2010-01-20

MP3, MP4 Digital Player ဆိုသည်မှာ


MP3, MP4 Digital Player များကို လူကြီး၊ လူငယ်၊ ကလေးများပါမကျန် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ MP3, MP4 digital player များကို ပြုပြင်နိုင်သည်အထိ လေ့လာမည်ဆိုလျှင် ဦးစွာလေ့လာရမည်မှာ Audio CD Player မှ စတင်လေ့လာရပါမည်။ ရေဒီယို၊ ကက်ဆက်များတွင် အသုံးပြုခဲ့သော အသံစနစ်ကို Laser Disc လေဆာဓါတ်ပြားပေါ်တွင် တင်သွင်း အသုံးပြုရာမှ စတင်၍ Digital နည်းပညာဖြင့် တီထွင်အသုံးပြုခဲ့ပြီး Audio CD Disc ကို စတင်တီထွင်အသုံးပြုခဲ့ ပါသည်။ Audio CD အလွတ်တစ်ချပ်ကို အနည်းဆုံး (74)မိနစ်မှ အများဆုံး (80)မိနစ်အထိ အသုံးပြုနိုင်ရန် ထုတ်လုပ်ထား ပါသည်။ သီချင်းတစ်ပုဒ်ကို ခန့်မှန်းအချိန်ပမာဏ (5) မိနစ်ကြာလျှင် ၎င်း Audio CD ဓါတ်ပြားပေါ်တွင် သွင်းယူ ထားသော Audio Data File ၏ ပမာဏမှ 52 Milion Bytes 52MB ခန့်ရှိပြီး CD အလွတ်သည် (700MB/80Min) ဖြစ်လျှင် (52 Milion Bytes) ရှိ သီချင်းအပုဒ်ရေပေါင်း (13) ပုဒ်ခန့် တင်သွင်း ကူးယူနိုင်ပါသည်။ ဤသို့ Audio CD တစ်ချပ်ပေါ်တွင် ပုံမှန်သီချင်း ၁၃ ပုဒ်ဝန်းကျင်ခန့် တင်သွင်းကူးယူအသုံးပြု ခဲ့ရာမှ (700MB / 80Min) မိနစ် လေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းအပုဒ်ရေပေါင်း အနည်းဆုံး (130) အထိ ချုံ့၍ သွင်းနိုင်သော (MP3) စနစ်ကို တီထွင်အသုံးပြုနိုင်ခဲ့ပါသည်။
ဤသို့ လူနားနှင့်ကြားနိုင်သော ကြိမ်နှုန်းကို အရည်အသွေး ထိခိုက်ကျဆင်းခြင်းမရှိဘဲ ကောင်းမွန်စွာ အသုံးပြု နိုင်သည့် (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques) ကော်ပရက်ရှင်း တက္ကနစ် ဟူသော အကျဉ်းချုံ့နည်းဖြင့် (MP3 File) ဖြစ်အောင် လုပ်ဆောင်နိုင်သော နည်းပညာဖြစ်သောကြောင့်ဖြစ်ပြီး အသံအရည်အသွေးမှာ (Audio CD) အရည်အသွေးအတိုင်းပင် အသုံးပြုနိုင်ပါသည်။ ဤနည်းဖြင့် (52MB) ပမာဏရှိသော သီချင်းတစ်ပုဒ်ကို (5MB) အထိ ကျုံ့အောင်ချုံ့၍ သီချင်းအပုဒ်အရေပေါင်းများစွာကို အချိန် ကြာမြင့်စွာ ဆက်တိုက် အသုံးပြုနိုင်သဖြင့် ၎င်း (MP3 Files) စနစ်ကို လူကြိုက်များလာစေခဲ့ပါသည်။
ဤသို့ (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques System) စတင်တီထွင် အသုံးပြုခဲ့သော အဖွဲ့ကို (Moving Picture Experts Groups) ဟု ခေါ်ဆိုပြီး ၎င်းကို အတိုချုံ့ (MPEG) ဟု ခေါ်ဆိုသတ်မှတ်ခဲ့ပါသည်။
(Moving Picture Experts Group) ခေါ် (MPEG) ဟူသော လှုပ်ရှားပုံရိပ်ကျွမ်းကျင်သူများအဖွဲ့ က (1978, 1980) ပတ်ဝန်းကျင်ခန့်တွင် ရုပ်/သံ ထုတ်လွှင့်မှုဆိုင်ရာ နည်းစနစ်များကို (Audio And Video Compression Transmission Techniques System) အသံနှင့်ရုပ်ပုံကို အကျဉ်းချုံ့နိုင်သမျှ ချုံ့၍ ထုတ်လွှင့်နိုင်သော အဆင့် အတန်းစနစ်သို့ရောက်အောင် တီထွင်နိုင်ရန် ဖွဲ့စည်းခဲ့ပြီး ပထမဦးစွာ (MPEG) အဖွဲ့ကို (1988) ခုနှစ် မေလ တွင် ကနေဒါနိုင်ငံရှိ "အော့တ်တာဝါ" မြို့တွင် ကျင်းပခဲ့ပါသည်။
ဤသို့ဖြင့် စက်မှုလုပ်ငန်းအမျိုးမျိုးနှင့် နည်းပညာတက္ကသိုလ်အမျိုးမျိုး အပါအ၀င် သုတေသနအဖွဲ့အစည်း အမျိုးမျိုးတို့ဖြင့် စုပေါင်းဖွဲ့စည်းမှုမှာ တစ်စစဖြင့် ကျယ်ပြန့်ကြီးမားလာပြီး (2005) ခုနှစ်တွင် အဖွဲ့အစည်း စုစုပေါင်း (၃၅၀) ကျော်ခန့်ဖြင့် အင်အားကြီးမားစွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်း (MPEG) အဖွဲ့ကြီး၏ အသိအမှတ်ပြု အမှတ်အသား (Official Designation) မှာ (ISO/IEC TTCI/SC25 WG11) ဖြစ်ပါသည်။ ၎င်း (MPEG) အဖွဲ့မှ အဆင့်ဆင့် အောင်မြင်ခဲ့သော တီထွင်လုပ်ဆောင်မှုများကို (MPEG1, MPEG2, MPEG3, MPEG4,....) မှသည် (MPEG21) အထိ အဆင့်ဆင့် ပိုင်းခြားတီထွင် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

