2010-05-11

Password တွေ strong ဖြစ်ကြရလေအောင်


ဒီနေ့ခေတ်မှာ computer တွေရဲ့လုံခြုံရေးထက် အရေးကြီးတာ မရှိသလောက်ပဲဆိုတဲ့ အခြေအနေကို ရောက်လာ တာကြောင့် IT ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။ ကုမ္ပဏီတွေက IT ပညာရှင်တွေဟာ password policy ကို ချမှတ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ၀န်ထမ်းတွေကိုယ်တိုင်ကလည်း password အကြောင်း၊ security အကြောင်းကို နားလည်ပြီး လိုက်နာကျင့်သုံးလို့ရအောင် ရေးသားတင်ဆက်လိုက် ပါတယ်။
Computer သုံးစွဲသူ ၀န်ထမ်းတွေဟာ password တွေကို ဘယ်လိုမျိုးထားသင့်သလဲ၊ ပေးသင့်သလဲ မသိကြပါဘူး။ များသောအားဖြင့် မွေးနေ့၊ အမှတ်တရနေ့၊ နေရာ၊ ဇနီးအမည်၊ အိမ်မှာ ခွေးအမည် စသည်ဖြင့် အလွယ်တကူ ပေးတတ်ကြပါတယ်။ Password က မေ့နိုင်စရာ အကြောင်း မရှိတော့ပေမယ့် လွယ်လွန်းတော့လည်း ခိုးယူဖို့ လွယ်ကူသလို လုံခြုံစိတ်ချရမှုအတွက်လည်း အားနည်းနေတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။
Password ပေးတာနဲ့ပတ်သက်လို့ အနည်းဆုံး စာလုံး ၈ လုံးရှိရမှာဖြစ်ပြီး ဒီထဲကမှ အနည်းဆုံး ၃ လုံးဟာ upper-case ၊ lower-case ၊ special character တွေနဲ့၊ နံပါတ်တွေကို ရောစပ်ထားသင့်ပါတယ်။
စာတွေနဲ့ နံပါတ်တွေကို အပြန်အလှန် လဲသုံးသင့်တယ်။ [eg. O (အို) အစား 0 (zero) ၊ A အစား 4 ၊ L အစား 1 ၊ 3 အစား E ]

နံပါတ်တွေ ရေးမယ့်အစား one ၊ two ၊ three ဆိုပြီး စာသားအနေနဲ့ ရေးသင့်ပါတယ်။

Upper-case (capital) စာလုံးကို အစမှာပဲ မဟုတ်ပဲ နေရာအစုံမှာ သုံးပါ။ (eg. bLue ၊ happY)

Special character တွေဖြစ်တဲ့ (!@#$%^&*( ) { } [ ] စတာတွေကို သုံးဖို့ လိုပါတယ်။ စာသားအနေနဲ့လည်း သုံးနိုင်ပါတယ်။ (eg.happy 31=h@ppY3! ၊ H = !-L)

လူသားမများတဲ့ စကားလုံး၊ စကားစုတွေ သုံးပါ။

စာလုံးပေါင်းတွေကို လွှဲအောင်ပေါင်းပါ။
(eg-serious=sirius ၊ Class = Klass)

Password တွေကို ဖော်ပြပါ နည်းအတိုင်း အသုံးပြုခြင်းဖြင့် မှတ်ရလွယ်ကူပြီး hacker တွေအတွက် ဖော်ရ ခက်ခဲတဲ့ password တွေ ဖြစ်လာပါတယ်။ ခက်ခဲတဲ့ password အချို့ လက်တွေ့ ဖန်တီးကြည့်ရအောင်။

Friday frYday! Robert #rob ERt# 19 Peach Place One9peacHpl! I love Jill eYelov3Jill My dog Fritz Meyedogfr1tZ

ဒီဥပမာတွေဟာ မှတ်ရလွယ်ကူကြောင်း တွေ့ရပါတယ်။ မှတ်မိသလောက် စာလုံးအရှည်ကို စာတွေ upper-case ၊ lower-case ၊ နံပါတ်တွေ၊ special character တွေ အစုံပါအောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီနည်းနဲ့ ကုမ္ပဏီက ၀န်ထမ်းတွေကို သုံးခိုင်းရင် security policy ကို အထောက်အကူပြုမှာပါ။ ပြီးတော့လည်း သူတို့ရဲ့ social networking အသုံးပြုမှု၊ bank information ဆိုင်ရာတွေကိုပါ ကာကွယ်ပြီး ဖြစ်ပါလိမ့်မယ်။

Ref:
ကောင်းမြတ်
PC World Myanmar ( May 2010 )

No comments:

Up