2010-03-15

Adobe Photoshop CS Type Effects




Adobe Photoshop CS Type Effects
Course Technology PTR | ISBN 159200363X | 2004 | 264 Pages | PDF | English | 12 Mb


Through twenty stunning, full-color artistic projects and clear step-by-step explanations how to complete them, "Adobe Photoshop CS Type Effects" will help you master the advanced type effect techniques of Photoshop CS. Use Photoshop CS to apply a variety of effects to your text, including a spiral effect for a CD, a tiled mosaic effect, and a unique magnifying glass effect. All of the original artwork that you need to complete your magnifying projects is included on the book?s CD- ROM.

Rapidshare Link :-


How to install WinXP from USB Flash Drive

Model: HP Mini 110-1124TU အတွက် USB Flash Drive နဲ့ Windows XP Service Pack 3 တင်နည်းလေးကို လက်တွေ့ စမ်းသပ်ကြည့်ပါမယ်။ Memory Stick ဖြင့် Windows တင်ရန်အတွက် မိမိရဲ့ Stick ကို Bootable Stick တစ်ခုဖြစ်အောင် ပြင်ဆင်ပေးထားရပါမယ်။ ဒါကြောင့် ဦးစွာပထမ-

(1) WinSetupFromUSB ရဲ့ Version 0.2.3 ကို Downlaod လုပ်ထားလိုက်ပါမယ်။
(2) ရရှိလာတဲ့ Program ကို ကွန်ပျူတာမှာ install လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် အောက်ပါပုံစံအတိုင်း မြင်တွေ့ ရမှာဖြစ်ပါတယ်။
(3) WinSetupFromUSB ကို အသုံးပြုရန်အတွက် Microsoft ရဲ့ .net Framework ကို install လုပ်ထားဖို့ လိုအပ်ပြန်ပါတယ်။


အမှတ်စဉ်(၁)အရ Windows XP SP3 တင်လိုတဲ့ Windows အခွေကို ကွန်ပျူတာရဲ့အတွင်းမှာ Folder တစ်ခု တည်ဆောက်ပေးပြီး ကြိုတင်ထည့်ထားရပါမယ်။ ပြီးတော့ Browse ကို Click နှိပ်ပြီး copy ကူးထားတဲ့ windows ဖိုင် ထားရှိတဲ့ Location ကို ညွှန်းပေးရပါမယ်။

အမှတ်စဉ်(၂)အရ Windows တင်ရာတွင် အသုံးပြုမယ့် Memory Stick ကို ကွန်ပျူတာရဲ့ USB အပေါက်မှာ တပ်ထားပေးရပါမယ်။ ပြီးတော့ Refresh ကို Click တစ်ချက်နှိပ်လိုက်ပေးပါ။ ဒါဆိုရင် မိမိတင်ဆင်လိုက်တဲ့ Memory Stick ရဲ့ အမျိုးအမည် တစ်ခုပေါ်လာပါမယ်။

အမှတ်စဉ် (၃) အရ မိမိအသုံးပြုတော့မယ့် Memory Stick ဟာ format ချထားပေမယ့် NTFS format မဖြစ် သေးဘူးဆိုရင် HP Format Tool ကို အသုံးပြုပြီး NFFS File system ဖြစ်သွားအောင် Format ချပေးလိုက်ပါ။


အမှတ်စဉ် (၄) အရ အားလုံးပြောင်းပြီးပြီဆိုရင်တော့ Go ကို click တစ်ချက်နှိပ်ပေးလိုက်ပါ။


ဒါဆိုရင် Windows တင်နိုင်တဲ့ Memory Stick လေးတစ်ခု ပိုင်ဆိုင်သွားပြီပေါ့။



(4) လုပ်ဆောင်ရန် ကျန်ရှိသည့်အပိုင်းကတော့-

(၁) Windows တင်လိုတဲ့ ကွန်ပျူတာရဲ့ USB Port မှာ စောစောက Memory Stick လေးကို တပ်ပေးလိုက်ပါ။
(၂) ကွန်ပျူတာရဲ့ Power button ကို နှိပ်၍ ကွန်ပျူတာကို ဖွင့်လိုက်ပါ။
(၃) ညွှန်ကြားချက်အတိုင်း Bios Setup ထဲသို့ ၀င်ရောက်နိုင်ရန်အတွက် F10 Key ကို နှိပ်လိုက်ပါ။ ဒါဆိုရင် HP Mini 110 ရဲ့ Bios Setup Option ထဲကို ရောက်ရှိသွား ပါမယ်။

