2010-02-20

New Trick To Activate Trial In Kaspersky



Kaspersky Lab ရဲ့ ထုတ်ကုန်များဟာ သုံးစွဲသူ များကို အကြိုက်တွေ့ စေမည့် စွမ်းဆောင်ချက်များ နဲ့ အတူ ရိုးရှင်းတဲ့ အသွင်အပြင် များကြောင့် ထိပ်တန်း Anti- Virus software စာရင်းတွင် အမြဲမပြတ် နေရာ ရလျှက်ပင် ရှိပါသည်။ အသုံးပြု ရ အဆင်ပြေခြင်း၊ ထိရောက်မှုရှိခြင်း၊ အချိန်အခါအလိုက် အဆင့်မြင့်နိုင်ခြင်း၊ ထူးခြားသော လုပ်ဆောင်ချက်များ ထည့်သွင်းထားနိုင်ခြင်း၊ တပ်ဆင်ရ လွယ်ကူခြင်း၊ အထောက်အပံ့ပေးနိုင် ခြင်း စသည်တို့ကြောင့် Kaspersky ကို လူကြိုက်များကြပါသည်။ အမှန်တကယ်ပင် အားကိုးချင်စရာ ကောင်းလောက်အောင်ပင် Kaspersky သည် Virus များကို ကာကွယ်နိုင်စွမ်းရှိပါသည်။
တရားဝင် license ကို အခကြေးငွေပေးပြီး တစ်နှစ်စာ ၀ယ်ယူနိုင်သလို၊ နမူနာစမ်းသပ်ပြီး သုံးစွဲလိုပါကလည်း သုံးစွဲမှု ပြုနိုင်ပါသည်။ အင်တာနက်အတွင်းမှ အခမဲ့ပေးထားသော Key များကိုရှာဖွေ၍လည်း မိမိတို့ရဲ့ Kaspersky ကို အသက်သွင်းနိုင်ပါသေးတယ်။ နမူနာ Beta version ကို ရက်ပေါင်း (၃၀)သာ ခွင့်ပြုထားရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် Kaspersky Trial Resetter များကို အသုံးပြုကာ နောက်ထပ်ရက် (၃၀) ပြန်လည်ရရှိကာ အသုံးပြုသွား၍ ရနိုင်ပေသည်။ မည်သို့ပင်ဆိုစေ (ပိုက်ပိုက်) မကုန်ဖို့သာ လိုရင်းပင် မဟုတ်ပါလော။ :)
ယခုဖော်ပြပါ နည်းသည် မိမိအနေဖြင့် Kaspersky Antivirus 2010 ကို Trial Version ဖြင့် သတ်မှတ်ရက် (၃၀) ထက်ကျော်လွန်ပြီး ထပ်မံ၍ နောက်ထပ်ရက်(၃၀)အခမဲ့သုံးစွဲလိုပါက ပြုလုပ်ရမည့် လုပ်ဆောင်ချက် ပင်ဖြစ်သည်။



(1) ပထမဦးစွာ Trial version ရဲ့ Active license Key ကို delete လုပ်ပစ်ပါ။





အထက်ပါပုံအတိုင်း ပေါ်လာပါမည်။ Yes ကို click နှိပ်ရွေးချယ်လိုက်ပါ။



(2) ထို့နောက် kaspersky ရဲ့ setting အတွင်းသို့ ၀င်ရောက်ပြီး Enable Self-Defense ဆိုသည့် အမှန်ခြစ် အစိမ်းရောင်လေးကို ဖြုတ်ပေးပါ။


(3) ပြီးနောက် Kaspersky ကို Exit ဖြင့် ထွက်လိုက်ပါ။
(4) ထပ်မံပြီး Run တွင် regedit ဟု ရိုက်ထည့်ပေးပါ။ ဒါဆိုရင် registry editor ပွင့်လာပါမည်။


(5) ထို့နောက် Find command ဖြင့် ProductStatus ဟု ရိုက်ထည့်ပြီး ရှာလိုက်ပါ။


(6) ပြီးနောက် PCID ပေါ်တွင် double click နှိပ်လိုက်ပါ။ ထို့နောက် Bracket အတွင်းမှ နောက်ဆုံး (၃)သုံးကို သင်နှစ်သက်ရာသို့ ပြောင်းပေးလိုက်ပါ။
(7) Registry editor မှ ပြန်ထွက်လိုက်ပါ။ ပြီးတော့ Kaspersky ကို ပြန်ဖွင့်ပြီးတော့ Trial License ကို ပြန်လည်ပြီး Activate ပြန်လုပ်လိုက်ပါ။




