ်။
ဒီမှာတင် အေလိုက်ဖ် (Artificial Life) ဆိုတဲ့ နောက်ထပ်အကောက်အယူတစ်ခု ကျွဲကူးရေပါ ပေါ်လာခဲ့တာ ပါ။ `ဘ၀အတု´ လို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါလိမ့်မယ်။ Digital ပတ်ဝန်းကျင်သစ်မှာ ဇီဝဖြစ်စဉ်ရော၊ အတွေးဖြစ်စဉ်ပါ လူနဲ့မခြား ဖန်တီးနိုင်စရာရှာလာပြီမို့ ဘ၀ကိုအတုလုပ်လို့ရပြီဆိုတဲ့သဘော ဖြစ်ပါတယ်။ အေလိုက်ဖ်သုတေသနက လူပုံတူမိတ္တူပွားတာတို့၊ ဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းကြည့်စေတာတို့၊ လိုက်လျော ညီထွေ ပြုပြင်ပြာင်းလဲနိုင်စွမ်းတို့ စတာတွေကို ဖိုးကပ်စ်လုပ်ပါတယ်။
သိပ္ပံစာရေးဆရာ `မတ်ခ်လူဒ်ဝစ်ခ်´ ကတော့ computer virus တွေကို ကနဦး အေလိုက်ဖ်ပုံသဏ္ဌာန်တွေ လို့ဆိုတယ်။ အမှန်တကယ်မရှိပေမဲ့ အစစ်အမှန်လိုပဲ အရာထင်စေတာမို့ ဒါကို `အစစ်နီးပါးအတု´ (Virtual) လို့လည်း ခေါ်ကြတယ်။ (ဒီကရှေ့ဆိုရင် ခပ်လွယ်လွယ် `ဗွီ´ လို့ပဲ သုံးပါမယ်) ဒီကစပြီး ဗွီသဘောဟာ နယ်ပယ်အားလုံးကို ပြန့်သွားတော့တယ်။ ဗွီ-ကော်ပိုရေးရှင်း၊ ဗွီ-နိုင်ငံတော်၊ ပြောရရင် `ဗွီ-ဃရာဝါသ´ (V-Sex) ဆိုတာတောင် ရှိလာတယ်။ `ဆိုက်ဘာဓလေ့´ နဲ့ မကင်းနိုင်သမျှအားလုံးကို ဗွီရှေ့ဆက်နဲ့ချိတ်ပြီး အကောက်အယူသစ်တွေ ချဲ့ယူလာကြတယ်။
ဆိုခဲ့ပြီးတဲ့အတိုင်း `အေအိုင်´နဲ့ `အေလိုက်ဖ်´ ဟာ သုတေသန နယ်ပယ်ကိုကျော်ပြီး လက်တွေ့ဘ၀ထဲကို ရောက်သလောက် ရောက်နေပါပြီ။ ဒါနဲ့အမျှ ဒဿနဆရာတွေ၊ လူမှုဗေဒပညာရှင်တွေကြားမှာ အငြင်းပွားစရာ ဒီဘိတ်သစ်တွေ တစ်ထောကြီး လျှံကျလာတော့တယ်။ အဲဒီပညာရှင်တွေထဲမှာ အခုလောလောဆယ် ထပ်ဆုံး ရောက်နေသူကတော့ `မက်ဆာချူဆက်နည်းပညာတက္ကသိုလ်´ (MIT) က ပါမောက္ခ ရှာရီ-တာကယ် ဖြစ်ပါ တယ်။ သူ ရေးသားပြုစုလိုက်တဲ့ `ဒုတိယအတ္တ၊ ကွန်ပျူတာနှင့် လူ့ဝိဉာဉ်´ (The second self: Computers and the Human Spirit) ဆိုတဲ့ စာအုပ်ဟာ ဒီကနေ့ ဒီဘိတ်အားလုံးရဲ့ ဆုံချက်လို့တောင် ပြောနိုင်လောက် တယ်။
ပါမောက္ခ တာကယ်က အေလိုက်ဖ်ဟာ ဇီဝလွန်ဘ၀ပုံသဏ္ဌာန်´ (Post-biological life form) လို့ ဆိုပါ တယ်။ ဇီဝဘ၀ပုံသဏ္ဌာန် (Biological life form) မှာ လူ့ဘ၀ရဲ့ စိတ္တဗေဒ သက်ရောက်မှုအနေနဲ့ `အတ္တ´ ဆိုတာ ရှိတယ်။ ဒါကို သူက `ပထမအတ္တ´ (The first self) လို့ ဆိုပါတယ်။ အခု ဇီဝဘ၀လွန်ပုံသဏ္ဌာန်မှာ ကော အတ္တမရှိနိုင်ပေဘူးလားလို့ မေးခွန်းထုတ်တယ်။ ရှိခဲ့ရင် ဒါကို `ဒုတိယအတ္တ´ (Second self) လို့ ခေါ်ထိုက် တယ်။ ပတ်ဝန်းကျင်သစ် (ဆိုက်ဘာဓလေ့) ပေါ်မှာ ဘ၀ပုံသဏ္ဌာန်နှစ်မျိုးလုံး ရှိနိုင်တာမို့ အတ္တချင်း တိုးတိုက်မိ စရာရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ၂၀၀၁ ခုနှစ်က ထွက်ခဲ့တဲ့ The Matrix ရုပ်ရှင်ဟာ ဒီဟောကိန်း ကို ဇာတ်လမ်းဖွဲ့ထားတာလို့ ဆိုပါတယ်။

(B)
BLOG/BLOGGER/BLOGGING
ဘလော့/ဘလော့ဂါ/ဘလော့ဂင်း

1997 ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် website မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်လာရာကနေ တွင်ကျယ်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့ မလွယ်တာမို့ `ဘလော့´ ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပါယ်က ကွန်ပျူတာ keyboard၊ ဒါမှမဟုတ် Cellphone သုံးပြီး ကိုယ်ပြောချင်၊ ရေးချင်ရာတွေ ချရေးလို့ရတဲ့ website တွေကို ခေါ်ပါတယ်။ များသော အားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ internet diary လို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင် website တင်ပြီး ကိုယ်ပိုင် `ဘလော့´ တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တစ်ပြားမှ ပေးစရာမလိုဘဲ free ၀င်ရေးလို့ရတဲ့ website တွေလည်း အများကြီးရှိပါတယ်။
ဘလော့ဂါ Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ internet
Journalist လို့ ခေါ်ကြတာလည်းရှိရဲ့။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို `ဘလော့ဂင်း´ blogging လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါ တွေစုပြီး အကြောင်းအရာတစ်ခုခုကို `တည်´ ဆွေးနွေးကြ တာမျိုးကိုလည်း `ဘလော့ဂင်း´ လို့ သုံးလာကြပါတယ်။
`ဘလော့လှုပ်ရှားမှု´ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ် ထဲရှိတာ ချရေးလိုက်တဲ့သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ မကွာလှပါဘူး။ ရေးကြ ပြောကြတဲ့ အကြောင်းအရာအများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ `မာမီ ကပြောတယ်၊ ဒီနေ့ မိုးရွာမယ်´ တဲ့ စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ လုပ်လာကြတယ်။ ဘလော့ဂါ အချင်းချင်းလည်း အပြန်အလှန်ဆွေးနွေးကြတာ၊ ဝေဖန် ကြတာတွေရှိလာတယ်။ ဒါကြောင့်လည်း internet
Journalist လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။
ဘလော့လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိမ်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ကန့်တာ ထိမ်း တာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့ မလွယ်ပါ ဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသလောက် ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အ၀ အသုံးချကြ တာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိတယ်။
Media လောကအနေနဲ့ ဘလော့ဂါတွေကို အလေးထားလာရတဲ့ကိစ္စကတော့ သူတို့ရဲ့ `ခရာမှုတ်သူ´ (whistle blower) အခန်းကဏ္ဏကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြေပေါ် မီဒီ ယာတွေ ဘယ်လိုမှရဖို့ မလွယ်လောက်တဲ့ သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့ Journalist တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ `တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမတွေ´ (open-source newsrooms) တွေ online ပေါ်မှာ အပြိုင်းအရိုင်းပေါ်လာတာ ဘလော့ဂါ တွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင် စရာရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး media လောက သာမကတော့ဘူး၊ နိုင်ငံရေးလောက, ကပါ ဘလော့ဂါတွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီ ကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေအတွက် ဆိုက်ဘာ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေကြတဲံ ပထမဆုံး `ခရုဆိတ်တာ´တွေလို့တောင် အမွှန်းတင်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် အပြန့်ကျယ်လာ တာတော့ သေချာတယ်။ အခုလောလောဆယ် website ပေါ်မှာ blog သန်းပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ blogger ပရိသတ် (32) သန်းထိရှိလာပြီလို့ ဆိုပါ တယ်။ နယူးယော့တိုင်းမ်ဂျာနယ်လစ် `တောမတ်ဖရီးမင်း´ ကတော့ ဘလော့လှုပ်ရှားမှုကို `တံခါးမရှိ၊ ဓားမရှိ စူးစမ်းလေ့လာရေး´ (open-source) လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့ လည်း ဆိုပါတယ်။

BODY
ခန္ဓာ

ဗုဒ္ဓဓမ္မအလိုအရ လူအပါအ၀င် သတ္တ၀ါတွေရဲ့ ဖြစ်တည်မှုဆိုတာ ရုပ်နဲ့နာမ်ရဲ့ အစုအဝေးဖြစ်ပါတယ်။ ဒီအစုအဝေးကိုပဲ ခန္ဓာငါးပါးလို့ ခေါ်ပါတယ်။ ရုပ်ခန္ဓာတစ်ပါး (ရူပက္ခန္ဓာ) နဲ့ နာမ်ခန္ဓာလေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိဉာဏက္ခန္ဓာ) တို့ပါ။ လူသေပြီဆိုတာနဲ့ ရုပ်ခန္ဓာရော၊ နာမ်ခန္ဓာပါ အကုန်ချုပ်သွား ပါတယ်။
အိုင်တီအကြောင်းပြောရင်းက ဗုဒ္ဓဘာသာဘက် ရောက်သွားရတာ အကြောင်းရှိလို့ပါ။ ဆိုက်ဘာဓလေ့မှာ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာကို ခွဲခြားကြည့်မြင်တဲ့ အကောက်အယူတွေ ပေါ်လာလို့ ဖြစ်ပါတယ်။ လူဟာ ဆိုက်ဘာ ဓလေ့ထဲ ရောက်သွားတာနဲ့ ရုပ်ခန္ဓာကြီးဟာ မြေပေါ်မှာ ငုတ်တုတ်ကျန်ရစ်ပြီး နာမ်ခန္ဓာကသာ မိုးပေါ်တက် သွားတာလို့ ဆိုပါတယ်။ `အသွေးအသားကို ထားခဲ့ရတယ်´ (leaving the meat behind) လို့ဆိုတယ်။ ဒါကြောင့် ဆိုက်ဘာဓလေ့အတွေ့အကြုံဟာ `ရုပ်ခန္ဓာနဲ့ ကင်းကွာနေတဲ့ နာမ်ခန္ဓာရဲ့ အတွေ့အကြုံ (disembodimental experience) သာဖြစ်တယ်လို့ သဘောယူကြတယ်။
ဒီအတွေ့အကြုံကို ဆက်လက်ဆန်းစစ်ကြရာက ရုပ်ခန္ဓာ ကာယကံမြောက်မပါပေမဲ့ ဒီဆိုက်ဘာ အတွေ့အကြုံကို လူက သိရှိခံစားနိုင်တယ်။ တုန့်ပြန်နိုင်တယ်။ အစစ်အမှန်မဟုတ်ပေမဲ့ အစစ်အမှန်လိုပဲ အကျိုးသက်ရောက်မှု ရှိတယ် စသည်ဖြင့် ဖော်ထုတ်လာကြတယ်။ ဒီသဘောကို `ဗွီ-အစစ်အမှန်´ (virtual reality) လို့ အမည်ပေးထားတယ်။ `အစစ်အမှန်နီးပါး အရိပ်အယောင်ဘ၀´ လို့ ဆိုရလေမလားပဲ။
ဒီသုတေသနရဲ့ အစကို ပြန်ခြေရာခံလိုက်ရင် 1984 ခုနှစ်က ထွက်ခဲ့တဲ့ ၀ီလျံဂစ်ဆန်ရဲ့ (Neuromancer) ဆိုတဲ့ သိပ္ပံဝတ္ထုကို ပြန်ညွှန်းရပါလိမ့်မယ်။ ဒီဝတ္ထုထဲမှာ တကယ်လက်တွေ့ရှိနေတဲ့ လောကကြီးတစ်ခုကို ဆိုက်ဘာဓလေ့ထဲမှာ အတုဖန်ဆင်းကြည့်တယ်။ (ဆိုက်ဘာဓလေ့ဆိုတဲ့ ဝေါဟာရကိုလည်း ဂစ်ဆန်ကပဲ စထွင် ခဲ့တာပါ) နောက်ဆုံး လက်တွေ့လောကထဲက လူတွေသေသွားပေမဲ့ ဆိုက်ဘာလောက, က လူတွေ ဆက် လက်အသက်ရှင်ကျန်ရစ်တာကို ဇာတ်လမ်းဖွဲ့ထားတယ်။
သူ့ဝတ္ထုထွက်လာတော့ စာပေဝေဖန်ရေးဆရာတွေက ``ဒါ သိပ္ပံဝတ္ထုမဟုတ်ဘူး၊ ဂမ္ဘီရ၀တ္ထု´´ လို့ တိုက်ခိုက်ကြတယ်။ အိုင်တီပညာရှင်တွေကတော့ ပို့စ်မိုဒန်ကမ္ဘာကြီးရဲ့ ဥပမာတစ်ခုဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အဲဒီကတည်းက အလေးထားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဗွီ-အစစ်အမှန် သုတေသနစလာခဲ့တာပါ။ လူမှုဗေဒပညာရှင် တွေကတော့ ပိုပိုပြီး ရှုပ်ထွေးလာတဲ့ စက်နဲ့လူ့ရဲ့ဆက်ဆံရေးကို သံသယနဲ့စောင့်ကြည့်နေကြလေရဲ့။ နောက်ပိုင်း ဘိုင်အိုတက္ကနိုလိုဂျီ အရှိန်ရလာတော့ `ဗွီ-ဘာ´ သုတေသနနယ်ပယ်မှာ အိုင်တီသာမက ဘီတီပါ တွဲလာတယ်။ ဇီဝလူသာမ ဇီဝလွန်လူပါ ဖြစ်လာနိုင်စရာရှိတယ်လို့ တွက်ဆနေကြတယ်။ ဒါဆိုရင် လူ့သမိုင်းဟာ လည်း `လူသားလွန်သမိုင်း´ ဖြစ်လာတော့မယ်။ `လူ´ဆိုတဲ့ အထိုင်ပေါ်မှာ ဖွဲ့စည်းထားတဲ့ လက်ရှိဒဿန တွေ၊ လောကအမြင်တွေ အားလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့မယ်ဆိုပြီး စိုးရိမ်မကင်း ဖြစ်နေကြတော့ တယ်။

