2010-12-08

Kaspersky Internet Security 2011 Keys 12.01.2011


Kaspersky 2010 ကို activate ပြုလုပ်ရန်အတွက်-
(၁) Internet Connection ကို ခေတ္တပိတ်ထားပေးပါ။
(၂) Trial Version အတွက် Invalid ဖြစ်သော key တစ်ခုခုကို ထည့်သွင်းပေးရပါမည်။
ထို့ကြောင့်
11111-11111-11111-1111X ဟု ထည့်ပေးလိုက်ပါ။ အမှားပြလာသောအခါ File Browser မှတဆင့် ယခု ရရှိလာသော Key များအတွင်းမှ အဆင်ပြေရာ Version အလိုက် ရွေးချယ်သတ်မှတ်ပေးလိုက်ပါ။ Kasper ချစ်သူများ အဆင်ပြေပါစေဗျား။

2010-11-05

Install Windows 7 From USB Drive


USB Flash Drive ကို အသုံးပြုပြီး Windows Vista, Windows 7 တင်လိုသူများအတွက် ရာနှုန်းပြည့် လုပ်ဆောင် ချက်များ ဖြစ်ပါသည်။ Memory Stick ဖြင့် Windows တင်ရန် bootable ပြုလုပ်ပုံမှာ နည်းစနစ်များစွာအနက်မှ ယခုလုပ်ဆောင်မှုမှာ အလွယ်ကူဆုံးဖြင့် မိနစ်ပိုင်းအတွင်း ပြီးစီးစေမည်ဖြစ်သည်။

Requirements:

(1) Memory Stick အနည်းဆုံး 4GHz ရှိရန် လိုအပ်ပါမည်။
(2) အသုံးပြုလိုသည့် Windows 7 (or) Windows Vista အခွေလည်း အဆင်သင့် ရှိထားရန်လိုအပ်ပါသည်။
(3) Memory Stick ကို ကွန်ပျူတာရှိ USB Port တွင် တပ်ဆင်လိုက်ပါ။
(4) ထို့နောက် Keyboard မှ Windows Key + R ကို တွဲနှိပ်လျှက် Run ကို ဖွင့်လိုက်ပါ။
(5) Run box ထဲတွင် cmd ဟု ရိုက်ထည့်၍ Enter key ကို နှိပ်လိုက်ပါ။
(6) Command Prompt ထဲတွင် DISKPART ဟု ပထမဦးစွာ ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။


(7) ထပ်မံပြီး LIST DISK ဟု ရိုက်ထည့်ပါ။ အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ သင့် Memory Stick ရဲ့ Size အရွယ်အစားကိုတော့ ကြိုတင်၍ သတိပြုကြည့်ထားပါ။ Disk 0 မှာ 298 GB ဖြစ်ပြီး၊ Disk 1 မှာ 3836 MB ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါပုံအရ ကျွန်ုပ်၏ Memory Stick Size မှာ Disk 1 ကို ကိုယ်စားပြုထားပါသည်။

အကယ်၍ သင့်မှာ Drive (၂)ခု ရှိခဲ့ပါက Disk 2 ဟု ရိုက်ထည့်ရပါမယ်။ မသေချာပါက Hard Disk တစ်ခုတည်း သာထားရှိသော စက်တွင်သာ ပြုလုပ်ပါစေလိုပါတယ်။ တစ်စုံတစ်ရာ Drive Letter အညွှန်းမှားယွင်း ရိုက်ထည့် မိပါက Drive ရှိ Partition Table (MBR) ပျက်ဆီးကာ Drive Letter များ ပျောက်ဆုံးသွားတတ်ပါသည်။ ထို့ကြောင့် သေချာစွာ ဂရုပြုစေလိုပါတယ်။ ကိုယ်တွေ့ပါပဲ။ :)