ဒါဆိုရင် Kaspersky ရဲ့ Trial for 1 computer အတွက် အောင်မြင်သွားပြီပေါ့။

Ref: Rajeshmagic

2010-02-18

Convert Scanned Images into Text


Image မှ Text အဖြစ်သို့ပြောင်းခြင်း

OCR (Optical Character Recognition) သည် ရေးသားထားသော စာများ၊ print ထုတ်ထားသော စာများ၊ digital camera ဖြင့် ရိုက်ကူးထားသော စာများနှင့် scan ဖတ်ထားသော စာသားများအား ကွန်ပျူတာနှင့် တွဲဖက်ပြီး ပြင်ဆင်ရာ၌ အသုံးပြုနိုင်ပါသည်။ Languages ပေါင်း (၁၁)မျိုး ပါဝင်ပြီး image processing အပိုင်း တွင်လည်း ကောင်းမွန်ပါသည်။ OCR မှ MP3 အဖြစ်သို့လည်း ကူးပြောင်းနိုင်ပါသေးသည်။ OCR ဖြင့် ပြောင်းလဲ ထားသော စာသားများကိုလည်း PDF နှင့် HTM format များအနေဖြင့်လည်း save ပြုလုပ်နိုင်ပါသည်။ စွမ်းဆောင်ချက်ကောင်းမွန်ပြီး အသုံးပြုရလွယ်ကူသော program တစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်..။





2010-02-16

Run any Internet Site from Windows Calculator

Calculator ဖြင့် အင်တာနက်အသုံးပြုခြင်း


Windows တွင် ပါရှိသော Calculator မှ Standard calculator နှင့် Scientific calculator အမျိုးအစားနှစ်ခု ပါဝင်ပါတယ်။ ရိုးရိုး အပေါင်းအနှုတ် အမြောက်အစားပဲ လုပ်လုပ်၊ ထပ်ကိန်းတင်တာတို့၊ နှစ်ထပ်ကိန်းရင်းရှာတာတို့၊ sine, cosine တန်ဖိုးတွေ ရှာတာတို့၊ statistical calculation တွေ တွက်တာတို့ အစရှိတဲ့ တွက်နည်းမျိုးစုံကို လုပ်လို့ရပါတယ်။ ထပ်မံပြီး လုပ်လို့ရတာလေးလည်း ကျန်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Calculator ကို သုံးပြီးတော့ အင်တာနက် ဖွင့်နည်းလေးပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်ရန်အတွက် ပထမဦးစွာ-
(၁) Start ကို Click နှိပ်ပြီး All Programs မှ တဆင့် Accessories > Calculator ဟု အဆင့်ဆင့် ၀င်ရောက်ရွေးချယ်ပြီး Open လုပ်ပါမယ်။ (သို့) (Run Box ထဲတွင် calc ဟု ရိုက်ပြီး OK ကို click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။)
(၂) ထိုအခါ အထက်ပါပုံစံအတိုင်း Calculator ပွင့်လာပါမည်။
(၃) ပြီးနောက် Menu Bar ရှိ Help မှ Help Topics ကို ရွေးချယ် click နှိပ်ပေးပါ။ (သို့) Keyboard မှ F1 ကို နှိပ်ခြင်းဖြင့်လည်း ဖွင့်လိုက်ပါ။

(၄) ဒါဆိုရင် အထက်ပါပုံစံအတိုင်း Help Windows တက်လာပါမယ်။ ထပ်မံပြီးတော့ Help Windows ရဲ့ အပေါ်ဆုံးရှိ ဘယ်ဖက်ထောင့်စွန်းမှ icon လေးပေါ်မှာ click တစ်ချက်နှိပ်လိုက်ပါ။

(၅) ထို့နောက် အထက်ပါပုံစံအတိုင်း Jump to URL... ကို ရွေးချယ်ပေးပါ။

(၆) Jump to URL dialog box ပေါ်လာသောအခါ သင်အလိုရှိရာ အင်တာနက်လိပ်စာကို ရိုက်ထည့်နိုင်ပါပြီ။ သို့ပေမယ့် http:// ဆိုတဲ့ (Hyper Text Transport Protocol) လေးကိုတော့ ထည့်ပေးဖို့ မမေ့နဲ့နော်။