(4) Bios ရဲ့ System Configuration အတွင်းက Boot Options ထဲကို Enter Key နှိပ်၍ ၀င်လိုက်ပါ။

(5) အဲဒီမှာ 1st Boot Device ဆိုတဲ့နေရာမှ မိမိရဲ့ USB Device သို့ ပြောင်းပေးလိုက်ပါ။ ပြီးပြီဆိုရင်- Keyboard မှ Esc Key ကို နှစ်ချက်နှိပ်လိုက်ပါ။ ထပ်မံပြီး F10 Key ကို နှိပ်၍ Configuration ကို Save and exit လုပ်ရပါမယ်။ Yes ပေါ်တွင် highlight ဖြစ်နေသည့်အတိုင်း Enter ကို နှိပ်၍ ပြန်ထွက်လိုက်ပါမယ်။

ဒါဆိုရင် Windows တင်နိုင်ရန် ကျန်ရှိသည့် step များကတော့ လွယ်သွားပြီပေါ့။ ညွှန်ကြားချက်များအတိုင်း တစ်ဆင့်ချင်းဆီ ဆက်လက်၍ လုပ်ဆောင်သွားပါ။
ဒါဆိုရင် Memory Stick ကို အသုံးပြုပြီး CD/DVD Drive မလိုပဲ Windows XP Service Pack 3 တင်ပုံ တင်နည်းလေးကို နားလည်သဘောပေါက်သွားပြီလို့ ယုံကြည်ပါတယ်။ အဆင်ပြေပါစေဗျား။

Ref: www.msfn.org



2010-03-10

Photoshop Tutorials: Amazing Hair Tutorial





Amazing Hair Tutorial (in pdf) is an easy to follow, step by step tutorial for those interested in painting amazing hair for their 3D characters after they have been rendered. You need Photoshop and a basic knowledge of Photoshop postwork in order to use this tutorial.

Content of the package:

-Techniques
-Advice
-Tips and notes
-Colour swatches in ACT and jpg format.

Download (4.1MB):


How to Do Convert Pictures To Vectors


Photoshop Tutorials: How To Convert Pictures To Vectors
PDF + PSD | 5.23 MB | 30 Pages

2010-03-05

Plants vs Zombies Game Cheat Hack

ဦးနှောက်ပျက် လူသားစား Zombie များ သင်၏ အလှစိုက်မြက်ခင်းဥယျာဉ်အတွင်းသို့ ရောက်လာပါက မည်ကဲ့သို့ ဆောင်ရွက်ရန် သင် စဉ်းစားထားပါသလဲ။ သင့် ဥယျာဉ်ထဲတွင် ဖုတ်ကောင်များလာသော လမ်းတလျှောက် တွင် အဟန့်အတားများ ပြုလုပ်နိုင်သော pea shooter များရှိနေပြီး ၎င်းက အစိမ်းရောင် အလုံးငယ် များကို ထုတ်လွှတ်ပေးမည် ဖြစ်သည်။ Zombie များကို ဇီဝိန်ချုပ်နိုင်သည့် Venus Zombie Trap များလည်း ရှိနေပြီး စိတ်ဝင်စားဖွယ် တည်ဆောက် ထားသည်။
PopCap Games များအနက် ၂၀၀၉ ခုနှစ်ကတည်းကပင် စွဲလန်းဖွယ်ကောင်းလှတဲ့ game တစ်ခုအဖြစ် လူကြိုက်များခဲ့ကြ ပါတယ်။ လူကြီးလူငယ် မရွေး ကစားနိုင်တဲ့အတွက် Plants vs Zombies Game ဟာ အထူးပဲ ရေပန်းစားခဲ့ပါတယ်။ ယခုအခါ Computer များတွင်သာမကပဲ Mobile များအတွင်းသို့လည်း ရောက်ရှိနေကုန် ပါပြီ။ ယင်းဂိမ်းသည် ကလေးငယ် များ အတွက်လည်း ပေါ့ပေါ့ပါးဖြင့် IQ အရည်အသွေးကိုပင် တိုးတက် မြင့်မား ဖြစ်ထွန်းစေနိုင်ပါသည်။


