2010-03-15

How to install WinXP from USB Flash Drive

Model: HP Mini 110-1124TU အတွက် USB Flash Drive နဲ့ Windows XP Service Pack 3 တင်နည်းလေးကို လက်တွေ့ စမ်းသပ်ကြည့်ပါမယ်။ Memory Stick ဖြင့် Windows တင်ရန်အတွက် မိမိရဲ့ Stick ကို Bootable Stick တစ်ခုဖြစ်အောင် ပြင်ဆင်ပေးထားရပါမယ်။ ဒါကြောင့် ဦးစွာပထမ-

(1) WinSetupFromUSB ရဲ့ Version 0.2.3 ကို Downlaod လုပ်ထားလိုက်ပါမယ်။
(2) ရရှိလာတဲ့ Program ကို ကွန်ပျူတာမှာ install လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် အောက်ပါပုံစံအတိုင်း မြင်တွေ့ ရမှာဖြစ်ပါတယ်။
(3) WinSetupFromUSB ကို အသုံးပြုရန်အတွက် Microsoft ရဲ့ .net Framework ကို install လုပ်ထားဖို့ လိုအပ်ပြန်ပါတယ်။


အမှတ်စဉ်(၁)အရ Windows XP SP3 တင်လိုတဲ့ Windows အခွေကို ကွန်ပျူတာရဲ့အတွင်းမှာ Folder တစ်ခု တည်ဆောက်ပေးပြီး ကြိုတင်ထည့်ထားရပါမယ်။ ပြီးတော့ Browse ကို Click နှိပ်ပြီး copy ကူးထားတဲ့ windows ဖိုင် ထားရှိတဲ့ Location ကို ညွှန်းပေးရပါမယ်။

အမှတ်စဉ်(၂)အရ Windows တင်ရာတွင် အသုံးပြုမယ့် Memory Stick ကို ကွန်ပျူတာရဲ့ USB အပေါက်မှာ တပ်ထားပေးရပါမယ်။ ပြီးတော့ Refresh ကို Click တစ်ချက်နှိပ်လိုက်ပေးပါ။ ဒါဆိုရင် မိမိတင်ဆင်လိုက်တဲ့ Memory Stick ရဲ့ အမျိုးအမည် တစ်ခုပေါ်လာပါမယ်။

အမှတ်စဉ် (၃) အရ မိမိအသုံးပြုတော့မယ့် Memory Stick ဟာ format ချထားပေမယ့် NTFS format မဖြစ် သေးဘူးဆိုရင် HP Format Tool ကို အသုံးပြုပြီး NFFS File system ဖြစ်သွားအောင် Format ချပေးလိုက်ပါ။


အမှတ်စဉ် (၄) အရ အားလုံးပြောင်းပြီးပြီဆိုရင်တော့ Go ကို click တစ်ချက်နှိပ်ပေးလိုက်ပါ။


ဒါဆိုရင် Windows တင်နိုင်တဲ့ Memory Stick လေးတစ်ခု ပိုင်ဆိုင်သွားပြီပေါ့။



(4) လုပ်ဆောင်ရန် ကျန်ရှိသည့်အပိုင်းကတော့-

(၁) Windows တင်လိုတဲ့ ကွန်ပျူတာရဲ့ USB Port မှာ စောစောက Memory Stick လေးကို တပ်ပေးလိုက်ပါ။
(၂) ကွန်ပျူတာရဲ့ Power button ကို နှိပ်၍ ကွန်ပျူတာကို ဖွင့်လိုက်ပါ။
(၃) ညွှန်ကြားချက်အတိုင်း Bios Setup ထဲသို့ ၀င်ရောက်နိုင်ရန်အတွက် F10 Key ကို နှိပ်လိုက်ပါ။ ဒါဆိုရင် HP Mini 110 ရဲ့ Bios Setup Option ထဲကို ရောက်ရှိသွား ပါမယ်။

(4) Bios ရဲ့ System Configuration အတွင်းက Boot Options ထဲကို Enter Key နှိပ်၍ ၀င်လိုက်ပါ။

(5) အဲဒီမှာ 1st Boot Device ဆိုတဲ့နေရာမှ မိမိရဲ့ USB Device သို့ ပြောင်းပေးလိုက်ပါ။ ပြီးပြီဆိုရင်- Keyboard မှ Esc Key ကို နှစ်ချက်နှိပ်လိုက်ပါ။ ထပ်မံပြီး F10 Key ကို နှိပ်၍ Configuration ကို Save and exit လုပ်ရပါမယ်။ Yes ပေါ်တွင် highlight ဖြစ်နေသည့်အတိုင်း Enter ကို နှိပ်၍ ပြန်ထွက်လိုက်ပါမယ်။

ဒါဆိုရင် Windows တင်နိုင်ရန် ကျန်ရှိသည့် step များကတော့ လွယ်သွားပြီပေါ့။ ညွှန်ကြားချက်များအတိုင်း တစ်ဆင့်ချင်းဆီ ဆက်လက်၍ လုပ်ဆောင်သွားပါ။
ဒါဆိုရင် Memory Stick ကို အသုံးပြုပြီး CD/DVD Drive မလိုပဲ Windows XP Service Pack 3 တင်ပုံ တင်နည်းလေးကို နားလည်သဘောပေါက်သွားပြီလို့ ယုံကြည်ပါတယ်။ အဆင်ပြေပါစေဗျား။

Ref: www.msfn.org



1 comment:

အားကြီး said...

တင်နည်းလေးတော့ သိပါပြီး။ ဝင်းဒိုးခွေကို ဘယ်ကရနိုင်မလဲခမျာ။ ဖရီးနော်

Up