ဒါဆိုရင် အခြားသော Browser များနည်းတူစွာပဲ အင်တာနက်ကို အသုံးပြုလို့ ရသွားပြီပေါ့။

2010-02-09

Check Disk ကို ပိတ်ထားခြင်း

Disable Auto Check Disk During Windows Startup


Scan Disk ပြုလုပ်သည်ဆိုသည်မှာ Hard Disk အတွင်းရှိ Folders များ၊ Files များ၊ Free Space များနဲ့ FAT တွေ၊ Lost Cluster တွေ စသည်များကို စစ်ဆေးပေးခြင်း ဖြစ်ပါသည်။ ကွန်ပျူတာသုံးနေရင်း မီးပျက်သွားတဲ့ အခါမှာ လက်ရှိသုံးနေတဲ့ Program နဲ့ Files များမှာ Error ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မီးပြန်လာတဲ့အခါ ကွန်ပျူတာကို မီးဖွင့်လိုက်တာနဲ့ Windows မတက်ခင် Auto Scan Disk စစ်ဆေးပါတော့တယ်။ ဒါက Windows မှ Auto ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ကွန်ပျူတာအသုံးပြုကြသူအများစု (ကျွန်တော်အပါအ၀င်) က မစောင့် နိုင်ကြပါဘူး။ ဒါကြောင့် အဲဒီလို Check Disk ပြုလုပ်တော့မယ့် လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် ကျွန်တော်တို့မှာ အချိန် (၁၀ စက္ကန့်) သာရရှိပါတယ်။
သို့ရာတွင် ပုံမှန်အတိုင်း ကွန်ပျူတာကို အဖွင့်၊ အပိတ် မှန်နေသော်လည်း Restart ပြန်လုပ်လိုက်ပါက ယင်းသို့ ထပ်မံပြီး Checking လုပ်နေပြီဆိုပါက သင့်အနေဖြင့် ပိတ်ထားရန်လိုအပ်ပြီဟု သင့်အနေဖြင့် ဆုံးဖြတ်လာပါက အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ကြရအောင်ပါ။

-ပထမဦးစွာ Start ရှိ Run Box ထဲတွင် chkntfs /x c: ဟူ၍ ရိုက်ထည့်ပါ့မယ်။
-အကယ်၍ သင့်ထံတွင် Drive Letter နှစ်ခုရှိခဲ့ပါက chkntfs /x c: d: ဟု ရိုက်ရပါ့မယ်။

( /x ကို အသုံးပြုခြင်းဖြင့် Command Prompt အတွင်းမှ chkntfs command ဖြင့် File System စစ်ဆေးခြင်း အား ပိတ်ရန် registry ထဲတွင်သွားရောက်ပြုပြင်လိုက်စေပါသည်။ )


CHKDSK Utility သည် Registry အတွင်းရှိ BootExcecute Value ကို ပြုပြင်ပြောင်းလဲရန်အတွက် လုပ်ဆောင်ပေးသည်။ Registry အတွင်းရှိ BootExecute ရဲ့တန်ဖိုးမှာလည်း ပြောင်းလဲသွားသည်။

HKEY_LOCAL_MACHINE\SYSTEM\CURRENTCONTROLSET\CONTROL\Session Manager
တွင် BootExcecute Vale ရဲ့ ပြောင်းလဲမှု အား ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Scan Disk ပြုလုပ်ခြင်း


How to perform disk error checking in Windows XP

Scan Disk ဆိုသည်မှာ Windows တွင်ပါဝင်သည့် Utilities Tools ပင်ဖြစ်ပါသည်။ Hard Disk တွင် ဖြစ်ပေါ် နေသည့် ပြဿနာများကို စစ်ဆေးပေးလိုသည့်အခါတွင် အသုံးပြုပါသည်။ Scan Disk ပြုလုပ်လိုက်ခြင်းဖြင့် သင့် ကွန်ပျူတာရှိ Hard Disk အား Bad Sector များ ဖြစ်ပေါ်နေခြင်း၊ Cluster များ ပျောက်ဆုံးနေခြင်းနှင့် File တည်နေရာများ လွဲမှားနေခြင်း အစရှိတဲ့ အမှားအယွင်းတွေကို ပြုပြင်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာကို တစ်ခါတစ်ရံတွင် Scan Disk စစ်ပေးသင့်ပါတယ်။ Scan Disk ပြုလုပ်တော့မည်ဆိုပါက လက်ရှိ အသုံးပြုနေတဲ့ File များနဲ့ Application များကိုတော့ ပိတ်ထားပေးရန် လိုအပ်ပါတယ်။ မိမိကွန်ပျူတာရဲ့ အမျိုး အစားအပေါ်မူတည်ပြီးတော့ Scan Disk ပြုလုပ်မယ့် ကြာချိန်သည်လည်း ကွာခြားနိုင်ပါတယ်။ Scan Disk ပြုလုပ်ရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါမယ်။

- My Computer ပေါ်တွင် Double Click နှိပ်လိုက်ပါ။
- ထို့နောက် သင် Scan ပြုလုပ်လိုသည့် Drive Letter ပေါ်တွင် Right Click နှိပ်ပါ။
ဥပမာ- Local Disk (C:)
- ပြီးနောက် Properties ကို ရွေးချယ်၍ click နှိပ်ပါမယ်။
- Local Disk ရဲ့ Disk Properties ပေါ်လာပါက Tools ပေါ်တွင် Click နှိပ်ပါ။
- Check Now... ပေါ်တွင် Click နှိပ်လိုက်ပါ့မယ်။
- Automatically fix file system errors ကိုလည်း အမှန်ခြစ်လေး တပ်ပေးလိုက်ပါ့မယ်။ ဒါမှ Error တွေ့တဲ့ အခါမှာ သူ့ဘာသာ ဖြေရှင်းပေးသွားမှာပါ။