ထပ်မံပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါတယ်။

SELECT DISK 1

CLEAN

CREATE PARTITION PRIMARY

SELECT PARTITION 1

ACTIVE

FORMAT FS=NTFS

(Format လုပ်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းရပါမည်)

ASSIGN

EXIT

Command Prompt မှ မထွက်ပါနဲ့အုံး။ Minize လုပ်ထားလိုက်ပါ။ ထို့နောက် Windows 7 (သို့) Vista ခွေကို သင့် DVD Drive ထဲသို့ ထည့်ပေးလိုက်ပါ။ သင့် Drive ရဲ့ Drive Letter ကို ကြိုတင်မှတ်သားထားပါ။ ယခု ဖော်ပြထားသည့် နမူနာ လုပ်ဆောင်ချက်အရ CD Drive ကို (D:) ဟု သတ်မှတ်ပြီး၊ USB Drive Letter ကိုတော့ (H:) လို့ သတ်မှတ်ထားတယ်ဆိုပါစို့။

ဒါကြောင့် Command Prompt ကို ပြန်ဖွင့်လိုက်ပြီး-

D: CD BOOT

ဟု ရိုက်ထည့်ပါ။ ( D: ဆိုသည်မှာ သင့်စက်ရှိ DVD Drive တပ်ဆင်ထားသော location ကို ညွှန်းပါသည်။)

CD BOOT
ဟု ရိုက်ထည့်လိုက်ပါအုံး။ ဒါဆိုရင် အောက်ပါအတိုင်း message များကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့နောက်

BOOTSECT.EXE /NT60 H
:
ဟု ရိုက်ထည့်လိုက်ပါအုံး။ USB Drive အတွက် BOOTMGR ကို အဆင်ပြေစေမယ့် command ဖြစ်ပါတယ်။
(H: ဆိုသည်မှာ သင့်ရဲ့ Memory Stick ကို ကိုယ်စားပြုပါတယ်။)


ဒါဆိုရင် Windows7 ခွေထဲက File အားလုံးကို Copy ကူးယူ၍ Memory Stick အတွင်းသို့ ထည့်ပေးလိုက်ပါ။ သင့်အတွက် လွန်စွာအသုံးတည့်စေမယ့် USB Bootable, Windows 7 Version Stick လေးကို ပိုင်ဆိုင်သွားပြီ ပေါ့။ အဆင်ပြေကြပါစေဗျား။

Source of : http://www.intowindows.com/

2010-11-04

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁၀)ခု


Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွှန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်
Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်
တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ်တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အ၀ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်
ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွှန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်
တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ၀င်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်
Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်
Portableapps.com မှာ ရွှေ့ပြောင်းသယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefox, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်
တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက်မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ၀င်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ၀ှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပါတယ်
USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွှေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွှေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop box နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop box ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linux OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်
Linux အနွယ်ဝင် OS တွေဟာ virus အန္တရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linux OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Source: NetGuide_ 6 November 2010



How to easy recovery from lost partition?


Partition တစ်ခုကို Fdisk, DISKPART, Partition Magic အသုံးပြုစဉ် မတော်တဆ ဖျက်လိုက်မိပါက hard disk အတွင်းရှိ အရေးကြီး data များအား ဆုံးရှုံးမှု ကြုံတွေ့စေနိုင်ပါသည်။ ထို့ကြောင့် ပျက်ဆီးသွားသော partition table အတွင်း ရှိ အရေးကြီးအချက်အလက်များအား ပြန်လည်၍ ဆယ်ယူနိုင်ရန်အတွက် Active@ Partition Recovery ကို အသုံးပြုနိုင်ပါသည်။



ထို့နည်းတူ Free ပေးထားပြီး အသုံးပြုရလွယ်ကူသော Partition Recovery တစ်ခုဖြစ်သည့် EASEUS ကိုလည်း အသုံးပြုနိုင်ပါသည်။ ပျက်ဆီးဆုံးရှုံးသွားသော Partition အတွင်းရှိ data များနှင့် unallocated နေရာများပါမကျန် ပြန်လည်ဆယ်ယူနိုင်ပါသည်။

