2009-09-02

Programmer အကြိုက် Online ရတနာသိုက်များ


ပရိုဂရမ်းမင်း (Programming) ဘာသာရပ်ကို လေ့လာလိုသူများအတွက် Online ပေါ်က ရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေ နက်နဲလေ၊ ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပိုပြီး ကျယ်ပြန့်စွာသိချင်ရင် Online မှာ Programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။

Java
Trail: Learning the Java Language
http://java.sun.com/docs/books/tutorial/java/TOC.html

Sun Microsystem ရဲ့ Java 'Trail' ကတော့ တကယ်ကောင်းတဲ့ site လို့ ပြောရမယ်။ Java ကို လေ့လာတုန်းက နားမလည်တာတွေ အားလုံး၊ ပြဿနာတွေအားလုံးကို ဒီ site ကနေ ဖြေရှင်းပေးနိုင်တယ်လို့ ညွှန်းကြပါတယ်။ 'Trail' site က လက်ဦးအစသမားတွေအတွက် အတော်လေးလုံလောက်တယ်လို့ ဆိုရမယ်။ ဒီ လိုင်းမှာ objects, classes, inheritances, interface နဲ့ packages တွေ အားလုံးနဲ့ပတ်သက်ပြီး အခြေခံကစ ရှင်းပြထားပါတယ်။ ဒီနေရာကနေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို concept အနေနဲ့ အများကြီး ရနိုင်တယ်။ အဆင့်မြင့်ကြီးတွေ မပြောသေးဘဲ အဆင့်လိုက်အသေးစိတ်ကို လေ့လာနိုင်တယ်။ နားလည်လွယ်တဲ့ ဥပမာတွေ အများကြီး ထည့်ပြီးရှင်းပြထားပါသေးတယ်။

Java Beans
http://www.netbeans.org/kb/trails/java-se.html

Java Beans ကတော့ Tutorial တွေလုပ်ဖို့ တကယ့်စာကြည့်တိုက်ကြီး တစ်တိုက်လို့ ပြောရမယ်။ Java Programmer တွေအတွက်သာမက C++ နဲ့ PHP သမားတွေအတွက်ပါ အများကြီး ပတ်သက်နေတဲ့ နေရာလို့ ပြောရမယ်။ Java Beans မှာ Java ပရိုဂရမ်အဖွဲ့ဝင်တွေကလည်း သူတို့ content တွေနဲ့ အများကြီး အထောက် အကူ ပြုထားတာ တွေ့ရတယ်။ အဖွဲ့ဝင်တွေက သူတို့တွေ့ထားတဲ့၊ သိထားတဲ့ ပရိုဂရမ် tutorial တွေကိုလည်း တင်ထားပေးပါတယ်။

Java Lessons
http://javalessons.com

ဒီ website မှာတော့ လေ့ကျင့်ခန်းတွေနဲ့ assignment တွေ အများကြီး သွားတွေ့လိုက်ရတယ်။ Java Lessons က tutorial တွေ များစွာ ပေးထားပါတယ်။ ဒါပေမယ့် ဥပမာတွေပေးပြီးတော့ပဲ focus လုပ်ထားတယ်။ ဒီ site မှာ mechanics of the language နဲ့ ရှုပ်ထွေးလှတဲ့ statement တွေရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြထားတယ်။ ပုံစံ အမျိုးမျိုး ရှင်းလင်းချက်အဖုံဖုံနဲ့ စာကြည့်တိုက်တစ်တိုက်စာလောက် ရှင်းလင်းချက်တွေကို တွေ့နိုင်တယ်။ ဥပမာ တစ်ခုကို click နှိပ်လိုက်တာနဲ့ 'lesson viewer' ကို တွေ့နိုင်ပြီး အဲဒီအထဲမှာ source code တွေကို နောက်ထပ် window တစ်ခုနဲ့ ဖတ်နိုင်မှာပါ။ လိုင်းတစ်လိုင်းစီရဲ့ ရှင်းလင်းချက်တွေကို သိချင်ရင် အခြား window တစ်ခုနဲ့ ထပ်မံလေ့လာနိုင်ပါတယ်။ Code လိုင်းတွေပေါ်က cursor ကို ဖယ်လိုက်တာနဲ့ viewer က ဆက်စပ်နေတဲ့ ရှင်းလင်းချက်တွေကို highlight နဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။ အမြင်ပိုင်းဆိုင်ရာကတော့ ဒီ website ဟာ သိပ်ပြီး တော့ ထူးခြားမှုမရှိပေမယ့် အသုံးကျမှုကတော့ တန်ဖိုးဖြတ်လို့ကို မရနိုင်ပါဘူး။

Java World Community
http://www.javaworld.com/community

Java World ရဲ့ main page မှာတင် တကယ်ကောင်းတဲ့ ဆောင်းပါးတွေ တင်ထားတာတွေ့ရမယ်။ ဒီဆောင်းပါး တွေဟာ programming နဲ့ပတ်သက်ပြီး နားလည်စေနိုင်ရုံမျှမက ချဲ့တွေးမယ်ဆိုရင် အများကြီး တွေးလို့ရတယ့် ဆောင်းပါးတွေ ဖြစ်ပါတယ်။ Java World မှာ community section ဆိုတာပါတယ်။ ဒီ ကဏ္ဍကနေ Java နဲ့ ပတ်သက်တဲ့ Q&A forum တွေအပြင် အခြားသက်ဆိုင်ရာ blog တွေဆီကိုလည်း သွားနိုင်ပါလိမ့်မယ်။