သူ့ကို Run ရင်တော့ မိနစ်အနည်း စောင့်ဆိုင်းရပါမည်။ Scan မကျော်ဘူး၊ Error တွေ မဖြေရှင်း ပေးနိုင်ဘူးဆိုရင်တော့ (10 time reset) လုပ်ပါတယ်။ နောက်ဆုံးမရတော့ရင်တော့ Error Message ထုတ်ပေးပါတယ်။ Scan စစ်လို့ရရင်လည်း နောက်ဆုံးမှာ Hard disk နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဖော်ပြပေးပါတယ်။ ကိုယ့်ရဲ့ Hard Disk မှာ Bad Sector တွေ ရှိနေပြီဆိုရင်တော့ Through Run ဖို့ လိုပါတယ်။ သူက Hard Disk ရဲ့ မျက်နှာပြင်ကိုပါ စစ်ပေးပါတယ်။ Through Run ရင်တော့ Bad Sector မှာရှိတဲ့ Data တွေကို ကောင်းတဲ့ Sector တွေစီကို ပို့ပေးပြီး အဲ့ဒီနေရာကို Data ထပ်သိမ်းလို့မရအောင် မှတ်ထားပေးလိုက်ပါတယ်။ Through Run မယ်ဆိုရင်တော့ နာရီနဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။