(C)
COMMUNITY
ကွန်မြူနတီ

အတိအကျ ဘာသာပြန်ဖို့ ခက်သလို အလွန်အငြင်းပွားကြရတဲ့ ဝေါဟာရလည်း ဖြစ်ပါတယ်။ အသုံးအများ ဆုံး အဓိပ္ပါယ်တွေကို ရွေးထုတ်မယ်ဆိုရင်တောင် အနည်းဆုံး အဓိပ္ပါယ်ကွဲ (၃)ခုလောက် ရှိလိမ့်မယ်။
ပထမအဓိပ္ပါယ်က `ပထ၀ီဒေသတစ်ခုအတွင်း အတူပေါင်းစည်းနေထိုင်ကြတဲ့လူစု´ လို့ ရပါတယ်။ ရပ်ကွက် တစ်ခု၊ ကျေးရွာတစ်ရွာ၊ အသိုင်းအ၀ိုင်းတစ်ခု စသည်ဖြင့် နားလည်နိုင်ပါတယ်။ ဒုတိယအဓိပ္ပါယ်က ဒီထက် ပိုနက်တယ်။ `တူညီတဲ့ နှုန်းစံတန်ဖိုး၊ တူညီတဲ့ ယဉ်ကျေးမှုဓလေ့၊ တူညီတဲ့ ရည်မှန်းချက်တွေကို လူမှုအုပ်စု´ လို့ ဆိုပါတယ်။ အခုလို တူညီတဲ့ နှုန်းစံတန်ဖိုး၊ တူညီတဲ့ ယဉ်ကျေးမှုဓလေ့၊ တူညီတဲ့ ရည်မှန်းချက်တွေနဲ့ ဆွဲစုပြီး ယုံကြည်မှု တည်ဆောက်တာကို `လူမှုအရင်း´ (social capital) လို့ ခေါ်တယ်။ ဒုတိယအဓိပ္ပါယ်ကိုပဲ နောက် တစ်မျိုး ဖွင့်နိုင်ပါသေးတယ်။ `ကွန်မြူနတီဆိုတာ လူမှုအရင်းတစ်ခုကို ကိုယ်စားပြုတဲ့ လူစု´ပေါ့။ တတိယ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ `ကွန်မြူနတီဆိုတာ သတင်းတစ်ခုပျံ့နှံ့နိုင်တဲ့ `ခွင်´ ပါတဲ့။ အိုင်တီခေတ်မှာ အသုံးအများဆုံး ဖြစ်လာရုံမက အရေးအကြီးဆုံး ဖွင့်ဆိုချက်လည်း ဖြစ်ပါတ
`ဖာဒီနန်တော်နီ´ ဆိုတဲ့ လူမှုဗေဒပညာရှင်ကတော့ ကွန်မြူနတီကို `ဆိုဆိုက်ရတီ´ (society) ဆိုတဲ့ ဝေါဟာရနဲ့ယှဉ်ပြီး ချဉ်းကပ်ကြည့်တယ်။ ကွန်မြူနတီ (တော်နီရဲ့စကားနဲ့ဆိုရင် gemeinschaft) ဆိုတာ `မျိုးရိုး ဆက်စပ်မှု´ (Kinship) နဲ့နှောင်ဖွဲ့ထားတဲ့ တိုက်ရိုက်ဆက်ဆံရေး ဖြစ်တယ်။ အများညီ ကျင့်ဝတ်နှုန်းစံတွေနဲ့ ထိန်းထားတယ်။ ရာသက်ပန်တုပ်နှောင်မှုသဘောဆောင်တယ် စသည်ဖြင့် ရှင်းပြပါတယ်။ စက်မှုခေတ်မတိုင် ခင်က ရှိခဲ့တဲ့ စိုက်ပျိုးရေးအခြေခံ ဆက်ဆံရေးလို့ ဆိုပါတယ်။ (စောစောကပြောခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (၃) ခုထဲက ပထမနှစ်ခုနဲ့ အကျုံးဝင်ပါလိမ့်မယ်)
အစဉ်အလာ community ဆက်ဆံရေးကို စက်မှုတော်လှန်ရေးက ဖြိုချလိုက်ပြီး အဲဒီနေရာမှာ ဆိုဆိုက်ရတီ သဘောဝင်လာတယ်။ တော်နီက ဆိုဆိုက်ရတီကို (gesellschaft) လို့ အမည်ပေးပြီး ခုလိုရှင်းပြပါတယ်။ ဆိုဆိုက်ရတီဆိုတာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ပြဌာန်းထားတဲ့ ကန်ထရိုက်ဆက်ဆံရေးမျိုး ဖြစ်တယ်။ `အချုပ်အခြာအာဏာ´ (sovereignty) ဆိုတဲ့ အထောက်အယူနဲ့ စုစည်းထိန်းချုပ်တယ်။ စက်မှုခေတ်ရဲ့ ဆက်ဆံရေးပုံသဏ္ဌာန်လို့ ဆိုပါတယ်။
ခေတ်ပြိုင်နိုင်ငံရးသိပ္ပံပညာရှင် `ဖရန်ဆစ်ကူယားမား´ ကတော့ လက်ရှိအိုင်တီတော်လှန်ရေးရဲ့ အရှိန် အဟုန်အောက်မှာ ဆိုဆိုက်ရတီဆက်ဆံရေးတွေလည်း ပြိုကျနေပြီလို့ ကောက်ချက်ချတယ်။ ဒီတော့ ဆိုဆိုက် ရတီနေရာမှာ ဘာနဲ့အစားထိုးမလဲ ဆိုတဲ့ပုစ္ဆာ ပေါ်လာတယ်။ ဖူကူယားမားကတော့ community သဘော ပြန် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ စက်မှုခေတ်မတိုင်မီက ရှိခဲ့တဲ့ community မျိုးတော့ မဖြစ်နိုင် ဘူးလို့လည်း မှတ်ချက်ချတယ်။ အိုင်တီနဲ့အပြိုင် ဖြစ်ထွန်းလာတဲ့ ၂၁ ရာစု community သစ်လို့ ဆိုပါတယ်။
ဒီနေရာအရောက်မှာ စောစောက ပြောခဲ့တဲ့ တတိယအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချဲ့စဉ်းစားဖို့ လိုလာပါပြီ။ "community" ဆိုတာ သတင်းတစ်ခု ပျံ့နှံ့နိုင်တဲ့ `ခွင်´ ဆိုတဲ့ ဖွင့်ဆိုချက်ပါ။ `သတင်းတစ်ခုပျံ့နှံ့နိုင်တဲ့ခွင်´ ဆိုတာ technology ဖွံ့ဖြိုးမှုအဆင့်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဖွံ့ဖြိုးမှုအားကောင်းရင် သတင်းရေစီးဟာ `ခွင်´ကျယ်ပြန့်လိမ့်မယ်။ အားနည်းရင် `ခွင်´ ကျဉ်းမှာပေါ့။ ခြေလျင်သတင်းပို့ရတဲ့ခေတ် (မာရသွန်စစ်ပွဲ)၊ မြင်းနဲ့သတင်းပို့ရတဲ့ခေတ် (အမေရိကန်လွတ်မြောက်ရေးစစ်ပွဲ)၊ တယ်လီဖုန်း၊ ၀ါယာလက်စ် စတာတွေနဲ့ သတင်းပို့တဲ့ခေတ် (မနေ့တစ်နေ့က အီရတ်စစ်ပွဲ) ။ Technology အဆင့်ချင်းမတူသလို စစ်ပွဲတွေရဲ့ သဘာဝ ကလည်း ပြောင်းသွားတယ်။ community ဆိုတဲ့ ဝေါဟာရရဲ့ အကျယ်အပြန့်ဟာလည်း သဘာဝကျစွာ ပြောင်း သွားရပါတော့တယ်။

Ref: ကျော်ဝင်း (ဆိုက်ဘာဓလေ့ အကောက်အယူများ)


2007-10-24

Expert Guide for Windows Registry

What is the Registry?
Registry ဆိုသည်မှာ 32 bit version များဖြစ်သော Microsoft Windows များတွင်ပါဝင်သော Windows 95, 98, ME, NT/2000 တို့၏ settings နှင့် options များ ပါဝင်သော database ကြီးတစ်ခုပင်ဖြစ်ပါသည်။
Registry တွင် PC များအတွက်
hardware, software, users နှင့် preferences များပါရှိသော information များနှင့် settings များပါဝင်ပါသည်။ User တစ်ဦးသည် Control Panel setting, (သို့) File Association, System Policies တွင် install တင်လိုက်သော software များသည် Registry အတွင်းတွင် ထပ်ဟပ်ပြောင်းလဲပြီး သိုလှောင်ထားရှိသည်။

(Registry သို့ ၀င်ရောက်မွှေနှောက်ခြင်း)
ကွန်ပျူတာစနစ်တွင် အချို့သော ပြောင်းလဲချက်များကို Start>Control Panel မှ တစ်ဆင့် အလွယ်တကူ ပြင်နိုင်သလို Registry သို့ ၀င်ပြီးပြင်နိုင်တာများလည်း ရှိတယ်။ သို့သော် registry အကြောင်းကို အတော် အသင့်နားလည်ထားသင့်ပါတယ်။ သို့မဟုတ်ပါက windows စနစ်ကို ပျက်စီးစေပြီး file များပျက်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ မည်သို့ပင်ဖြစ်စေ registry မှာ ပြင်ခြင်းဖြင့် စိတ်ဝင်စားဖွယ်ပြောင်းလဲချက်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

(For Windows XP Standard)
Hiding Control Panel from Start Menu
(Start Menu အောက်က Control Panel ကို ဖျောက်ထားခြင်း)
1. Starting Regedit.
2.HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
ကို ဖွင့်ပြီး ၎င်း Explorer တွင် Right Click နှိပ်ပါ။ ပေါ်လာသော popup menu တွင် New>DWORD Value ကို ရွေးချယ်ပြီး နှိပ်လိုက်ပါ။ ပေါ်လာသော 'New Value #1' တွင် 'NoControlpanel' ဟု ရိုက်ထည့်ပါ။ ၎င်းစာ သားပေါ်တွင် mouse ကို Right click ပြုလုပ်ပြီး 'Modify' ကို ဖွင့်ပါ။ ပေါ်လာသော 'Edit DWORD Value' dialog box တွင် 'Value data' ကို '1' ဟု ပြောင်းထည့်ပြီး 'OK' ကို နှိပ်လိုက်ပါ။ Computer ကို Restart ပြန်လုပ်လိုက်သည့်အခါတွင် 'Start menu' တွင် 'Control panel' ကို မမြင်ရတော့ပါ။

Changing the Registered Owner and Registered Organization
1. Starting Regedit
2. Go to HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows NT/CurrentVersion
3. From there you can edit the name in the RegisteredOwner key and RegisteredOrganization key on the right panel by Double Click.

To speed up the Start Menu
1. Start the REGEDIT program
2. Go to HKEY_CURRENT_USER/Control Panel/Desktop/
3. In the right panel, Name it MenushowDelay
4. Select a value from 1-10, 0 being the fastest.

Hiding Internet Option Tabs
1. Open Registry Editor.
2. Go to HKEY_CURRENT_USER/Software/Policies/Microsoft
3. Then Right Click on the Microsoft task pane, and select New>Key from pop-up menu.
4. When New Key #1 appear, type 'Internet Explorer'.
5. On the
text of 'Internet Explorer', right click again, then select New>Key from pop-up menu.
6. Rename New Key to 'Control Panel' by typing.
7. On the 'Control Panel' right click and from the pop-up menu select 'New>DWORD Value'.
8. When appear New Value #1 in the right panel, retype 'Security Tab'.
9. Double Click 'Security Tab' and select 'Modify' to open.
10. When appear 'Edit DWORD Value data: change to 1 to active and click OK button.
11. Then Restart Computer again, you can't see in the Internet Options (dialog box),
Security (tab).
12. Otherwise, you can changed anyone options.
(for example; In the New Value #1 'General', 'Privacy', 'Content', 'Connections', 'Programs', 'Advanced'.


2007-10-15

Popuri Widget!

Do you want to show to the world how popular your website is? Use popuri widget! It will show your Google Pagerank, Alexa Rank, Yahoo backlinks and Technorati linking blogs.

Just copy & paste the code wherever you wish to display it.


My Popularity (by popuri.us)


My Popularity (by popuri.us)


Ref:http://181bayintnaung.blogspot.com

2007-10-09

How to add Latest News from PhatPa.com in a blog?


(1) http://www.blogger.com တွင် Login ၀င်ပါ။ (2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။ 3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။ 4) Feed တွင် "Add To Blog" ကို နှိပ်ပါ 5) "Feed URL" တွင် http://www.phatpa.com/?q=rss.xml ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။ 6) Title ကို လည်းသင်နှစ်သက်သလိုပြင်လို့ရပါတယ်။ Show ကို ဒီတိုင်းပဲ 5 Items ထားလိုက်ပါ။ ပြီးတော့ "SAVE CHANGES" ကို နှိပ်လိုက်ရင် သင့် Blog မှာ PhatPa.com မှ နောက်ဆုံး သတင်းများ ပေါ်လာပါမည်။ နေ့စဉ်နေ့တိုင်း သူ့အလိုလို update ဖြစ်နေပါမည်။

Ref: http://phyowaikyaw.blogspot.com

2007-10-06

Pocket Internet (အိတ်ဆောင် အင်တာနက်)



အပိုင်း(၁)
အက်ဆေးများ

အင်တာနက် သမိုင်းအကျဉ်း
မစတင်မီကာလ

1866- အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ တယ်လီဖုန်းကေဘယ်ကြိုးကို ပထမဆုံးချထားခဲ့ပါတယ်။ ယင်းသည် ကမ္ဘာ့တိုက်ကြီးများ အလျင်အမြန် ဆက်သွယ်ရေးအတွက် ဖြစ်နိုင်သည်ဟု သရုပ်ပြလိုက်ခြင်းဖြစ်သည်။ ၀ိတိုရိယ ဘုရင်မကြီးနှင့် သမ္မတ ဂျွန်ဆင် တို့အကြား ထိုကေဘယ်ကို သုံး၍ အပြန်အလှန်သတင်းများ ပေးပို့ ခဲ့ကြသည်။

1943- အလန်တာရင်း (Alan Turing) က ကိုလိုဆပ် (Colossus) ကို တည်ဆောက်ခဲ့သည်။ ယင်းစက်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ ဆက်သွယ်ရေးကို နားထောင်ကာ စကားဝှက်များကို ဖော်ထုတ်နိုင်ခဲ့ သည်။ ကမ္ဘာ၏ အစောဆုံး Program ပါသော Computer ဟု ဆိုနိုင်သည်။

1945- "As We May Think" ဟူသော ခေါင်းစဉ်ဖြင့် Atlantic Monthly Magazine တွင်ဖော်ပြခဲ့သော ဆောင်းပါးသည် ရှေ့ရေးကို ကြိုတွေးထားသကဲ့သို့ပင် ဖြစ်ခဲ့ရသည်။ ယင်းဆောင်းပါးကို ရေးခဲ့သူမှာ နောင်တွင် အမျိုးသားသိပ္ပံအဖွဲ့၏ ပထမဆုံး ဒါရိုက်တာဖြစ်လာခဲ့သူ Vannevar Bush ဖြစ်သည်။ သူက ယင်းဆောင်းပါး တွင် memex ဟု ခေါ်သော စက်တစ်မျိုးကို ရေးသားဖော်ပြခဲ့သည်။ Microfilm ကို အခြေခံထားသော memex သည် user ကို အလျင်အမြန် သတင်းအချက်အလက်ပြန်ရယူပေးနိုင်အောင် ဆက်သွယ်ပေးနိုင်ပါလိမ့်မည်။ ယင်းမှာ Web မပေါ်ခင် လွန်ခဲ့သော အနှစ် (50) နီးပါးက စိတ်ကူးဖြစ်သည်။

