2009-02-14

Learning Web Design


WEB ဒီဇိုင်း ရေးသားခြင်း လက်တွေ့သင်ခန်းစာများ

အင်တာနက် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ Web တည်ဆောက်ပုံသဘာဝ၊ Browser များနှင့် URLs အကြောင်းကအစ အသေးစိတ်ဖော်ပြထားသည်။ Web designer ဖြစ်လိုသူတစ်ဦးအနေဖြင့် အတွေ့အကြုံ လုံးဝမရှိသည့်တိုင် web ၏ အလုပ်လုပ်ပုံ သဘောတရားများ၊ HTML အခြေခံများ၊ ဒီဇိုင်းဥပဒေသများကို သိရှိနားလည်စေနိုင်သည်။ မိမိ တည်ဆောက်ဖန်တီးယူမည့် web တစ်ခုကို စတင်တွေးခေါ်ယူခြင်းမှအစ နောက်ဆုံးရလဒ်များအထိ အသေးစိတ် ရှင်းလင်းဖော်ပြပေးထားသည်။
HTML အခြေခံသဘောတရားများအတွက် text များ format လုပ်ယူပုံ၊ graphic element များ ဖြည့်သွင်းပုံ၊ link များ ချိတ်ဆက်ပုံ၊ table နှင့် frames များ ဖန်တီးပုံနှင့် web ပေါ်တွင် အရောင်များကို အသုံးချပုံ စသည်တို့ကို အသေးစိတ် နမူနာများဖြင့် တင်ဆက်ပေးထားသည်။
Web ဒီဇိုင်းလုပ်ငန်းတွင် အလွန်ကျော်ကြား လူသိများလှသည့် Micromedia Dreamweaver, Adobe Golive နှင့် Microsoft FrontPage တို့ကို အသုံးပြု၍ လုပ်ဆောင်ထားသည့် နမူနာလုပ်ဆောင်ပြချက်များ ပါဝင်သည်။
-Image ပုံစံအမျိုးအစားအလိုက် GIFs သို့မဟုတ် JPEGs တို့ကို အသုံးချယူပုံကို ရှင်းပြပေးထားပြီး web လုပ်ငန်းအတွက် ဂရပ်ဖစ်များကို ကိုင်တွယ်ရာတွင် အရေးကြီးလှသည့် လက်တို့အညွှန်းများကိုလည်း ထည့်သွင်း ဖော်ပြပေးထားသည်။ Adobe Photoshop အပါအ၀င် နာမည်ကြီး web graphic tool သုံးမျိုးကို အသုံးချ၍ ဂရပ်ဖစ်များ ဖန်တီးယူပုံကိုလည်း တစ်ဆင့်ချင်း ဖော်ပြထားသည်။
-Information ဒီဇိုင်းများ၊ interface ဒီဇိုင်းများနှင့် navigation စနစ်များကို ဖြည့်ဆည်းထားရှိပြီး အသုံးချထား သည့် web site များ၏ သင်ခန်းစာများအဖြစ် စီစဉ်ဖော်ပြထားသည်။
- Web Design စတင်ရေးသားသူများအတွက် ယေဘုယျ မှားယွင်းတတ်သည့် အချက်များနှင့် web ဒီဇိုင်းတစ်ခု ဖြစ်လာရေးအတွက် ကြံဆပုံတို့ကို ဆောင်ရန်၊ ရှောင်ရန်များနှင့်တကွပါရှိသည်။

download


File Type = PDF, Size = 2.42 MB

Source of Computer Journal

No comments:

Up