Download for:

Active@Partition Recovery
EASEUS Partition Recovery


2010-11-02

IE 8 Crash ဖြစ်ခြင်းအား ဖြေရှင်းနည်း

အချို့ Page တွေထဲကို ၀င်တဲ့အခါမှာ Internet Explorer 8 က ချက်ချင်း crash ဖြစ်သွားတတ်ပါတယ်။ Browser crashes တွေကို PC ရဲ့ အချက်အလက်တွေ၊ OS တွေ စတာတွေပေါ်မူတည်ပြီး ဖြေရှင်းလို့ ရပါတယ်။ ဒါက အခြား browser မှာ မဖြစ်ဘူး၊ ရေတိုပြဿနာဆိုရင်တော့ အခြား browser တစ်ခုခုကို ပြောင်း သုံးပါ။ ပြဿနာ ဖြစ်နိုင်တဲ့ အချက် ၂ ချက်က ပျက်နေတဲ့ add-on တစ်ခုခု၊ ဒါမှမဟုတ် Flash plug-in တစ်ခု ဖြစ်နိုင်ပါတယ်။ Adobe က ရရှိနိုင်တဲ့ uninstall utility ကိုသုံးပြီး Flash player plug-in နဲ့ Active X Component ကို uninstall လုပ်ပါ။ ပြီးသွားရင်တော့ PC ကို reboot ပြန်လုပ်ရပါမယ်။ နောက်တစ်ဆင့် အနေနဲ့ IE ကို ပိတ်ပြီး Default setting တွေအတိုင်း restart ချလိုက်ပါ။ ဒါက ပြဿနာရှိတဲ့ add-on တွေကို ဖယ်ရှားပေးပါတယ်။ Windows 7 နဲ့ Vista သုံးသူတွေအတွက်ကတော့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်ပါ။


(1) Start ကို click နှိပ်ပြီး Internet Options လို့ ရိုက်ပြီး Enter ခေါက်ပါ။
(2) Advance Tab ကို နှိပ်ပါ။ Reset button ကို နှိပ်ပါ။ ''Delete Personal Setting" ဆိုတာကို အမှန် မခြစ်ပါနဲ့။ ပြီးရင် reset ကို click လုပ်ပါ။


(3) IE ကို Restart လုပ်ပြီးသွားရင် Adobe's Flash Player Page ထဲဝင်ပြီး Flash Player install လုပ်ရမယ့် နည်းတွေအတိုင်း ဆောင်ရွက်ပါ။



ကဲ အခု ကိုယ် crash ဖြစ်ခဲ့တဲ့ site တွေကို ပြန်ဝင်ကြည့်ပါ။ Crash ဖြစ်မှာ မဟုတ်တော့ပါဘူး။ ပြဿနာ ရှိသေး ရင်တော့ ကိုယ်အသုံးပြုထားတဲ့ add-on တွေအားလုံး reinstall ပြန်လုပ်ပြီး ပြဿနာရှိသေးလားဆိုတာ တစ်ဆင့်စီ စစ်ဆေးကြည့်ပါ။

2010-10-30

Canon iP3680 Resetting


Canon iP3680 တွင် Power နှင့် Resume ခလုတ်မီးတို့ တစ်ကြိမ်စီ အလှည့်ကျ မှိတ်ချည်ပေါ်ချည် လင်းနေပါ မည်။ ထိုသို့ဖြစ်ခြင်းမှာ Printer အတွင်းရှိ Ink Absorber မှာ ပြည့်လုနီးပါး ဖြစ်နေမှုကြောင့် ဖြစ်သည်။ ဒါကြောင့် Printer ရဲ့ Counter Protection များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ပြုလုပ်ရန် လိုအပ်ပေသည်။

