2007-09-30

Hacking Google (အင်တာနက်မှရှာဖွေနည်းများ)

Chapter (1)

Search Engine Technology

What is Search Engine?
Search Engine (SE) ဆိုတာ Computer Program တစ်ခုကိုသုံးပြီး Web page များကို စုစည်းထားသော ကြီးမားသည့် database ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ စာကြည့်တိုက်များမှာ Card Catalogue အသုံးပြုပုံ နှင့် ဆင်တူပါတယ်။ ဆိုရရင် စာကြည့်တိုက်သွားပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို ရှာဖွေတဲ့ အခါမှာ စာကြည့်တိုက်ထဲက ရှိသမျှစာအုပ်အားလုံးကို လိုက်ဖတ်ပြီး ရှာမယ်ဆိုရင် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါဘူး။ Card Catalogue ကို အသုံးပြုပြီး ရှာမှသာလျှင် ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို လွယ်ကူလျင်မြန်စွာ ရရှိပါလိမ့်မယ်။
ဒီသဘောအတိုင်းပါပဲ Internet ပေါ်မှာ Web Page ပေါင်းသန်းနဲ့ချီပြီးရှိပါတယ်။ မိနစ်တိုင်းမှာ ထပ်တိုးလာတဲ့ web page များရှိသလို ရှိပြီးသား page များဟာလည်း Update လုပ်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် manually ရှာမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Search Engine များကို သုံးပြီးရှာမယ်ဆိုရင်တော့ ကိုယ်ရချင်တဲ့အကြောင်းအရာ၊ သတင်းအချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရရှိပါလိမ့်မယ်။ ဒါကြောင့် အလွယ်ကူဆုံးနှင့် အရှင်းဆုံးပြောရရင် Search Engine ဆိုတာ Web Page များကို ရှာဖွေပေးတဲ့ Service တစ်ခုပဲဖြစ်ပါတယ်။
ဒီနေရာမှာ Search Engine (SE) များနှင့်ပါတ်သက်ပြီး သိထားသင့်သော အရေးကြီးဆုံး အချက်တစ်ချက်ကို ပထမဦးစွာ ဖော်ပြလိုပါတယ်။ အဲဒါကတော့ SE များကို အသုံးပြု၍ မိမိအလိုရှိသော web page များ၊ website များကို ရှာဖွေခြင်းသည် အင်တာနက်ပေါ်တွင် တိုက်ရိုက်ရှာဖွေခြင်းမဟုတ်ပဲ SE များမှ ဖွဲ့စည်းတည်ဆောက်ထားသော database ထဲတွင် ရှာဖွေခြင်း ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

Functions of Search Engine
SE အားလုံးတို့၏ လုပ်ဆောင်မှုများသည် အခြေခံသဘောတရားအားဖြင့် အတူတူပင်ဖြစ်ကြပါတယ်။ ဆိုရရင် မည်သည့် SE မဆို Collecting, Organizing, Indexing နှင့် Serving Result ဟူသော လုပ်ငန်းစဉ်လေးခုကို အခြေခံပါတယ်။ သို့သော် အဲဒီလုပ်ငန်းစဉ်လေးခုကို ဖော်ဆောင်တဲ့အခါမှာတော့ SE တစ်ခုနှင့်တစ်ခု မတူညီသော ကိုယ်ပိုင် Technic များ၊ Algorithm များကို အသုံးပြုကြပြီး ထိုနည်းပညာသဘောတရားများကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားလေ့ရှိပါတယ်။
အကျဉ်းချုပ်အားဖြင့် SE များရဲ့ လုပ်ဆောင်ပုံများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။
(1) Crawling the internet for web contents
(2) Indexing we web contents
(3) Storing the web contents
(4) Search algorithm and results