MPEG1 အဆင့်
(MPEG1) သည် (Audio) နှင့် (Video) ဆစ်ဂနယ်များကိုချုံ့၍ အသုံးပြုနိုင်ရန် (Data Format File) များကို (Encoded) ပြုလုပ်၍ (Data File) အသွင် ပြောင်းလဲအသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်း (MPEG1) အဆင့်တွင် (Layer3 Audio Compression Format) လည်း တစ်ခု အပါအ၀င်ဖြစ်ပြီး ၎င်း (MPEG) အဖွဲ့၏ တီထွင်မှု ဖြစ်သော (MPEG1 Layer3 Audio Compression Format ) သည် အသုံးပြုမှု အများဆုံးဖြစ်ပြီး ၎င်းကို (MP3) ဟု တင်စားခေါ်ဆိုခဲ့ကြပါသည်။ (MP3) ဆိုသည်မှာ (MPEG1) အဆင့်မှာ စတင်အောင်မြင်ခဲ့သော အသံကို အကျဉ်းချုံ့၍ စီဒီလေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းတစ်ပုဒ်ကို ပုံမှန် (52MB) မှ (5MB) အထိ ချုံ့ပေးနိုင်ခဲ့ပြီး ပုံမှန်သီချင်း (13)ပုဒ်ခန့် သွင်းယူနိုင်သော စီဒီလေဆာဓါတ်ပြားပေါ်တွင် သီချင်းအပုဒ်ပေါင်း (140) ခန့်အထိ သွင်းယူနိုင်ခဲ့သော (MPEG1 Layer3 Compression) ကို အတိုချုံ့၍ (MP3) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

MPEG2 အဆင့်
(MPEG1) အဆင့်တွင် (MP3 Data File) စနစ်ကို အောင်မြင်ထင်ရှားကျော်ကြားစွာ အသုံးပြုနိုင်ခဲ့သလို (MPEG2) အဆင့်တွင် (Digital Television) ဒီဂျစ်တယ် ရုပ်သံလွှင့်စနစ်များဖြစ်သော (ATSC, ISDB, Dish Network) နှင့် (Digital Satellite TV Series, Digital Cable Television Signals, SVCD, DVD) တို့တွင် (MPEG2) အဆင့်ကို အသုံးပြုခဲ့ပါသည်။ ဆိုလိုသည်မှာ (MPEG) အဖွဲ့၏ (MPEG2) အဆင့်တွင် (VCD, SVCD, DVD) တို့၏ (Data File) စနစ်ကို အဆင့်တိုးမြှင့်တီထွင် အသုံးပြုနိုင်ခဲ့ပါသည်။

MPEG3 အဆင့်
(MPEG) အဖွဲ့မှ (MPEG1, MPEG2) အဆင့်များ တီထွင်ခဲ့ပြီးနောက် ဆက်လက်၍ (MPEG3) ကို ထပ်မံ တီထွင်ကြိုးစားခဲ့ပြန်ပါသည်။ (MPEG3) သည် (Audio Video Signal) ကို အဆင့်မြင့်၍ အရည်အသွေး ကောင်းမွန်သော (Data File) အသစ်များအဖြစ် ပြုပြင်ပြောင်းလဲ အသုံးပြုသော စနစ်သည် (MPEG2)ထက် ပို၍ စွမ်းရည်မြင့်မားလာစေပါသည်။
(MPEG3) တွင် (Audio, Video) ဆစ်ဂနယ်ကို (Multi Resolution Compression) ရုပ်သံကို ချုံ့ယူရာတွင် ဘက်စုံ စံကိုက်တိုးတက်မှု ဖြစ်လာစေခြင်း ဖြစ်ပါသည်။

MPEG4 အဆင့်
(MPEG3) ထက်ပို၍ ရုပ်/သံ အရည်အသွေး အဆင့်မြင့် ကောင်းမွန်သော (MPEG4) စနစ်သည် (Computer Graphic Application) ၏ အဆင့်အတန်းအထိ တိုးမြင့်လာပြီး (3 Dimensional Shapes) သုံးဖက်မြင် ရုပ်ပုံ အဆင့်အထိ ဗီဒီယိုရုပ်သံအဆင့်ကို မြင့်မားစွာ အသုံးပြုနိုင်ပြီး (Proprietary Technologies) ကိုယ်ပိုင် နည်းပညာ အသုံးပြုနိုင်သော အဆင့်အတန်းအထိ တိုးတက် မြင့်မားလာစေပါသည်။
(MPEG4) မှ (MPEG8, MPEG11, MPEG21, MPEG A, MPEG B, MPEG C, MPEG E (ခေါ်) EVD, Multimedia Middle World Audio & Video Technologies) အထိ အသုံးပြုလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အထူးမှတ်သားရန်
(MP3) ဆိုသည်မှာ (MPEG1) ၏ (Audio Layer 3) ကို အတိုချုံ့ ခေါ်ဆိုခြင်းဖြစ်ပြီး (MP4) ဆိုသည်မှာ (MPEG4 Part 14) ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ (MPEG4 Part 14) ဖြင့် (Digital Audio) နှင့် (Digital Video) များကို (Internet) အင်တာနက်ပေါ်မှတစ်ဆင့် (Streaming Data) များအဖြစ် ရယူအသုံးပြုနိုင်ပြီး (MPEG4 Part 14 File) အတွက် (Official File Extension) ကို (*.mp4) ဟု သတ်မှတ်ပြီး ၎င်း၏ (Container Format) ကို (MP4) ဟု အတိုချုံ့၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်ခဲ့ကြပါသည်။ (MP3) သည် အသံအတွက်သာ အသုံးပြုနိုင်ပြီး (MP4) မှ အသံနှင့်ရုပ်ပုံနှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါသည်။