Java Coffee Break
http://www.javacoffeebreak.com/

ဒီ site ဟာ Java Coffee Break ရဲ့ Library of tutorial က အတော်လေးဟောင်းနေပြီလို့ ဆိုရမယ်။ ဒီ site မှာ ရေးတဲ့သူတွေက ၁၉၉၆ လောက်ကတည်းကလေ။ ဒါပေမယ့် တကယ့် language နဲ့ပတ်သက်ပြီး နှိုက်လိုတဲ့ နောက်ပေါက်တွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာကြီး တစ်ခုပါ။ ကိုယ်ဘာတွေ သိချင်လိုချင်တယ် ဆိုတာကို ဒီ site မှာ ဆုံးဖြတ်နိုင်လိမ့်မယ် ထင်ပါတယ်။

C++
Visual C++ Developer Centre
http://msdn.microsoft.com/en-us/visualc/default.aspx

C++ ရဲ့ တရားဝင် website တစ်ခုပါ။ ဒီဘာသာရပ်နဲ့ ပတ်သက်တာမှန်သမျှ အားလုံးအဖြေတွေရှိတယ်ဆိုတဲ့ နေရာမျိုးပေါ့။ Microsoft Developer Network က download နဲ့ tutorial တွေ အများကြီး ဖြည့်ဆည်းပေးထား တယ်။ C++ ကို စတင်လေ့လာချင်သူတွေ၊ စိတ်ပါဝင်စားပြီး ကိုယ်ပိုင်လေ့လာချင်သူတွေအတွက် အထောက် အကူပြုမယ့် site လို့ ဆိုချင်ပါတယ်။

CProgramming.com
http://www.cprogramming.com/
CProgramming.com ဟာ တကယ့်အံ့ချီးဖွယ် tutorial library ကြီးလို့ ဆိုနိုင်တယ်။ C ရော C++ အတွက်ပါ အခြေခံကစပြီး ရှင်းပြနိုင်တဲ့လိုင်း ဖြစ်ပါတယ်။ OpenGL လို ခေါင်းစဉ်အောက်ကနေ လေ့လာစရာတွေ အများ ကြီးပါ။ CProgramming ရဲ့ ပြဿနာတစ်ခုကတော့ update သိပ်မလုပ်တာပဲ ဖြစ်ပါတယ်။ သို့သော်ငြားလည်း ညွှန်းလိုတာကတော့ C++ နဲ့ ပတ်သက်ရင် ဒီ site မှာ အပြည့်စုံဆုံး ရနိုင်တယ် ဆိုတာပဲ။

alt.com.lang.c-c++
http://groups.google.com/group/comp.lang.c++/topics?lnk

Usenet group က C++ နဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ site လို့ ပြောရမယ်။ ဒီ site မှာ ထောင်ပေါင်းများစွာ သော ထောက်ပံ့သူတွေရှိတယ်။ မေးခွန်းလေးတွေ ပြန်ဖြေတာတောင် အသေးစိတ် ဖြေပေးထားတယ်။ ၁၉၈၆ နိုဝင်ဘာလလောက်ကတည်းက ထောင်ပေါင်းများစွာသော post တွေကိုလည်း ဒီမှာတွေ့နိုင်တယ်။ C++ နဲ့ ပတ်သက်ပြီး အတော်လေးလည်း အတွေ့အကြုံဗဟုသုတ ရှိတယ်ဆိုရင် ဒီအဖွဲ့ကြီး ဆက်လက်တည်တံ့နေတာ ကိုပဲ ကျေးဇူးတင်ထိုက်တယ်။ ဒီအထဲမှာ မေးချက်၊ ဖြေချက်၊ ဆွေးနွေးချက်တွေဟာ တစ်ဦးချင်းအနေနဲ့ ကြည့်ကြည့်၊ အဖွဲ့လိုက်အနေနဲ့ ကြည့်ကြည့် တန်ဖိုးမဖြတ်နိုင်စရာ ရတနာသိုက်ကြီးပမာ ယနေ့တိုင် ဖြစ်နေဆဲလို့ ဆိုနိုင်တယ်။

LearnCpp.com
http://www.learncpp.com/

အခြေခံကျကျ tutorial တွေနဲ့ website တစ်ခုပေါ့။ ဒီဘာသာစကားနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူတွေ အတွက် ရည်စူးပြီး သီးသန့်ပညာရှင်ဆန်တဲ့ website လို့ ဆိုနိုင်ပါတယ်။ ဒီ site ဟာ တကယ့်ဈေးကွက်ဝင် ပညာရှင် အဆင့်ဆင့်လောက်အထိကို ရည်စူးပြီး သုတေသန လုပ်ထားတာတွေ တင်ထားတာကြောင့် ခုမှစတင် လေ့လာသူတွေအနေနဲ့တော့ အသက်ရှုမှားလောက်တဲ့ site လို့ ဆိုရမယ်။

CPlusPlus.com
http://www.cplusplus.com/

ဒီ site မှာလည်း tutorial တွေ အများကြီး ရှိတယ်။ အမှန်တော့ ဒီ site မှာ ရောင်းနေတာတွေက လက်ရှိ active ဖြစ်နေတဲ့ forum တွေနဲ့ ဥပမာကောင်းကောင်းတွေ စုစည်းချက်တွေပါ။ ဒါတွေကို အလကား မရပါဘူး။ အဲဒီ ခက်ခဲ နက်နဲတဲ့ source code တွေကို download လုပ်ယူနိုင်ပါတယ်။ Compiled လုပ်တာတွေ၊ run တာတွေကို အခြား DOS သို့မဟုတ် Windows နဲ့ လုပ်ကြည့်နိုင်ပါတယ်။