1948- AT & T ၏ Bell labs မှ သချာင်္ပညာရှင် Claude Shannon သည် Mathematical Theory of Communication ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ Theory အရ မည်သည့် Channel မှမဆို သတင်းအချက်အလက် သယ်ဆောင်နိုင်သော စွမ်းရည်ကို တွက်ချက်ရယူနိုင်သည်ဟု ဆိုသည်။ သူ့ Theory တွင် binary information တစ်ခုကို ဖော်ပြရန် 'bit' ဟူသော စကားလုံးကို စတင်မိတ်ဆက်ပေးခဲ့သည်။ Shannon ၏ စွမ်းဆောင်မှုသည် Information Theory နှင့် Internet အပါအ၀င် ခေတ်သစ်ဆက်သွယ်ရေး စနစ်များအားလုံးကို အထောက်အကူပြုခဲ့သည်။

1958- ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပထမဆုံး ဂြိုလ်တုဖြစ်သော စပွတ်နစ် ပစ်လွှတ်ခဲ့ခြင်းကို တုန့်ပြန်သော အားဖြင့် သမ္မတ Dwight D. Eisenhower သည် အာကာသဖွံ့ဖြိုးတိုးတက်ရေးနှင့်စစ်ရေး Program များကို အပေါ်စီးမှ စောင့်ကြည့်နိုင်ရန် Advanced Research Project Agency (ARPA) ကို ဖန်တီးခဲ့သည်။ ARPA ၏ အကျဉ်းအဓိပ္ပါယ်တွင် computer နှင့် ဆက်သွယ်ရေးစနစ်အသစ်များကို တီထွင်ဖန်တီးတော့မည့် သဘောကို လည်းဆောင်ပါသည်။

1960- မက်ဆက်ချူးဆက် ပြည်နယ် နည်းပညာသိပ္ပံ (Massachusetts Institute of Technology- MIT) မှ သုတေသီ J.C.R Licklider က "Man- Computer Symbiosis" ဟူသော စာတမ်းတစ်စောင်ကို ရေးသား ထုတ်ဝေခဲ့သည်။ ပြဿနာ (Problems) များကို ဖြေရှင်းရာတွင် အဖိုးတန်သော အချိန်ကို ချွေတာနိုင်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရန် လူနှင့် စက်တို့ပူးပေါင်းဆောင်ရွက်နိုင်သော နည်းလမ်းများကို ယင်းစာတမ်းတွင် ဖော်ပြထားသည်။

1961- MIT မှ သုတေသီ Leonard Kleinrock က packet switching theory နှင့်ပတ်သက်သော ပထမဆုံး စာတမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့သည်။ အသေတပ်ဆင်ထားသော ဆားကစ် (fixed circuits) များမှ တစ်ဆင့် information ကို ပေးပို့ခြင်းထက် အထုပ်လိုက်ပြုလုပ်ထားသော သတင်းအချက်အလက်များ (packages of information) ကို သွက်လက်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပါက information အတွက် အလွန်ကောင်း မွန်သော ဆောင်ရွက်မှုကို ရရှိစေနိုင်သည်ဟု ယင်းစာတမ်းက ARPA မှ သိပ္ပံပညာရှင်များကို အသိပေး လှုံ့ဆော် ခဲ့သည်။

1962- နျူကလီယား တိုက်ခိုက်မှုခံခဲ့ရပါက ဆက်သွယ်ရေးကွန်ယက်များ ပြတ်တောက်မသွားဘဲ ဆက်လက် ရှင်သန်နေအောင် ဆောင်ရွက်သော Rand Corporation မှ သိပ္ပံပညာရှင် Paul Baran က သတင်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်သော computer ကွန်ယက်ကို ပထမဆုံးအကြိမ် ဖော်ပြခဲ့သည်။ ကွန်ယက်တစ်ခု ကို nodes များစွာဖြင့် တည်ဆောက်ထားသော သူ၏ model မှာ အပြောင်းအလဲ တစ်ရပ်ပင်ဖြစ်သည်။ ယင်းတွင် messages ကို blocks များအဖြစ် ခွဲပစ်ပြီး ယင်း block တစ်ခုစီကို သူတို့၏ နောက်ဆုံး destination ဆီသို့ မတူညီသော လမ်းကြောင်းတစ်ခုစီဖြင့် သယ်ဆောင်သွားမည်ဖြစ်သည်။ အဓိပ္ပါယ်မှာ packet-based network တစ်ခုကို ဆိုလိုပါသည်။

1965- ကွန်ယက်အမျိုးအစား အသစ်တစ်ခုကို ဖြတ်ကာ transmission အတွက် messages များကို ဖြိုခွဲပေး သော နည်းလမ်းတစ်ရပ်ကို ဖော်ပြရန် အမျိုးသား ရူပဗေဒ ဓာတ်ခွဲသုတေသန (NPL) (National Physical Laboratory) မှ ဗြိတိသျှလူမျိုး သုတေသီ Donald Davies က 'packet' ဟူသော စကားလုံးကို ပထမဆုံး အသုံး ပြုခဲ့သည်။ Davies ၏ စိတ်ကူးမှာ Paul Baran ၏ တစ်ဆင့်ခံ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ work သည် စစ် ရေးထက် လူထုဆက်သွယ်ရေးကို ပို၍ အာရုံစိုက်ထားခဲ့သည်။
ARPA က ယင်း၏ ကွန်ယက်ချိတ်ထားသော ကွန်ပျူတာများကို ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်ခဲ့ သည်။ ယင်းလုပ်ငန်းတွင် တစ်စက္ကန့်တွင် 2000 bits ရှိသော တယ်လီဖုန်း Link ကို သုံးကာ မက်ဆက်ချူးဆက် ပြည်နယ်နှင့် ကာလီဖိုးနီးယား တို့ရှိ စက်နှစ်လုံးကို ဆက်သွယ်မှုလည်း ပါဝင်သည်။
Ted Nelson က ဤဝေါဟာရကို 'hypertext' ဟု အမည်ပေးခဲ့သည်။

1967- ARPA မှ ကွန်ပျူတာသိပ္ပံပညာရှင် Larry Roberts က dial up telephone lines များအပေါ် အခြေခံ သော မြန်ဆန်စွာ transfer အင်အားကောင်းသည့် network အတွက် design တစ်ခုကို တင်ပြခဲ့သည်။ London တွင် Donald Davies က အစောပိုင်း စမ်းသပ်မှုဖြစ်သော packet switching ကို အခြေခံသည့် National Physical Laboratory Data Network ကို တည်ဆောက်နေသည်။ အောက်တိုဘာလတွင် Association for computing Machinery Symposium တွင် "ARPA net" network အတွက် design တစ်ခု ကို တည်ဆောက်ရန် အကြံပြုထားသော ပထမဆုံး စာတမ်းတစ်စောင်ကို Roberts က တင်ပြခဲ့သည်။
Packet networks သုတေသနပြုမည့် အဖွဲ့သုံးဖွဲ့ (ARPA, RAND နှင့် NPL) မှ ကိုယ်စားလှယ်များသည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

1968- Interface Message Processors (IMPS) များကို တည်ဆောက်ရန် ကန်ထရိုက်စာချုပ် ချုပ်ခဲ့သည်။ experimental ARPA network အတွက် Bolt, Beranek နှင့် Newman (BBN) တို့ ဆုရခဲ့သည်။

The Arpanet age
1069- စတင်းဖို့ဒ်တက္ကသိုလ်၊ လော့အိန်ဂျယ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ် (University of California of Los Angeles (UCLA)၊ စင်တာဘာဘရာရှိ ကာလီဖိုးနီးယား တက္ကသိုလ်၊ ယူတာတက္ကသိုလ်တို့တွင် ပထမဆုံး ARPA network hosts လေးခုကို တပ်ဆင်ပြီး ယင်းတို့ကို AT & T က 50 kbps lines မှ တဆင့် ဆက်သွယ် နိုင်အောင် ဆောင်ရွက်ပေးထားသည်။ ပထမဆုံး မှတ်တမ်းတင်ခဲ့သော network မှာ အောက်တိုဘာလတွင် ပျက်စီးခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ UCLA မှ စတင်းဖို့ဒ် ကွန်ပျူတာကို ဆက်သွယ်ရန်ကြိုးပမ်းသောအခါ LOGIN ၏ G ဆိုသော အက္ခရာက ၀င်ရောက်လာသောကြောင့်ဖြစ်သည်။
Bell labs မှ Ken Thompson နှင့် Dennis Ritchie တို့သည် အင်တာနက်၏ အခြေခံဖြစ်လာနိုင်သော ရှေးဦး operating system ဖြစ်သည့် Unix ကို တီထွင်သည်။
Compuserve သည် computer time sharing service အဖြစ် အမေရိကန်အာမခံ ကုမ္ပဏီတစ်ခုတွင် စတင် လှုပ်ရှားလာသည်။
Remote terminal တစ်ခုမှ ကွန်ပျူတာကို control လုပ်နိုင်သည်။ လူများကို log into လုပ်ရာတွင် အထောက်အကူပြုသော program တစ်ခုဖြစ်သည်။

1970- ဟာဝေယံကျွန်းလေးကျွန်းပေါ်၌ ကွန်ပျူတာများအကြား data များကို အပြန်အလှန် ဖလှယ်ပေးနိုင်သော စနစ်တစ်ခုဖြစ်သည့် Alohanet ကို Norman Abramson က တီထွင်ခဲ့သည်။

1972- BBN မှ Ray Tomlinson က ပထမဆုံး e-mail program ကို ရေးသားသည်။ e-mail address များတွင် @ ဆိုသော အမှတ်အသားကို အသုံးပြုကာ တည်ဆောက်ထားသည်။ ဇူလိုင်လတွင် Larrry Roberts က စာရင်း လုပ်ထားနိုင်သော ပထမဆုံး program ကို တီထွင်သည်။ ယင်းသည် ပထမဆုံး စစ်မှန်သော e-mail client ထံ သို့ messages များကို ပေးပို့နိုင်သည်။ ပြန်ကြားနိုင်သည်။
ပထမဆုံး အများပြည်သူများကို သရုပ်ပြခဲ့သော ARPA network ကို ၀ါရှင်တန်ရှိ ဟီလတန်ဟိုတယ်တွင် ကျင်းပသော ကွန်ပျူတာဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် နိုင်ငံတကာ ကွန်ဖရင့်တွင် ပြသခဲ့သည်။ ယင်းပြပွဲတွင် စက်အလုံး ၄၀ ပါဝင်ပြသခဲ့သည်။

1973- ARPA network သည် လန်ဒနှ်ရှိ University College နှင့် နော်ဝေးတွင် တည်ဆောက်ထားသော Royal Radar တို့ကို အမေရိကန်ပြည်ထောင်စုရှိ စက်များနှင့် ဆက်သွယ်ရန် ဆောင်ရွက်သည်။
ဟားဗတ်တက္ကသိုလ်မှ ပီအိခ်ျဒီ ကျောင်းသား Bob Metcalfe က Ethernet (ပိုမိုသစ်လွင်ပြီး မြန်ဆန်သော ကွန်ယက်များ ချိတ်ထားသည့် ကွန်ပျူတာများ) နှင့် ဆိုင်သော အယူအဆတစ်ရပ်ကို ဖော်ထုတ်ခဲ့သည်။ သူ၏ တီထွင်မှုကို ကာလီဖိုးနီးယား ပြည်နယ်ပါလို့အယ်တို့ရှိ Xerox PARC မှ ကွန်ပျူတာများနှင့် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။

1974- ပထမဆုံးသော Commercial packet-switched networking service ဖြစ်သော Telenet ကို BBN က ထုတ်လုပ်ခဲ့သည်။ ကွန်ယက်များကိုဖြတ်၍ data packets တွေကို transmission လုပ်ရာတွင် စီမံခန့်ခွဲသော နည်းလမ်းသစ်တစ်ရပ်ဖြစ်သည့် သူတို့၏ Transmission Control Protocol (TCP) အတွက် Vint Cerf နဲ့ Bob Kahn တို့က ပထမဆုံး အသေးစိတ် အချက်အလက်များကို ဖြန့်ဝေခဲ့ပါသည်။

1975- Microsoft ကို ဘီလ်ဂိတ်က တည်ထောင်ခဲ့ပြီး Paul Allen က microcomputers များအတွက် software ကို ထုတ်လုပ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှသည် ဟာဝေယံကျွန်းနှင့် UK အထိ ဂြိုလ်တု links များကိုဖြတ်ကာ TCP ၏ mailing list ကို Arpanet တွင် မွေးဖွားခဲ့သည်။ သို့မဟုတ် စတင်ဖော်ထုတ်ခဲ့သည်။

1976- UK ရှိ Malvern တွင် တည်ထောင်ထားသော Royal Signals and Radar မှစ၍ ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီးက ပထမဆုံးအကြိမ် royal e-mail ကို ပို့ခဲ့သည်။
Bell Labs မှ သုတေသီများက Unix-to-Unix Copy program ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ သည်။ ယင်းသည် နောင်တွင် basis of Usenet ကို ဖွဲ့စည်းလာခဲ့သည်။
Cryptographer နှင့် လုံခြုံမှုကာကွယ်ရေးဆိုင်ရာ ရှေ့နေ Whitfield Diffie နှင့် Electrical အင်ဂျင်နီယာ Martin Hellman တို့က public key cryptography ကို တီထွင်ခဲ့သည်။

1977- MIT မှ သုတေသီသုံးဦးဖြစ်သူ Ron Rivest, Adi Shamir နှင့် Len Adleman တို့သည် encrypting messages အတွက် public key method (စနစ်) တစ်ခုဖြစ်သော RSA algorithm (အတိုကောက်မှာ သူတို့ နာမည်ပေါ်တွင် မူတည်သည်) ကို တီထွင်ခဲ့သည်။

1978- TCP protocol ကို Internet protocol (IP) အသစ်အဖြစ် ဖန်တီးကာ အစိတ်အပိုင်းနှစ်ခု ခွဲပစ်ခဲ့သည်။ ဤ protocol ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသော network များကို internet အဖြစ် လူသိများသည်။ ဤကဲ့သော internet များကို စုပေါင်းကာ ပိုမိုကျယ်ပြန့်သော internet ကို တည်ဆောက်ထားသည်။

1979- မြောက်ပိုင်းကာလိုလိုင်းနားတက္ကသိုလ်မှ Steve Bellovin ( ) Duke တက္ကသိုလ်မှ Jim Ellis နှင့် Tom Truscott တို့က Usenet ကို တည်ထောင်ခဲ့ကြသည်။
Emoticons (smileys များအဖြစ်လည်း သိထားကြသည်) များကို Arpanet Msg Group mailing list ပေါ်တွင် ပထမဆုံးအဖြစ် အသုံးပြုခဲ့သည်။
Richard Bartle နှင့် အင်္ဂလန်နိုင်ငံ အက်ဆက်တက္ကသိုလ်မှ Roy Trubshaw တို့သည် role-playing games အတွက် ပထမဆုံးသော multiuser dungeon software ကို တီထွင်ခဲ့သည်။

1981- IBM က ပထမဆုံးသော personal computer (PC) ကို ထုတ်လုပ်ခဲ့သည်။ ယင်းတွင် Microsoft ၏ DOS operating system ကို တပ်ဆင်ခဲ့သည်။
အမျိုးသားသိပ္ပံအဖွဲ့ (The National Science Foundation (NSF) က CSNET backbone (ကျောရိုး) ကို တည်ဆောက်ခဲ့သည်။ ယင်းသည် ပညာရှင်များ၊ သုတေသီများအနေဖြင့် Arpanet ကို access လုပ်စရာမလိုဘဲ အသုံးပြုနိုင်သော network အသစ်တစ်မျိုးဖြစ်သည်။