2010-02-05

Hacker ဆိုသည်မှာ


Hacker ဆိုတဲ့ စကားအစစ်အမှန်ကို ငြင်းခုံဖို့ အများကြီးကောင်းတယ်။ သုံးချင်တိုင်း သုံးနိုင်တဲ့၊ သုံးချင်တဲ့ နေရာ တိုင်း သုံးနိုင်တဲ့ သဘောတွေဆောင်နေတာကိုလည်း တွေ့ရတယ်။ Hacker ဆိုတဲ့ ဝေါဟာရရင်းမြစ်ကို နားလည်ဖို့ လက်ရှိခေတ်အခြေအနေကို နားလည်ထားဖို့ လိုမယ်ထင်တယ်။
Hacking ဆိုတဲ့ ဝေါဟာရ ကွန်ပျူတာလောကထဲ ရောက်လာတာ ၁၉၆၀ လောက်ကတည်းက ဖြစ်ပါတယ်။ စတင်သုံးစွဲခဲ့တာကတော့ MIT (Massachusetts Institute of Technology) ကလို့ သိရတယ်။ MIT မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေထဲမှာ သူတို့က နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ Tools အုပ်စုနဲ့ Hackers အုပ်စုဆိုပြီးတော့ပါ။
Tool တွေက ကျောင်းမှန်မှန်တက်တယ်။ ကျောင်းချိန်ပြင်ပမှာ စာကြည့်တိုက်သွားပြီး အချိန်ဖြုန်းတတ်တယ်။ သူတို့ ရည်မှန်းချက်က အတန်းထဲမှာ "A" အဆင့်တွေချည်း ရဖို့ဖြစ်တယ်။ Hacker တွေကတော့ Tool တွေနဲ့ ဆန့်ကျင်ဖက်ပဲ။ ကျောင်းလည်း တက်ချင်မှ တက်တယ်။ တစ်နေ့လုံး အိပ်ချင်လည်း အိပ်နေတတ်တယ်။ ညဘက် ကျမှ သူများတွေ လည်ပတ်ချိန်၊ အနားယူချိန်၊ ရုပ်ရှင်ကြည့်ချိန်တွေမှာ သူတို့လေ့လာမှုတွေ လုပ်တတ်ကြတယ်။ သူတို့က သာမန်ဆိုတာလောက်ကိုပဲ သဘောတွေ့တတ်ကြတယ်လေ။
ဒါဆိုရင် ကွန်ပျူတာနဲ့ ဘာဆိုင်သလဲလို့ မေးစရာရှိတယ်။ ကွန်ပျူတာနဲ့ hacker မသက်ဆိုင်ဘူးလို့ ပြောလို့ မရတာကတော့ အမှန်ပဲ။ Hacker တွေမှာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့တယ်။ Tool တွေမှ A အဆင့်တွေ ရတာမဟုတ်ဘူး။ Hacker တွေလည်း အတန်းထဲမှာ A အဆင့်တွေနဲ့ အောင်မြင်မှုတွေ ရနေကြ တယ်။ Hacker တွေဆိုတာက သူတို့ဝါသနာပါတဲ့ တစ်ခုခုမှာ အာရုံစိုက်ပြီး စူးစိုက်နစ်မြှပ်ထားတတ်ကြတယ်။ ဒါကြောင့် တစ်ခုခုကို မလုပ်ချင်ရင်လည်း မလုပ်ဘူး။ လုပ်ပြီဆိုရင်လည်း မထတမ်း စွဲစွဲမြဲမြဲ လုပ်တတ်ကြတယ်။ တယ်လီဖုန်းတွေကို ကလိချင် ကလိမယ်။ သိပ္ပံဝတ္ထုတွေ ဖတ်ချင် ဖတ်နေမယ်။ အပျော်တမ်း ရေဒီယို အသံလွှင့် ကောင်းလွှင့်နေမယ်။ Hacker ဆိုတာ မော်ဒယ်လည်း ဖြစ်နိုင်တယ်၊ ကျောင်းသားလည်း ဖြစ်နိုင်တယ်၊ ပါမောက္ခ လည်းဖြစ်နိုင်တယ်။ ကွန်ပျူတာကိုင်မှ hacker မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာကို စူးစိုက်ပြီး လုပ်ချင်တာ လုပ်နေကြတာလည်း ဖြစ်နိုင်တယ်။ ၁၉၈၆ လောက်တုန်းက MIT မှာ hacker ဆိုတဲ့ အဓိပ္ပာယ်ကို ကွန်ပျူတာ hacker ဆိုပြီး သုံးခဲ့ကြတာ မဟုတ်ဘူး။ အဆောက်အအုံနဲ့ ပတ်သက်ပြီး "building hacker" လို့ သုံးခဲ့ကြတယ်။ ရေပိုက်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ ဘယ်သူမှ တက်ပြီး မလုပ်နိုင်တဲ့အလုပ်မျိုးတွေကို တက်ပြီးလုပ်နိုင်တဲ့သူ တွေကို hacker လို့ ခေါ်ကြတယ်။
ကွန်ပျူတာ hacker (computer hacker) ဆိုတာကတော့ ကွန်ပျူတာကို ကောင်းကောင်း နားလည်၊ စူးစူး စိုက်စိုက်လည်းလုပ်၊ ကွန်ပျူတာနဲ့ အရာရာကို အားထုတ်၊ ကွန်ပျူတာထဲမှာ ဘ၀ကိုနစ်မြှပ်ထားသူတွေကို ဝေါဟာရ ပြောင်းပြီး ခေါ်လာကြတယ်။ Hacker အမျိုးမျိုးရှိတယ်။ စိတ်ဓာတ်နဲ့ စိတ်ထားအပေါ်မူတည်ပြီး hacker တိုင်းကို တူတယ်လို့ မပြောနိုင်ဘူး။ ကွန်ပျူတာ programming ဆိုတာက ၀ါသနာပါမှ အောင်မြင်စွာ သင်ယူလို့ရတယ်။ Programmer တွေ ဆိုတာက ငွေကြေးအရချည်း လုပ်နေကြတာလို့ မှတ်ယူလို့ မရဘူး။ အချို့လည်း ပျော်လို့လုပ်နေကြတာ။ Program ရေးရင် ငွေရတယ်ဆိုတာ မှန်ပေမယ့် hacker လုပ်တိုင်း ငွေရဖို့ လုပ်တာလို့လည်း မှတ်ယူလို့ မရဘူး။ Hacker ဆိုတာ လူကြမ်းကြီးတွေ မဟုတ်ဘူး။ အလှရသကို ခံစားတတ်သူ တွေလို့လည်း ပြောနိုင်တယ်။
ကွန်ပျူတာ hacker တွေမှာ သူ့လိုင်းနဲ့သူ ရှိကြတယ်။ Algorithm hacker တွေက ပြဿနာရပ်တိုင်းကို စည်းကမ်းတကျ algorithm နည်းကျကျ ဖြေရှင်းလေ့ရှိတယ်။ System hacker တွေကျတော့ operating system တွေကို ဒီဇိုင်းထုတ်ဖို့ ပြင်ဆင်ထိန်းသိမ်းဖို့ စိတ်ဝင်စားကြတယ်။ Password hacker တွေကတော့ လူတွေရဲ့ ထိန်းသိမ်းထားတဲ့ password တွေကို လိုက်ပြီး ရှာဖွေဖော်ထုတ်နေတတ်သူတွေ ဖြစ်ပါတယ်။ ဒါတွေ ကတော့ Newsweek မဂ္ဂဇင်းက ဖော်ထုတ်ထားတဲ့ ဖွင့်ဆိုချက်တွေ ဖြစ်ပါတယ်။
System တစ်ခုရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်လို့ ငွေကြေးအရ အမြတ်ထွက်သွားတဲ့ သူခိုးလို ကောင်တွေကို hacker လို့ မခေါ်နိုင်ဘူး။ Hacker ဆိုတာ သူခိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။ Hacker လုပ်တာ သူများပစ္စည်းခိုးပြီး အသက်မွေးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ခံရမယ့် hacker ဆိုတာ 'ပညာရှင်' ပါ။ ပညာသင်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပညာတတ်ဖို့၊ ပညာရှာဖို့ ဘ၀မှာ အများကြီး ပေးဆပ် နိုင်တဲ့သူတွေ ဖြစ်ရမယ်။ Password Hacker ဆိုတာ system တွေ ဘယ်လို လုပ်တယ်ဆိုတာ သိချင်လို့ နောက်ကြောင်းလိုက်နေသူတွေပဲ ဖြစ်သင့်တယ်။ ဒါ့ကြောင့် သူအကြောင်းအရာတစ်ခုခုကို သိချင်လို့ မသိသိ အောင် ကြိုးပမ်းချင် ကြိုးပမ်းမယ်၊ အလွဲသုံးစားတော့ မလုပ်ဘူး။ မကောင်းတာလုပ်ဖို့ hacker ဘွဲ့ခံတာ မဟုတ် ဘူးဆိုတာတွေ သတိပြုစေချင်တယ်။