Visual Basic
Visual Basic Developer Centre
http://msdn.microsoft.com/en-us/vbasic/default.aspx

Microsoft ရဲ့ တစ်ကျော့ပြန် ထိပ်တန်းကျတဲ့ website တစ်ခုလို့ ပြောရမယ်။ Microsoft ရဲ့ ဒီ Visual Basic website ဟာ C++ page တွေကိုလည်း ထည့်ပေးထားတယ်။ Tutorial အမျိုးမျိုးကိုလည်း download လုပ်ယူ နိုင်တယ်။ စိတ်ဝင်စားစရာကောင်းတာက Video Tutorial တွေပါ download လုပ်နိုင်တာပါ။ Microsoft Developer Network ရဲ့ C++ page နဲ့ Sun Microsystem က Java trial တွေကိုလည်း ဒီ site မှာ လေ့လာ နိုင်တာက ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ နောက်ပေါက် ပရိုဂရမ်မာအသစ်တွေအနေနဲ့ ဒီ site က video သရုပ် ပြသင်ကြားချက်တွေဟာ လွန်စွာကောင်းလောက်အောင် အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။

Mark-up and Scripting Languages
W3Schools
http://www.w3schools.com/
ဒီ site မှာ တကယ်ကောင်းတဲ့ array of tutorial တွေကို ပြင်ခွင့်၊ ၀င်ရေးခွင့်တွေ ရနိုင်အောင် စီစဉ်ပေးထား တယ်။ ဈေးကွက်ဝင် script တွေဖြစ်တဲ့ ASP, CSS, HTML, Javascript, PHP, SQL နဲ့ XML တွေ အားလုံး ဒီအထဲမှာ လေ့လာနိုင်တယ်။ ဒီ site ရဲ့ library of tutorials ဟာ အရမ်းကျယ်ပြန့်တဲ့သဘော ရှိတယ်။ လိုချင် သလောက် အရေအတွက် ဒီမှာမလေ့လာနိုင်တာကို အဆိုးမြင်လို့တော့ မရဘူး။ သူထည့်ထားသမျှ content တွေ ဟာ တကယ့်အရည်အသွေးပြည့် စမ်းသပ်ချက်တွေ ဖြစ်နေတာကို အသိအမှတ်ပြုရလိမ့်မယ်။ ဒါပေမယ့် ဥပမာ တွေအများကြီးတော့ ရှိတယ်။ ပြဿနာတစ်ခုခုကို W3School မှာ ကြိုက်ရာဘာသာ language နဲ့ ၀င်ပြီး လေ့လာနိုင်တယ်ဆိုတာက အခွင့်အရေးတစ်ခုလို့ မှတ်လိုက်ပါ။ ပြီးပြည့်စုံတဲ့ site တစ်ခုမဟုတ်သေးပေမယ့် အစ သမားတွေရော၊ ကျွမ်းကျင်သူတွေပါ အားကိုးထိုက်တဲ့ site ဖြစ်ပါတယ်။

PHPFreaks
http://www.phpfreaks.com/
PHP coding တွေနဲ့ပတ်သက်ပြီး tutorial တွေအပြင် တကယ့်ပြောင်မြောက်တဲ့ active forum တွေကိုပါ လေ့လာ နိုင်ပါတယ်။

HTML:An Interactive Tutorial
http://www.davesite.com/webstation/html/
အခြေခံကျကျ tutorial ကောင်းကောင်းတွေ ထည့်ထားတယ်။ HTML ကို စတင်လေ့လာချင်သူတွေအတွက် ကောင်းတယ်။ Coding တွေအပြင် website design တွေကိုပါ အခြေခံကစပြီး လေ့လာနိုင်တယ်။

YourHTMLSource/JavaScript
http://www.yourhtmlsource.com/javascript
JavaScript နဲ့ ပတ်သက်ပြီး နိဒါန်းသဘောလောက်တော့ လေ့လာနိုင်လိမ့်မယ်။ ဒီ site ရဲ့ အဓိကဟာ URL နဲ့ ပတ်သက်ပြီး အကြုံပြုချက်တွေအပြင်၊ HTML နဲ့ ပတ်သက်ပြီး focus လုပ်ထားတာတွေလောက်ပဲ ရှိတယ်။

JavaScript Kit
http://www.javascriptkit.com/javatutors
အတော်လေးဟောင်းနေတဲ့ website လို့ဆိုရမယ်။ Y2K bug တွေနဲ့ပတ်သက်ပြီး ရှင်းချက်တွေရှိတယ်။ JavaScript နဲ့ ပတ်သက်ရင် အရည်အသွေးပြည့် tutorial တွေအများဆုံး စုဆောင်းထားနိုင်တဲ့ library တစ်ခု လို့တော့ အသိအမှတ်ပြုရလိမ့်မယ်။ JavaScript ကို အထူးပြုလိုက်စားသူတွေ အခြေခံကျကျ ပြန်လေ့လာချင် တယ်ဆိုရင် ၀င်ပြီးလေ့လာသင့်တဲ့ site လို့ အကြံပြုချင်ပါတယ်။