The Internet Age
1982- European Unix Network ခေါ် EUNET ကို UK ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် နယ်သာလန်တို့အကြား e-mail နှင့် Usenet services များကို ဆောင်ရွက်ပေးရန် တီထွင်ခဲ့ကြသည်။
Electronic networks များတွင် အစောပိုင်းက ဒုက္ခပေးခဲ့သော addressing system ကို အစီအစဉ်တကျ ရှိစေရန်အတွက် Wisconsin တက္ကသိုလ်တွင် Domain Name System (DNS) ကို တည်ထောင်ခဲ့သည်။
UK ၏ Joint Academic Network ဖြစ်သော JANET ကို တည်ထောင်ခဲ့သည်။ PC ကို အခြေခံသော Local area networks ကို စတင်သုံးမှုသည် တစ်စတစ်စ ကျယ်ပြန့်ကာ တိုးတက်ဖွံ့ဖြိုးလာသည်။

1983- TCP/IP ကို ARPA မှ တရားဝင် သုံးစွဲခဲ့သည်။ အမေရိကန်ကာကွယ်ရေးဌာနသည် အင်တာနက် ဆက်သွယ်မှု၏ အခြေပြုရာ နေရာဖြစ်သည်။

1984- Cyberspace ခေါ် ဝေါဟာရကို ၀ီလီယံဂစ်ဆင်၏ Neuromancer ခေါ် ၀တ္ထုစာအုပ်တွင် ပထမဆုံး တွေ့ရသည်။ Nets ၏ နာမည်ကျော် အသိုင်းအ၀ိုင်းတစ်ခုဖြစ်သည့် The Well ကို Stewart Brand, Larry Brilliant နှင့် အခြားပုဂ္ဂိုလ်များက စတင်ခဲ့သည်။ ယင်းသည် အီလက်ထရွန်းနစ်ဆွေးနွေးမှုများအတွက် အရေး ပါသော နေရာတစ်ခုဖြစ်လာသည်။ Macintosh ကွန်ပျူတာပထမဆုံး ပေါ်လာသည်။

1985- CSNET အယူအဆအရ NSF ကို တည်ဆောက်သည်။ NSFNET ကို ဖန်တီးလိုက်သည်နှင့် အမေရိကန် ပြည်ထောင်စုရှိ supercomputing centres ငါးခုကို ဆက်သွယ်ပေးသည့် အလွန်လျန်မြန်သော backbone ဖြစ်လာသည်။ NSFNET ပေါ်ပေါက်လာသဖြင့် network အသေးကလေးများ အနှံ့အပြား ပေါ်လာသည်။
America Online (AOL) သည် Quantum Computer Services များအနေဖြင့် စတင်အသက်ဝင်လာသည်။
1986- The Internet Engineering Task Force (IETF) ကို Arpanet နှင့် သော့ချက်ကျသော Internet gateway systems တို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ညှိနှိုင်းရန် ဖွဲ့စည်းခဲ့သည်။
Network News Transport Protocol (NNTP) ကို Usenet ပေါ်တွင် UUCP ကို စတင်အစားထိုးနိုင်ရန် ပြုလုပ်လာခြင်း ဖြစ်သည်။ ယင်းမှာ newsgroup data များ ဖလှယ်ရေးတွင် စံပြုထားသော နည်းလမ်းအဖြစ် ထားရှိရန် ဖြစ်သည်။

1987- Usenet နှင့် ကွန်ရက်များ ဆက်သွယ်ရန် ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် UUNET ကို တည်ထောင်ခဲ့သည်။
Bill Atkinson သည် Apple Macintosh အတွက် Hypercard ကို ရေးသားပေးသည်။ ယင်းမှာ ဈေးကွက်တွင် တင်ရောင်းနိုင်သော hypertext နှင့် hyper-media applications များ ပြုလုပ်ရာတွင် ပထမဆုံး ကိရိယာတစ်ခုဖြစ်သည်။ (hypertext= ကွန်ပျူတာတစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းနိုင်သော စာသား)

1988- ကော်နဲလ်တက္ကသိုလ်မှ computer သိပ္ပံဘွဲ့ရ Robert Morris ဆိုသူက Internet ပေါ်တွင် သုံးနိုင်သည့် မိမိဘာသာ ပြုလုပ်စီမံနိုင်သည့် ပရိုဂရမ်တစ်ခုကို တီထွင်ပြုလုပ်ခဲ့သည်။ worm ဟု ခေါ်နေကြသော အဆိုပါ program သည် network ပေါ်ရှိစက်များ၏ 10% သို့မဟုတ် သုံးစွဲသူ host 6000 ကို ဆက်သွယ်နိုင်သည်။
Internet relay chat (IRC) ကို ဖင်လန်နိုင်ငံမှ Jarkko Oikarinen က ပြုလုပ်ခဲ့သည်။

1989- ဂျာမနီနိုင်ငံ Fraunhofer Institute က MP3 ဂီတ compression algorithm ကို မူပိုင်မှတ်ပုံတင် လိုက် သည်။
မက်ဆာချူးဆက်ပြည်နယ်တွင် The World (world. std. com) ခေါ် ပထမဆုံး dial-up Internet Service Provider (ISP) ကို တည်ထောင်ခဲ့သည်။

1990- Arpanet သည် သုတေသနလုပ်ငန်းတစ်ခုအဖြစ်မှ တရားဝင်ရပ်စဲခဲ့ပြီး Network တစ်ခုဖြစ်လာသည်။ ဇူလိုင်လတွင် John Perry Barlow နှင့် Mitch Kapor တို့က Electronic Freedom Foundation (EFF) ကို တည်ထောင်သည်။

1991- CERN ခေါ် Europe's particle physics laboratory မှ HTML mark-up language နှင့် HTTP protocol တို့အတွက် သုံးရန် စာသားအနေအထားကိုသာ ကြည့်ရှုနိုင်သော Browser တစ်ခုကို တီထွင်ဖော်ထုတ်ခဲ့သည်။ ယင်းပစ္စည်းဖြင့် အဝေးမှ သုတေသီများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိစေမည် ဖြစ်သည်။ Tim Berners Lee က alt.hypertext news group သို့ ပထမဆုံး အများသုံး Web software ကို ပေးခဲ့ သည်။ ဖင်လန်လူမျိုး ကျောင်းသားတစ်ဦးဖြစ်သူ Linus Torvalds သည် writing the operating system နှင့် ပတ်သက်၍ စတင်ဆောင်ရွက်သည်။ ယင်းသည် နောက်ပိုင်းတွင် Linux ဖြစ်လာသည်။ သတင်း ရေးသားရာတွင် ပါဝင်သောစာလုံးများကို သင်္ကေတများအဖြစ်ပြောင်းလဲရာတွင် တွက်ချက်မှု အမျိုး အစားတစ်ခု ဖြစ်သည့် RSA ကို သုံးစွဲသော Pretty Good Privacy ၏ ပထမအမျိုးအစားကို Phil Zimmerman ဆိုသူက ထုတ်ပြန်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သော ဆက်သွယ်မှုများအား NSFNET backbone ကို ပထမဆုံး အကြိမ်အသုံးပြုခွင့်ပေးလိုက်သည်။ မတ်လကျော်လာသည့်အခါ ဆက်သွယ်မှုများ သည် 1 trillion bytes ထက် ကျော်လွန်သွားမည် ဖြစ်သည့်အပြင် တစ်လလျှင် 10 billion packet ရှိမည်ဖြစ်သည်။ မင်နီဆိုတာတက္ကသိုလ် က Gopher ခေါ် Web နှင့်သက်ဆိုင်သော သတင်းများရှာဖွေမည့် program တစ်ခုကို ထုတ်ပြန်လိုက်သည်။

1992- World Wide Web software ကို CERN က public domain အတွင်းသို့ ဖြန့်ချိလိုက်သည်။ အင်တာ နက်သုံးစွဲသူများ၏ ဦးရေမှာ ၁ သန်းကျော်သွားပြီ ဖြစ်သည်။

The Web Age
1993- Marc Andressen က ရေးသားထားသော Mosaic for X အမည်ရှိ ပထမဆုံး graphical browser ကို National Centre for Supercomputing Applications (NCSA) မှ ဖြန့်ဝေလိုက်သည်။
www ပေါ်တွင် ဆက်သွယ်မှုများမှာ 300,000% အထိ ကျယ်ပြန့်လာသော်လည်း Gopher တိုးတက်မှုနှုန်း မှာ 997% သာ ရှိသေးသည်။ Internic ကို အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်းက တီထွင်လိုက်သည်။ ယင်းမှာ အင် တာနက်မှတ်ပုံတင်လုပ်ငန်း စီမံခန့်ခွဲမှုကို လမ်းညွှန်မှုပေးရန်ဖြစ်သည်။

1994- Marc Andressen နှင့် Jim Clark တို့က Netscape ကို စတင်လိုက်ပြီး နွေနှောင်းရာသီတွင် Navigator browser ၏ ပထမပုံစံကို ထုတ်ပြန်လိုက်သည်။ Linus Torvalds က Linux kernel ၏ version 1.0 ကို ထုတ် ဖော်လိုက်သည်။
www consortium ကို Web နည်းပညာများဖွံ့ဖြိုးရေးအတွက် ဦးဆောင်မှုပေးရန် ဖွဲ့စည်းလိုက်ပြီး Tim Berners-Lee ကို ညွှန်ကြားရေးမှူးခန့်သည်။
အမေရိကန်လူမျိုး ရှေ့နေနှစ်ဦးဖြစ်သော Laurence Canter နှင့် Martha Siegel တို့သည် Usenet တွင် သူတို့၏ green card lottery ခေါ် ထီလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ကြောငြာခဲ့ရာမှ အင်တာနက်သမိုင်းတွင် နာမည်အပျက်ဆုံး လူများဖြစ်သွားခဲ့သည်။
Pizza Hut ဆိုသူက internet ပေါ်မှ အမှာစာများ ရရှိအောင် စတင်ဆောင်ရွက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် First Virtual ခေါ် ပထမဆုံး internet ဘဏ်လုပ်ငန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ Vladimir Levin ဆိုသူ ရုရှားလူမျိုး computer ကျွမ်းကျင်သူတစ်ဦးသည် Citibank မှ ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူ ခဲ့သည်။ သူသည် ပထမဆုံး internet ဘဏ်သူခိုးဖြစ်သည်။

1995- Web သည် internet ဆက်သွယ်မှုတွင် အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ Sun Microsystem က Java ကို တီထွင်လိုက်သည်။ Real Audio ခေါ် audio streaming product အမျိုးအစား ပေါ်လာသည်။ ယခုအချိန်အထိ ပုဂ္ဂလိကပိုင်ဖြစ်နေသော Compuserve နှင့် AOL network များသည် ပထမ ဆုံးအကြိမ် internet ကို dial-up access ကို ဆောင်ရွက်ပေးသည်။
Netscape ကုမ္ပဏီသည် စတင်ဖွဲ့စည်းပြီး 14 လအကြာ 1995 ခု သြဂုတ်လ 8 ရက်နေ့တွင် ပြည်သူများသို့ ရှယ်ယာ 5 သန်းဖိုး ထုတ်ရောင်းလိုက်သည်။ ရှယ်ယာများ စတင်ရောင်းချစဉ်က တစ်စောင်လျှင် 28 ဒေါ်လာဈေး ရှိပြီး အရောင်းပိတ်ချိန်တွင် 58.25 ဒေါ်လာ ပေါက်ဈေးရှိသည်။ ကုမ္ပဏီပိုင်ဆိုင်မှု အရပ်ရပ်တန်ဖိုးမှာ 2 ဘီလီယံ ရှိပြီးလျှင် ရှယ်ယာများ ရောင်းချသည့် ပထမနေ့တွင် ပူးတွဲတည်ထောင်သူ Jim Clark သည် ဒေါ်လာ 663 သန်း ရရှိသည်။ ဒီဇင်ဘာလတွင် ရှယ်ယာဈေးနှုန်းမှာ တစ်စောင်လျှင် ဒေါ်လာ 170 အထိ တက်ခဲ့သည်။

1996- Microsoft နှင့် Netscape တို့ နှစ်ဦးစလုံးတွင် ယင်းတို့၏ third version ဖြစ်သော browser များကို ထုတ်ရောင်းကာ browser စစ်ပွဲကို စတင်ဆင်နွှဲလာကြတော့သည်။
Internet ပေါ်တွင် မလိုလားအပ်သော ဖြန့်ဖြူးမှုများကို ထိန်းချုပ်ရန် US Communications Decency Act (CDA) ကို အမေရိကန်ပြည်ထောင်စုတွင် ဥပဒေအဖြစ် ပြန်ဌာန်းလိုက်သည်။ internet တယ်လီဖုန်းအသုံးပြု သည့်စနစ်ကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီများက အာရုံစိုက်လာကြသည်။ America's Carriers Telecommunication Association (ACTA) က စည်းမျဉ်းဥပဒေအရ သူတို့ကသာ ဦးဆောင်သင့်သည်ဟု အကြောင်းပြကာ IP telephony products များကို ပိတ်ပင်ရန် ကြိုးပမ်းသည့်အနေဖြင့် Federal Communications Commission (FCC) သို့ မေတ္တာရပ်ခံချက်တစ်စောင် ပေးပို့ခဲ့သည်။ FCC ကမူ လက်မခံခဲ့ ပေ။

1997- အင်္ဂါဂြိုဟ်ပေါ်ရှိ Pathfinder spacecraft မှ ထုတ်လွှင့်ချက်များကို လူအများ ကြည့်ရှုရန် နာဆာ၏ home page က 46 မိနစ်ကြာ လွှင့်ထုတ်ပေးသည်။
Netscape က ယင်း၏ browser version 4 ကို Microsoft ထက်ဦးအောင် ထုတ်ဝေခဲ့သည်။ ထို့အတွက် Microsoft နှင့် ပြဿနာတက်ခဲ့ရသည်။

1998- Netscape က သူတို့ browser သာမက browser ၏ source code များကိုပါ အခမဲ့ ဖြန့်ဖြူးပေးမည်ဟု ကြေညာခဲ့သည်။ ဤသည်မှာ software ကုမ္ပဏီတစ်ခု၏ မလျော့သော လှုပ်ရှားမှုတစ်ရပ်ပင် ဖြစ်သည်။ သီးခြား ဌာနခွဲတစ်ခုဖြစ်သော Mozilla.org ကို လုပ်ငန်း၏ open source element အပေါ် အခြေခံသော products များကို create လုပ်ရန် တည်ထောင်ခဲ့သည်။
Network Solution တွင် domain ၂ သန်းခန့် မှတ်ပုံတင်ထားသည်။ Microsoft သည် anti-trust trial ကို အောက်တိုဘာလတွင် စတင်စစ်ဆေးခံခဲ့ရသည်။

1999- Day traders များသည် မိမိတို့၏ PC များကို internet နှင့်ချိတ်ဆက်ကာ stock နှင့် ရှယ်ယာ အရောင်း အ၀ယ်များကို ဆောင်ရွက်ခဲ့ကြသည်။ electronic trading ကို အထူးအားထား ဆောင်ရွက်သော အမေရိကန် လူမျိုး စတော့ပွဲစား Charles Schwab သည် ဘဏ္ဍာရေးနှစ်ကုန်တွင် ယင်းဈေးကွက်၌ 25.5 ဘီလီယံဖိုး မြှပ်နှံ ထားနိုင်ခဲ့သည်။ ယင်းအချက်မှာ Merrill Lynch ကဲ့သို့သော ပွဲစားဟောင်းကြီးများ၏ လုပ်ရပ်ထက်များစွာ သာ လွန်ကြောင်း တွေ့ရသည်။
မယ်လီဆာ Virus ကြောင့် Microsoft နှင့်တကွ computer လောကတစ်ခုလုံး အထိနာခဲ့သည်။ AOL နှင့် Microsoft တို့ Chat software နှင့်ပတ်သက်တိုက်ခိုက်လာခဲ့ကြသည်။ ပြဿနာမှာ Microsoft ကို သုံးသော user များကို AOL က ဟန့်တားရန် ကြိုးပမ်းသောကြောင့် ဖြစ်သည်။
Microsoft ၏ Web-based e-mail service ဖြစ်သော hotmail ပြိုကွဲသွားသောကြောင့် ယင်း၏ သန်း ၄၀ သော accounts ကို access လုပ်ရာတွင် password မလိုဘဲ လုပ်ခွင့်ပြုခဲ့သည်။
နိုဝင်ဘာတွင် တရားသူကြီး သောမတ်ပင်ဖီးလ်က Microsoft သည် consumer interests များကို ဒုက္ခပေး ပြီး internet ဈေးကွက်တွင် မရိုးဖြောင့်သော ယှဉ်ပြိုင်မှုကို ပြုခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

