အချို့ Page တွေထဲကို ၀င်တဲ့အခါမှာ Internet Explorer 8 က ချက်ချင်း crash ဖြစ်သွားတတ်ပါတယ်။ Browser crashes တွေကို PC ရဲ့ အချက်အလက်တွေ၊ OS တွေ စတာတွေပေါ်မူတည်ပြီး ဖြေရှင်းလို့ ရပါတယ်။ ဒါက အခြား browser မှာ မဖြစ်ဘူး၊ ရေတိုပြဿနာဆိုရင်တော့ အခြား browser တစ်ခုခုကို ပြောင်း သုံးပါ။ ပြဿနာ ဖြစ်နိုင်တဲ့ အချက် ၂ ချက်က ပျက်နေတဲ့ add-on တစ်ခုခု၊ ဒါမှမဟုတ် Flash plug-in တစ်ခု ဖြစ်နိုင်ပါတယ်။ Adobe က ရရှိနိုင်တဲ့ uninstall utility ကိုသုံးပြီး Flash player plug-in နဲ့ Active X Component ကို uninstall လုပ်ပါ။ ပြီးသွားရင်တော့ PC ကို reboot ပြန်လုပ်ရပါမယ်။ နောက်တစ်ဆင့် အနေနဲ့ IE ကို ပိတ်ပြီး Default setting တွေအတိုင်း restart ချလိုက်ပါ။ ဒါက ပြဿနာရှိတဲ့ add-on တွေကို ဖယ်ရှားပေးပါတယ်။ Windows 7 နဲ့ Vista သုံးသူတွေအတွက်ကတော့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်ပါ။

(1) Start ကို click နှိပ်ပြီး Internet Options လို့ ရိုက်ပြီး Enter ခေါက်ပါ။
(2) Advance Tab ကို နှိပ်ပါ။ Reset button ကို နှိပ်ပါ။ ''Delete Personal Setting" ဆိုတာကို အမှန် မခြစ်ပါနဲ့။ ပြီးရင် reset ကို click လုပ်ပါ။

(3) IE ကို Restart လုပ်ပြီးသွားရင် Adobe's Flash Player Page ထဲဝင်ပြီး Flash Player install လုပ်ရမယ့် နည်းတွေအတိုင်း ဆောင်ရွက်ပါ။

ကဲ အခု ကိုယ် crash ဖြစ်ခဲ့တဲ့ site တွေကို ပြန်ဝင်ကြည့်ပါ။ Crash ဖြစ်မှာ မဟုတ်တော့ပါဘူး။ ပြဿနာ ရှိသေး ရင်တော့ ကိုယ်အသုံးပြုထားတဲ့ add-on တွေအားလုံး reinstall ပြန်လုပ်ပြီး ပြဿနာရှိသေးလားဆိုတာ တစ်ဆင့်စီ စစ်ဆေးကြည့်ပါ။
No comments:
Post a Comment