Hacker ကိုယ်ကျင့်တရားနှင့် ရသ

လူ့သမိုင်းဖြစ်စဉ်မှာ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတာပဲ။ လူတိုင်းလူဖြစ်လာပြီ ဆိုကတည်း က လူ့အသိုင်းအ၀ိုင်း လူမှုရေးနှင့် မလွဲမသွေ ပါဝင်ပတ်သက်လာရလိမ့်မယ်။ လူဆိုတာကလည်း သူ့အဆင့် အတန်းနဲ့သူ၊ သူ့ခံယူချက်နဲ့သူ ကိုယ့်ဘ၀ကိုယ် ပြဌာန်းတတ်ကြပါတယ်။
ကိုယ်ကျင့်တရားဆိုင်ရာ 'စံ' တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက စတင်ချိုးဖောက်လာခဲ့ကြ တယ်လို့ ဆိုရမယ်။ မှတ်မှတ်သားသား Immanuel Kant (1724-1804) ဆိုသူက စတင်ချိုးဖောက်ခဲ့တာလို့ ဆိုနိုင်တယ်။ Kant ဟာ ၂၀ ရာစုမှာတော့ အတွေးအခေါ်ပိုင်းမှာ အတော်လေး ထူးဆန်းစွာ တီထွင်တွေးခေါ် နိုင်ခဲ့သူလို့ ဆိုရမယ်။ သူက အစဉ်အလာ လူတွေ လက်ခံနေကြတဲ့ ကိုယ်ကျင့်တရားစံတွေကို ဆန့်ကျင်ခဲ့တယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို လုပ်ပိုင်ခွင့်အပြည့်ရှိဖို့ သူက အများကြီး တွေးခေါ် ဖော်ထုတ်ခဲ့တယ်။ သူက လူသားဆိုတာ ဘာ၊ လူ့တန်ဖိုးဆိုတာ ဘာ စတာတွေကို မိတ်ဆက်တင်ပြခဲ့တယ်။ Kant အတွေးအခေါ်တွေမှာ ၀ိရောဓိ ဖြစ်စရာ တွေ အများကြီးပဲ။ သူက "လူတိုင်းလွတ်လပ်ခွင့် ရှိတယ်။ လူတိုင်း စိတ်ကူးထဲမှာရှိတဲ့အတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ လူတိုင်းကို ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့် မရှိဘူးဆိုတာတွေကို ပြတ်ပြတ်သားသား သတ်မှတ်ပေးထား သင့်တယ်" စသဖြင့် ဖော်ထုတ်တင်ပြခဲ့တယ်။
Hacker တစ်ယောက်ဆိုတာ မွေးရာပါ ဖြစ်လာတာ မဟုတ်ဘူး။ လေ့ကျင့်မွေးမြူခဲ့မှ ရနိုင်တယ်။ Hacker တွေက hack ဆိုတာကို ဖန်တီးခဲ့တယ်။ ကွန်ပျူတာ ပရိုဂရမ်မှာ hack လုပ်ဖို့ ပရိုဂရမ်တွေ ပေါ်လာတယ်။ VisiCalc ဆိုတာ hack program တစ်ခုပေါ့။ ဒါပေမယ့် အဲဒါကို ရေးခဲ့တဲ့ programmer က hacker တော့ မဟုတ်ဘူး။ Hacker မှာ ကောင်းတာတွေလုပ်တဲ့ hacker ကောင်းတွေ ရှိသလို၊ မကောင်းတာတွေ လုပ်တဲ့ hacker ဆိုးတွေ ဆိုပြီး ပေါ်လာတယ်။
Hacker ဆိုတဲ့ စာအုပ်မှာ စာရေးသူ Steven Levy က "Hacker ကိုယ့်ကျင့်တရား" နဲ့ ပတ်သက်ပြီး အတော်လေး ရှည်လျားစွာ ပြောထားတယ်။ သူ့ဖွင့်ဆိုချက်မှာတော့ hacker ဆိုတာ လှည့်စားတတ်တဲ့ သဘော တွေ၊ မဟုတ်တာ လုပ်တဲ့ သဘောတွေ ပါနေတယ်။ ဒါကြောင့်လည်း သူက hacker ကိုယ်ကျင့်တရားဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ သူက hacker ကိုယ်ကျင့်တရားဆိုင်ရာ စံတွေအပြင် hacker ရဲ့ အလှနဲ့ ရသကိုပါ ဖော်ထုတ်ခဲ့တယ်။ ဥပမာ Richard Stallman ဆိုသူက သတင်းအချက်အလက်ကို မခိုးစေချင်ရင် ဗြောင်ဖွင့်ပေး ပေါ့လို့ ပြောခဲ့တယ်။ အမှား အမှန်ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လို့ ဆိုတယ်။ သတင်းအချက်အလက် တွေကို ထိန်ချန်တယ်၊ ဖုံးကွယ်တယ်ဆိုတာ အသုံးမ၀င်တော့ဘူး။ လူဆိုတာ ၀ှက်ထားတာတွေကို ပိုသိချင် တယ်။ ဖုံးထားရင် ဖွင့်ကြည့်ချင်တဲ့ ဗီဇတွေ ရှိနေတော့ လူ့သဘာဝကို နားလည်ဖို့လိုတယ်။
MIT မှာ hacker တွေ စပေါ်တော့ သူတို့အားလုံး ဘွဲ့ရပညာတတ်တွေ။ အလွန်ဆုံး အသက်တွေက ၂၀ ၀န်းကျင်လေးတွေပေါ့။ ဒီအရွယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ရသကို အခံစားတတ်ဆုံးနဲ့ ခွဲခြမ်းစိတ်ဖြာပိုင်းဖြတ် နိုင်ဆုံး အရွယ်လို့ ပြောရမယ်။
ကောင်းတာလုပ်ဖို့၊ မကောင်းတာလုပ်ဖို့ ဆိုတာကလည်း ပညာရေးနဲ့ သက်ဆိုင်သေးတယ်။ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်စဉ်းစား ပိုင်းဖြတ်နိုင်သူတွေသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်ပါတယ်။ သိသိကြီးနဲ့ မဟုတ်တာလုပ်ရင်ကတော့ ဥပဒေက ချမ်းသာပေးမှာ မဟုတ်ပါဘူး။