Ref: မောင်ကွန်ပျူတာ (အိတ်ဆောင်အင်တာနက်)
-ဆက်လက်ဖော်ပြပါဦးမည်

2007-09-30

Hacking Google (အင်တာနက်မှရှာဖွေနည်းများ)

Chapter (1)

Search Engine Technology

What is Search Engine?
Search Engine (SE) ဆိုတာ Computer Program တစ်ခုကိုသုံးပြီး Web page များကို စုစည်းထားသော ကြီးမားသည့် database ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ စာကြည့်တိုက်များမှာ Card Catalogue အသုံးပြုပုံ နှင့် ဆင်တူပါတယ်။ ဆိုရရင် စာကြည့်တိုက်သွားပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို ရှာဖွေတဲ့ အခါမှာ စာကြည့်တိုက်ထဲက ရှိသမျှစာအုပ်အားလုံးကို လိုက်ဖတ်ပြီး ရှာမယ်ဆိုရင် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါဘူး။ Card Catalogue ကို အသုံးပြုပြီး ရှာမှသာလျှင် ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို လွယ်ကူလျင်မြန်စွာ ရရှိပါလိမ့်မယ်။
ဒီသဘောအတိုင်းပါပဲ Internet ပေါ်မှာ Web Page ပေါင်းသန်းနဲ့ချီပြီးရှိပါတယ်။ မိနစ်တိုင်းမှာ ထပ်တိုးလာတဲ့ web page များရှိသလို ရှိပြီးသား page များဟာလည်း Update လုပ်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် manually ရှာမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Search Engine များကို သုံးပြီးရှာမယ်ဆိုရင်တော့ ကိုယ်ရချင်တဲ့အကြောင်းအရာ၊ သတင်းအချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရရှိပါလိမ့်မယ်။ ဒါကြောင့် အလွယ်ကူဆုံးနှင့် အရှင်းဆုံးပြောရရင် Search Engine ဆိုတာ Web Page များကို ရှာဖွေပေးတဲ့ Service တစ်ခုပဲဖြစ်ပါတယ်။
ဒီနေရာမှာ Search Engine (SE) များနှင့်ပါတ်သက်ပြီး သိထားသင့်သော အရေးကြီးဆုံး အချက်တစ်ချက်ကို ပထမဦးစွာ ဖော်ပြလိုပါတယ်။ အဲဒါကတော့ SE များကို အသုံးပြု၍ မိမိအလိုရှိသော web page များ၊ website များကို ရှာဖွေခြင်းသည် အင်တာနက်ပေါ်တွင် တိုက်ရိုက်ရှာဖွေခြင်းမဟုတ်ပဲ SE များမှ ဖွဲ့စည်းတည်ဆောက်ထားသော database ထဲတွင် ရှာဖွေခြင်း ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

Functions of Search Engine
SE အားလုံးတို့၏ လုပ်ဆောင်မှုများသည် အခြေခံသဘောတရားအားဖြင့် အတူတူပင်ဖြစ်ကြပါတယ်။ ဆိုရရင် မည်သည့် SE မဆို Collecting, Organizing, Indexing နှင့် Serving Result ဟူသော လုပ်ငန်းစဉ်လေးခုကို အခြေခံပါတယ်။ သို့သော် အဲဒီလုပ်ငန်းစဉ်လေးခုကို ဖော်ဆောင်တဲ့အခါမှာတော့ SE တစ်ခုနှင့်တစ်ခု မတူညီသော ကိုယ်ပိုင် Technic များ၊ Algorithm များကို အသုံးပြုကြပြီး ထိုနည်းပညာသဘောတရားများကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားလေ့ရှိပါတယ်။
အကျဉ်းချုပ်အားဖြင့် SE များရဲ့ လုပ်ဆောင်ပုံများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။
(1) Crawling the internet for web contents
(2) Indexing we web contents
(3) Storing the web contents
(4) Search algorithm and results

Crawling the Web
webpage တိုင်းမှာ အခြားသော webpage (သို့) website တစ်ခုဆီသို့ ကူးပြောင်းနိုင်တဲ့ Link များရှိတယ်ဆိုတာကို သိကြ ပြီးဖြစ်ပါလိမ့်မယ်။ Crawling လုပ်တယ်ဆိုတာကတော့ အဲဒီ Link များမှတဆင့် Website တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပြီး ထို Website များအတွင်းတွင်ရှိသော information များ (ပုံများ၊ စာသားများ) ကို Search Engine ၏ Database ထဲတွင် သိုလှောင်သိမ်းဆည်းထားဖို့ရန်အတွက် Program တစ်ခုအသုံးပြုပြီး ရယူစုဆောင်းလေ့ရှိသော နည်းစနစ်တစ်ခုပင် ဖြစ်ပါ တယ်။ ထို Program ကို Crawler, Spider, Robot, Harvest အစရှိသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။
Crawler program သည် website တစ်ခုမှတစ်ခုဆီသို့ hyperlink များမှတဆင့် ကူးပြောင်းသွားလာပြီး သူဖြတ်သန်းခဲ့ သမျှသော webpage များကို မိတ္တူကူးယူစုဆောင်း၍ ဌာနေ Search Engine ဆီသို့ ပြန်ပို့ပေးနိုင်သော software program တစ်ခုပင်ဖြစ်ပါတယ်။
Search Engine များတွင် Crawler ရဲ့ အခန်းကဏ္ဍသည်လည်း လွန်စွာမှ အရေးပါလှပါတယ်။ Crawler များကို တပြိုင်နက် တည်း website ပေါင်းများစွာကို ချိတ်ဆက် Crawl လုပ်နိုင်စေရန် ဖန်တီးထားပါတယ်။
Google မှာဆိုရင် Googlebot လို့ခေါ်တဲ့ ချိတ်ဆက်မှုပေါင်း 300 ခန့်ကို တပြိုင်နက်ပြုလုပ်နိုင်သည့် Crawler program လေးခုကို အသုံးပြုပြီး တစ်စက္ကန့်အတွင်းမှာ Web Page ပေါင်း 100 ခန့်ကို download လုပ်နိုင်ပါတယ်။ သို့မှသာ အင်တာနက်ပေါ်ရှိ ဘီလီယံနှင့်ချီသော website များအတွင်းပါဝင်သော အကြောင်း အရာများကို မြန်နိုင်သမျှ မြန်မြန် မကြာခဏ ပြန်လည် crawl လုပ်နိုင်ခြင်းအားဖြင့် update ဖြစ်သော result များကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်မှ နောက်ဆုံးသတင်းများကို result များတွင် ဖော်ပြနိုင်စေရန် သတင်း မီဒီယာ website များ (CNN, BBC) ကိုတော့ နာရီပိုင်းအတွင်း ပြန်လည် crawl လုပ်လေ့ရှိပါတယ်။
Crawler များသည် website များအတွင်းရှိ သတင်းအချက်အလက်များကို ရယူစုဆောင်းတဲ့နေရာမှာ ထို website ပိုင်ရှင်များမှ သတ်မှတ်ထားသော တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။ ဆိုရရင် website ပိုင်ရှင်များသည် မိမိတို့ website အတွင်းမှ crawl မလုပ်စေလိုသော File အမည်များ၊ Folder အမည် များကို ထည့်သွင်းဖော်ပြထားတဲ့ "robot.txt" ဆိုတဲ့ file ကို ရေးဖွဲ့ပြီး website ၏ root directory အောက်တွင် ထည့်သွင်းထားလေ့ရှိပါတယ်။
http://www.w3.org/robot.txt
http://www.mit.edit/robot.txt
Crawler များသည် website တစ်ခုသို့ ရောက်လာတဲ့အခါမှာ ပထမဦးဆုံး robot.txt ကို သွားရောက်ဖတ်ရှု့ ပြီး ထို file အတွင်းပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။
Indexing the Web Content
Search Engine များသည် crawler များမှ မိတ္တူကူးယူလာခဲ့သော webpage တစ်ခုစီတွင် ပါရှိသည့် စကားလုံးများကို ရွေးချယ်ထုတ်နုတ်ပြီး index တစ်ခုတည်ဆောက်ရပါတယ်။ ထို index များသည် စာအုပ်များ၏ နောက်တွင်ပါလေ့ရှိသော အညွှန်း index များနှင့် ဆင်တူပြီး SE အသုံးပြုသူ User များမှ keyword များကို အသုံးပြု၍ webpage များကို ရှာဖွေနိုင်စေရန်အတွက် ဖြစ်ပါတယ်။
Index တစ်ခုတည်ဆောက်မှုကောင်းလျှင် ကောင်းသလို ပိုမိုပြည့်စုံသော result page များကို ဖော်ပြနိုင်ခြင်း ၊ အချိန်အနည်းငယ်အတွင်း result များကို ထုတ်ပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်သည့်အတွက်ကြောင့် SE တစ်ခုရဲ့အောင်မြင်မှုသည် index ကို ဘယ်လိုတည်ဆောက်အသုံးပြုသလဲ ဆိုတဲ့ အချက်အပေါ်မှာလည်း များစွာမူတည်ပါတယ်။
Search Engine များသည် Indexing ပြုလုပ်နိုင်ရန်အတွက် Parser လို့ခေါ်တဲ့ program ကို အသုံးပြု၍ စကားလုံးများကို ရွေးချယ်ထုတ်နုတ်လေ့ရှိပါတယ်။ ဆိုရရင် parser program သည် webpage များထဲမှ stop words လို့ခေါ်သည့် a, an, the, by ... အစရှိသော အသုံးများသည့် စကားလုံးများ၊ Meta tags များ၊ Javascripts များကို ဖယ်ရှားပြီး webpage အတွင်းရှိ အကြောင်းအရာကို ကိုယ်စားပြုနိုင်မည့် စကားလုံးများကို သာ Index တည်ဆောက်ရန် ရွေးချယ်ထုတ်ယူပေးနိုင်ပါတယ်။
Google အခြားသော SE များကဲ့သို့ SE များကဲ့သို့ title များသာ၊ webpage ရဲ့ အစပိုင်းမျှသာ index လုပ်ခြင်းမျိုးမဟုတ်ပဲ webpage တစ်ခုလုံးကို index လုပ်ထားသော full-text search engine အမျိုးအစား ဖြစ် ပါတယ်။
World Wide Web သည် အမြဲတမ်းပြောင်းလဲနေတတ်သည့် အတွက်ကြောင့် crawler များမှ ယနေ့ရယူ စုဆောင်းခဲ့သော webpage များသည် မနက်ဖြန်မှာ ရှိနေဖို့ရန် မသေချာသလို၊ ယနေ့မရှိသေးသော်လည်း မနက်ဖြန်တိုင်းမှာ အသစ်သစ်သော webpage များ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် Google ကဲ့သို့သော SE များတွင် တစ်ခါ claw လုပ်ပြီးတိုင်း update ဖြစ်သော result များကို ထုတ်ပြန်နိုင်ရန်အတွက် index တွေကိုလည်း update လုပ်လေ့ရှိပါတယ်။

Storing the Web Content
SE များ၏ database ထဲတွင် index အပြင် webpage တစ်ခုချင်းအလိုက်ကိုလည်း သိုလှောင်သိမ်းဆည်း ထားပါတယ်။ ဒါကြောင့် ဘီလီယံနှင့်ချီသော webpage များကို သိုလှောင်သိမ်းဆည်းထားရသည့်အတွက် ကြောင့် SE တစ်ခု၏ storage ပမာဏ သည် လွန်စွာကြီးမားလှပြီး tetrabyte ( 10
12 =1000GB ) ပေါင်းများစွာ အထိရှိတတ်ပါတယ်။ အဲဒီလို data ပမာဏပိုမိုသိုလှောင်ထားနိုင်လေ အသုံးပြုသူများအား ပိုမိုပြည့်စုံသော result များကို ထုတ်ပေးနိုင်လေ ဖြစ်ပါလိမ့်မယ်။

Search and Rank Algorithm
အသုံးပြုသူများသည် မိမိတို့ရှာဖွေလိုသော အကြောင်းအရာနှင့် သက်ဆိုင်သည့် စကားလုံးများကို keyword အဖြစ် ထည့်သွင်းရှာဖွေလိုက်တဲ့အခါမှာ SE သည် ထို keyword များနှင့် တစ်ထပ်တည်းတူညီသောစကားလုံး များကို index ဖြင့် တိုက်ဆိုင်စစ်ဆေးရှာဖွေ၍ ရရှိလာသည့် အထဲကမှ ဘယ် webpage များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှု အရှိဆုံးလဲ ဆိုတာကို ဆုံးဖြတ်ပြီး ထို webpage များကို ဦးစားပေးရှေ့မှာထားပြီး တန်းစီဖော်ပြမှာ ဖြစ်ပါတယ်။
အဲဒီလို မှန်ကန်သော result များကို ဖော်ပြနိုင်စေရန်အတွက် SE တိုင်းတွင် အခြားမည်သည့် SE နှင့်မှ မတူ ညီနိုင်သော algorithm လို့ခေါ်တဲ့ ကိုယ်ပိုင်နည်းစနစ်များကို သတ်မှတ်အသုံးပြုလေ့ရှိပါတယ်။ ထို algorithm များ မတူညီမှုကြောင့် keyword တူသော်လည်း SE မတူပါက ရလာမည့် result များသည်လည်း မတူညီပဲ ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။
SE တစ်ခု၏အောင်မြင်မှုသည် အသုံးပြုသော algorithm များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှုရှိသော result page များကို ရှာဖွေဖော်ပြနိုင်စွမ်းရှိမရှိပေါ်တွင် များစွာမူတည်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် SE ပေါင်း များစွာရှိသည့်အနက် တိကျသော result များကို ရှာဖွေဖော်ပြပေးနိုင်သော algorithm ကြောင့် Google သည် လူသုံးအများဆုံးနှင့် အောင်မြင်မှုအရှိဆုံး SE အဖြစ် ရပ်တည်လျှက် ရှိခြင်းပင်ဖြစ်ပါတယ်။
Google သည် result များ အစီအစဉ်တကျဖော်ပြနိုင်စေရန်အတွက် "PageRank" algorithm အပါအ၀င် အခြားသော ရာနှင့်ချီသည့် အခြေခံအကြောင်းအရင်းများပေါ်တွင် အလိုလျှောက်တွက်ချက် ဆုံးဖြတ်ပါတယ်။ ထိုရာနှင့်ချီသော အခြေခံအကြောင်းအရင်းများစွာတို့ထဲမှ အဓိကအရေးပါသော အချက်နှစ်ချက်ဖြစ်သည့် content analysis နှင့် Link Popularity တို့ကို အနည်းငယ် ရှင်းပြလိုပါတယ်..။

Content Analysis
Webpage တစ်ခုစီတွင် ပါဝင်သော အကြောင်းအရာသည် ရှာဖွေမှုနှင့် ဘယ်လောက်အတိုင်းအတာထိ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို မိမိထည့်သွင်းရှာဖွေခိုင်းလိုက်သော keyword များအား တွေ့ရှိရမှု အကြိမ်အရေ အတွက်၊ တွေ့ရှိရသောနေရာ (title, heading) ၊ font size နှင့် keyword များအကြား တစ်ခုနှင့်တစ်ခု တည်ရှိ မှု အကွာအဝေးတို့ပေါ်တွင် မူတည်၍ တွက်ထုတ်ပါသည်။