Crawling the Web
webpage တိုင်းမှာ အခြားသော webpage (သို့) website တစ်ခုဆီသို့ ကူးပြောင်းနိုင်တဲ့ Link များရှိတယ်ဆိုတာကို သိကြ ပြီးဖြစ်ပါလိမ့်မယ်။ Crawling လုပ်တယ်ဆိုတာကတော့ အဲဒီ Link များမှတဆင့် Website တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပြီး ထို Website များအတွင်းတွင်ရှိသော information များ (ပုံများ၊ စာသားများ) ကို Search Engine ၏ Database ထဲတွင် သိုလှောင်သိမ်းဆည်းထားဖို့ရန်အတွက် Program တစ်ခုအသုံးပြုပြီး ရယူစုဆောင်းလေ့ရှိသော နည်းစနစ်တစ်ခုပင် ဖြစ်ပါ တယ်။ ထို Program ကို Crawler, Spider, Robot, Harvest အစရှိသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။
Crawler program သည် website တစ်ခုမှတစ်ခုဆီသို့ hyperlink များမှတဆင့် ကူးပြောင်းသွားလာပြီး သူဖြတ်သန်းခဲ့ သမျှသော webpage များကို မိတ္တူကူးယူစုဆောင်း၍ ဌာနေ Search Engine ဆီသို့ ပြန်ပို့ပေးနိုင်သော software program တစ်ခုပင်ဖြစ်ပါတယ်။
Search Engine များတွင် Crawler ရဲ့ အခန်းကဏ္ဍသည်လည်း လွန်စွာမှ အရေးပါလှပါတယ်။ Crawler များကို တပြိုင်နက် တည်း website ပေါင်းများစွာကို ချိတ်ဆက် Crawl လုပ်နိုင်စေရန် ဖန်တီးထားပါတယ်။
Google မှာဆိုရင် Googlebot လို့ခေါ်တဲ့ ချိတ်ဆက်မှုပေါင်း 300 ခန့်ကို တပြိုင်နက်ပြုလုပ်နိုင်သည့် Crawler program လေးခုကို အသုံးပြုပြီး တစ်စက္ကန့်အတွင်းမှာ Web Page ပေါင်း 100 ခန့်ကို download လုပ်နိုင်ပါတယ်။ သို့မှသာ အင်တာနက်ပေါ်ရှိ ဘီလီယံနှင့်ချီသော website များအတွင်းပါဝင်သော အကြောင်း အရာများကို မြန်နိုင်သမျှ မြန်မြန် မကြာခဏ ပြန်လည် crawl လုပ်နိုင်ခြင်းအားဖြင့် update ဖြစ်သော result များကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်မှ နောက်ဆုံးသတင်းများကို result များတွင် ဖော်ပြနိုင်စေရန် သတင်း မီဒီယာ website များ (CNN, BBC) ကိုတော့ နာရီပိုင်းအတွင်း ပြန်လည် crawl လုပ်လေ့ရှိပါတယ်။
Crawler များသည် website များအတွင်းရှိ သတင်းအချက်အလက်များကို ရယူစုဆောင်းတဲ့နေရာမှာ ထို website ပိုင်ရှင်များမှ သတ်မှတ်ထားသော တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။ ဆိုရရင် website ပိုင်ရှင်များသည် မိမိတို့ website အတွင်းမှ crawl မလုပ်စေလိုသော File အမည်များ၊ Folder အမည် များကို ထည့်သွင်းဖော်ပြထားတဲ့ "robot.txt" ဆိုတဲ့ file ကို ရေးဖွဲ့ပြီး website ၏ root directory အောက်တွင် ထည့်သွင်းထားလေ့ရှိပါတယ်။