SQLzoo.net
http://www.sqlzoo.net/
SQL နဲ့ ပတ်သက်ပြီး နိဒါန်းပျိုးပေးထားတဲ့ site လို့ဆိုနိုင်တယ်။ တကယ့် interactive ဖြစ်တဲ့ ဥပမာတွေ ပေးထားတာက လေ့လာချင်သူတွေအတွက် အထောက်အကူများစွာ ဖြစ်စေပါလိမ့်မယ်။

HTML.net
http://www.html.net/
HTML, CSS နဲ့ပတ်သက်ပြီး အခြေခံကျကျ tutorial တွေ ထည့်ပေးထားတယ်။ Tutorial တွေကတော့ လက်ခံ ချင်လည်း လက်ခံလို့ရသလို လက်မခံချင်ရင်လည်း ရတဲ့ ဉာဏ်ပွားပြီးစဉ်းစားစရာ ပြဿနာတွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကို အခြေခံကျကျ စဉ်းစားပေးထားတယ်။ သူတို့နဲ့ W3School site က tutorial တွေဟာ သိပ် မနီးစပ်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အတွေ့အကြုံ မရှိသေးသူတွေအတွက်ကတော့ အဆင်ပြေစွာ လေ့ကျင့်နိုင်မယ့် နေရာကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

The Python Tutorial
http://docs.python.org/tutorial
အရိုးဆုံးအမည်နဲ့ အရှင်းဆုံး website လို့ ဆိုချင်ပါတယ်။ Python Tutorial များကို အခြေခံကစပြီး တွေးရင် တွေးသလောက် ခရီးရောက်တဲ့ language လို့ ဆိုချင်တယ်။ ကိုယ်ပိုင်အတွေးနဲ့ programming ကို တည်ဆောက်ချင်သူတွေအနေနဲ့ဖြစ်စေ၊ လွယ်လွယ်နဲ့စပြီး အကောင်းဆုံးရလဒ်ကို ရယူဖန်တီးချင်သူတွေ အတွက်ဖြစ်စေ၊ ဒီ site ကတော့ အမှတ်ပြည့်ပေးရမယ့် site လို့ ဆိုချင်တယ်။

Beginners, Non-Programmers
Guide to Python
http://wiki.python.org/moin/BeginnersGuide/NonProgrammers
Python tutorial တွေ အများကြီးပေးထားပြီး နောက်ထပ် အသစ်တွေကို ဆွဲခေါ်ထားတဲ့ site လို့ ဆိုနိုင်တယ်။ အထူးသဖြင့်တော့ ဒီ site ဟာ ကလေးတွေအတွက်ရည်စူးပြီး ကလေးပရိုဂရမ်မာတွေ ထွက်ပေါ်ရေးများ လုပ်ထားသလားလို့ ထင်ရတယ်။ လွယ်လွယ်နဲ့ ပရိုဂရမ်ကို လေ့လာချင်ရင် ၀င်ကြည့်ပေါ့။

Source: Personal Computer Magazine (No.29, September 2009)
Written by AM2
Ref: Atomic.edu
Programming Resources by Chris Taylor





2009-08-08

Microsoft Windows Group Policy Guide


Microsoft Windows Group Policy Guide
Expert guidance for taking advantage of Group Policy in Windows to simplify the management of hundreds-or thousands-of users. Get the in-depth information you need to use Group Policy to administer your enterprise system-direct from industry experts and the Microsoft Group Policy team. With Group Policy and Active Directory directory service, administrators can take advantage of policy-based management to streamline the administration of users and computers throughout the enterprise-from servers running Windows Server 2003 or Windows 2000 Server to workstations running Windows XP Professional or Windows 2000 Professional.

File Type:= PDF, File Size=8 MB , Pages = 758 (English)

download


2009-08-07

Windows Server 2003 in Details


Windows Server 2003 in Details နှင့် ကျွန်ုပ်၏အတွေ့အကြုံများ
Level - Basic, Intermediate
File Type = PDF , File Size = 3.67 MB
Technical Writer - Zaw Lin (Youth)



download

Using FL STUDIO 6





Using FL Studio 6
(ခေတ်ပေါ်နှင့် မြန်မာ့ရိုးရာတူရိယာသံစဉ်များကို ကွန်ပျူတာဖြင့် ဖန်တီးခြင်း)



File Type= PDF , File Size = 7.57 MB
Technical Writer
Zaw Lin (Youth )

2009-08-06

2009-08-01

Using FL Studio 6


Basic Intermediate Level
ခေတ်ပေါ်နှင့် မြန်မာ့ရိုးရာတူရိယာသံစဉ်များကို ကွန်ပျူတာဖြင့် ဖန်တီးခြင်း




download


File Type:= PDF, File Size=20.8 MB

2009-06-12

At War In The 20Th Century

၂၀ ရာစုနှစ် တိုက်ပွဲဟောင်းကို ပြန်တိုက်ခြင်း
( ခိုးကူးမှုနှင့် ဒီဂျစ်တဲလ် )
(မောင်စူးစမ်း)

IT ကမ္ဘာလို့ဆိုလျှင် Software လို့ သိသည်။ Computer Software ဘုရင်က Microsoft ဖြစ်လေသောအခါ IT ဟု ပြောလျှင် Microsoft ကို တန်းပြီး မြင်ကြသည်။ IT နှင့် Microsoft တစ်ထပ်တည်းလို ဖြစ်နေသည်။ Microsoft သူဌေးကြီး Bill Gates က အိမ်တိုင်း ကွန်ပျူတာတစ်လုံးစီ ရှိလာသောအခါ၊ ရုံးခန်းတိုင်း ကွန်ပျူတာ တစ်လုံးစီ ရှိလာသောအခါ Software ခိုးကူးမှုသည် ကွန်ပျူတာလုပ်ငန်းကြီးအား အဓိက ခြိမ်းခြောက်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ အန္တရာယ်ကို ကြိုမြင်သည်။ ထိုသို့ပြောစဉ်က Bill Gates သည် အသက် ၂၀ အရွယ်သာ ရှိသေးသည်။