ဦးသန်းဆင့် (နေလင်းအီလက်ထရွန်းနစ်)
နည်းပညာအထောက်အကူပြု အီလက်ထရွန်းနစ်စာစဉ်
(အတွဲ (၉)၊ အမှတ် (၄)၊ ၂၀၀၉ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင် (၃)လတစ်ကြိမ် ထုတ်ဝေသည်။) မှ ကူးယူဖော်ပြထားပါသည်။

2010-01-11

Revo Uninstaller Pro 2.0.2


Revo Uninstaller Pro သည် Control Panel အတွင်းရှိ Add or Remove Programs ကို အသုံးပြုပြီး အသုံး မလိုတော့သည့် software များအား ဖျက်ထုတ်ရာတွင် ဖျက်မရတော့သည့်အခြေအနေမျိုးနဲ့ တွေ့ကြုံလာပါက Revo Uninstaller Pro ကို အသုံးပြု၍ လွယ်ကူစွာဖြေရှင်းပေးနိုင်ပါသည်။
Revo Uninstaller Pro သည် ဆန်းသစ်မှုများစွာတို့နှင့်အတူ ပြုပြင်ပေါင်းလဲထားတဲ့ စွမ်းဆောင်ရည်မြင့် utility တစ်ခုပင်ဖြစ်ပါတယ်။ အသုံးပြုရန် လွယ်ကူပြီး ပိုမိုပြီးထိရောက်တဲ့ လုပ်ဆောင်ချက်များနဲ့အတူ uninstall နဲ့ဆိုင် တဲ့ ပြဿနာရပ်များကို ပြေလည်စွာ ဖြေရှင်းပေးနိုင်တာကို တွေ့ရပါတယ်။
Windows XP, Windows 2003, Windows Vista နဲ့ Windows 7 တို့တွင်လည်း အသုံးပြုဖို့ သင့်လျှော်ပါတယ်။
ဘာပဲဖြစ်ဖြစ် Revo Uninstaller Pro ဟာ ဆောင်ထားသင့်တဲ့ software တစ်ခုဆိုလည်း မမှားပါဘူး။

Download Now

File Type= rar, File Size = 6.81 MB

Source of http://www.revouninstaller.com/


2010-01-10

Speak Computer Text to Speech



SpeakComputer Text to Speech Software ရဲ့ version 2.0-Build 2.5.0 ဟာ လုပ်ဆောင်ချက် (၇)ခု ပါဝင်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Reader ၊ Web Browser ၊ Mini Speaker ၊ Presentation ၊ Reminders ၊ Clock ၊ Gaurd စတဲ့ လုပ်ဆောင်ချက် များပါဝင်ပြီး အင်္ဂလိပ်ဘာသာ သင်ကြားရေးအတွက် ရင်းမြစ်များစွာနဲ့ အသုံးပြုနိုင်ပါသေးတယ်။
Reader အပိုင်းမှာ မိမိရိုက်ထည့်လိုက်သော အင်္ဂလိပ်စာပိုဒ်တစ်ခုလုံးကို အသံထွက်ပြီး ပြောကြားပေးရန်နဲ့ မိမိ လိုသလောက်စာကြောင်းကိုသာ select လုပ်ပြီးပြောပေးရန်အတွက်လည်း ရွေးချယ်နိုင်ပါတယ်။ ထို့အတူ ယောကျာ်းအသံ၊ မိန်းမအသံကိုလည်း change နိုင်ပါတယ်။ အသံတွေရဲ့ အနှေး၊အမြန် speed ကိုလည်း ချိန်ဆ ပေးနိုင်ပါတယ်။ ရိုက်ထည့်လိုက်သော အသံထွက်ကို Mp3 (သို့) Wave File အနေနဲ့လည်း Save လုပ်နိုင်ပါ တယ်။ ထို့နည်းတူစွာပင် ကျန်ရှိတဲ့ အခြားသော လုပ်ဆောင်ချက်များစွာကိုလည်း ရွေးချယ်စမ်းသပ်နိုင်ပါသေး တယ်။


Download Now
File Type = rar , File Size=11.7 MB

Source of : http://www.speakcomputers.com/

2010-01-06

Making border frame with Photoshop CS3


Adobe Photoshop CS3 ကို အသုံးပြုပြီး ပန်းကနုတ်ဘောင်ပြုလုပ်ခြင်း (၁)