http://www.w3.org/robot.txt
http://www.mit.edit/robot.txt
Crawler များသည် website တစ်ခုသို့ ရောက်လာတဲ့အခါမှာ ပထမဦးဆုံး robot.txt ကို သွားရောက်ဖတ်ရှု့ ပြီး ထို file အတွင်းပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။
Indexing the Web Content
Search Engine များသည် crawler များမှ မိတ္တူကူးယူလာခဲ့သော webpage တစ်ခုစီတွင် ပါရှိသည့် စကားလုံးများကို ရွေးချယ်ထုတ်နုတ်ပြီး index တစ်ခုတည်ဆောက်ရပါတယ်။ ထို index များသည် စာအုပ်များ၏ နောက်တွင်ပါလေ့ရှိသော အညွှန်း index များနှင့် ဆင်တူပြီး SE အသုံးပြုသူ User များမှ keyword များကို အသုံးပြု၍ webpage များကို ရှာဖွေနိုင်စေရန်အတွက် ဖြစ်ပါတယ်။
Index တစ်ခုတည်ဆောက်မှုကောင်းလျှင် ကောင်းသလို ပိုမိုပြည့်စုံသော result page များကို ဖော်ပြနိုင်ခြင်း ၊ အချိန်အနည်းငယ်အတွင်း result များကို ထုတ်ပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်သည့်အတွက်ကြောင့် SE တစ်ခုရဲ့အောင်မြင်မှုသည် index ကို ဘယ်လိုတည်ဆောက်အသုံးပြုသလဲ ဆိုတဲ့ အချက်အပေါ်မှာလည်း များစွာမူတည်ပါတယ်။
Search Engine များသည် Indexing ပြုလုပ်နိုင်ရန်အတွက် Parser လို့ခေါ်တဲ့ program ကို အသုံးပြု၍ စကားလုံးများကို ရွေးချယ်ထုတ်နုတ်လေ့ရှိပါတယ်။ ဆိုရရင် parser program သည် webpage များထဲမှ stop words လို့ခေါ်သည့် a, an, the, by ... အစရှိသော အသုံးများသည့် စကားလုံးများ၊ Meta tags များ၊ Javascripts များကို ဖယ်ရှားပြီး webpage အတွင်းရှိ အကြောင်းအရာကို ကိုယ်စားပြုနိုင်မည့် စကားလုံးများကို သာ Index တည်ဆောက်ရန် ရွေးချယ်ထုတ်ယူပေးနိုင်ပါတယ်။
Google အခြားသော SE များကဲ့သို့ SE များကဲ့သို့ title များသာ၊ webpage ရဲ့ အစပိုင်းမျှသာ index လုပ်ခြင်းမျိုးမဟုတ်ပဲ webpage တစ်ခုလုံးကို index လုပ်ထားသော full-text search engine အမျိုးအစား ဖြစ် ပါတယ်။
World Wide Web သည် အမြဲတမ်းပြောင်းလဲနေတတ်သည့် အတွက်ကြောင့် crawler များမှ ယနေ့ရယူ စုဆောင်းခဲ့သော webpage များသည် မနက်ဖြန်မှာ ရှိနေဖို့ရန် မသေချာသလို၊ ယနေ့မရှိသေးသော်လည်း မနက်ဖြန်တိုင်းမှာ အသစ်သစ်သော webpage များ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် Google ကဲ့သို့သော SE များတွင် တစ်ခါ claw လုပ်ပြီးတိုင်း update ဖြစ်သော result များကို ထုတ်ပြန်နိုင်ရန်အတွက် index တွေကိုလည်း update လုပ်လေ့ရှိပါတယ်။