Link Popularity
Webpage တစ်ခုရဲ့အရေးပါ အရာရောက်မှုကို ထို webpage ကို အခြား webpage ဘယ်လောက်များများမှ လာရောက်ချိတ်ဆက်ထားသလဲပေါ်မှာ မူတည်ဆုံးဖြတ်ပါတယ်။ အဲဒီ Link တွေထဲမှာ နာမည်ကျော်လူသုံးများ သော website နှင့် ချိတ်ဆက်ထားသော link များ ပါရှိပါကလည်း ပိုပြီး ဦးစားပေးဖော်ပြခံရမှာ ဖြစ်ပါတယ်။

Life of a Google Query


Type of Search Engine
Search engine မှာ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ individual search engine နဲ့ metasearch engine တို့ဖြစ်ပါတယ်။ ထို search engine (၂)မျိုးအပြင် search လုပ်နိုင်သော နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါက တော့ subject directory ပဲ ဖြစ်ပါတယ်။

Individual Search Engine
Web ပေါ်မှာ ကိုယ်ပိုင် database ရှိသော search engine များကို individual search engine လို့ ခေါ်ပါ တယ်။ Individual search engine တွေဟာ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား သူတို့၏ database ထဲမှာ ရှာဖွေခြင်း မရှိပါဘူး။ မိမိရဲ့ကိုယ်ပိုင် database တစ်ခုထဲမှာသာ ရှာဖွေပြီး အဲဒီ keyword များပါရှိတဲ့ web page များကိုသာ result အဖြစ်ထုတ်ပေးပါတယ်။ အသုံးများသော individual search engine အချို့မှာ-
www.google.com
www.altavista.com
www.gigablast.com
www.wisenut.com
www.askjeeves.com
www.teoma.com တို့ဖြစ်ပါတယ်။

Metasearch Engine
Metasearch engine များသည် ကိုယ်ပိုင် database များတည်ဆောက်ထားခြင်း မရှိပါဘူး။ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား individual search engine များ၏ database ထဲမှာ တစ်ပြိုင်နက်ဝင်ရောက်ရှာဖွေပြီး အဲဒီ keyword များပါတဲ့ web page များကို result အဖြစ်ထုတ်ပေးပါတယ်။ database ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေသောကြောင့် ရလာသည့် result များကလည်း ပိုပြီးများပါလိမ့် မယ်။ အသုံးများသော metasearch engine အချို့မှာ-
www.metacrawler.com
www.webcrawler.com
www.qbsearch.com
www.vivisimo.com
www.dogpile.com တို့ဖြစ်ပါတယ်။

Subject Directory
Subject Directory များသည် သာမန်အသုံးပြုနေကြ SE များနှင့် မတူပါဘူး SE များဟာ သူတို့ရဲ့ database များကို ကွန်ပျူတာ program များဖြစ်သော robot (သို့) spider တို့ကို အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ Subject Directory များမှာတော့ ကွန်ပျူတာ program များကိုမသုံးပဲ ကျွမ်းကျင်သောပညာရှင်များဖြင့် အချိန် များစွာသုံးပြီး web page များကို subject များအလိုက် manually တည်ဆောက်ထားပါတယ်။ ဒါကြောင့် subject directory များ၏ database များဟာ SE များနှင့်ယှဉ်လိုက်လျှင် အလွန်သေးငယ်ပါတယ်။ သို့သော် လည်း လူများဖြင့် ရွေးချယ်စုစည်းထားသည့်အတွက်ကြောင့် ပိုမိုတိကျသော result များကို ရှာဖွေဖော်ပြပေးနိုင် ပါတယ်။ အသုံးများသော subject directory အချို့မှာ-
directory.google.com
directory.yahoo.com
www.dmoz.org တို့ဖြစ်ပါတယ်။

Basic Searching Method
ယခုဆက်လက်ပြီးတော့ ပိုမိုတိကျသော result များ ရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖော်ပြလိုပါတယ်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံး သော နည်းစနစ်များပင်ဖြစ်ပါတယ်။ ၎င်းတို့မှာ-
(1) Search Engine Math
(2) Boolean Searching
(3) Field Searching တို့ပဲဖြစ်ပါတယ်။

Search Engine Math
ပိုမို၍ တိကျကောင်းမွန်သော result များ ရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-)လက္ခဏာ များ တွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့် tip များဟာ search engine အများစုမှာသုံးနိုင်မည့် အခြေခံအကျဆုံးသော tip များပဲဖြစ်ပါတယ်။

Tip 1 ) "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘော ကတော့ search engine ကို web page တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ - +challenger columbia
(+နှင့် keyword ကြားမှာ Space မခြားရပါ) result အနေနဲ့ကတော့ search engine က ရှာပေးလိုက်တဲ့ web page တိုင်းမှာ "challenger" ဆိုတဲ့ စကားလုံး ပါပါလိမ့်မယ်။

Tip 2 ) "-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ web page များကို ဖယ်ထားခဲ့ဖို့ ခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဥပမာ - +challenger -columbia
Result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ web page တိုင်းမှာ "columbia" ဆိုတဲ့ စကား လုံး လုံးဝပါလိမ့်မည် မဟုတ်ပါ။

Tip 3 ) စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါ တယ်။ သဘောကတော့ search engine ကို double quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်း အတိအကျပါတဲ့ web page များကိုသာ ရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ - "who moved my cheese"
result အနေနဲ့ကတော့ who moved my cheese ဆိုတဲ့ စကားစုပါတဲ့ web page များကိုသာ ဖော်ပြပါလိမ့် မယ်။

Tip 4 ) သချာင်္ပညာရပ်မှာဆိုလျှင် သင်္ကေတ "~" သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင် တယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ် အသုံးပြုနိုင် ပါတယ်။
စကားလုံးတစ်လုံး၏ရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံးနှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖော်ပြမှာဖြစ်ပါတယ်။
ဥပမာ health ~data ဟု ထည့်သွင်းရှာဖွေပါက data နှင့် အဓိပ္ပါယ်ချင်းဆင်တူသော information ၊ statistic စကာလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် web page များကို ရရှိပါလိမ့်မည်။
အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့်ဆင်တူသော runners ၊ running ၊ marathon စကားလုံးများပါဝင်သော web page များကို ရရှိမှာဖြစ်ပါတယ်။

Tip 5 ) စကားစု (phrase) နှင့်စကားလုံးများကို +, - " " သင်္ကေတများနှင့်တွဲသုံးပုံကို လေ့လာကြည့်ရအောင်
ဥပမာ - +"white house" +clinton -lewinsky
သဘောကတော့ search engine ကို white house ဆိုတဲ့ စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရ မယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ web page များကို ရှာခိုင်းလိုက်တာဖြစ်ပါတယ်။

Tip 6 ) အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case) နဲ့ ရှာခိုင်းရင် အသေးရော အကြီးပါ (၂)မျိုးစလုံးပါတဲ့ web page များကို ရှာပေးပါလိမ့်မယ်။
ဥပမာ - minister
result အနေနဲ့ကတော့ minister နှင့် Minister (၂)မျိုးစလုံးပါသော web page များကို ဖော်ပြပါလိမ့်မယ်။
စာလုံးအကြီး (upper case) နဲ့ ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော web page များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ - Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့ စကားလုံးပါသော web page များကိုသာ ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ ဆိုရရင် minister ဖြစ်ဖြစ်၊ Minister ဖြစ် စေ တူညီသော result ကို ရရှိစေမှာ ဖြစ်ပါတယ်။

Tip 7 ) Wild cords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်း ချင်ရင် သုံးပါတယ်။
ဥပမာ - librar*
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော web page များကို ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google မှာတော့ * သည် စကားလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။

Boolean Searching
အင်္ဂလိပ်သချာင်္ပညာရှင်ကြီး George Boole (1815-1864) ရေးသားခဲ့သော boolean logic နှင့် boolean operator များဖြစ်သည့် AND, OR နှင့် NOT တို့ကို စကားလုံး၊ စကားစုများနှင့် တွဲဖက်၍ တိကျသော result များ ရရှိအောင် သုံးစွဲပုံများကို ဖော်ပြသွားပါမယ်။

Boolean "OR"
"OR" operator ကို အသုံးပြုပြီး search engine မှာ ရှာမယ်ဆိုရင် ကိုယ်ထည့်ရှာခိုင်းလိုက်တဲ့ keyword များ ထဲမှ အနည်းဆုံး (၁)ခု ပါတဲ့ web page တွေရော၊ (၂)ခုစလုံးပါတဲ့ web page တွေရော ဖော်ပြပေးပါလိမ့်မယ်။ ဒါကြောင့် keyword များများပိုသုံးလေ ရလာမယ့် result က များလေလေ ဖြစ်ပါလိမ့်မယ်။ "OR" operator ကို အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် အကျိုးအကြောင်း ဆက်စပ်မှုရှိသော စကားလုံးများနှင့် အများဆုံး တွဲသုံးလေ့ရှိပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)
Ref: မျိုးသူရ (အင်တာနက်မှ ရှာဖွေနည်းများ)

2007-09-15

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်အလက်များ


ရည်ရွယ်ချက်

ကွန်ပျူတာဖြင့် အိမ်တွင် စာရင်းပြုစုခြင်း၊ စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ E-mail, Internet အသုံးပြုခြင်း၊ ဖျော်ဖြေရေးအဖြစ် Game ကစားခြင်း၊ သီချင်း၊ ရုပ်ရှင်ကြည့်ခြင်းစသဖြင့် ကွန်ပျူတာတစ်လုံးအား ကောင်းစွာ အသုံးချနိုင်သည်ဖြစ်ရာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ ၀ယ်ယူအသုံးပြုရန် လိုအပ်ချက်ရှိလာပါသည်။
ကွန်ပျူတာတစ်လုံးဝယ်ယူရန် စဉ်းစားလာသည့်အခါ မိမိနှင့်ခင်မင်ရင်းနှီးသော computer ဆိုင်များ၊ ယုံကြည် အားထားလောက်သော computer company ကြီးများတွင် ၀ယ်ယူကြသလို ကွန်ပျူတာအကြောင်း နားလည် တတ်ကျွမ်းသောသည့် အသိမိတ်ဆွေကို ခေါ်ယူ၍၀ယ်ယူသည် လည်း ရှိပါသည်။
မည်သို့ဝယ်ယူသည်ဖြစ်စေ ၀ယ်ယူသူကိုယ်တိုင်မှ ကွန်ပျူတာနှင့်ပါတ်သက်သော အခြေခံအချက် အလက်များကို ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ၀ယ်ယူတတ်ခြင်းသည်သာလျှင် အကောင်း ဆုံးဖြစ်ပါသည်။
ထို့ကြောင့် အချိန်ပိုင်းကာလအတွင်း ကွန်ပျူတာအခြေခံအချက်အလက်များအား အလွယ်တကူ ဖတ်ရှု နားလည်သဘောပေါက်စေသော အရေးအသားများဖြင့် တင်ပြထားပါသည်။

ကွန်ပျူတာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။
(1) Processor or Central Processing Unit (CPU)
(2) Motherboard
(3) Memory
(4) Hard Disk
(5) Floppy Drive
(6) Video Graphic Card
(7) Keyboard
(8) Mouse & Pad
(9) Casing
(10) Monitor တို့ ပါဝင်ပါသည်။
အထက်ပါ အချက်အလက်များအပြင် Multimedia သုံးစွဲနိုင်ရန်အတွက် CD-ROM Drive, DVD-ROM Drive, CD-RW Drive (R=Read/ W=Write), COMBO Drive (CD, DVD, CD-RW), DVD RW Drive (DVD Read Read / Write), Sound Card, Speaker စသဖြင့် ထပ်မံတပ်ဆင်နိုင်ပါသည်။

(1) Central Processing Unit (CPU)ကွန်ပျူတာတစ်လုံး၏ အရေးအကြီးဆုံး အဓိကအစိတ်အပိုင်းဖြစ်သည့် CPU အား Motherboard ပေါ်တွင် တပ်ဆင်ရပါသည်။ CPU ထုတ်လုပ်သည့် ကုမ္ပဏီများအနက် Intel, AMD တို့မှာ အထင်ရှားဆုံးဖြစ်သည်။ Intel ကုမ္ပဏီထုတ် CPU များမှာ တစ်ကမ္ဘာလုံး၏ ဈေးကွက်အများစုကို ရရှိထားသည်။
Intel Company မှ Celeron(R) နှင့် Pentium(R) processor series နှစ်မျိုးကို ထုတ်လုပ်လျှက်ရှိပါသည်။ Celeron(R) Processor အမျိုးအစားအား စာစီစာရိုက်ခြင်း၊ e-mail ပို့ခြင်း၊ စာရင်းအင်း software များ အသုံးပြု ခြင်း၊ ပညာရေးနှင့် သက်ဆိုင်သော software များ အသုံးပြုနိုင်ပါသည်။
Pentium(R) Processor အမျိုးအစားမှာ Celeron(R) Processor များထက် ပိုမိုလျင်မြန်ပါသည်။ Pentium(R) Processor အမျိုးအစားများမှာ Game ကစားလိုသူများ၊ Photo Editing Software များ၊ Multimedia ၊ Internet စသည်တို့ကို လျှင်မြန်စွာ အသုံးပြုလိုသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ Processor ၏ အမြန်နှုန်းအား Hz (Hertz) ဖြင့် တိုင်းတာပါသည်။ ပထမဆုံးထုတ်လုပ်ခဲ့သော Pentium Processor Speed မှာ 60 MHz မှ ယခုနောက်ဆုံး Pentium 4 မှာ 3.4GHz အထိ ထွက်ရှိနေပြီးဖြစ်ရာ ယခင် 60 MHz ထက် အဆ (၄၀)ကျော် ပိုမိုမြန်ဆန်နေပြီ ဖြစ်ပါသည်။
Processor များတွင် Internal Speed နှင့် External Speed ဟူ၍ (၂)မျိုးရှိပါသည်။ Internal Speed ကိုသာ အဓိကထား ပြောဆိုကြပါသည်။ ဥပမာ အထက်စာပိုဒ်ပါ Pentium 4 (3.2E GHz) မှာ Internal Speed ဖြစ်ပါသည်။ ယင်း၏ External Speed မှာ 800 MHz ဖြစ်ပါသည်။ Internal Speed မှာ အလုပ်လုပ်ဆောင်နိုင် မှု အမြန်နှုန်းဖြစ်ပြီး၊ External Speed မှာ Processor ထက် နှေးကွေးသော Memory မှ အချက်အလက်များကို လုပ်ဆောင်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။ Front Side Bus (FSB) ဟု လူသိများပါသည်။ ဥပမာ- Pentium 4 (3.2E GHz) ၏ (FSB) မှာ 800 MHz ဖြစ်ပါသည်။
Processor များတွင် L2 Cache ဟုခေါ်သော UltraFast Memory အား ထည့်သွင်းထုတ်လုပ်ထား ပါသည်။ ယင်း၏ လုပ်ဆောင်ချက်မှာ Memory မှ သတင်းအချက်အလက်များအား Processor သို့ ပို့ဆောင်ရာတွင် Processor မှ အလုပ်လုပ်ဆောင်နိုင်မှု လျင်မြန်သဖြင့် စောင့်ဆိုင်းမှုမရှိစေရန် ကြားခံယာယီသိုလှောင်ဌာန အဖြစ် အသုံးပြုရန်ဖြစ်ပါသည်။ Processor မှ L2 Cache ကြားခံသိုလှောင်ဌာနမှ သတင်းအချက်အလက်များ ကို ယူဆောင်၍ တွက်ချက်မှုများပြုလုပ်ပါက လျင်မြန်သော Processor နှင့် နှေးကွေးသော Memory အကြား ကွာဟချက်ကို ကျဉ်းမြောင်းသွားစေပါသည်။
ဥပမာ-
Intel Pentium II CPUs
Internal Speed Range : 233 MHz to 450 MHz
Front Side Bus : 66 MHz to 100 MHz
L2 Cache : 256 KB

