2010-09-20

How to reset Samsung SCX-4300 toner counter


Samsung SCX-4300 Printer အားဝယ်ယူစဉ်က တွဲလျက်ပါရှိလာတဲ့ Toner Cartridge များဟာ သတ်မှတ်ထားတဲ့ Counter အရေအတွက် ပြည့်သွားခဲ့ပြီဆိုရင် ဆက်လက် ထုတ်ယူရန် ငြင်းဆန်ပါလိမ့်မယ်။ Menu ထဲတွင်လည်း Toner Exhausted, Replace Toner ဆိုတဲ့ error massage များပြသပြီး အနီရောင် Status လေးနဲ့ အချက်ပြနေပါလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ Toner Cartridge ဟာ ဆေးအသစ်များ ထပ်မံ ဖြည့်သွင်းထားပေမယ့် လုပ်ဆောင်ချက်များ ရပ်တန့်နေပေလိမ့်မည်။ တနည်းအားဖြင့် ယခုဖြစ်စဉ်မှာ သင့်အား မင်အားလုံးကို ဆက်လက် အသုံးပြုခွင့် မပြုတော့ခြင်းပင်။ (လုပ်ထားအုံးပေါ့)

ှုInternet ထဲမှ ရှာဖွေလေ၊ တွေ့ရှိလေ ဆိုတဲ့အချက်များအရ Samsung SCX-4300 ပရင်တာရဲ့ Reset Ink Counter ပြုလုပ်ပုံအဆင့်ဆင့်ကို ပြန်လည်ဖော်ပြ ရေးသား အပ်ပါတယ်..။

(1) ပထမဦးစွာ SCX-4300.zip (mirror ) ကို download အရင်ချထားရပါမယ်။

(2) ရရှိလာတဲ့ Zip File ကို ( C:\ ) ရဲ့အောက်မှာ သွား၍ extract ပြုလုပ်ထားပေးပါ။

(3) ပြီးနောက် Command Prompt ကို ဖွင့်ရန်အတွက် Start > Run > cmd ဟု ရိုက်ထည့်လိုက်ပါ။

(4) Command Prompt ပွင့်လာပါက ( cd\ ) ဟု ရိုက်ထည့်၍ C:\ ကို ပြန်သွားပါမယ်။

(5) Folder များကို ပြန်ကြည့်ရန်အတွက် ( dir/w )ဟု ရိုက်ထည့်လိုက်ပါ။ ဆက်လက်၍ ( cd SCX4300 )လို့ ရိုက်ထည့်လိုက်ပြီး directory ပြောင်းလိုက်ပါမယ်။ ထိုအခါ မြင်ကွင်းတွင် ( C:\SCX4300>_ ) လို့ ပြသနေပါ လိမ့်မယ်။ တစ်ဖန် ယင်းသို့ ပြသနေချိန်မှာပင် ( dir/w )လို့ ရိုက်ထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင် ယင်း Folder ရဲ့ အတွင်းထဲကို ၀င်ရောက်သွားပြီပေါ့။

(6) ဆက်ပြီး fix4300.exe SCX4300_V1.13_Fact_romdl.hd လို့ ရိုက်ထည့်ပြီး enter တစ်ချက်နှိပ်လိုက်ပါ။ (အလယ်မှာ space ပါပါတယ်)

(7) ဒီ script လေးရဲ့ လုပ်ဆောင်ချက်ဟာ ယခင်ကနေရာရွေ့ပြောင်းထားတဲ့ C:\SCX-4300 ရဲ့ Folder လေး အတွင်းကို FIX_SCX4300_V1.13_Fact_romdl.hd ဆိုတဲ့ ဖိုင်သစ်လေးတစ်ဖိုင်ကို ဖန်တီးပေးပါတယ်။ သင့် printer flash memory အတွက် မတူညီတဲ့ serial များကိုလည်း ဖန်တီးပေးသွားပါတယ်။ ယခု ရိုက်ထည့်လိုက်သည့် command များကြောင့် DOS Mode တွင် မြင်တွေ့ရသည့် ပုံစံဖြစ်ပါတယ်။


(8) ထပ်မံပြီး Printer ရဲ့ Service Mode ကို ဆက်သွားကြည့်ရအောင်။ Printer ရဲ့ Menu, Copies <, >, Menu, > ဆိုတဲ့ button ခလုတ်တွေကို တိကျမှန်ကန်စွာနဲ့ အလျင်အမြန် ဆက်နှိပ်ပေးသွားရပါမယ်။ ဒါဆိုရင် TECH MODE ဆိုတဲ့ စာသားကို Printer ရဲ့ Screen ပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ သင့် Printer မှာ TECH MODE မပေါ်ခဲ့ပါက ထပ်မံပြီး ဖော်ပြပါ ခလုတ်တွေကို ပြန်နှိပ်၍ ကြိုးစားကြည့်ပေးပါ။ ရသွားပါလိမ့်မယ်။

(9) Menu ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ DATA SETUP -->CLEAR COUNTER --> CLEAR ALL CNT ကို ရွေးချယ်၍ clear လုပ်ပေးလိုက်ပါမယ်။ Status LED ရဲ့ Printer မီးဟာ အ၀ါရောင်ပြသနေရာမှ အစိမ်းရောင်သို့ ပြောင်းသွားပါလိမ့်မယ်။ ကဲဒါဆိုရင်.. သင့် printer ရဲ့ ကျန်ရှိနေသေးတဲ့ ဆေးတွေဟာ သုံးလို့ ရသွားပြီပေါ့။


Ref: http://www.raneri.it

No comments:

Up