မှတ်တမ်းမှတ်ရာများ၊ thesis များစတဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေရဲ့ မျက်နှာဖုံးများ ပြုလုပ်ကြတဲ့အခါ မျက်နှာဖုံးကို အလှဆင်တဲ့အနေနဲ့ ဘောင်များကို ပန်းပွင့်၊ ပန်းခက်၊ ကနုတ်စတဲ့ အလှအပတွေနဲ့ design ဆွဲယူပြီး အလှဆင်ပေးလေ့ရှိပါတယ်။ ယင်းသို့ design ဆွဲသားကြရာမှာလည်း အသုံးပြုသူရဲ့ ကျွမ်းကျင်မှု၊ ပါရမီဓါတ်ခံ အနုပညာအရည်အသွေး၊ စိတ်ကူးစိတ်သန်း စတာတွေနဲ့ ယှဉ်တဲ့ design များကသာလျှင် ကျွန်ုပ်တို့ ၏ စိတ်အာရုံကို ညို့ယူဖမ်းစားနိုင်ပါတယ်။ Design တစ်ခုဖန်တီးသည် ဆိုသည်မှာလည်း အနုပညာတစ်ခု လောက်တော့ ပေါင်းထည့်ပေးဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ်ထိတွေ့နေရသည့် အမြင်အာရုံတိုင်းတွင် လည်း အနုပညာတစ်ခုခု ပါဝင်စမြဲပင်။ ဥပမာ- မုန့်ထုပ်ကလေး ဆိုပါစို့။ သူ့မှာလည်း သူ့ကိုယ်ပိုင် အနုပညာလေး နဲ့ပါ။ ယင်းမုန့်ကို သာမန်အတိုင်း ပုံပြီးရောင်းကြည့်လိုက်ပါ။ အမြင်အာရုံအရ သူ့ရဲ့တန်ဖိုးကျသွားပါပြီ။ သို့ပေမယ့် လို့ ၎င်းမုန့်လေးကို လှလှပပအိတ်လေးဖြင့် ထုပ်ပိုးပြီး စီမံရောင်းချပေးလိုက်မယ်ဆိုရင်တော့ အမြင်အာရုံအရ စားချင်စဖွယ်၊ ၀ယ်ချင်စဖွယ်လေးတော့ စိတ်ထဲမှာ ဖြစ်သွားစေပါတယ်။ ဒါဟာ သူ့ကို Art လေး ပေါင်းထည့်ပေး လိုက်လို့ သူ့ရဲ့တန်ဖိုး တက်သွားခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဈေးကွက်ဖြန့်ဝေသူ လူတော်တော်များများဟာ မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတော့မယ် ကုန်ပစ္စည်းတွေကို Art အခြေခံ စိတ်ခံစားမှုရရှိစေနိုင်မယ့် အရောင် အဆင်း၊ ဒီဇိုင်းအထားအသို လေးများဖြင့် ဖြန့်ဖြူး ရောင်းချလေ့ရှိကြပါတယ်။ ဒီဖြစ်စဉ်လေးကို ပြန်လည် သုံးသပ်ကြည့်လိုက်ပါက လူဆိုတာ မည်သူမျှ အနုပညာနဲ့ မကင်းကြပါ။ ခံစားလိုစိတ်လည်း အနည်းနဲ့အများတော့ ရှိကြပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ design ရေးဆွဲရာမှာလည်း အနုပညာ art လေးတစ်ခုခုကိုတော့ ပေါင်းစပ်လိုက်မယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပါပဲ။ ယခုလေ့ကျင့်ခန်းမှာ ပိုမိုပြီး ရှင်းလင်းလွယ်ကူစေရန်အတွက် အခြေခံအသုံးပြု နည်းကိုပဲ ဦးစားပေးတင်ပြထားပါတယ်။ ကျန်သည့်အပိုင်းမှာတော့ သင့်ရဲ့စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ပြုလုပ်ရန်သာ ကျန်ရှိပါတော့တယ်။


Download now


File Type=Rar
File Size= 1.25 MB

2010-01-04

Knote Art House Fonts (1-5)


အနုပညာအိမ် မြန်မာ့ကနုတ်ပန်း အမှတ်စဉ် (၁) မှ (၅) အထိ Font (၅)မျိုးကို ထပ်မံပြီး တင်ပေးလိုက်ပါတယ်။ Knote ArtHouse Font ကို အသုံးပြုပြီး Photoshop ဖြင့် ပန်းဘောင်ပြုလုပ်နည်း အကြောင်းကို ထပ်ပြီးတော့ post ရေးပါဦးမယ်။ လုပ်ပုံလုပ်နည်း အတွက် post ရှည်မည်စိုးသောကြောင့် PDF ထုတ်ပြီး upload တင်ပေးသွားပါ့မယ်။ ဒါ့ကြောင့် တွဲဖက်ပြီးလေ့လာလို့ရအောင်လို့ အရင်ဦးဆုံး ယူထားလိုက်ပါအုံး။


Download Now


File Size=678.56 KB , File Type = Rar


2009-12-31

Windows 7 Ultimate x86 Crack



Windows 7 Ultimate x86 အတွက် Crack File လေးပါ။ Crack လုပ်နည်းလေးကလည်း လွယ်ကူပါတယ်။
(1) ပထမဦးစွာ Windows 7 Install စတင်လုပ်ရာတွင် မည်သည့် key ကိုမျှ ထည့်ပေးရန် မလိုပါ။
(2) ပြီးတော့ crack မပြုလုပ်ရသေးခင် Internet connection ကိုလည်း မချိတ်ရသေးပါ။
(3) Control Panel ထဲက User account control ကိုလည်း Disable ပြုလုပ်ပါ။
(4) ထို့နောက် 7Loder.exe ဖိုင်ကို Run လိုက်ပါ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း မြင်တွေ့ရပါမည်။
(5) သင့်ကွန်ပျူတာအမျိုးအစားကိုလိုက်ပြီး OEM information ပုံပေါ်တွင် ရွေးချယ် click နှိပ်ပါ။
(6) Install 7Loder ပေါ်မှာ click တစ်ချက်ထပ်နှိပ်ပေးပြီး computer ကို Restart ပြုလုပ်လိုက်သောအခါ သင့် Windows 7 မှာ Activated လုပ်ဆောင်ချက် အထမြောက်သွားပါပြီ။ အဆင်ပြေကြပါစေ..။

Download Now

File Size=10.18 MB
File Type= Rar

Windows 7 နှင့် တွဲသုံးသင့်သော Antivirus 10 မျိုး


List of Anti-Virus Software Compatible with Windows 7


Windows 7 တွင် လုံခြုံရေးဆိုင်ရာ feature အသစ်တွေ ပါဝင်လာပေမယ့် Antivirus ပရိုဂရမ်များကိုတော့ တွဲဖက် အသုံးပြုဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် (၁၀)ခုကတော့ Windows 7 နဲ့ တွဲဖက်အသုံးပြု သင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်..။


AVG Anti-Virus Free Edition
AVG 9.0 ကို အခမဲ့ဗားရှင်း AVG Anti-virus Free ဖြင့် ရရှိနိုင်သလို AVG Anti-virus, AVG Internet Security, AVG Internet Security Business Edition စတဲ့ ပုံမှန်နှစ်စဉ်ကြေး (Subscription Edition) ဖြင့်လည်း ရရှိနိုင်ပါတယ်။ Free Edition မှာ Anti-virus နဲ့ Anti-Spyware တွေကို အသုံးပြုနိုင်ပေမယ့် အလိုအလျောက် update ပြုလုပ်ပေးနိုင်မယ့် စနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ Update ပြုလုပ်လိုတဲ့အခါမှာတော့ manual ဖြင့် ပြုလုပ်နိုင်ပါတယ်။ Subscription Edition မှာတော့ Free Edition မှာ ပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို Phishing နဲ့ Anti-rookit ကာကွယ်မှုစတဲ့ feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AVG package နှင့် ပတ်သက်ပြီး Mysticgeek's review of AVG Free တွင်လည်း
အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။