Reset ပြုလုပ်ခြင်းလုပ်ငန်းစဉ် မစတင်မီ ရှေးဦးစွာ Power Cable နှင့် USB Cable များကို သေချာစွာ တပ်ဆင်ထားပေးပါ။ ထို့နောက် iP3680 Service Tool ကို download ပြုလုပ်ထားပါ။

ပထမအဆင့် ( Service Mode သို့ ၀င်ရောက်ခြင်း)
- Power ကြိုးများကို မဆွဲဖြုတ်ပဲ Power ကို ပိတ်ထားလိုက်ပါ။
- Resume ကို ဖိထားလျှက် Power ခလုတ်ကို နှိပ်၍ ဖွင့်လိုက်ပါ။ (Power ကိုဖိထားလျက်ပင် Resume ခလုတ် ကို လွှတ်လိုက်ပါ။)
- ထို့နောက် Resume ခလုတ်ကို (2)ကြိမ်တိတိ ဆက်၍နှိပ်၊ Power ခလုတ်ကို လွှတ်လိုက်ပါ။
- ထိုအခါ အလှည့်ကျလင်းနေသော error မီးမှာ ပျောက်သွားသည်ကို သတိပြုကြည့်ပါ။ ယင်းကဲ့သို့သော အခြေ အနေမှာ Service Mode အတွင်းသို့ ရောက်ရှိနေခြင်းကို ပြသပါသည်။

ဒုတိယအဆင့် ( Resetter ကို အသုံးပြုခြင်း )
- Download ပြုလုပ်၍ ရရှိလာသော "iP3680.exe" ဖိုင်ကို ဖြည်ထုတ်၍ Double Click ပြုလုပ်ပါ။
- Reload ကို Click နှိပ်၍ USB Port ကို ရှာဖွေလိုက်ပါ။
- Printer တွင် စာရွက်အနည်းငယ်ထည့်ထားပေးပြီး Main ပေါ်တွင် click တစ်ချက်နှိပ်ပေးပါ။ Print ထုတ်သည် အထိ ခေတ္တစောင့်ပေးရပါမယ်။
- ထို့နောက် EEPROM Clear ကိုနှိပ်၍ Printer ရဲ့ EEPROM ကို ရှင်းပေးလိုက်ပါ။
- ပြီးနောက် EEPROM ကို click နှိပ်လိုက်တဲ့အခါ Printer မှ စာသားအချို့ကို Print ထုတ်ပေးပါမယ်။
- ထို့နောက် Power ခလုတ်ကို နှိပ်၍ ပိတ်လိုက်ပါ။ (တစ်ခါတစ်ရံတွင် Power ခလုတ်ကို နှစ်ချက်နှိပ်၍ ပိတ်ပေး ရသည်လည်း ရှိတတ်ပါသည်။) ပြီးနောက် Power ကို တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါမည်။


2010-09-20

How to reset Samsung SCX-4300 toner counter


Samsung SCX-4300 Printer အားဝယ်ယူစဉ်က တွဲလျက်ပါရှိလာတဲ့ Toner Cartridge များဟာ သတ်မှတ်ထားတဲ့ Counter အရေအတွက် ပြည့်သွားခဲ့ပြီဆိုရင် ဆက်လက် ထုတ်ယူရန် ငြင်းဆန်ပါလိမ့်မယ်။ Menu ထဲတွင်လည်း Toner Exhausted, Replace Toner ဆိုတဲ့ error massage များပြသပြီး အနီရောင် Status လေးနဲ့ အချက်ပြနေပါလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ Toner Cartridge ဟာ ဆေးအသစ်များ ထပ်မံ ဖြည့်သွင်းထားပေမယ့် လုပ်ဆောင်ချက်များ ရပ်တန့်နေပေလိမ့်မည်။ တနည်းအားဖြင့် ယခုဖြစ်စဉ်မှာ သင့်အား မင်အားလုံးကို ဆက်လက် အသုံးပြုခွင့် မပြုတော့ခြင်းပင်။ (လုပ်ထားအုံးပေါ့)