Ref:
-What is a Hacker?, by Brain Harvey (University of California, Berkeley)
-Personal computer February 2010 မှ ကူးယူဖော်ပြထားပါသည်။)

2010-01-29

Satellite New Code Lists


Satellite New Code Lists (2009-2010 Last Update) များကို စုစည်းပြီး တင်လိုက်ပါတယ်။ ၂၀၀၉ ဒီဇင်ဘာ၊ ၂၀၁၀ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများအတွက် update channel များဖြစ်ပါတယ်။
Download Now

2010-01-28

Computer Journal 2009 E-Books

၂၀၀၉ ခုနှစ်အတွက် ထုတ်ဝေခဲ့တဲ့ ကွန်ပျူတာဂျာနယ်ရဲ့ စာအုပ်များကို မဖတ်လိုက်ရသေးတဲ့ သူငယ်ချင်းများ အတွက် ရည်ရွယ်ပြီး တစ်နှစ်စာ E-Books များကို တင်ပေးလိုက်ပါတယ်။ ကျန်ရှိသော ကွန်ပျူတာဂျာနယ် e-books များကိုလည်း ကိုညီနေမင်း ရဲ့ site မှာ ၀င်ရောက် ဖတ်ရှုနိုင်ပါသေးတယ်။ ပြီးတော့ ကွန်ပျူတာဂျာနယ် စာအုပ်ထုတ်ဝေသူများရဲ့ စေတနာကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Download link:


http://hotfile.com/dl/25435459/3e2cb40/2009Jan.pdf.html

http://hotfile.com/dl/25432473/22cb885/2009Feb.pdf.html

http://hotfile.com/dl/25436714/6c17d27/2009Mar.pdf.html

http://hotfile.com/dl/25429679/0d5a367/2009April.pdf.html

http://hotfile.com/dl/25436947/684d17f/2009May.pdf.html

http://hotfile.com/dl/25436100/7c78173/2009June.pdf.html

http://hotfile.com/dl/25435716/361e0df/2009July.pdf.html

http://hotfile.com/dl/25430178/450b47d/2009Aug.pdf.html

http://hotfile.com/dl/25437656/ae37734/2009Sept.pdf.html

http://hotfile.com/dl/25437507/fadd0df/2009Oct.pdf.html

http://hotfile.com/dl/25437293/0ce62e9/2009Nov.pdf.html

http://hotfile.com/dl/25432025/1edba78/2009Dec.pdf.html


2010-01-25

Auto Login Windows XP without typing password



အချို့သော ကွန်ပျူတာများတွင် ကွန်ပျူတာဖွင့်လိုက်သည်နှင့် အထက်ပါ ပုံအတိုင်း windows အတွင်းသို့ ၀င်ရောက် နိုင်ရန်အတွက် စကားဝှက် (password) ရိုက်ထည့်ပေးရန် တောင်းဆိုပါသည်။ အိမ်သုံး ကွန်ပျူတာ များအတွက် ကွန်ပျူတာဖွင့်လိုက်တိုင်း Login ပြုလုပ်ပေးနေရသည်မှာလည်း စိတ်အနှောင့်အယှက် တစ်ခုပင်။

ဒါကြောင့် သင့်ကွန်ပျူတာရဲ့ Local Account လေးကို Password လုပ်ပေးရန်မလိုပဲ Auto Login ဖြစ်စေရန် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါစို့။