Plants vs Zombies ကို ကစားရမယ့် အဓိက ပန်းတိုင်ကတော့ သင့်အိမ်ကို ကာကွယ်ပေးရန်ဖြစ်ပြီး၊ နှောင့်ယှက်ဖျက်ဆီး ဖို့အတွက် အိမ်ရဲ့ဥယျာဉ်ထဲကို ၀င်ရောက်လာတဲ့ Zombies တွေကို နှိမ်နင်းရန်အတွက် လိုအပ်တဲ့ အပင်များအား ၀ယ်ယူခြင်း၊ နေရာချပေးခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် ကစားရသည့် game ဖြစ်ပါတယ်။

Plants vs Zombies Game ကို Mouse ဖြင့်ပင် ကစားရပါသည်။ ဂိမ်းပုံစံ (၅)မျိုးရှိပြီး Adventure, Mini-Games, Puzzle, Survival, plus the stress-free Zen Garden တို့ပင်ဖြစ်သည်။ Adventure Mode တွင် အခန်း (၅၀) ပါဝင်ပြီး၊ နေ့အချိန် ညအချိန် မြူဆိုင်းချိန် စသည်တို့ပါဝင်သလို ရေကူးကန်အခန်းနှင့် အိမ်ခေါင်မိုး ပေါ်အထိ တိုင်အောင်တက်ရောက်ကစားရ ပါလိမ့်မည်။

Adventure Mode တွင် ဆုံးခန်းတိုင်အောင် မကစား ရသေးပါက Mini-Games Mode သို့ ၀င်ရောက် ကစားခွင့်ကို ပိတ်ထားပါသည်။ Adventure Mode ဖြင့် အခန်းကုန်သည့်တိုင်အောင် ကစားလိုက်ပါက Mini-Games Mode အား ထပ်မံ၍ ဆက်လက်ကစားခွင့် ပေးလာပါလိမ့်မည်။

ထိုသို့ ကစားလာရင်း Puzzle အခန်းသို့ ရောက်လာပါလိမ့်မည်။ Puzzle အခန်းမှတစ်ဖန် Survival အခန်းသို့ ရောက်ရှိလာပါလိမ့်မယ်။ ပုံမှန်အားဖြင့် Survival Level မှာ အလံ (၅)ခုဖြစ်ပြီး၊ hard survival level မှာ အလံ (၁၀)ခုဖြစ်သည်။ Survival Endless အခန်းကတော့ သင်ဘယ်အဆင့် level တိုင်အောင်ကစားပြနိုင်သလဲ ဆိုတာကို စမ်းသပ်တဲ့ အခန်းပါပဲ။ Survival Endless အခန်းကတော့ Tempo အမြင့်ဆုံးအခန်းပါပဲ။ ခက်ခဲမှု အဆင့်မြင့်မားပြီး အဆုံးမရှိသည့်အတွက်ကြောင့် သင့်လက်ဆ မည်သို့ရှိပြီး ကစားအား မည်မျှကောင်းတယ် ဆိုတာကတော့ Survival Endless က အဆုံးအဖြတ်ပေးမှာပါ။
အမှန်တွင်တော့ ဒီဂိမ်းကို နည်းစနစ်မှန်မှန်၊ ကျွမ်းကျင်မှုအရှိဆုံးနဲ့ ကစားနေသည့်တိုင်အောင် Level များများ တက်လာတယ်ဆိုတာ ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ အဓိက ပြဿနာကတော့ Sun ကို များများ ရစေဖို့ ပါပဲ။ သို့မှသာ သင့် Plants တွေအတွက် စိတ်တိုင်းကျ အသုံးချနိုင်မှာဖြစ်သလို Zombies တွေရဲ့ စိန်ခေါ်မှုကိုလည်း အောင်မြင်စွာနဲ့ ကျော်လွန်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတော့တယ်...။

(1) ပထမဦးစွာ Game Cheat Engine 5.6 ကို ရယူထားရပါမယ်။ သို့တည်းမဟုတ်လည်း Google ရဲ့ Search Engine မှာ Cheat Engine လို့ ရိုက်ပြီး ရှာဖွေကြည့်နိုင်ပါတယ်။ သတိပြုရန်မှာ အချို့သော Anti-Virus Program များက Cheat Engine ကို Trojan, Virus ဖြစ်သည်ဟု မှားယွင်းဖော်ပြတတ်ပါသည်။ ထို့အတွက် ကြောင့် Virus ပရိုဂရမ်များကိုလည်း ခေတ္တ္တပိတ်ထားပေးရန် လိုအပ်ပါသည်။