ှုInternet ထဲမှ ရှာဖွေလေ၊ တွေ့ရှိလေ ဆိုတဲ့အချက်များအရ Samsung SCX-4300 ပရင်တာရဲ့ Reset Ink Counter ပြုလုပ်ပုံအဆင့်ဆင့်ကို ပြန်လည်ဖော်ပြ ရေးသား အပ်ပါတယ်..။

(1) ပထမဦးစွာ SCX-4300.zip (mirror ) ကို download အရင်ချထားရပါမယ်။

(2) ရရှိလာတဲ့ Zip File ကို ( C:\ ) ရဲ့အောက်မှာ သွား၍ extract ပြုလုပ်ထားပေးပါ။

(3) ပြီးနောက် Command Prompt ကို ဖွင့်ရန်အတွက် Start > Run > cmd ဟု ရိုက်ထည့်လိုက်ပါ။

(4) Command Prompt ပွင့်လာပါက ( cd\ ) ဟု ရိုက်ထည့်၍ C:\ ကို ပြန်သွားပါမယ်။

(5) Folder များကို ပြန်ကြည့်ရန်အတွက် ( dir/w )ဟု ရိုက်ထည့်လိုက်ပါ။ ဆက်လက်၍ ( cd SCX4300 )လို့ ရိုက်ထည့်လိုက်ပြီး directory ပြောင်းလိုက်ပါမယ်။ ထိုအခါ မြင်ကွင်းတွင် ( C:\SCX4300>_ ) လို့ ပြသနေပါ လိမ့်မယ်။ တစ်ဖန် ယင်းသို့ ပြသနေချိန်မှာပင် ( dir/w )လို့ ရိုက်ထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင် ယင်း Folder ရဲ့ အတွင်းထဲကို ၀င်ရောက်သွားပြီပေါ့။

(6) ဆက်ပြီး fix4300.exe SCX4300_V1.13_Fact_romdl.hd လို့ ရိုက်ထည့်ပြီး enter တစ်ချက်နှိပ်လိုက်ပါ။ (အလယ်မှာ space ပါပါတယ်)

(7) ဒီ script လေးရဲ့ လုပ်ဆောင်ချက်ဟာ ယခင်ကနေရာရွေ့ပြောင်းထားတဲ့ C:\SCX-4300 ရဲ့ Folder လေး အတွင်းကို FIX_SCX4300_V1.13_Fact_romdl.hd ဆိုတဲ့ ဖိုင်သစ်လေးတစ်ဖိုင်ကို ဖန်တီးပေးပါတယ်။ သင့် printer flash memory အတွက် မတူညီတဲ့ serial များကိုလည်း ဖန်တီးပေးသွားပါတယ်။ ယခု ရိုက်ထည့်လိုက်သည့် command များကြောင့် DOS Mode တွင် မြင်တွေ့ရသည့် ပုံစံဖြစ်ပါတယ်။


(8) ထပ်မံပြီး Printer ရဲ့ Service Mode ကို ဆက်သွားကြည့်ရအောင်။ Printer ရဲ့ Menu, Copies <, >, Menu, > ဆိုတဲ့ button ခလုတ်တွေကို တိကျမှန်ကန်စွာနဲ့ အလျင်အမြန် ဆက်နှိပ်ပေးသွားရပါမယ်။ ဒါဆိုရင် TECH MODE ဆိုတဲ့ စာသားကို Printer ရဲ့ Screen ပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ သင့် Printer မှာ TECH MODE မပေါ်ခဲ့ပါက ထပ်မံပြီး ဖော်ပြပါ ခလုတ်တွေကို ပြန်နှိပ်၍ ကြိုးစားကြည့်ပေးပါ။ ရသွားပါလိမ့်မယ်။