သူ့ Software က ကွန်ပျူတာတိုင်း သုံးဖြစ်လာသောအခါ သူက software အတု ဖမ်းဖို့ စုံထောက်တပ်ရင်း ဖွဲ့စည်းလာရသည်။ FBI နှင့် DEA အဖွဲ့ဝင်ဟောင်း တို့ကိုငှားပြီး နိုင်ငံအသီးသီးတွင် software အတုဖမ်းဆီးရေး လုပ်ငန်းကို ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတွေက Microsoft စုံထောက်အဖွဲ့ကို ကူညီကြသည်။ သို့ဖြင့် Microsoft သည် software လည်းထုတ်၊ software အတုစစ်ဆင်ရေးကိုလည်း ဆင်နွှဲရသည်။ သို့သော် ယခု software အတု စစ်ဆင်ရေးကို ရာစုနှစ်ဟောင်းစစ်ပွဲမျိုးကို ပြန်လည်ဆင်နွှဲခြင်းသာ ဖြစ်သည်ဟု အဝေဖန် ခံလာရသည်။ အလွန်ခေတ်မီပြီး ခေတ်ရှေ့က အလွန် အလျင်အမြန်ပြေးနေသည်ဆိုသော Microsoft သည် ခေတ်မမီတော့သည့် ၂၀ ရာစုနှစ်က စစ်ပွဲဟောင်းကို ပြန်ဆင်နွှဲနေသည်။ Digital Technology သည် ဖြစ်ထွန်းမှု နှစ်ရပ်ကို မွေးထုတ်သည်။ ပထမအားဖြင့် အရာရာကို ကူးယူနိုင်သည်၊ ခိုးကူးမှုကို တားဆီးလို့မရတော့။ ဒုတိယ အချက်က ပိုပြီးအရေးကြီးသည်။ အခြေခံကျသည်။ Information သည် လုံးဝတံခါးပွင့်သွားခြင်း ဖြစ်သည်။ သတင်းဇာစ်မြစ်ကို ပိတ်ဆို့ထားလို့မရ။ လက်ဝါးကြီး အုပ်ထားလို့မရ။ လွတ်လပ်သော Information ဇာစ်မြစ် (open source) ပေါ်ပြီ၊ မည်သည့် Information ဇာစ်မြစ်ဖြစ်ဖြစ် တံခါးပွင့်ကုန်ပြီ။

ထို့ကြောင့် Microsoft သည် ခေတ်ရှေ့က ပြေးသည်ဆိုပါလျက် ခေတ်ဟောင်းစစ် ဆင်နွှဲနေသည်မှာ အလွန်တုံးရာ အရာကျနေသည်။ ထိုအချက်ကို Bill Gates မသိဘူးလားဟု မေးခွန်းထုတ်သည်။ သိပုံလည်းရ၊ မသိပုံလည်းရ ထစ်နေသည်ဟု ပါမောက္ခတစ်ဦးက ဝေဖန်သည်။ အိုင်တီလောကတွင် ဆောင်ပုဒ်တစ်ခုရှိသည်။ Hardware ကို ၀ယ်ရမည်။ Software ကိုမျှဝေရမည်Bill Gates သည် ထိုဆောင်ပုဒ်ကို ဆန့်ကျင်ပြီး၊ software အတုတွေ လိုက်ဖမ်းသော ရဲလုပ်ငန်းကို ၀င်လုပ်နေသည်။ သို့ဖြင့် အိုင်တီနှင့် ရဲ၊ ပညာနှင့် စုံထောက် မစပ်ကောင်း မတွဲကောင်းတို့ကို လုပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်စေသည်ဟု ဝေဖန်ခံရသည်။

Microsoft Software ၏ အဓိကပြိုင်ဘက်မှာ software အတုလုပ်သူတွေ ခိုးကူးသူတွေမဟုတ်၊ Linux ဟုဆိုသည်။ Linux က လွတ်လပ်စွာ ရယူနိုင်သော software ကိုထွင်သည်။ ဇာစ်မြစ်မှန်သမျှကို တံခါးဖွင့်ပစ်သည်။ Digital Technology ကိုယ်က ဇာစ်မြစ်တံခါးတွေ ဖွင့်ပစ်သည်။ ဒီအထဲ Microsoft Windows တွေလည်း ပါကုန်သည်။