Avast Anti-Virus Home

လက်ရှိ Avast version ကတော့ 4.8 ဖြစ်ပြီး Version 5.0 ကိုတော့ မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီး ရရှိနိုင်ပါတယ်။ Home Edition မှာ Anti-virus, Anti-Spyware, Anti-rookit, Automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်၊ အခြား feature မြောက်မြားစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Revies of Atast ခေါင်းစဉ်အောက်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။


McAFee

McAFee 2010 ကို Virus Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့် ရရှိနိုင်ပြီး Edition တစ်ခုစီတွင် Anti-Virus, Anti-Spyware, Anti-Phishing နဲ့ Firewall Protection စတဲ့ feature တွေ ပါဝင်ပါတယ်။ အသေးစိတ် အကြောင်းအရာကိုတော့ McAFee မှာ ၀င်ရောက် ကြည့်ရှု့နိုင်ပါတယ်။


Norton Anti-Virus 2010

Norton 2010 ကို Internet Security, Anti-virus စသည့် version နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ၎င်း version နှစ်မျိုးစလုံးတွင် Virus, Spyware, Trojan horse, Worm, Rookit တို့ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် အချက်တွေ ပါဝင်ပါတယ်။ Internet Security version မှာ တော့ Firewall အတွက် နည်းလမ်းနှစ်မျိုး ပါဝင်ပြီး အခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။ Norton website သို့ သွားရောက်ပြီး အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့မှ အချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Safe Run လိုအဆင့်မြင့် feature တွေ ပါဝင် လာသည့်အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


Trend

MicroTrend Micro က ထုတ်လုပ်တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Version တစ်ခုစီမှာ Anti virus နဲ့ Anti sypware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Secruity Version တွင် Web ၊ E-mail နဲ့ Parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Trend Micro Site တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


Panda Security

Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ version များဖြင့် ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Internet Security version တွင် anti-spam, parental control, backup စသည့် feature များ ထပ်ပေါင်းပါဝင်ပြီး Global Protection version မှာတော့ backup နဲ့ PC Tuneup feature များ ပါဝင်လာပါတယ်။ အသေးစိတ်ကိုတော့ Panda Security Site မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။


PC Tools

Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ Virus, Spyware, Trojan, Adware, Worm, Keylogger စသည် များကို ဖယ်ရှားပေးနိုင်ပါတယ်။ PC Tools Site ရဲ့ Site မှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။


Sunbelt Software

Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး ယင်းအတွက် လိုင်စင်ကြေးထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူး။ Sunbelt Software Site မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။


Microsoft Security Essentials

Microsoft Security Essentials ဟာ အခမဲ့ download ပြုလုပ်ကာ အသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ် ဖြစ်ပါတယ်။ Virus, Spyware အပြင် အခြားအန္တရာယ်ရှိတဲ့ Rookit, Trojan စတဲ့ software တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ ပရိုဂရမ်များ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach file များကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Microsoft Security Essentials ရဲ့ site မှာ သွားရောက် download ပြုလုပ် နိုင်ပါတယ်။


Ref: http://www.yatanarpon.com.mm

http://blogs.howtogeek.com/


2009-12-24

အသေးစိပ်သိမှတ်စရာ Windows Disk Cleanup ပြဿနာ

Disk Cleanup Tool ဟာ သင့် ကွန်ပျူတာအတွင်းရှိ hard disk ရဲ့ ဆုံးရှုံးသွားတဲ့ နေရာလွတ်များ ပြန်လည် ရရှိအောင် အကူအညီပေးတဲ့ disk scanner utility တစ်ခုပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ file များကိုလည်း လုံခြုံစိတ်ချ စွာနဲ့ ရှာဖွေပယ်ထုတ် ပစ်နိုင်ပါတယ်။ ဥပမာ- ယာယီပြုလုပ်ပြီး ထည့်ထားသည့် ဖိုင်များပင် ဖြစ်ပါတယ်။ သို့ပေမယ့် လည်း ယင်းကဲ့သို့ file များအား ဖျက်ပစ်ရန်ဆိုသည်မှာ သင့်ရဲ့ရွေးချယ်မှု အပေါ်မှာသာ တည်ပါသည်။ သင့်ရဲ့ hard disk ပေါ်မှာ နေရာလွတ်များ ပိုမိုရရှိစေရေးအတွက် disk cleanup tool ဟာ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ပြုလုပ်ပေးနိုင်ပါတယ်။

(၁) Temporary Internet files များကို ဖယ်ထုတ်ခြင်း။
(၂) Download Program များကို ဖယ်ထုတ်ခြင်း။
(ဥပမာ- အင်တာနက်ထဲမှ download လုပ်ထားတဲ့ Active X controls, Java applets..)
(၃) Recycle Bin အမှိုက်ပုံးထဲမှ ဖိုင်များကို ဖယ်ထုတ်ခြင်း။
(၄) Windows ရဲ့ temporary file များကို ဖယ်ထုတ်ပေးခြင်း။
(၅) သင်မသုံးတော့တဲ့ windows မှာ ပါဝင်လာတဲ့ file စနစ်များကို ဖယ်ထုတ်ပေးခြင်း။
(၆) Install လုပ်ထားပြီး ကာလကာမြင့်စွာ မသုံးပဲထားသည့် program များကို ဖယ်ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို Disk Cleanup က အခြားသော software များရဲ့ အကူအညီကို မယူပဲ Temporary File များကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။