(9) Menu ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ DATA SETUP -->CLEAR COUNTER --> CLEAR ALL CNT ကို ရွေးချယ်၍ clear လုပ်ပေးလိုက်ပါမယ်။ Status LED ရဲ့ Printer မီးဟာ အ၀ါရောင်ပြသနေရာမှ အစိမ်းရောင်သို့ ပြောင်းသွားပါလိမ့်မယ်။ ကဲဒါဆိုရင်.. သင့် printer ရဲ့ ကျန်ရှိနေသေးတဲ့ ဆေးတွေဟာ သုံးလို့ ရသွားပြီပေါ့။


Ref: http://www.raneri.it

2010-09-13

Memory ရဲ့ Transfer Rate ကို တွက်ချက်ခြင်း


Dynamic Random Access Memory ကို အများစုက memory လို့သာ ခေါ်ကြပါတယ်။ Memory အမျိုးအစား များစွာ ရှိပါတယ်။ Memory ကို ကွန်ပျူတာမှာ ယာယီမှတ်ဉာဏ်အနေနဲ့ အသုံးပြုပါတယ်။ Memory အကြောင်း ပြောရင် ဘယ်လောက်သိမ်းဆည်းပေးနိုင်သလဲဆိုတဲ့ size ကို သိထားဖို့ လိုပါတယ်။ ရှေးကတော့ ကွန်ပျူတာတွေ မှာ 256MB, 512MB သာ ပါဝင်ပေမယ့် ယနေ့ ကွန်ပျူတာတွေမှာ အနည်းဆုံး 1GB အထိ ပါဝင်လာပြီ ဖြစ်ပါတယ်။ Memory အကြောင်းပြောရင် memory speed ကို ချန်ထားလို့ မရပါဘူး။ Speed ဖြစ်တဲ့အတွက် သူ့ရဲ့ unit က Hz နဲ့ တိုင်းတာပါတယ်။ DDR memory တွေရဲ့ Speed က 266, 333, 400MHz ဆိုပြီး သုံးမျိုးရှိပါတယ်။

Memory နဲ့ CPU ဆက်သွယ်တဲ့အခါ data bus တွေကို အသုံးပြုရပါတယ်။ Pentium 4 တွေရဲ့ External data bus က 64 bit ဖြစ်ပါတယ်။ 8 bit ကို 1 byte ရှိတဲ့အတွက် 8 bytes ရှိပါတယ်။ DDR memory ရဲ့ data bus width က 64 bit (8 byte) ကို အသုံးပြုပါတယ်။ Memory ရဲ့ Speed နဲ့ bus width ကို မြှောက်ပေးရင် တစ်စက္ကန့်မှာ data ပို့ပေးတဲ့ transfer rate ကို ရရှိပါတယ်။

Transfer Rage = Memory Speed x Memory bus width
= 400 MHz x 8 bytes
= 3200 MB/s


DDR 400 MHz ရဲ့ transfer rate က 3200 MB/s ရှိတာကို သိလောက်ပါပြီ။ ဒီအတွက် PC 3200 လို့ ခေါ်ပါ တယ်။

SMAC in Numbers
Memory Technology Rated Clock Real Clock Maximum Transfer Rate
PC66 SDRAM 66 MHz 66 MHz 533 MB/s
PC100 SDRAM 100 MHz 100 MHz 800 MB/s
PC133 SDRAM 133 MHz 133 MHz 1,066 MB/s
DDR200 DDR-SDRAM 200 MHz 100 MHz 1,600 MB/s
DDR266 DDR-SDRAM 266 MHz 133 MHz 2,100 MB/s
DDR333 DDR-SDRAM 333 MHz 166 MHz 2,700 MB/s
DDR400 DDR-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-400 DDR2-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-533 DDR2-SDRAM 533 MHz 266 MHz 4,264 MB/s
DDR2-667 DDR2-SDRAM 667 MHz 333 MHz 5,336 MB/s
DDR2-800 DDR2-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-800 DDR3-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-1066 DDR3-SDRAM 1066 MHz 533 MHz 8,528 MB/s
DDR3-1333 DDR3-SDRAM 1333 MHz 666 MHz 10,664 MB/s
DDR3-1600 DDR3-SRAM 1600 MHz 800 MHz 12,800 MB/s