Intel Pentium III CPUs
Internal Speed Range : 450 MHz to 1.26 GHz
Front Side Bus (FSB) : 100 MHz to 133 MHz
L2 Cache : 256 KB or 512 KB

Intel Pentium 4 CPUs
Internal Speed Range : 1.3 GHz to 3.40 GHz
FSB : 400 MHz, 533 MHz, 800 MHz
L2 Cache : 256 KB, 512 KB, 1 MB, 2 MB

Intel Celeron CPUs
Internal Speed Range : 266 MHz to 2.80 GHz
FSB : up to 400 MHz
L2 Cache : 128 KB, 256 KB

ဥပမာ- Pentium 4 2.4 A GHz သည်
FSB : 533 MHz, L2 Cache : 1024 KB (1MB)
Pentium 4 2.4 B GHz သည်
FSB : 533 MHz, L2 Cache: 512 KB ပါဝင်သဖြင့်
* 2.4 A သည် 2.4 B ထက် ပိုမိုလျှင်မြန်ပါသည်။
Celeron 2.4 GHz သည်
FSB : 400 MHz နှင့် L2 Cache : 128 KB သာ ပါဝင်သဖြင့် Pentium 4 2.4A GHz နှင့် နှိုင်းယှဉ် ပါက Internal Speed တူသော်လည်း FSB နှင့် L2 Cache ပါဝင်မှုအရ လျင်မြန်မှု၊ ဈေးနှုန်းကွာခြားမှု ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် ရောက်ရှိနေခဲ့ပြီးသော Intel Company ထုတ် Pentium 4 Processor နမူနာအချို့မှာ-
- Intel Celeron 1.8 GHz (L2 Cache:128KB, FSB:400MHz, 478)
- Intel Celeron 2.26D GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel Celeron 2.4D GHz (L2 Cache:256, FSB:533MHz, 478)
- Intel Celeron 2.53 GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel P4- 1.6 GHz (L2 Cache:256KB, FSB:400MHz, 478)
- Intel P4- 2.4A GHz (L2 Cache:1MB, FSB:533MHz, 478)
- Intel P4- 2.4B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.8A GHz (L2 Cache: 1MB, FSB:533MHz, 478)
- Intel P4- 2.8B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 2.8E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.0C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.2E GHz (L2 Cache:1KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache: 1MB, FSB:800MHz / LGA775)
- Intel P4- 3.2E GHz (L2 Cache:1MB, FSB:800MHz / LGA775)
- Intel P4- 3.0F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.2F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.4F GHz (L2 Cache:1MB, FSB:800MHz / LGA775)
အထက်ပါ Processor Speed များတွင် 2.8C GHz မှစ၍ Hyper-Threading Technology ဖြင့် ထုတ်လုပ် လာခဲ့ပါသည်။
Hyper-Threading Technology သည် Software Application များစွာကို အချိန်တစ်ချိန်တည်းတွင် တပြိုင် နက်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်သဖြင့် Memory များစွာလိုအပ်သော Adobe Photoshop ကဲ့သို့သော Photo Editing Software, 3D Animation Software များကို ကိုင်တွယ်ဆောင်ရွက်သည့်အခါ အချိန်တို အတွင်း အလုပ်များကို လျှင်မြန်စွာ ပြီးစီးစေပါသည်။
ပထမဦးဆုံးထုတ်လုပ်ခဲ့သော Pentium 4 Processor မှာ 423 Pin (180 nm Process), ထို့နောက် 478 Pin (130 nm Process) အမျိုးအစားများကိုသာ အဓိကထား ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ LGA 775 (90 nm Process) Pentium 4 CPU များကို အသစ်ထပ်မံထုတ်လုပ်လာခဲ့ပါသည်။ Hyper-Threading Technology အား ထပ်မံပြုပြင်၍ Dual Core Technology နည်းပညာသုံး CPU များလည်း ထပ်မံထွက်ပေါ်လာပြန်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Processor သည် Intel ကုမ္ပဏီထုတ်ဖြစ်ပါက Celeron (or) Pentium ?
* Processor ၏ အမြန်နှုန်း ?
* FSB အမြန်နှုန်း ?
* L2 Cache ?
* Socket 478 (or) Socket LGA 775 ?
* Support Hyper-Threading Technology ?

(2) Motherboard

Motherboard သည် ကွန်ပျူတာအစိတ်အပိုင်းများကို တပ်ဆင်ရာတွင် အဓိက အစိတ်အပိုင်းကြီး ဖြစ်သည်။ Motherboard တွင် ကွန်ပျူတာ (၁)လုံး၏ အခြေခံအစိတ်အပိုင်းများဖြစ်သော Processor CPU, Memory, Graphic Card, Sound Card, Hard Disk နှင့် အခြား CD-Rom အစရှိသဖြင့် Drive များ၊ Network ဆိုင်ရာ ပစ္စည်းများ ပူးတွဲပြီး တပ်ဆင်ရာ ဘုတ်ပြားကြီး ဖြစ်ပါသည်။
ကွန်ပျူတာဝယ်ယူရာတွင် Motherboard ရွေးချယ်မှုသည် အလွန်အရေးကြီးသည်။ 3D Graphic Card များ တပ်ဆင်စရာမလိုဘဲ Motherboard တွင် On Board အဖြစ် တပေါင်းတည်း တပ်ဆင်ပေးလိုက်သော Motherboard များမှာ သုံးစွဲလိုသူ၏ ဆန္ဒအလျောက် Memory သီးသန့်ပါဝင်သော Graphic Card ကဒ်များကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။
VGA On Board များမှာ Total System Memory မှ မျှဝေသုံးစွဲသဖြင့် အမှန်တကယ်သုံးစွဲနိုင်သော Memory မှာ လျော့နည်းလေ့ရှိသည်။ Mother တွင် ပါဝင်သော Chipset သည် Intel Chipset လား၊ VIA Chipset လား ပေါ်မူတည်၍ သော်လည်းကောင်း၊ ဈေးနှုန်းကွာခြားနိုင်သည်။ Chipset Series ဥပမာ- Intel 845, Intel 848, Intel 865, Intel 875, Intel 925X အစရှိသဖြင့် Model မြင့်ရင်မြင့်သလို၊ လုပ်ဆောင်ချက်ပါဝင်မှု အနည်း အများပေါ်မူတည်၍ ဈေးနှုန်းကွာခြားသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် အသုံးများသော Motherboard အချို့မှာ-
- P4- Axper VIA266A (478/DDR) w/Sound + VGA + LAN
- P4- GIGA 8VM 533M-RZ-RZ (478/DDR) w/Sound + VGA + LAN
- P4- GIGA 8S648-FXP-RZ (478/DDR/HT) w/Sound + Sound + LAN
- P4- GIGA 8S648-FX775 (775/DDR/HT) w/Sound + LAN
- P4- MSI Intel 848P Neo-V (478/DDR/HT) w/Sound + LAN
- P4- GIGA 81PE775-G (775/DDR/HT) w/Sound + LAN
- P4- Intel 865 PERL (478/DDR/HT) w/Sound
သုံးစွဲလိုသူမှ ကုမ္ပဏီအချို့ဖြစ်သည့် Gigabyte, Albatron, ABIT, MSI, Intel ကုမ္ပဏီထုတ် Motherboard များမှ ရွေးချယ်ဝယ်ယူနိုင်သလို၊ တပ်ဆင်မည့် CPU နှင့်လိုက်ဖက်မည့် Motherboard ရွေးချယ်တတ်ရန် လိုအပ်ပါသည်။ Pentium နှင့် Celeron CPU များအတွက် ဈေးနှုန်းအသက်သာဆုံး On Board (VGA) Motherboard များ ရွေးချယ်နိုင်သလို ဈေးနှုန်းကြီးမြင့်သော Intel ကုမ္ပဏီထုတ် Motherboard တွင်လည်း တပ်ဆင်နိုင်ပါသည်။
ကွန်ပျူတာဝယ်ယူသည့်အခါ ငွေကြေးကြောင့် ဈေးနည်းသော Motherboard, Memory နည်းနည်းနှင့် ၀ယ်ယူခဲ့သော်လည်း နောင်အနာဂါတ်တွင် CPU အား အဆင့်မြှင့်တင်လိုသည့်အခါ Motherboard မှ အသစ် ထပ်မံတပ်ဆင်လိုသော CPU အား လက်မခံနိုင်ခြင်း ကြုံတွေ့ရတတ်ပါသည်။ ထိုအချိန်တွင် CPU အပြင်၊ Motherboard အသစ်ပါ ထပ်မံဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါသည်။ Motherboard Manual စာအုပ်တွင် မည်သည့် CPU အထိ တပ်ဆင်နိုင်သည်ကို ရေးသားထားလေ့ရှိရာ လေ့လာထားသင့်သော အချက်တစ်ခုဖြစ်ပြီး Manual အား နားမလည်ပါက ကျွမ်းကျင်သူ Computer Technician အား မေးမြန်းသင့်ပါသည်။ Motherboard တပ်ဆင်ထားမှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်ဖြစ်ရာ အထူးသတိထားသင့်သော အချက်ဖြစ်သည်။ CPU, Motherboard, Memory, Graphic Card အချိုးညီမျှတစွာ တပ်ဆင်မှုသည် အရေးကြီးလှပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* VGA On Board အမျိုးအစား ?
* On Board ဖြစ်ပါက စာစီစာရိုက်၊ ရုံးသုံးအတွက်သာသင့်တော်ပါသည်။ ငွေကြေးတတ်နိုင်ပါက Graphic Card သီးခြား တပ်ဆင်ရသော Motherboard သာ ရွေးချယ်သင့်ပါသည်။
* Chipset Model က VIA, SIS, Intel ?
Intel Chipset တပ်ဆင်ထားသော Motherboard က ပိုမိုကောင်းမွန်ပါသည်။ Chipset Model - SIS848, Intel 865, Intel 915 စသဖြင့် သိသင့်ပါသည်။
* မည်သည့် Processor Model အထိ တပ်ဆင်နိုင်ပါသလဲ ? Motherboard Manual စာအုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားရာ ရောင်းချသည့် Computer Sales Center ကို မေးမြန်းသင့်ပါသည်။
* Memory တပ်ဆင်မည့် Motherboard သည် Dual Channel Support လုပ်ပါသလား ?
* မည်သည့် CPU Socket အမျိုးအစားတပ်ဆင်နိုင်သနည်း။ ဥပမာ- Socket 478 (or) Socket LGA 775
Socket LGA 775 CPU တပ်ဆင်မည်ဆိုပါက Motherboard ရွေးချယ်သည့်အခါ DDR400 Memory တပ်ဆင်နိုင်သော Motherboard များရှိသလို DDR2 533/667 Memory သာ တပ်ဆင်နိုင်သော Motherboard များလည်းရှိပါသည်။ AGP 8x Graphic Card တပ်ဆင်နိုင်သော Socket 775 Motherboard များရှိသလို PCI Express 16X Graphic Card သာ တပ်ဆင် အသုံးပြုနိုင်သော Motherboard များလည်းရှိသဖြင့် Socket 775 Motherboard ၀ယ်ယူပါက မည်သည့် Memory အမျိုး အစား (DDR 400 (or) DDR2 533/667) တပ်ဆင်နိုင်သည်ကို သိရှိရန်လိုအပ်ပါသည်။ ထို့အတူ မည်သည့် Graphic Card (AGP or PCI Express) တပ်ဆင်နိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။ Socket LGA 775 Pentium 4 CPU နှင့် Socket LGA 775 Motherboard ကို ရွေးချယ်ထားသော်လည်း AGP 8x Graphic Card နှင့် သာမန် DDR 400 Memory တပ်ဆင်အသုံး ပြုနိုင်ခြင်းသည် DDR2 Memory နှင့် PCI Express Graphic Card တပ်ဆင်အသုံးပြုမှုထက် ကုန်ကျစရိတ်သက်သာမည် ဖြစ်သော်လည်း နောင်အနာဂါတ်တွင် DDR2 Memory နှင့် PCI Express Graphic Card များသာ ပိုမိုခေတ်စားလာမည် ဖြစ်သဖြင့် ချင့်ချိန်ကာ ၀ယ်ယူသင့်ပါသည်။

Motherboard တစ်ခု၏ လုပ်ဆောင်နိုင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားစေသောအချက်များ။
Motherboard တစ်ခုတွင် Chipset Model အနိမ့်အမြင့်၊ Memory တပ်ဆင်နိုင်မှုပမာဏနှင့် Dual Channel Memory တပ်ဆင်နိုင်မှု၊ AGP Slot- 4X or 8X or နောက်ဆုံးပေါ် PCI Express ပါဝင်မှု၊ PCI Slot အရေအတွက်၊ Hard Disk Type- IDE, SATA, Raid များ တပ်ဆင်နိုင်မှု၊ Sound System- 2 Channel, 6 Channel, 7.1 Channel, LAN, IEEE 1394 စသဖြင့် သီးသန့်လုပ်ဆောင်မှုများ ပါဝင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။

Memory
Memory သည် Computer ၏ ယာယီမှတ်ဥာဏ် ဖြစ်ပါသည်။ ကွန်ပျူတာမီးပိတ်လိုက်ပါက မှတ်ဥာဏ်အတွင်းရှိ အချက် အလက်များ ပျောက်သွားမည်ဖြစ်ပါသည်။ Random Access Memory (RAM) ဟုလည်း ခေါ်ကြသည်။ Memory ပမာဏ အား B(Byte) ဖြင့်တိုင်းတာပြီး၊ အလုပ်လုပ်ဆောင်နိုင်မှု အမြန်နှုန်းအား MHz ဖြင့် တိုင်းတာပါသည်။ Pentium II, III Computer များအတွက် SD RAM အမျိုးအစားကို သုံးကြပါသည်။ SD RAM တွင် PC 100 နှင့် PC 133 ကို Standard အဖြစ် အသုံးများသည်။ PC 100 အမျိုးအစား Memory သည် 100 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်ပြီး PC 133 အမျိုးအစား Memory သည် 133 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်သည်။
Pentium 4 ကွန်ပျူတာများသည် DDR SD RAM (DDR=Double Data Rate) ကို သုံးကြပါသည်။ DDR RAM များသည် SD RAM များ၏ အမြန်နှုန်းနှစ်ဆဖြင့် Data များကို ပို့ဆောင်ပေးနိုင်သည်။ DDR SDRAM များသည် 200 MHz, 266 MHz, 333 MHz, 400 MHz များဖြင့် အလုပ်လုပ်ပြီး 200 MHz အား (PC 1600), 266 MHz အား (PC 2100), 333 MHz အား (PC 2700), 400 MHz အား (PC 3200) အဖြစ် ပြောင်းလဲခေါ်ဆိုနိုင်ပါသည်။
ယခုအခါ 533 MHz အမြန်နှုန်းရှိသော DDRII Memory များလည်း ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယနေ့ အသုံးများသော Memory ပမာဏများမှာ 128 MB နှစ်ချောင်းတပ်ဆင်ခြင်းဖြင့် 256 MB ရရှိနိုင်သလို၊ 256 MB တစ်ချောင်းတည်း တပ်ဆင် ခြင်းဖြင့်လည်း ရနိုင်ပါသည်။
Memory ပမာဏများလေ Memory ကို အဓိကထား သုံးစွဲရသော Adobe Photoshop လို Software များ သုံးစွဲသည့် အခါတွင်လည်းကောင်း၊ 3D Game များ ကစားသည့်အခါတွင် လည်းကောင်း၊ ပိုမိုလျင်မြန်မှု၊ မြန်ဆန်မှုကို ရရှိစေပါသည်။
Memory ပမာဏအား စာစီစာရိုက်အတွက် 128 MB အနည်းဆုံးရှိသင့်ပြီး၊ Game များ ကစားလိုပါက 256 MB, 512 MB ရှိသင့်ပါသည်။ 3D Graphic Card များ တွင်ပါဝင်သော Memory ပမာဏနှင့်မရောထွေးသင့်ပါ။ AGP (Accelerated Graphic Port) တွင် တပ်ဆင်ကြသော Graphic Card များတွင် ပါဝင်သော Memory ပမာဏမှာ 32 MB, 64 MB, 128 MB, 256 MB ဟူ၍ အမျိုးအစားများရှိရာ ယင်းတို့သည် 3D ရုပ်ပုံများ၊ Game အတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Computer ၏ အဓိက Memory လည်း များများတပ်ဆင်ပြီး၊ Graphic Card ကိုလည်း အမြင့်ဆုံးတပ်ဆင်ပါက စွမ်းဆောင်ရည်သည် အတိုင်း ထက်အလွန်ကောင်းမွန်ပြည့်ဝစွာ ပေးနိုင်မည်ဖြစ်ပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်။
* Memory အမျိုးအစား ?
* Kingston ကုမ္ပဏီထုတ် Memory များက ပိုကောင်းပါသည်။
* Memory Speed ?
DDR 333 MHz, DDR 400 MHz, DDRII 533 MHz
* မည်သည့်ပမာဏအထိ Memory တပ်ဆင်နိုင်ပါသလဲ ?