Temporary File ရဲ့ သဘောကလည်း hard disk ထဲမှာ အချိန်ကြာလာတာနဲ့အမျှ temporary file တွေ ပွလာ ပါတယ်။ Temporary File ဆိုတာက ကျွန်ုပ်တို့ Application တွေကိုသုံးပြီး computer ကို ခိုင်းတဲ့နေရာမှာ အဲဒီ application တွေက လူတွေခိုင်းတာကို ပြီးမြောက်စေဖို့ Temp File တွေ hard disk ထဲမှာ သွားဖွင့်ပါတယ်။ ယင်း application များဟာ hard disk ထဲမှာ Temp File တွေကို ထုတ်ပြီး အလုပ်လုပ်စဉ် တစ်ခါတရံမှာ application ထဲက မထွက်ခင် ရုတ်တရက် မီးပျက်သွားခြင်း၊ restart ကျခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်ပြီး temp file များဟာ မပျက်တော့ပဲ hard disk ထဲမှာ ကျန်ရှိသွားပါတော့တယ်။ ကြာလာတဲ့အခါမှာ ဒီ temp file တွေဟာ hard disk မှာ များလာပြီး ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ ယာယီမှတ်သားထားတဲ့ file အပိုလေးတွေ ဖြစ်လာပါတယ်။ ယခုလို မကြာမကြာ ဖြစ်ခဲ့ပါက temp file များရဲ့ နေရာယူမှုဟာ ကွန်ပျူတာရဲ့ free space တွေကိုတောင် ခြိမ်းခြောက်လာပါလိမ့်မယ်။

ဒါဆိုရင် ယင်းကဲ့သို့ မဖြစ်စေပေါ်စေရန်မှာ temp file များကို ဖျက်ဖို့ အခြေအနေအရ လိုအပ်လာပါပြီ။ သူ့ကို လည်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံပြီး ဖျက်ဖို့ မလိုပါဘူး။ Windows မှာ ပါရှိပြီးသား Disk Cleanup နဲ့ပဲ temp file အားလုံးကို တစ်စုတစ်စည်းထဲ ဖျက်လို့ရနိုင်တဲ့အတွက် များစွာ အဆင်ပြေစေပါတယ်..။

ဒါဆိုရင် Disk Cleanup ရဲ့ လုပ်ဆောင်မှုကို စတင်ကြည့်ရအောင်..။

- ပထမဦးစွာ Start button ကို Click နှိပ်ပြီး Run ကို ရွေးချယ်ပါ။
- ပြီးတော့ Run box မှာ cleanmgr လို့ ရိုက်ထည့်ပြီး OK ကို click နှိပ်လိုက်ပါ။ (သို့) Start ကို Click နှိပ်ပြီး All Programs ကို ရွေး ၊ ပြီးတော့ Accessories ကို ရွေး၊ System Tools ကနေတဆင့် Disk Cleanup ပေါ်မှာ click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။




ဒါဆိုရင် ယခုလိုမျိုး တွေ့မြင်ရပါမယ်။ OK button ကိုသာ ထပ်မံပြီး click နှိပ်လိုက်ပါ။







သင့် hard disk ရဲ့ free space ဘယ်လောက် ထွက်လာ မလဲဆိုတာကို စတင်ပြီး တွက်ချက်ပါလိမ့်မယ်။ ခဏ လောက်တော့ စောင့်ရမှာပါ။





(ဆက်လက်ရေးသားပါဦးမည်။ )
လေးစားလျှက်....။
ကျော်မြင့်ဦ; (Knowledge is Free)



Ref: A+ certification (Zaw Lin- Youth)
http://support.microsoft.com/kb/310312




2009-12-23

Traditional Color Theory


အစဉ်အလာ အရောင်သဘောတရား

အိုင်းဆက်နယူတန် ၏ သုံးမြှောင့်ဖန်တုံးဖြင့် ထင်ရှားသော စမ်းသပ်ဖော်ထုတ် ညွှန်ပြမှုများသည် အရောင်သဘော တရားနှင့် ပတ်သက်၍ ကျွန်တော်တို့အတွက် အခြေခံ ရင်းမြစ်များပင် ဖြစ်ပါသည်။ သုံးမြှောင့် ဖန်တုံးတစ်ခုကို ဖြတ်သန်း၍ ဖြာထွက်လာခဲ့သော ရောင်ခြည်တန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အဖြစ် သက်တံရောင်စဉ်ကို နယူတန်သည် ဂရုစိုက် လေ့လာခဲ့ပါသည်။ ဤလက်တွေ့စမ်းသပ် ဖော်ထုတ်မှုအရ အလင်းသည် အရောင်၏ ရင်းမြစ်ဖြစ်ကြောင်း၊ နျူတန်က ကောက်ချက်ချနိုင်ခဲ့ပါသည်။
နယူတန်၏နောက်ပိုင်း ပညာရှင်အသီးသီးတို့သည် သမိုင်းစဉ်ဆက် အရောင်သီအိုရီစနစ်များကို စူးစမ်း လေ့လာ ဖော်ထုတ်ခဲ့ကြရာတွင် မူလအခြေခံအရောင်များအဖြစ် အ၀ါ၊ အနီနှင့် အပြာရောင် သီအိုရီ သဘောများကို အသီးသီး တင်ပြခဲ့ကြပါသည်။ ၎င်းတို့အနက် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု သုံးစွဲခဲ့ကြ သော မန်ဆဲလ် (munsell) ၏ အရောင်စနစ်မှာ ထင်ရှားခဲ့ပါသည်။

ပေါင်းစပ်ရောင်စဉ် The Additive Spectrum

အင်္ဂလန်မှ ရူပပေဗဒပညာရှင် သောမတ်စ်ယန်း (Thomas Young) (1773-1829) သည် နီ၊ ၀ါ၊ ပြာလို အခြေခံ သည့် အရောင်စနစ်အပြင် အနီ၊ အစိမ်း၊ အပြာ၊ အလင်းရောင်သုံးခု အတူတကွ ရောနှောပေါင်းတင်ခြင်းဖြင့် အဖြူရောင်အလင်းကို ထုတ်လွှတ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အနီ၊ အစိမ်းနှင့်အပြာရောင်တို့သည် အလင်း၏ အခြေခံအရောင်များဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်သည်။