ဘာကလေ စားပွဲဝိုင်း

အိုင်တီလောကတွင် ကမ္ဘာ့စီးပွားရေး ဘာကလေစားပွဲဝိုင်းသည် နာမည်ကြီးသည်။ နိုင်ငံရေး သိပ္ပံပညာရှင် နှစ်ဦး၊ ဘောဂဗေဒပညာရှင်တစ်ဦးနှင့် အိုင်တီလောကခေါင်းဆောင်းများ ပါဝင်ဆွေးနွေးကြသည်။ ထိုစားပွဲဝိုင်း၌ Microsoft ၏ ခိုးကူးဆော့(ဖ်)၀ဲတို့အပေါ် စစ်ဆင်ရေးသည် အောင်မြင်ပါ့မလားဆိုသော မေးခွန်းလည်း ပါသည်။ ထိုမေးခွန်းအပေါ် အာရုံမစိုက်တာက ပိုကောင်းသည်ဟု ဘောဂဗေဒပညာရှင် ဒီလောင် ကပြောသည်။ ပရိုဂရမ် တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလို မဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ် ဟု ပြောသည်။ တကယ့် ဥာဏ်ပညာပစ္စည်း ဆိုသည်မှာ လက်တွေ့အလုပ်စနစ်တစ်ခုကို ဘယ်လောက်ပဲ ဟောင်းဟောင်း ဆက်သုံးနေရမည်ဟု မဆိုလိုကြောင်း Microsoft သိပုံမရပေ။ စင်စစ် software အဟောင်း ဆိုရင်း အလကား ပေးပစ်ဖို့ပင် ကောင်းသည်။ ကမ္ဘာတစ်ဝှမ်းက လူတွေ သူတို့ရဲ့လက်တွေ့အလုပ်စနစ်ကို version ဟောင်းအတိုင်း သုံးစွဲစေချင်တာကတော့ ဘယ်မှန်ပါ့မလဲဟု အခြား ဘောဂဗေဒပညာရှင် စီဘာက ဝေဖန်သည်။ Software ဆိုသည်မှာ လက်တွေ့အလုပ်စနစ် Operating System ကို ခေါ်သည်။

Software ခိုးကူးခြင်းသည် ကျင့်ဝတ်သီလ ပြသနာမဟုတ်။ မဟာဗျူဟာ ပြသနာဖြစ်သည်။ Digital Technology သည် မည်သည့်အရာကိုမဆို ချက်ချင်း ချွတ်စွပ်ပုံတူကူးနိုင်၊ ပွားနိုင်သည်။ ထိုသို့ အပြောင်းအလဲ တွင် Microsoft က ခိုးကူးခြင်းအပေါ် စစ်ဆင်နေခြင်းသည် တိုက်ပွဲအဟောင်းတစ်ခုကို နောက်ဆုံး တိုက်ကြည့် နေခြင်းသာ ဖြစ်သည်။ အမှန်က လက်တွေ့အလုပ်စနစ် software ကို အလကားပေးလိုက်၊ တန်ဖိုးဖြည့် ၀န်ဆောင်မှုကိုသာ ကိုယ်ကရောင်းချရန် စီစဉ်သင့်သည်။ ယခု Microsoft လုပ်ပုံက ကာကွယ်လို့မရတော့သည့် Information ကို ဇွတ် ကာကွယ်နေသည်။ ခိုးကူး Software တွေနောက်သာ အသေအလဲ လိုက်နေသောအခါ တရုတ်လို နိုင်ငံတို့က ပစ္စည်းလိုင်း ပြောင်းလိုက်ရုံပဲဖြစ်မည်။ Microsoft ပစ္စည်းကို မသုံးဘဲ Linux ပစ္စည်းတို့ကို လိုင်းပြောင်းသုံးစွဲသည်။ ထိုအခါ Microsoft လုပ်ပုံက မိမိပြိုင်ဘက် Linux အတွက် ကြော်ငြာပေးသလို ဖြစ်လာသည်။ ခိုးကူး software ဖမ်းရန် တစ်ဒေါ်လာကုန်ကျတိုင်း Linux အတွက် ၁၀ ဒေါ်လာဖိုး ကြော်ငြာပေးသလို ဖြစ်သွားသည်။

အနာဂတ်ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ ဘန်ဂလိုမှ ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ Microsoft Software နှင့်မလေ့ကျင့်ဘဲ Linux တံခါးဖွင့်ဇာစ်မြစ် Open Source တို့ဖြင့် လေ့ကျင့်လာ ကြလိမ့်မည် ဖြစ်သည်။ ကွန်ပျူတာ တက္ကသိုလ် တို့သည် Linux တံခါးဖွင့် ဇာစ်မြစ်ကို အခမဲ့ရနိုင်ပြီ။

Program တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလိုမဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ်။

တံခါးဖွင့်ဇာစ်မြစ်က Microsoft ကို အလဲထိုးနေပြီဆိုသောအချက်ကို Microsoft မှ တာဝန်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် က သိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက တာဝန်ခံတစ်ယောက်က တံခါးဖွင့်ဇာစ်မြစ်သည် တီထွင် ဆန်းသစ်မှုကို ဖျက်ဆီးသည်ဟု ပြောဆိုသောကြောင့် ဖြစ်သည်။ ဒီပုဂ္ဂိုလ် ပြောင်းပြန်ပြောနေပုံရသည်။


Information လောက အလုံးစုံဖြစ်ရေး

Technology လောကသည် တီထွင်ဆန်းသစ်မှုတွေများသလောက် ပြိုင်ဘက်ချင်း တိုက်ပွဲတို့ကလည်း အတော် ပြင်းထန်သည်။ အထက်တွင် Microsoft နှင့် Linux တို့ တိုက်ပွဲဖြစ်သလို ယခုလည်း Google နှင့် စာအုပ် ထုတ်ဝေသူများ တိုက်ပွဲပြင်းထန်လာသည်။ Google က Electronic စာအုပ်ထုတ်ဝေသူဖြစ်သည်။ Google က မကြာသေးမီက အစီအစဉ်တစ်ရပ်လုပ်သည်။ မည်သည့် စာကြည့်တိုက်ကမဆို မည်သည့်စာအုပ်ကို မဆို၊ Google Website သို့တင်ပါ။ Google က ပုံနှိပ်စာအုပ်တို့ကို Electronic Version အဖြစ် ပုံစံပြောင်းလဲပေးမည်၊ ရောင်းချပေးမည်ဟု ကြေညာသည်။ စာကြည့်တိုက်တွေအားလုံး Online တင်ပြီး Electronic Version ဖြင့် ၀ယ်ယူလိုသူတို့ထံ အောက်ချပို့ပေးမည်ဟု ဆိုခြင်းဖြစ်သည်။