Resource: September | 2010 | Personal Computer ( ဦးအေးကိုကို၊ B.E (Electronics), FEB Computer Centre

2010-09-05

Reset Counter Canon IP2770


Canon Printer ip2770 Printer Series များ၌ စာရွက်အရေအတွက် counter ပြည့်သွားသောအခါ Resume button တွင် လိမ္မော်ရောင်မီး (၈)ကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ပြသနေပါလိမ့်မည်။ Print ထုတ်ကြည့် သောအခါမှာလည်း Service error 5B00 ဖြစ်နေကြောင်း ပြသနေပါလိမ့်မည်။ သတ်မှတ်ထားသော counter ပြည့်သွားပြီး Waste Ink Absorber Full ဖြစ်ခြင်းကြောင့် Error တက်ခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော Canon ip2770 model များတွင် Absorber full ဖြစ်တိုင်း ပြုလုပ်ပေးရမည့် ဖြေရှင်းချက်လေးတွေလည်း internet ထဲတွင် အမြဲပင် ပေါ်ထွက်လျှက်ရှိပါသည်။


(1) ရှေးဦးစွာ
Service Tool ကိုလည်း download ပြုလုပ်ထားပါ။ အကယ်၍ သင့် Printer Model မှာ iP2772 ဆိုပါက PCM_Service Tool ကို download ပြုလုပ်ရပါမယ်။

(2) Download ပြုလုပ်၍ ရရှိလာသည့် "ip 2770.doc" ဟူသော file ရဲ့ အမည်ကို "ip 2770.exe" ဟု extension ပြောင်းလဲပေးလိုက်ပါ။


(3) ထို့နောက် ယင်း File ပေါ်တွင် double click နှိပ်၍ open လုပ်ရပါမယ်။


(4) တပ်ဆင်ထားသော printer USB port နှင့်ထည့်သွင်းထားသော Printer driver တို့ ကိုက်ညီမှု ရှိ/မရှိကို သတိပြုရပါ့မယ်။ စစ်ဆေးကြည့်ရန်မှာ
Start | Control Panel | Printers and Faxes ပေါ်တွင် click နှိပ်၍ ရွေးချယ်လိုက်ပါ။ ထို့နောက် Canon iP2770 Series ပုံပေါ်တွင် right click နှိပ်၍ Properties ကို ရွေးချယ် click နှိပ်ပေးပါ။ Port နှင့် Printer တို့ ကိုက်ညီမှု ရှိပြီဆိုပါက service mode ကို လုပ်ဆောင်နိုင်ပါပြီ။

(5) သင့် printer ကို reset မပြုလုပ်မီ POWER နှင့် USB Cable ကြိုးများကို ကြိုတင်၍ တပ်ဆင်ထားပါ။


(6) ထို့နောက် printer ရဲ့ POWER နှင့် RESUME ခလုတ် (၂)ခုကို တွဲလျက် ငါးစက္ကန့်ဝန်းကျင် ဖိထားပေးပါ။


(7) ထိုသို့ ဖိထားလျက်ပင် RESUME ခလုတ်ကို (၅)ကြိမ်တိတိ ဆင့်နှိပ်ပါ။ (POWER ကို မလွတ်ရပါ)


(8) ထိုကဲ့သို့ အမှားအယွင်းမရှိဘဲ လုပ်နည်းမှန်ပြီဆိုပါက အစိမ်းရောင် flash မီးလေးမှာ အဆင်သင့် အနေ အထားနဲ့ မြင်တွေ့ရမှာပါ။


