
ကွန်ပျူတာကို နေ့စဉ်အသုံးပြုနေသူများ၊ ကွန်ပျူတာကို ရံဖန်ရံခါသုံးစွဲသူများ၊ ကွန်ပျူတာကို သုံးစွဲရန် အစီအစဉ် ရှိနေသူများအတွက် ကွန်ပျူတာသုံးစွဲနေရင်း တွေ့ကြုံလာရနိုင်သည့် အခက်အခဲများ၊ ပြဿနာများ၊ ဆောင်ရန် ရှောင်ရန်များကို ဖော်ပြထားသည်။
-ကွန်ပျူတာ စာစီစာရိုက်ပြုလုပ်ခြင်း၊ စာရင်းဇယား ရေးဆွဲခြင်း၊ ဂရပ်ဖစ် ဒီဇိုင်းရေးဆွဲခြင်း၊ ကွန်ပျူတာဟာ့ဒ်ဝဲ ပြုပြင်ထိန်းသိမ်းခြင်း အပါအ၀င် ၀င်းဒိုးစ်အသုံးပြုသည်အထိ အခန်းကဏ္ဍပေါင်း ၁၅ ခု၊ မေးခွန်းပေါင်း ၅၀၀ ခန့် ကို ဖြေဆိုဖော်ပြထားသည်။
-အမေးအဖြေတစ်ပုဒ်ချင်းတိုင်းသည် ကွန်ပျူတာ သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။ မိမိကွန်ပျူတာတွင် ပြဿနာဖြစ်ပေါ်မှ အဖြေရှာဖွေဖတ်နိုင်သကဲ့သို့ တစ်အုပ်လုံး အစအဆုံး လေ့လာဖတ်ရှုလျှင်လည်း အကျိုးရှိ သည့် အမေးအဖြေများ ဖြစ်သည်။
- ကွန်ပျူတာတစ်လုံးအတွက် ပြဿနာများကို အဖြေရှာဖွေပေးထားသည့်အတွက် အားလုံးကို လေ့လာပြီးလျှင် မိမိကွန်ပျူတာတစ်ခုဖြစ်တိုင်း ကွန်ပျူတာပြင်ဆိုင်သို့ ပို့စရာမလိုဘဲ မိမိဘာသာ ဖြေရှင်းနိုင်သည်အထိ နားလည် တတ်ကျွမ်းလာမည်ဖြစ်သည်။
-ကွန်ပျူတာအမေးအဖြေ တစ်ပုဒ်ချင်းတိုင်းကို ရိုးရှင်းလွယ်ကူသော စကားပြေဖြင့် ဖော်ပြထားပြီး လိုအပ်သည့် နေရာတိုင်းတွင် သရုပ်ဖော်ပုံများ၊ အဆင့်အလိုက်ရှင်းလင်းချက်များဖြင့် ဖော်ပြထားသည်။

File Type=PDF, Size=8.04 MB
No comments:
Post a Comment