(2) Download ချပြီးသွားပါက Cheat Engine ကို install တင်ပေးရပါမယ်။ ပြီးတော့ Cheat Engine ကို Open လုပ်ထားရပါမယ်။

(3) ထို့နောက် Plants vs Zombies Game ကို Open လုပ်ပေးလိုက်ပါ။

(4) Game ရဲ့ Option အတွင်းကို ၀င်ရောက်ပြီး Full Screen ဆိုတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးရပါမယ်။ OK နှိပ်၍ game ကို စတင်ရွေးချယ်ပြီး ကစားလိုက်ပါမယ်။ သင်ကစားနေသည့် game mode တွင် လက်ရှိဖြစ်ပေါ်နေသော sun တန်ဖိုးကို ကြည့်လိုက် ပါ။ အောက်တွင် ပြထားသည့်ပုံစံအတိုင်း SUN မှာ 50 ဟု ဆိုပါက ရရှိထားသည့် SUN တန်ဖိုးကို မှတ်သားထားလိုက်ရပါ့မယ်။ ပြီးတော့ game ကို space bar နှိပ်ခြင်းအား ဖြင့် pause လုပ်ထားလိုက်ပါ။

(4) ထို့နောက် ဖွင့်ထားသည့် cheat engine သို့ ပြန်သွားလိုက်ပါ။ Cheat Engine အတွင်းမှာ အပေါ်ဘက်ရှိ Process Lists icon ကို click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် အောက်ဆုံးရှိ လက်ရှိ run နေသည့် Plants vs Zombies ရဲ့ popcapgame1.exe ကို ရှာဖွေပြီး Open လုပ်ရပါမယ်။









(5) Cheat Engine ရဲ့ Hex value တန်ဖိုးကို ယခင်မှတ်သားထားတဲ့ SUN ရဲ့တန်ဖိုး 50 ကို ရိုက်ထည့်ပေးရ ပါမယ်။ (ဂိမ်းအတွင်းက ပြသထားတဲ့ မည်သည့်တန်ဖိုးကို မဆို ရိုက်ထည့်နိုင်ပါတယ်) ။ တန်ဖိုး 50 ရိုက်ထည့် ပြီးပါက First Scan ကို click တစ်ချက်နှိပ်လိုက်ပါ။












(6) ပြီးတော့ Plants vs Zombies Game ကို ပြန်သွားပြီး Resume Game ကို ရွေးချယ်ပြီး ဆက်ကစားရ ပါမယ်။ လက်ရှိ SUN တန်ဖိုးမှာ 50 ရှိနေပြီး SUN နောက်တစ်ခု ထပ်ယူလိုက်ပါမယ်။ ဒါဆိုရင် SUN တန်ဖိုးမှာ 75 သို့ ပြောင်းသွားပါ့မယ်။ ယင်းတန်ဖိုး 75 ကို မှတ်သားထားပြီး game ကို ပြန်ပြီး pause လုပ်ထားပါ့မယ်။

(7) ထပ်မံပြီး Cheat Engine ကို ပြန်သွားလိုက်ပါ။ Cheat Engine ရဲ့အကွက်မှာ စောစောက မှတ်သားထားတဲ့ SUN တန်ဖိုး 75 ကို ထပ်ပြီး ရိုက်ထည့်ပေးလိုက်ပါဦး။ ပြီးတော့ Next Scan ကို click နှိပ်ကြည့်လိုက်ပါ။ ဒါဆိုရင် Found1 ရဲ့ Value 75 နဲ့ Address တစ်ခု ထပ်မံပေါ်လာပါမယ်။














(8) အဲဒီအပေါ်မှာ double click နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ဆုံးရှိ Address အကွက်ထဲမှာ စာကြောင်း တစ်ကြောင်း ထပ်တိုးသွားပါလိမ့်မယ်။ Frozen လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်တပ်ပေးလိုက်ပါ။ ပြီးနောက် ထိုစာကြောင်းပေါ်မှာ right click နှိပ်ပြီး Change Record မှတစ်ဆင့် Value ကို ရွေးချယ်လိုက်ပါ။ အဲ့ဒီအကွက် ထဲမှာ သင့်စိတ်ကြိုက်ကိန်းဂဏန်းများကို ရိုက်ထည့်ပေးလိုက်ပါ။