(1) Start ပေါ်တွင် click တစ်ချက်နှိပ်ပြီး Run ကို ရွေးချယ်ပေးပါ။

(2) ပြီးတော့ run dialog box ထဲတွင် control userpassword2 ဟု ရိုက်ထည့်ပေးပါ။
(3) User Accounts dialog box ပေါ်လာပါမည်။ ပြီးတော့ Users must enter a user name and password to use this computer ဆိုသည့် အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ။
(4) ပြီးစီးသွားပါက Apply ပေါ်တွင် click နှိပ်လိုက်ပြီး OK ဖြင့် ပြန်ထွက်လိုက်ပါသည်။ ဒါဆိုရင် ကွန်ပျူတာကို ပြန်လည်ပြီး Restart လုပ်ကြည့်ပါက ထပ်မံ Password မတောင်းခံတော့ပဲ windows အတွင်းသို့ auto login ၀င်ရောက်သွားကြောင်း တွေ့ရပါလိမ့်မည်။


(အဆင်ပြေကြပါစေဗျား)

2010-01-24

CD/DVD Drive လေး ပျောက်သွားလို့ပါဗျ


သင်အသုံးပြုနေတဲ့ ကွန်ပျူတာမှာ တစ်ခါတစ်ရံ CD Drive (သို့) DVD Drive ပျောက်ဆုံးနေသည်ကို ကြုံတွေ့ဖူးကြပါသလား။ My Computer ရဲ့ Device Manager ထဲတွင် ၀င်ရောက်ကြည့်ပါသော်လည်း အောက်ပါပုံအတိုင်းအ၀ါရောင် error tip လေးတစ်ခု ရှိနေပါတယ်။
ယင်းသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိသည့်အနက် BIOS Setting အတွင်းတွင် Disable ပြုလုပ် ခဲ့ခြင်းကြောင့် လည်းကောင်း၊ CD Drive Jumpers များ မှားယွင်းနေသည့် အတွက်ကြောင့်လည်းကောင်း၊ IDE Cable နှင့် Power Cable ကြိုးများ ပြုတ်နေသည့်အတွက်ကြောင့် လည်းကောင်း၊
virus ထိသွားခြင်း ကြောင့်လည်းကောင်း စသည့် အကြောင်းအချက် အမျိုးမျိုးတို့ကြောင့်ပင်ဟု ယေဘုယျ မှတ်ယူလိုက်ကြပါသည်။


မည်သို့ပင်ဖြစ်စေ...။ ကျွန်တော်သိရှိသော လုပ်နည်းအချို့ကို ပြန်လည်ပြီး Share လုပ်လိုပါတယ်။

ဖြစ်ပုံက ဒီလိုပါ..။
-BIOS setting အတွင်းတွင် ၀င်ရောက်ကြည့်ရှုသော်လည်း Drive ကို တွေ့ရပါတယ်..။
-Disk Management တွင်လည်း CD-ROM ကို တွေ့ရပါတယ်..။
-Device Manager တွင်လည်း ကြည့်သော်လည်း တွေ့ရပါတယ်။ (သို့ပေမယ့် အမှားအယွင်းဖြစ်ပေါ်ကြောင်း အ၀ါရောင် error tip လေးတစ်ခုတော့ ပေါ်နေပါတယ်..။)
-သို့ပေမယ့် My Computer အတွင်းမှာတော့ CD/DVD Drive လုံးဝမပေါ်ပဲ ပျောက်ဆုံးနေပါတယ်..။ (ဘယ်ရောက်သွားပါ လိမ့်)။

ဖြေရှင်းခဲ့ပုံမှာ-
(1) Start တွင် click နှိပ်ပြီး Run ကိုရွေးချယ်ပါ။
(2) ထို့နောက် regedit ဟု ရိုက်ထည့်လိုက်ပြီး OK ကို ရွေးချယ်လိုက်ပါ။
(3) Registry dialog box ပေါ်လာသောအခါ-

ဟု အဆင့်ဆင့်ဝင်ရောက် ရွေးချယ်ပေးလိုက်ပါ။ ပြီးတော့ ညာဖက်ရှိ အကွက်ထဲမှာ UpperFilters နှင့် LowerFilters ဟု တွေ့ရှိခဲ့ပါက Edit menu ပေါ်တွင် Click နှိပ်ပြီး Delete ကို ရွေးချယ်ပြီး ဖျက်လိုက်ပါ။
(4) ပြီးတော့ Registry Editor အတွင်းမှ ပြန်ထွက်လိုက်ပြီး computer ကို Restart ပြန်လုပ်ပေးလိုက်ပါ။


ဒါဆိုရင် ပျောက်ဆုံးနေတဲ့ သင့်အချစ်တော် CD/DVD drive လေး ပြန်ရောက်လို့ လာပါပြီဗျား..။

References:

http://support.microsoft.com/kb/314060#moreinfo



Up