အလင်းအခြေခံအရောင် အနီ၊ အစိမ်း၊ အပြာတို့ကို ၁၉၇၀ ပြည့်နှစ် ၀န်းကျင်က စတင်တွေ့ရှိခဲ့သည်။ ဂျာမနီမှ ဟာမန်ဗွန် ဟဲလ်ဟော့ဇ် (HermannVon Helmholtz) ၊ ဗြိတိန်မှ ဂျိမ်းစ်ကလပ်စ် မက်က်စ်ဝဲလ် (James Clark Maxawell ) စသည့် သိပ္ပံပညာရှင်များက အခြေခံအရောင်များကို အတိအကျ သတ်မှတ်တိုင်းတာခဲ့ခြင်း ဖြစ်သည်။

၁၈၇၉ ခုနှစ်တွင် နယူးယောက် ကိုလံဘီယာကောလိပ်မှ ရူပဗေဒပညာရှင် အော့ဒဲန်ရုဒ် (Ogdon Rood) က နီစိမ်းပြာ အခြေခံသည့် ရောင်စုံစက်ဝိုင်းကို တီထွင်နိုင်ခဲ့သည်။

အင်္ဂလန်မှ အေ အိတ်ခ်ျ ချာ့ခ်ျ (A.H Charch) နှင့် အာအေဟူစတန့် (R.A.Houstoun) မြူးနစ်မြို့မှ ၀ီလ်ဟမ် ဗွန်ဘီဇောဒ် (Wilhelm Von Bezold) စသည့် ပညာရှင်များ ၁၉၂၃ ခုနှစ်တွင် အမေရိကန် ပန်းချီဆရာနှင့် ကျောင်းဆရာ မစ်ရှယ် ဂျက်ကော့ဘ်စ် (Michal Jacobs) တို့သည် နီ၊ စိမ်း၊ ပြာ အရောင်သဘောတရားများကို အသီးသီး ဆန်းသစ်ဖော်ထုတ် လေ့လာတင်ပြခဲ့ကြသည်။

နေရောင်ခြည်မှ ရောင်စဉ်များဖြစ်သည့် သက်တံရောင်စဉ်များကဲ့သို့ပင် ပေါင်းစပ်ရောင်စဉ်သည် လျှပ်စစ် သံလိုက်လှိုင်းများဖြစ်သည့် လှိုင်းအလျား ၄၀၀ မှ ၇၄၀ နာနိုမီတာအတွင်းရှိ ရောင်ခြည်တန်းများ ပေါင်းစပ်ပါဝင် နေသော မြင်နိုင်စွမ်းရှိသည့် အလင်းရောင်ခြည်တန်းများ ဖြစ်ပါသည်။ အလင်းရောင်ခြည် လှိုင်းတိုအလျား 400nm မှ 500nm အတွင်း ခရမ်းရောင် Purple မှ အပြာရောင် Blue အထိကို လည်းကောင်း၊ လှိုင်းလတ် အလျား 500nm မှ 600nm ခန့်အတွင်း အစိမ်းရောင် (Green) မှ အ၀ါရောင် (Yellow) အထိကိုလည်းကောင်း၊ လှိုင်းအလျား အနီးဆုံး 600nm မှ 740nm အတွင်း လိမ္မော်ရောင် Orange မှ အနီရောင် Red အထိ လည်းကောင်း တွေ့မြင်နိုင်ပါသည်။

ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်ဆိုရခြင်းမှာ မူလအရောင် အနီ၊ အစိမ်း၊ အပြာ သုံးရောင် ပေါင်းစပ်ခြင်းဖြင့် ကြည်ပေါက်သော အဖြူရောင်အလင်းကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ထက်ပို၍ မူလအရောင် နှစ်ရောင်စီကို အချင်းချင်း တွဲဖက်ပေါင်းစပ်သောအခါ အလင်း၏ ဒုတိယ အရောင်များကို ရရှိစေ ပါသ်ည။ ဥပမာအားဖြင့် အစိမ်းရောင်အလင်းနှင့် အပြာရောင် ပေါင်းစပ်၍ အပြာရောင် (Cyan) ကို ရရှိပါသည်။ အနီရောင်အလင်းနှင့် အပြာရောင်တို့ ပေါင်းစပ်ခြင်းဖြင့် ပန်းသွေးနီရောင် (Magenta) ကို ရရှိပါသည်။ အစိမ်းရောင် အလင်းနှင့် အနီရောင်တို့ ပေါင်းစပ်ခြင်းဖြင့် အ၀ါရောင် (Yellow) ကို ရရှိစေပါသည်။ ထို့ကြောင့် အလင်း၏ ဒုတိယ အရောင်များသည် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့ ဖြစ်ပါသည်။

ဤပေါင်းစပ်ရောင်စဉ် သဘောတရား အရောင်စနစ်သည် အလင်းကို အခြေခံသော Medium များ ဖြစ်သည့် TV, Monitor, Projector များနှင့် Multimedia products များတွင် လက်တွေ့အသုံးပြုပါသည်။ ယနေ့ လူသိများ သော RGB mood အရောင်စနစ်တစ်ခုပင် ဖြစ်ပါသည်။

နုတ်ထုတ်ရောင်စဉ် Subtractive Spectrum

ပေါင်းစပ်ရောင်စဉ် Additive Spectrum ၏ ဒုတိယအရောင်များ ဖြစ်သည့် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့သည် နုတ်ထုတ်ရောင်စဉ်၏ မူလအခြေခံ အရောင်များ ဖြစ်လာပါသည်။ အစဉ် အလာသဘောတရား၏ ဤယူဆချက် အရ အရာဝတ္ထုတစ်ခု၏ အရောင်များသည် အလင်းရောင်ခြည်များမှ နုတ်ထုတ်ခြင်းကို ခံရသည်ဟု ဆိုပါသည်။

