2009-02-16

Adobe Photoshop CS Classroom In A Book



Adobe Systems ထုတ်လုပ်မှုတစ်ခုဖြစ်သော Photoshop ဆော့ဖ်ဝဲ၏ ဒစ်ဂျစ်တယ်ပုံရိပ်များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်းစသည့် ဆောင်ရွက်နိုင်ချက် စွမ်းရည်များကို ကွန်ပျူတာသမားများ သိထားကြပြီး ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်များနှင့်စပ်လျဉ်း၍ ဆော့ဖ်ဝဲများတွင် အကောင်းဆုံးဆော့ဖ်ဝဲတစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သည်။ Adobe Photoshop CS Classroom in a Book သည် Adobe Systems မှ ကျွမ်းကျင်သူ ပညာရှင် များမှ ရေးသားထုတ်ဝေသည့် သင်ယူမှုအထောက်အကူပြုစာစဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သင်ခန်း စာများကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ရန် တစ်ဆင့်ချင်းဖော်ပြထားပါသည်။ Photoshop ဆော့ဖ်ဝဲ ကို စတင်လေ့လာသူ လူသစ်တစ်ဦး ဖြစ်စေကာမူ အခြေခံကျကျ နားလည်စေနိုင်၍ တစ်ဆင့်ချင်းတက်ကာ ဆော့ဖ်ဝဲတစ်ခုလုံးကို ဆောင်ရွက်စေနိုင်ပါလိမ့်မည်။ အထူးသဖြင့် Classroom in a Book စာစဉ်တွင် Photoshop ၌ ပါဝင်သော အဆင့်မြင့် ဆောင်ရွက်နိုင်ချက်များ၊ နည်းပညာများကို ကုန်စင်အောင် နမူနာပေး လေ့ကျင့်ခန်းများ ပါဝင်၍ ၀က်ဘ်ဆိုက်များအတွက် ပုံရိပ်များ ဖန်တီးရန် နည်းလမ်းများကိုလည်း ဖော်ပြပေး ထားပါသည်။ Photoshop CS ၏ သင်ခန်းစာများကို တစ်ဆင့်ပြီးတစ်ဆင့် လေ့လာနိုင်ရန် ညွှန်ကြားဖော်ပြ ပေးထားပါသည်။


download


File Type:= PDF, File Size=20.8 MB

No comments:

Up