ပုံနှိပ်စာအုပ် ထုတ်ဝေသူများအသင်းက Google ကိုကန့်ကွက်သည်၊ တရားလည်း စွဲသည်။ Google လုပ်ပုံသည် မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်သည်ဟု စွပ်စွဲသည်။ ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ Google ၏ ချေပပုံကလည်း သင့်သည်ဟု ဆိုရမည်။ Google ၏ Mission သည် Information ကို လောကအလုံးစုံတွင် အသုံးဝင်ရေးနှင့် ရရှိနိုင်ရေး Universally useful and Accessible ဟုဆိုသည်။ Information နှင့် Education ကို ပုံနှိပ် Media ကသာ လက်ဝါးကြီးအုပ် ထားရန်မသင့်။ Technology နည်းသစ်တို့ဖြင့် ဖြန့်ချီနိုင်လျှင် ဖြန့်ချီဖို့သာဖြစ်သည်။ တားမြစ်ရန် မဟုတ်ဟုဆိုသည်။ Digital နည်းဖြင့် စာအုပ်ကို သိုမှီးခွင့်ရှိသည်။ ဤနည်းသည် တရားမျှတသော အသုံးချမှု (fair use) မှုနှင့် အကျုံးဝင်သည်ဟု ဆိုသည်။ စာအုပ်ကို Scan ပြု၍ Copy လုပ်ခြင်းကို တားမြစ် သင့်မသင့် ပြဿနာအတွက်လည်း တရားရုံး ရောက်နေသည်။

အထက်ပါ အကြောင်းအရာနှစ်ရပ်ကိုကြည့်လျှင် Software ကိစ္စ၌ တံခါးဖွင့်ဇာစ်မြစ် က အိုင်တီလောကကို ကိုင်လှုပ်ကြောင်းကို တွေ့ရမည်။ စာအုပ်ကိစ္စ၌ စာကြည့်တိုက်အားလုံးကို Online တင်ပစ်လိုက်သည့် ကိစ္စက စာအုပ်ထုတ်ဝေရေး လောကကို ကိုင်လှုပ်ပစ်နေကြောင်းကို တွေ့ရမည်။ Information နှင့် Education လောကဟူသည် ရှေ့၌ ပိုပြီးပြင်းထန်သောတုန်ခါမှုတို့နှင့် တွေ့ရမည့်လောက ပါကလားဟု ကြိုတင်ရိပ်စား မိနိုင်ရန် လိုသည်။


အညွှန်း - NewsWeek

မောင်စူးစမ်း


2009-05-09

How to fix NTLDR is Missing


NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင် ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။ ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည်လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး NTLDR ပျောက်သွားပါက Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်တဲ့အချိန်မှာ-
NTLDR is missing
Press any key to Restart
ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်မလာတော့ပါ။ ယင်းအခြေအနေ ဖြစ်ပေါ်ရခြင်းမှာ-
(၁) Boot မလုပ်ပေးနိုင်သော နေရာမှ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
(၂) Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။
(၃) NTLDR ပျက်ခြင်း (သို့မဟုတ်) ၎င်းနှင့်အလားတူ NTDETECT.COM ဆိုသည့် ဖိုင်ပျက်ခြင်း။
(၄) Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။
(၅) FAT 32 ကို အသုံးပြုထားသည့် Win 95, 98 နှင့် ME တို့မှ Windows XP သို့ Upgrade လုပ်ထားမိခြင်း။
(၆) Hard Disk အသစ်တစ်လုံးအား ထပ်မံ၍ တပ်ထားမိခြင်း။
(၇) Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows 2000 (သို့မဟုတ်) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း။
(၉) IDE (သို့) EIDE hard disk ၏ Data Cable ပျက်စီးဆုံးရှုံးသွားခြင်း စသည့် အကြောင်းရင်းများကြောင့် ယခု ကဲ့သို့ ပြဿနာများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ဖြေရှင်းနည်း (၁)

Windows XP Installer CD ဖြင့် ဖြေရှင်းခြင်း။


(၁) ရှေးဦးစွာ Windows XP CD ကို ကွန်ပျူတာရှိ Drive တွင်ထည့်ပြီး CD ကနေ Boot တက်လိုက်ပါ။
(၂) Welcome to Setup ဆိုတဲ့ Screen ပေါ်လာပါက Keyboard မှ Repair လုပ်ရန်အတွက် R ကို နှိပ်လိုက်ပါ။
(၃) မိမိပြင်မည့်စက်တွင် Windows တစ်ခုတည်းရှိပါက 1 လို့ရိုက်ထည့်ပြီး Enter ကိုနှိပ်လိုက်ပါ။ (C Partition ကို 1 ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။)
(၄) Administrator Password ရှိပါက ရိုက်ထည့်ပေးလိုက်ပါ။ မရှိပါက Enter ကိုသာနှိပ်လိုက်ပါ။
(၅) Command Prompt မှ နေ၍ NTLDR နှင့် NTDETECT.COM ဆိုတဲ့ ဖိုင် (၂)ဖိုင်ကို CD Drive မှ Hard Disk ထဲသို့ Copy ကူးထည့်ရပါမယ်။ အောက်မှာ ဥပမာပြထားတဲ့ Command များကတော့-
C: ဆိုသည်မှာ Hard Disk ကို ကိုယ်စားပြုပြီး၊ D: ဆိုသည်မှာ CD Drive ကို ကိုယ်စားပြုထားပါတယ်လို့ ဆိုကြ ပါစို့။ ထို့ကြောင့် သင့်အနေဖြင့် Drive Letter ကို ပြောင်းပေးရပါမယ်။ Keyboard မှ Map လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါက CD Drive နဲ့ Windows Partition တို့ရဲ့ Drive Letter များကို ပြပါမယ်။