(9) ပြီးတော့ စောစောက ဖွင့်ထားတဲ့ Service Tools ကို ပြန်သွားလိုက်ပါ။


(10) အထက်ဖော်ပြပါ ပုံစံအတိုင်း Service Tools ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- ရှေးဦးစွာ USB Port ကို ရရှိရန်အတွက် Reload ပေါ်တွင် click တစ်ချက်နှိပ်ပါ။
- ထို့နောက် စာရွက်(၂)ရွက်ကို printer တွင် ထည့်ထားပေးပါ။
- Clear Ink Counter ရဲ့အောက်ဖက်ရှိ Main ပေါ်တွင် click တစ်ချက်နှိပ်ပါ။ (အကယ်၍ သင့် printer တွင် error 001 ဟူ၍ ပြသခဲ့ပါက Ok ကိုသာ ဆက်၍ click နှိပ်ပေးပါမည်။ )
- ပြီးနောက် printer ရဲ့ POWER ကို နှိပ်၍ ပိတ်လိုက်ပါမယ်။ (တစ်ခါတစ်ရံ POWER (၂)ချက်ဆင့်နှိပ်၍ ပိတ်ပေးရသည်လည်း ရှိတတ်ပါသည်။ )
- ထို့နောက် POWER ပြန်ဖွင့်ပေးပါ။ ပြန်လည်၍ စမ်းသပ်ချက်များအရ အဆင်ပြေသွားခဲ့ပါသည်။


2010-08-30

Folder အား မမြင်တွေ့စေရန် ဖျောက်ထားခြင်း


Folder လေးတွေကို တည်ဆောက်ထားပြီး ရုတ်တရက် အခြားသူများ သတိမပြုမိအောင် အမြင်အာရုံကို လှည့်စားနိုင်စေမယ့် နည်းပဲဖြစ်ပါတယ်။ ဒီနည်းလေးကတော့ folder ဖျောက်တဲ့နေရာမှာ လုံခြုံမှုအရတော့ မရှိပါဘူး။ ဖျောက်ပြီး လုံခြုံစွာသိမ်းဆည်းထားချင်တယ် ဆိုရင်တော့ အခြားသော software များရဲ့ အကူအညီနဲ့ ပြုလုပ်နိုင်ပါတယ်။ ယခုဖော်ပြပါ နည်းလေးကတော့ Windows XP ရဲ့ထူးခြားတဲ့ Tips လေးတွေဖြစ်တာကြောင့် ပြန်လည် ဖော်ပြအပ်ပါတယ်။ ရှေးဦးစွာ-

(1) Desktop ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးပေးပါ။
(2) ထို့နောက် Keyboard မှ Alt Key ကို ဖိနှိပ်ထားပြီး 0160 ကို ရိုက်ထည့်ရပါမယ်။
(3) အဲဒီအခါမှာ New Folder ဖြစ်နေတဲ့ File Name ဟာ Blank အဖြစ်ကို ရောက်ရှိသွားပါလိမ့်မယ်။
(4) ယင်းနောက် ၎င်း Folder ပေါ်မှာပဲ Right Click နှိပ်၊ Properties ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(5) Folder ရဲ့ Properties dialog box ကျလာတဲ့အခါကျရင် Customize Tab ကို ရွေးချယ် Click လုပ်ပါ။
(6) ထို့နောက် အောက်ဖက်ရှိ Change Icon button ပေါ်တွင် Click တစ်ချက်နှိပ်ပါ။ ပြီးတော့ ပေါ်လာတဲ့ icon ပုံများအတွင်းမှ ဘာမှမရှိတဲ့ Icon အလွတ်လေးတစ်ခုကို ရွေးချယ်၍ click လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။
ဒါဆိုရင် သင့် Folder လေးဟာ သင့်မျက်စိရှေ့မှာပဲ တူးတူးပုန်းတမ်း ကစားဖို့အတွက် အဆင်သင့် စောင့်ဆိုင်း နေပြီဖြစ်ပါတယ်။
Up