Storing the Web Content
SE များ၏ database ထဲတွင် index အပြင် webpage တစ်ခုချင်းအလိုက်ကိုလည်း သိုလှောင်သိမ်းဆည်း ထားပါတယ်။ ဒါကြောင့် ဘီလီယံနှင့်ချီသော webpage များကို သိုလှောင်သိမ်းဆည်းထားရသည့်အတွက် ကြောင့် SE တစ်ခု၏ storage ပမာဏ သည် လွန်စွာကြီးမားလှပြီး tetrabyte ( 10
12 =1000GB ) ပေါင်းများစွာ အထိရှိတတ်ပါတယ်။ အဲဒီလို data ပမာဏပိုမိုသိုလှောင်ထားနိုင်လေ အသုံးပြုသူများအား ပိုမိုပြည့်စုံသော result များကို ထုတ်ပေးနိုင်လေ ဖြစ်ပါလိမ့်မယ်။

Search and Rank Algorithm
အသုံးပြုသူများသည် မိမိတို့ရှာဖွေလိုသော အကြောင်းအရာနှင့် သက်ဆိုင်သည့် စကားလုံးများကို keyword အဖြစ် ထည့်သွင်းရှာဖွေလိုက်တဲ့အခါမှာ SE သည် ထို keyword များနှင့် တစ်ထပ်တည်းတူညီသောစကားလုံး များကို index ဖြင့် တိုက်ဆိုင်စစ်ဆေးရှာဖွေ၍ ရရှိလာသည့် အထဲကမှ ဘယ် webpage များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှု အရှိဆုံးလဲ ဆိုတာကို ဆုံးဖြတ်ပြီး ထို webpage များကို ဦးစားပေးရှေ့မှာထားပြီး တန်းစီဖော်ပြမှာ ဖြစ်ပါတယ်။
အဲဒီလို မှန်ကန်သော result များကို ဖော်ပြနိုင်စေရန်အတွက် SE တိုင်းတွင် အခြားမည်သည့် SE နှင့်မှ မတူ ညီနိုင်သော algorithm လို့ခေါ်တဲ့ ကိုယ်ပိုင်နည်းစနစ်များကို သတ်မှတ်အသုံးပြုလေ့ရှိပါတယ်။ ထို algorithm များ မတူညီမှုကြောင့် keyword တူသော်လည်း SE မတူပါက ရလာမည့် result များသည်လည်း မတူညီပဲ ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။
SE တစ်ခု၏အောင်မြင်မှုသည် အသုံးပြုသော algorithm များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှုရှိသော result page များကို ရှာဖွေဖော်ပြနိုင်စွမ်းရှိမရှိပေါ်တွင် များစွာမူတည်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် SE ပေါင်း များစွာရှိသည့်အနက် တိကျသော result များကို ရှာဖွေဖော်ပြပေးနိုင်သော algorithm ကြောင့် Google သည် လူသုံးအများဆုံးနှင့် အောင်မြင်မှုအရှိဆုံး SE အဖြစ် ရပ်တည်လျှက် ရှိခြင်းပင်ဖြစ်ပါတယ်။
Google သည် result များ အစီအစဉ်တကျဖော်ပြနိုင်စေရန်အတွက် "PageRank" algorithm အပါအ၀င် အခြားသော ရာနှင့်ချီသည့် အခြေခံအကြောင်းအရင်းများပေါ်တွင် အလိုလျှောက်တွက်ချက် ဆုံးဖြတ်ပါတယ်။ ထိုရာနှင့်ချီသော အခြေခံအကြောင်းအရင်းများစွာတို့ထဲမှ အဓိကအရေးပါသော အချက်နှစ်ချက်ဖြစ်သည့် content analysis နှင့် Link Popularity တို့ကို အနည်းငယ် ရှင်းပြလိုပါတယ်..။

Content Analysis
Webpage တစ်ခုစီတွင် ပါဝင်သော အကြောင်းအရာသည် ရှာဖွေမှုနှင့် ဘယ်လောက်အတိုင်းအတာထိ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို မိမိထည့်သွင်းရှာဖွေခိုင်းလိုက်သော keyword များအား တွေ့ရှိရမှု အကြိမ်အရေ အတွက်၊ တွေ့ရှိရသောနေရာ (title, heading) ၊ font size နှင့် keyword များအကြား တစ်ခုနှင့်တစ်ခု တည်ရှိ မှု အကွာအဝေးတို့ပေါ်တွင် မူတည်၍ တွက်ထုတ်ပါသည်။