RGB

ပေါင်းစပ်ရောင်စဉ်တွင် မူလအခြေခံ အရောင်များအဖြစ် အနီ (Red) ၊ အစိမ်း (Green) ၊ အပြာ (Blue) တို့ကို ဖော်ပြထားသည်။






CMYK

ရောင်စုံပုံနှိပ်ခြင်းနှင့် ပန်းချီရေးဆွဲခြင်းတွင် ရောင်ခြယ်ဆေးတို့၏ အလေ့အထကို ရှင်းလင်းဖော်ပြသောအခါ အနုတ်ရောင်စဉ် သဘောတရားသည် အသုံးဝင်သော ယူဆချက် ဖြစ်ပါသည်။ အလားတူ ဓာတ်ပုံလုပ်ငန်းတွင် လည်း အရောင်စစ်ထုတ်ခြင်း (Color Filter) ပြုရာ၌ အသုံးချနိုင်ပါသည်။ အကြောင်းမှာ အလင်းကို အရာဝတ္ထုက စုပ်ယူထားရှိခြင်းဖြင့် အရောင်များသည် အလင်းတန်းမှ နုတ်ထုတ်ခြင်းကို ခံကြရသည်။


အကြောင်းမှာ အလင်း သက်ရောက်ခံရသော အရာဝတ္ထုက အလင်းတွင် ပါရှိသော အရောင်တို့ကို စုပ်ယူထား ခြင်းကြောင့် ဖြစ်သည်။ မျက်စိဖြင့် မြင်တွေ့ရသော အရောင်များသည် အရာဝတ္ထုများမှ ထုတ်လွှတ်၍ ပြန်ထွက် လာသော ရောင်ပြန်များကို တွေ့မြင်ရခြင်း ဖြစ်သည်။ မျက်စိမှ ထုတ်ယူခဲ့ခြင်း မဟုတ်ပေ။

နုတ်ထုတ်ရောင်စဉ်များ၏ မူလအရောင်များဖြစ်သော Cyan, Magenta နှင့် Yellow တို့ကို ပေါင်းစပ်သောအခါ အနက် (Black) ကို ရရှိစေပါသည်။

ကျွန်တော်တို့သည် မူလအရောင်နှစ်ရောင်စီဟု အချင်းချင်း အတူတကွပေါင်းစပ်သောအခါ အနီရောင် (Red) ၊ အစိမ်းရောင် (Green) နှင့် အပြာရောင် (Blue) တို့ကို ရရှိစေပါသည်။ ထို့ကြောင့် အနီ၊ အစိမ်းနှင့် အပြာ (ပေါင်းစပ်ရောင်စဉ် additive spectrum ၏ မူလ အရောင်များ ) တို့သည် နုတ်ထုတ်ရောင်စဉ် Subtractive Spectrum ၏ ဒုတိယ အရောင်များ ဖြစ်ကြပါသည်။

Artist
များပြားလှသော အ၀ါ၊ အနီ၊ အပြာ တို့ ရှိသည့်အနက် ရောင်စဉ်စက်ဝိုင်းတွင် မူလအရောင်များအဖြစ် ဖော်ပြ ထားရာ ဤနေရာ၌ အပြာကို (Cyan) အဖြစ် ဖော်ပြထားပါသည်။

ပန်းချီအနုပညာရှင်များ၏ ရောင်စဉ် Artists' Spectrum

ယခုတိုင် ပန်းချီအနုပညာရှင်များ အစဉ်အလာ သုံးစွဲခဲ့ကြသော တတိယရောင်စဉ်တစ်ခုအဖြစ် ပန်းချီ အနုပညာ ရှင်များ၏ ရောင်စဉ် Artists' Spectrum ဟု ခေါ်ပါသည်။

အစဉ်အလာ အရောင်သဘောတရားအရ မျက်မှောက်ကာလတွင် ပန်းချီဆရာများ၏ ရောင်စဉ်စက်ဝိုင်းကို တည်ဆောက်ရာ၌ အ၀ါရောင် (Yellow) ၊ အနီရောင် (Red) နှင့် အပြာရောင် (Blue) တို့ကို မူလအရောင်စစ် (Primary Hues) များအဖြစ် စီစဉ်ဖော်ပြကြပါသည်။ ၎င်းတို့ သုံးရောင် အချင်းချင်း ပေါင်းစပ်ရာမှ ဒုတိယ အရောင်များအဖြစ် လိမ္မော် (Orange) ၊ အစိမ်း (Green) နှင့် ခရမ်း (Violet) တို့ကို ရရှိပါသည်။


ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။


Source of Computer User 15 October 2009

2009-12-22

PhotoInstrument 3.1 Image Editor

PhotoInstrument 3.1 ဟာ digital ဓာတ်ပုံများကို ပြုပြင်ရာမှာ စွမ်းဆောင် ရည်ပြည့်ဝပြီး သင်ကြားရတာလည်း လွယ်ကူ လှပါတယ်။ မည်သူမဆို digital ဓာတ်ပုံများရဲ့ အခက်အခဲတွေကို click ကလေး အနည်းငယ် နှိပ်လိုက်ရုံနဲ့ ဖြေရှင်းပေးနိုင် ပါလိမ့်မယ်။ ဓာတ်ပုံ ပြင်ရန်နဲ့ ဓာတ်ပုံကို မိတ်ကပ်လိမ်းခြယ်ရန် အတွက် လွယ်ကူပြီး ကောင်းမွန်တဲ့ software လေးတစ်ခုပါ။ ပြီးတော့ သင့် ဓာတ်ပုံတွေကိုလည်း professional ဓာတ်ပုံဆရာ ရိုက်ကူးထားသည့် လက်ရာမျိုး ကြည့်လို့ ရှု့လို့ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။




Download Now


OS: Microsoft Windows 2000, XP, Vista and Win7
License: Serial
Size: 2.69 Mb
Source of http://www.photoinstrument.com/


Up