ဒါဆိုရင် SUN တန်ဖိုးမှာ ယခင်ရိုက်ထည့်လိုက်တဲ့ ပမာဏအတိုင်း SUN တွေ ရောက်ရှိသွားပြီပေါ့။ ကုန်သွားမှာ လည်း မပူရတော့ပါဘူး။ ထပ်မံပြီး လိုအပ်လာပါကလည်း အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါသေးတယ်။ ကဲ..။ အားရပါးရ ကစားလိုက်ကြပါစို့။






2010-03-02

Adobe Illustrator CS3 Classroom in a Book



Adobe Illustrator CS3 Classroom in a Book Publisher: Adobe Press | ISBN: 0321492005 | edition 2007 | CHM | 488 pages | 38,2 mb

Adobe Illustrator သည် လုပ်ငန်းသုံးအဆင့် စံနှုန်းမီသရုပ်ဖော်ပုံ ရေးဆွဲရေး ပရိုဂရမ်ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေရေး၊ မာလ်တီမီဒီယာနှင့် အွန်လိုင်းအတွက် ဂရပ်ဖစ်ပုံများ ရေးဆွဲပေးနိုင်သည်။ ဒီဇိုင်နာ တစ်ယောက်အတွက် ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေရေးအတွက် artwork ရေးဆွဲပေးသော နည်းပညာဆိုင်ရာ သရုပ်ဖော်ပုံ ရေးဆွဲသူအတွက်ဖြစ်စေ၊ မာလ်တီမီဒီယာဂရပ်ဖစ် အတွက် ရေးဆွဲပေးသော ပန်းချီဆရာ အတွက်ဖြစ်စေ၊ web စာမျက်နှာနှင့် online အကြောင်းအရာများ ဖန်တီးသူအတွက်ဖြစ်စေ Adobe Illustrator က ပရော်ဖက်ရှင်နယ် အရည်အသွေးမီ ရလဒ်အတွက် လိုအပ်မည့် ကိရိယာတန်ဆာ ပလာများ ပေးကမ်းထားသည်။Adobe Illustrator CS3 Classroom in a book သည် Adobe System, Inc. မှ Adobe ဂရပ်ဖစ်နှင့် ပုံနှိပ်ထုတ်ဝေရေး ဆော့ဖ်ဝဲများအတွက် တရားဝင်လေ့ကျင့်သင်ကြားရေး စာအုပ်တွဲ စီးရီးမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်ခန်းစာများကို သင့်ကိုယ်ပိုင်ခြေလှမ်းအစိတ်အကျဲအတိုင်း သင်ယူနိုင် ရန် ဒီဇိုင်းပြုထားသည်။ သင့်အတွက် Adobe Illustrator သည် အသစ်ဖြစ်နေပါက ပရိုဂရမ် လုပ်ဆောင်ရန် ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် လိုအပ်သော အခြေခံများ သင်ယူရမည်။ သင်သည် အတွေ့ အကြုံရှိ အသုံးပြုသူဖြစ်ပါလျှင် Classroom in a Book က Adobe Illustrator နောက်ဆုံး version အသုံးပြုခြင်းအတွက် tips နှင့် techniques များအပါအ၀င် အဆင့်မြင့် သွင်ပြင် လက္ခဏာရပ်များ များစွာသင်ကြားပေးကြောင်း တွေ့ရှိရပေလိမ့်မည်။
သင်ခန်းစာ တစ်ခုစီသည် သတ်သတ်မှတ်မှတ် ပရောဂျက်တစ်ခု ဖန်တီးဖို့ရာ တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားချက်များ ထောက်ပံ့ပေးကမ်းထားသော်လည်း စူးစမ်းလေ့လာရန်နှင့် စမ်းသပ်လုပ်ဆောင်ရန် နေရာပေးထားသည်များ ရှိပါသေးသည်။ သင်သည် ဤစာအုပ်ကို အစမှအဆုံး အစဉ်လိုက် လေ့လာသွား နိုင်သကဲ့သို့ သင်စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များဖြင့် သက်ဆိုင်ရာ သင်ခန်းစာများကိုသာ ရွေးချယ်ပြုလုပ် သွားနိုင်သည်။ သင်ခန်းစာတစ်ခုစီတွင် သင်လေ့လာသင်ယူခဲ့သမျှ အနှစ်ချုပ် ပြန်လည်သုံးသပ်ချက်ဖြင့် နိဂုံးချုပ်ထားပါသည်။


How to Adding Custom Emoticon to ShoutMix shoutbox?