COPY D:\I386\NTLDR C:\

COPY D:\I386\NTDETECT.COM C:\

Command တစ်ခုရိုက်ပြီးသွားသောအခါ Keyboard မှ Enter နှိပ်လိုက်ပါ။ 1 File(s) Copied လို့ ပြပါက File Install လုပ်တာ အောင်မြင်သွားပါပြီ။ (၂)ဖိုင်စလုံး Copy ကူးတင်ပြီးသောအခါ Windows CD အခွေကို Drive ထဲက ပြန်ထုတ်ပြီး Computer ကို Researt ပြန်ချလိုက်ပါ။

ဖြေရှင်းနည်း (၂)

NTLDR Boot Disk ဖြင့် ဖြေရှင်းခြင်း။

(၁) NTLDR Fixing Bootable CD တစ်ချပ်ဖန်တီးရန်အတွက် fixntldriso.zip ဖိုင်တစ်ဖိုင်ကို Download ပြုလုပ်ထားပါ။
(၂) ထို့နောက် ရရှိလာသော Zip ဖိုင်ကို Win RAR ဖြင့် Extract Files ပြုလုပ်ပါ။ ရရှိလာသော zip file အတွင်းမှ ဖိုင် (၈)ဖိုင်စလုံးကို Nero ဖြင့် CD-ROM(ISO) Format ဖြင့် ခွေကူးလိုက်ပါ။
(၃) ရရှိလာသော Bootable CD ခွေကို CD Drive တွင်ထည့်ပါ။ ထို့နောက် Computer ကို ပြန်ဖွင့်ပြီး Keyboard မှ Delete Key (or) Bios အတွင်းသို့ဝင်ရောက်ရန်အတွက် ညွှန်ကြားပြသထားသော Key တစ်ခုခုကို နှိပ်လိုက်ပါ။ ထို့နောက် Boot Device တွင် 1st Boot Order ကို CD Drive ကို ညွှန်းပေးပါ။
(၄) ထို့နောက် Save and Exit ပြုလုပ်ပါ။ ထိုအခါ Press any key to boot from CD...ပေါ်လာပါမည်။ Keyboard မှ key တစ်ခုခုကို နှိပ်လိုက်သောအခါ အောက်ပါအတိုင်း စာတန်းများကို မြင်တွေ့ရပါမည်။

1ST TRY THIS seleccione esto primero
2ND TRY THIS essayez ceci en deuzieme
3RD TRY THIS wahlen Sie diesen Third
4TH TRY THIS selezioni questo fourth
5TH TRY THIS selecione este fifth
6TH TRY THIS seleccione este sexto
7TH TRY THIS essayez ceci en septieme
8TH TRY THIS wahlen Sie dieses achte
9TH TRY THIS selezioni questo nono
10TH TRY THIS selecione este decimo

(၅) 1ST TRY THIS seleccione esto primero ကိုသာ ရွေးချယ်ပြီး Enter ကို နှိပ်လိုက်ပါ။ ထိုအခါ Windows ပြန်တက်သွားသည်ကို မြင်တွေ့ရပါမယ်။

For more Details: http://tinyempire.com


2009-04-30

Defrag

Defrag All One TimeDefrag All One TimeDefrag All One TimeDefrag All One Time

2009-03-07

How to add a falling Snow Effect to blogspot

Blog စာမျက်နှာပေါ်တွင် နှင်းပွင့်ကလေးများ ကျဆင်းနေသည့် Effect လေးတစ်ခုကို ပြုလုပ်လိုပါသလား။ လူတိုင်း ပြုလုပ်နိုင်ပြီး လွယ်ကူမှုလည်း ရှိပါတယ်။ ပြုလုပ်ရန်မှာ-
(၁) အောက်ဖော်ပြပါ java code များအား Copy ကူးယူလိုက်ပါ။

<script src="http://snow-effect.googlecode.com/files/snow.js" type="text/javascript">

/***********************************************
* Snow Effect without images-by Kurt Grigg at
http://www.btinternet.com/~kurt.grigg/javascript
* Script featured & available at Dynamic Drive at
http://www.dynamicdrive.com/
* Please keep this notice intact
***********************************************/

</script>

(၂) ထို့နောက် Layout သို့သွားပါ။

(၃) Add Gadget ကို Click နှိပ်ပြီး ရွေးချယ်လိုက်ပါ။

(၄) ပြီးတော့ HTML(or)JavaScript ကို ရွေးချယ်ပြီး Paste လုပ်ပေးပြီး Save လုပ်ပေးလိုက်ခြင်းအားဖြင့် သင်လိုချင်သော ဆောင်းရာသီကို ပြန်ရောက်ပါပြီ။

Ref: http://interestingwebs.blogspot.com

Up