Hard Disk


Hard Disk သည် Primary Storage Area ဖြစ်ပါသည်။ Memory ကဲ့သို့ မီးပိတ်လိုက်ပါက Data များ ပျောက်ဆုံး သွားခြင်း မရှိပါ။ Program များကို Hard Disk တွင် ထည့်သွင်းရပါသည်။ သတင်းအချက် အလက်များကို ထုတ်ယူသုံးစွဲ နိုင်ပါသည်။
Hard Disk တစ်လုံးသည် သတင်းအချက်အလက်များကို မည်မျှသိမ်းဆည်းထားနိုင်သလဲဆိုတာကို Byte ဖြင့် တိုင်းတာပါသည်။ ၀င်ဆန့်တဲ့ ပမာဏအလိုက် 850 MB, 1.2 GB, 4.3 GB, 8.4 GB, 10 GB, 20 GB, 40 GB, 80 GB, 120 GB, 200 GB, 250 GB, 320 GB, ... စသဖြင့် အရွယ်အစားအမျိုးမျိုးရှိသည်။
ယနေ့ Pentium 4 ကွန်ပျူတာများတွင် 40 GB, 80 GB Hard Disk Size များ ဈေးနှုန်းကျဆင်းလာသည်နှင့် အမျှ သုံးစွဲနိုင်သူဦးရေ များပြားလာမည်ဖြစ်ပါသည်။ Seagate Company ထုတ် Hard Disk မှာ လူကြိုက်များ သည်။ Hard Disk တစ်ခုကို ဖော်ပြရာတွင် သက်ဆိုင်ရာ Company နာမည်ကိုပါ ရေးသားဖော်ပြလေ့ရှိသည်။ နမူနာပြအချို့မှာ-
40 GB (Maxtor) 7200 rpm, IDE
40 GB (Seagate) 7200 rpm, IDE
40 GB (Samsung) 7200 rpm, IDE
80 GB (Maxtor/ Hitachi) 7200 rpm, IDE
80 GB (Seagate) 7200 rpm, IDE
80 GB (Seagate) 7200 rpm, SATA
12 GB (Seagate) 7200 rpm, IDE
12 GB (Seagate) 7200 rpm, SATA
အထက်ဖော်ပြချက်တွင် Maxtor, Seagate, Samsung မှာ သက်ဆိုင်ရာ Hard Disk ထုတ်လုပ်သည့် Company များ၏ အမည်ဖြစ်သည်။ 7200 rpm မှာ Hard Disk ၏ လည်ပတ်မှုအမြန်နှုန်းဖြစ်ပြီး IDE မှာ Integrated Electronics (IDE) အတိုကောက်ဖြစ်ပြီး SATA မှာ Serial ATA ဖြစ်ပါသည်။ SATA အမျိုးအစား Hard Disk မှာ IDE အမျိုးအစား Hard Disk ထက် Data များကို ပိုမိုလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပါသည်။
ထုတ်လုပ်သော Company အမည်ကိုလိုက်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ Hard Disk ရွေးချယ်သည့်အခါ 40 GB, 80 GB အနည်းဆုံးတပ်ဆင်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Hard Disk ထုတ်လုပ်သည့် ကုမ္ပဏီ?
(Maxtor, Hitachi, Samsung, Seagate)Seagate ကုမ္ပဏီထုတ် Hard Disk များမှာ ပိုမိုလူကြိုက်များသည်။

Floppy Drive
Floppy Drive တွင် 3.5" ရှိ Floppy Disk ကို ထည့်သွင်းပြီး သတင်းအချက်အလက်များကို ကူးယူနိုင် ပါသည်။ Floppy Disk သည် 1.44 MB သာ လက်ခံသည်။ Floppy Disk ကို အသုံးပြုပြီး ကွန်ပျူတာတစ်လုံးမှ Data တွေကို အခြားတစ်လုံးသို့ လွှဲပြောင်းနိုင်သည်။ Data ၀င်ဆန့်နိုင်မှု ပမာဏသည် စာသားအနည်းအများ၊ ရုပ်ပုံ ပါဝင်မှုပေါ် မူတည်ပါသည်။ File Size သည် 1.44 MB အထိသာ သိမ်းဆည်းနိုင်သဖြင့် အလွန်များပြားသော စာမျက်နှာများ၊ ရုပ်ပုံများ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။

Video Graphic Card
ယခုအခါ Graphic Card များတွင် AGP (or) PCI Express အမျိုးအစား Graphic Card များကိုသာ သုံးစွဲ နေကြပါသည်။ 3D Graphic Controller Card ဟူ၍လည်း သိနားလည်ကြပါသည်။ AGP သည် (Accelerated Graphic Port) ဖြစ်ပါသည်။ PCI Express သည် နောက်ဆုံးပေါ် Graphic Card ဖြစ်ပါသည်။ 3D ရုပ်ပုံထွက် များကောင်းမွန်ရေးသည် အဓိကကျလှသော နောက်ဆုံးပေါ် Computer Graphic Game များ ကစားရာ နိုင်နင်း စွာ စွမ်းဆောင်ပေးနိုင်ခြင်း၊ ပုံရိပ်များကို ချောမွေ့ကြည်လင်ပြတ်သားစေခြင်း စသည့်အကျိုးကျေးဇူးများ ပေးစွမ်း နိုင်ပါသည်။ AGP Card များ မထွက်ပေါ်သေးမီက ရိုးရိုးသာမန်ရုပ်ပုံထွက် VGA Card (PCI) အမျိုးအစားများ ထွက်ပေါ်ခဲ့ပါသည်။ ယင်း Card များအား ယခုနောက်ဆုံးပေါ် Computer များတွင် အသုံးပြုခြင်း မရှိတော့ပါ။
AGP Card များတွင် Memory သီးသန့်ပါဝင်လေ့ရှိပါသည်။ 32 MB, 64 MB, 128 MB, 256 MB အထိ ပါဝင်သော AGP Card အမျိုးမျိုးရှိပါသည်။ AGP Card များ၏ Data သယ်ယူပို့ဆောင်နိုင်မှု အမြန်နှုန်းအား 1x, 2x, 4x, 8x စသဖြင့် ပြောဆိုကြပါသည်။
ဥပမာ- 32 MB SDR DRAM ပါဝင်သော AGP Card သည် 4x=1.07 g bps (giga byte per second) အမြန် နှုန်းဖြင့်လည်းကောင်း၊ 64 MB DDR RAM ပါဝင်သော AGP Card သည် 8x=2.1 g bps အမြန်နှုန်းဖြင့်လည်း ကောင်း Data များကို သယ်ယူပို့ဆောင်နိုင်သည်ဖြစ်ရာ AGP 4x Card များထက် AGP 8x Card သည် Data များအား သယ်ယူရာတွင် ၂ ဆခန့် ပိုမိုမြန်ဆန်လှပါသည်။
ထို့ကြောင့် AGP Card တစ်ခုသည် 4x ? , 8x ? , သိသင့်ပါသည်။ AGP 8x Card ကို AGP 4x သာ လက်ခံ နိုင်သော Motherboard တွင် တပ်ဆင်ပါက AGP 8x အမြန်နှုန်း ရရှိမည်မဟုတ်ပေ။
ယခုအခါ New Technology PCI Express Card များ ထွက်ပေါ်နေပြီဖြစ်ပါသည်။ PCI Express 16x Graphic Card များသည် 8 gbps အမြန်နှုန်းဖြင့် Data များကို သယ်ယူပို့ဆောင်နိုင်သဖြင့် AGP 8x Graphic Card များထက် ပိုမိုလျင်မြန်ပေလိမ့်မည်။
Theory အရ နှေးသောအရာနှင့် မြန်သောအရာပူးတွဲတပ်ဆင်ပါက နှေးသောအမြန်နှုန်းဖြင့်သာ အလုပ်လုပ် မည်ဖြစ်သဖြင့် Motherboard ရွေးချယ်သည့်အခါ အထူးသတိထားသင့်ပါသည်။
64 MB AGP (MX 440, 8X) with TV Out
64 MB AGP (MX 4000, 8X) with TV Out
စသည်ဖြင့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ရာ ကွန်ပျူတာ ၀ယ်ယူရာတွင် မည်သည့် အမျိုးအစားဖြင့် တပ်ဆင်ထားသည်ကို လေ့လာနှိုင်းယှဉ်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Graphic Card ထုတ်လုပ်သည့် ကုမ္ပဏီ ?
(Albatron, Gigabyte, MSI, ASUS)
Gigabyte, MSI, ASUS Graphic Card များက ပိုမိုကောင်းမွန်ပါသည်။
* AGP Graphic Card (or) PCI Express Graphic Card
* Memory ပမာဏ (64MB, 128MB, 256MB)
* Data Transfer Speed 4x or 8x or 16x ?

Keyboard
Keyboard သည် သတင်းအချက်အလက်များကို ကွန်ပျူတာသို့ထည့်သွင်းရာ Input Device တစ်ခု ဖြစ်ပါသည်။ PS/2 Keyboard တစ်ခု၏ ကြိုးခေါင်းမှာ ခရမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Motherboard ရှိ ခရမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Keyboard များတွင် ဈေးနှုန်းအရ 2500 Ks မှ Wireless Keyboard သောင်းကျော်အထိ ရှိနိုင်ပါသည်။ Function စုံလင်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။

Mouse

Mouse သည် သတင်းအချက်အလက်များကို Computer သို့ ထည့်သွင်းရာ Input Device တစ်ခုဖြစ်သည်။ ကွန်ပျူတာတစ်လုံးတွင် Keyboard နှင့် Mouse သည် မရှိမဖြစ် လိုအပ်လှပါသည်။ Mouse တွင် Serial Mouse, PS/2 Mouse, USB Mouse, Optical Mouse, Wireless Mouse စသဖြင့် အမျိုးမျိုးရှိသည်။
PS/2 Mouse တစ်ခု၏ ကြိုးခေါင်းမှာ အစိမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Mother board ရှိ အစိမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Serial Mouse များမှာ နှေးကွေးပြီး PS/2 Mouse များကိုသာ အသုံးများသည်။ Optical Mouse များသည် PS/2 Mouse ကဲ့သို့ ရွေ့လျားရာတွင် Wheel ကို မသုံးဘဲ Sensor ဖြင့်သုံးသဖြင့် ချေးမတက်ခြင်း၊ ရေရှည်ခိုင်ခံ့ ခြင်းတို့ကြောင့် ပိုမိုလူကြိုက်များသည်။

ဝယ်ယူလိုအား ရွေးချယ်စေလိုသည့်အချက်
Optical Mouse ရွေးချယ်သည့်အခါ Samsung ကုမ္ပဏီထုတ် Optical Mouse များမှာ လူကြိုက်များသည်။

Casing

Casing သည် ကွန်ပျူတာပစ္စည်းများဖြစ်သော Motherboard, Hard Disk, Floppy Drive, CD-ROM Drive စသဖြင့် Computer ဆက်စပ်ပစ္စည်းများအား တပ်ဆင်နိုင်ပြီး၊ ၎င်းတွင် ကွန်ပျူတာစနစ်တစ်ခုလုံးအား လိုအပ်သော လျှပ်စစ်များ ပေးပို့ရာဖြစ်သော Power Supply တပ်ဆင်ရာလည်း ဖြစ်သည်။ စားပွဲပေါ်တွင် တင်ထားပြီး သုံးစွဲနိုင်သဖြင့် Desktop Casing ဟုလည်း ခေါ်ဆိုကြသည်။ Casing တွင်-
(1) Normal Casing
(2) Normal Light Casing
(3) Light (အလှမီး) Casing
(4) Light + Second Fan Casing ဟူ၍ အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
မိမိ Computer အတွက် Casing ကို အရောင်၊ ပုံသဏ္ဍာန်ကအစ မိမိကိုယ်တိုင် ရွေးချယ်ရသည်က အကောင်းဆုံးဖြစ်ပါသည်။ Model အနိမ့်အမြင့်၊ Casing Design ပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။
Casing ၀ယ်ယူရာတွင် Casing နှင့်အတူ တွဲဘက်ပါရှိလာသည့်အရာမှာ Power Supply ဖြစ်ပါသည်။ ယင်း Power Supply သည် 350W, 400W, 450W လား မေးမြန်းသင့်ပါသည်။ Watt များပါက နောင်အနာဂါတ်တွင် ထပ်မံတပ်ဆင်လိုသည့် Computer ပစ္စည်းများကို နိုင်နင်းစွာ ၀န်ဆောင်မှုပေးနိုင်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Casing တွင်ပါဝင်သော Power Supply သည် အာမခံသက်တမ်းကာလ ၆ လ (သို့) ၁ နှစ်ပေးပါသလား?

Monitor

Monitor သည် Computer ၏ Output Device တစ်ခုဖြစ်သည်။ သတင်းအချက်အလက်များကို ထည့်သွင်း ရာတွင်လည်းကောင်း၊ ထုတ်ယူရာတွင်လည်းကောင်း၊ Monitor မှ သတင်းအချက်အလက်များအား ကြည့်ရှုဆုံး ဖြတ်နိုင်သည်။ Hard Disk ထုတ်ယူလိုပါက Printer မှ ထုတ်ယူနိုင်ပါသည်။
Monitor အမျိုးအစားများမှာ 15", 17", 19", 21" CRT (Cathode Ray Tube) သုံး Monitor များမှာ လူသုံးများ သည်။ ထို့အပြင် LCD

Ref:ရဲထွန်းဝင်း (စားပွဲတင်ကွန်ပျူတာတစ်လုံးမ၀ယ်ယူမီ ကြိုတင်လေ့လာထားသင့်သည့် ကွန်ပျူတာတစ်လုံး၏ အခြေခံ အချက်အလက်များနှင့် ၀ယ်ယူလိုသူမှ ပြန်လည်မေးမြန်းသင့်သည့် မေးခွန်းများ)
Up