အထက်ပါ ပုံစံအတိုင်း သက်ဝင်လှုပ်ရှားနေသည့် Emoticon ပုံလေးကို နမူကြည့်နိုင်ပါတယ်။ ShoutMix ရဲ့ Shoutbox များအတွင်း မိမိနှစ်သက်တဲ့ ပုံလေးများကိုလည်း ထပ်မံပြီး ထည့်သွင်းရွေးချယ်ပေးနိုင်ပါတယ်။ Search Engine များကို အသုံးပြု၍ "free emoticons set" လို့ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါသေးတယ်။ အကယ်၍ သင့်ကိုယ်ပိုင် ဖန်တီးချက်များရှိပါကလည်း Photobucket ကဲ့သို့ image upload site များတွင် အပ်နှံခြင်းဖြင့်လည်း သင့်စိတ်တိုင်းကျ ရုပ်ပုံများကို အသုံးပြု၍ ရနိုင်သည်။ ပြုလုပ်ရန်မှာ-

(၁) ပထမဦးစွာ ShoutMix သို့သွား၍ Account တစ်ခုဖွင့်လိုက်ပါ။
(၂) ထို့နောက် Display အောက်ဘက်ရှိ Smileys ဆိုသည့်နေရာတွင် Click တစ်ချက်နှိပ်လိုက်ပါ။

(၃) Smiley image URL ကို ထည့်ပေးရပါမယ်။ Code နဲ့ (Optional) ထဲတွင် စာဖြည့်ပြီး Select လုပ်ပေးပါ။
(၄) ပြီးနောက် Add ရွေးချယ် click နှိပ်လိုက်ပြီး Save Settings ဖြင့်သိမ်းဆည်းပေးပါမည်။
(၅) ဒါဆိုရင် သင့်စိတ်ကြိုက် Emoticon တွေ ရသွားပြီပေါ့။



How to Do Everything Adobe Photoshop CS4



Adobe Photoshop သည် Design Software များတွင် နံပါတ်တစ် ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။ ယခု နောက်ဆုံးထုတ် version ဖြစ်သည့် Adobe Photoshop CS4 ကို အသုံးပြုခြင်းအားဖြင့် သင့်၏ ပြီးပြည့်စုံသည့် ဖန်တီးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။ brushes များအသုံးပြုပုံ၊ Shades များအသုံးပြုပုံစသည့် အခြေခံအသုံးပြုနည်းမှသည် နောက်ဆုံးပေါ် ဖန်တီးချက်များ စသည့် နည်းစနစ်များအထိ တတ်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ထို့ပြင် 3D နှင့် Video Editor သမားများ အတွက်ပါ အသုံးတည့်စေမည့် ရေးသား လမ်းညွှန်မှုများ ပါရှိလေသည်။



2010-02-28

Adobe Photoshop CS3 A-Z

Contents
SECTION 1: Fast solutions for everyday editing tasks;

Adjusting brightness and contrast, Removing colour casts, Converting from a Raw file using ACR, Applying sharpness, Retouching dust and scratch marks, Removing red eye, Spreading image tones (pegging black and white points), Correcting lens problems, Altering tones with curves, Conversion to greyscale, Montaging photos together (Layer basics), Managing files with Bridge, Using Adjustment layers, Basic filtering techniques

SECTION 2:
A-Z reference Accented Edges filter – Automate; Bridge Background color - Button mode; Cache - Cutout filter; Darken blend mode - Dust & Scratches filter Edges - Eyedropper tool Facet filter - Fuzziness setting Gamut Warning - Guides Smart Halftone Pattern filter - Hue/Saturation adjustment layer; ICC profiles - Knockout; LAB color - LZW compression; Magic Eraser tool - Multi-Page PDF to PSD; Navigator -Notes; Ocean Ripple filter - Overlay blend mode; Page Setup - Quick Mask mode; Radial Blur filter - Rulers; Sample All Layers - Swatches palette; Text - Type Masks; Underlining type - Use All Layers; Vanishing Point filter - Vivid Light blending mode; Warp - Workspace; Photoshop XMP - ZoomView format.

Windows 7 Secrets




Windows 7 နှင့်ပတ်သက်၍ ဖြစ်နိုင်ချေ မရှိဘူးလို့ တွေးထင်ထားတဲ့ လျှို့ဝှက်ချက်များနဲ့ နည်းစနစ်များကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။

File Size : 26 MB
File Type: PDF

Up