2008-01-11

Corel HTML

HTML သို့ မိတ်ဆက်ခြင်း
ဒီအပိုင်းဟာ HTML နဲ့ HTML ရေးသားရာမှာ သုံးရမယ့် editor တွေ၊ IDE တွေအကြောင်း သိရှိအောင် မိတ်ဆက် ပေးလိုက်ပါမယ်။ ဒါကို နားလည်ပြီဆိုတာနဲ့ HTML ရေးသားမှုအကြောင်းကို အကျယ်တ၀င့် လေ့လာနိုင်ပါပြီ။

HTML ရေးသားမှုအတွက် ကိရိယာများ
HTML နဲ့ JSP လို ဘာသာစကားတွေ လေ့လာရာမှာ Notepad နဲ့ TextPad လို အထွေထွေသုံး text editor တစ်ခု ကို သုံးနိုင်ပါတယ်။ HTML ရေးသားရာမှာ အလုပ်တွင်ကျယ်အောင် HTML သဒ္ဒါရဲ့အစိတ်အပိုင်းတွေကို အရောင် ခွဲပေးတဲ့အလုပ်ကို TextPad က လုပ်ပေးနိုင်ပါတယ်။
နောက်ထပ်ရွေးချယ်မှု တစ်ခုကတော့ HTML စာမျက်နှာတွေနဲ့ JSP တွေ ရေးသားရာမှာ လွယ်ကူအောင် အထူး တလည် ဒီဇိုင်းထုတ်ထားတဲ့ editor တစ်ခုကို အသုံးပြုဖို့ပါပဲ။ ဒီလို editor တွေထဲမှာ Macromedia ရဲ့ HomeSite ပါဝင်ပါတယ်။ HomeSite ဟာ HTML သဒ္ဒါရဲ့အစိတ်အပိုင်းတွေကို ခွဲခြားရလွယ်အောင် အရောင် တွေ၊ စာလုံးထူတွေ၊ စာလုံးစောင်းတွေ သုံးရုံတင်မကပါဘူး။ HTML code ထည့်သွင်းတည်းဖြတ်ရာမှာ အကူ အညီရတဲ့ အထောက်အပံ့ကိရိယာတွေလည်း ပါဝင်ပါတယ်။ တစ်ဖက်စာမျက်နှာမှာ code တစ်ခု ထည့်သွင်း လိုက်လို့ ကျလာတဲ့ pop-up box တစ်ခုကို မြင်ရပါတယ်။ DreamWeaver လို IDE တွေမှာ သူတို့ကိုယ်တိုင်ကို လေ့လာနေရတာ အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် IDE အစား TextPad ဒါမှမဟုတ် HomeSite ကို အသုံး ပြုပြီး စကြတာအကောင်းဆုံးပဲလို့ ထင်ရပါတယ်။ ဒီအခန်းမှာ လေ့လာရတဲ့ အကြောင်းအရာတွေကို ပိုင်နိုင်ကျွမ်း ကျင်ပြီးပြီဆိုရင် DreamWeaver လို IDE တစ်ခုကို လေ့လာရတာ အင်မတန်လွယ်ကူသွားပါတယ်။ အကယ်၍ HomeSite ကို အသုံးပြုတယ်ဆိုရင် HomeSite နဲ့ DreamWeaver ဟာ လိုက်ဖက်ညီကြတယ်လို့ တွေ့ရပါ လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုစလုံးကို Company တစ်ခုတည်းက ထုတ်လုပ်တာကြောင့်ပဲ ဖြစ်ပါ တယ်။

စာအုပ်အမည်- အင်တာနက်နည်းပညာ Corel HTML
ရေးသူ- ဆန္ဒအောင်

No comments:

Up