Link Popularity
Webpage တစ်ခုရဲ့အရေးပါ အရာရောက်မှုကို ထို webpage ကို အခြား webpage ဘယ်လောက်များများမှ လာရောက်ချိတ်ဆက်ထားသလဲပေါ်မှာ မူတည်ဆုံးဖြတ်ပါတယ်။ အဲဒီ Link တွေထဲမှာ နာမည်ကျော်လူသုံးများ သော website နှင့် ချိတ်ဆက်ထားသော link များ ပါရှိပါကလည်း ပိုပြီး ဦးစားပေးဖော်ပြခံရမှာ ဖြစ်ပါတယ်။

Life of a Google Query


Type of Search Engine
Search engine မှာ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ individual search engine နဲ့ metasearch engine တို့ဖြစ်ပါတယ်။ ထို search engine (၂)မျိုးအပြင် search လုပ်နိုင်သော နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါက တော့ subject directory ပဲ ဖြစ်ပါတယ်။

Individual Search Engine
Web ပေါ်မှာ ကိုယ်ပိုင် database ရှိသော search engine များကို individual search engine လို့ ခေါ်ပါ တယ်။ Individual search engine တွေဟာ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား သူတို့၏ database ထဲမှာ ရှာဖွေခြင်း မရှိပါဘူး။ မိမိရဲ့ကိုယ်ပိုင် database တစ်ခုထဲမှာသာ ရှာဖွေပြီး အဲဒီ keyword များပါရှိတဲ့ web page များကိုသာ result အဖြစ်ထုတ်ပေးပါတယ်။ အသုံးများသော individual search engine အချို့မှာ-
www.google.com
www.altavista.com
www.gigablast.com
www.wisenut.com
www.askjeeves.com
www.teoma.com တို့ဖြစ်ပါတယ်။

Metasearch Engine
Metasearch engine များသည် ကိုယ်ပိုင် database များတည်ဆောက်ထားခြင်း မရှိပါဘူး။ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား individual search engine များ၏ database ထဲမှာ တစ်ပြိုင်နက်ဝင်ရောက်ရှာဖွေပြီး အဲဒီ keyword များပါတဲ့ web page များကို result အဖြစ်ထုတ်ပေးပါတယ်။ database ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေသောကြောင့် ရလာသည့် result များကလည်း ပိုပြီးများပါလိမ့် မယ်။ အသုံးများသော metasearch engine အချို့မှာ-
www.metacrawler.com
www.webcrawler.com
www.qbsearch.com
www.vivisimo.com
www.dogpile.com တို့ဖြစ်ပါတယ်။

Subject Directory
Subject Directory များသည် သာမန်အသုံးပြုနေကြ SE များနှင့် မတူပါဘူး SE များဟာ သူတို့ရဲ့ database များကို ကွန်ပျူတာ program များဖြစ်သော robot (သို့) spider တို့ကို အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ Subject Directory များမှာတော့ ကွန်ပျူတာ program များကိုမသုံးပဲ ကျွမ်းကျင်သောပညာရှင်များဖြင့် အချိန် များစွာသုံးပြီး web page များကို subject များအလိုက် manually တည်ဆောက်ထားပါတယ်။ ဒါကြောင့် subject directory များ၏ database များဟာ SE များနှင့်ယှဉ်လိုက်လျှင် အလွန်သေးငယ်ပါတယ်။ သို့သော် လည်း လူများဖြင့် ရွေးချယ်စုစည်းထားသည့်အတွက်ကြောင့် ပိုမိုတိကျသော result များကို ရှာဖွေဖော်ပြပေးနိုင် ပါတယ်။ အသုံးများသော subject directory အချို့မှာ-
directory.google.com
directory.yahoo.com
www.dmoz.org တို့ဖြစ်ပါတယ်။

Basic Searching Method
ယခုဆက်လက်ပြီးတော့ ပိုမိုတိကျသော result များ ရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖော်ပြလိုပါတယ်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံး သော နည်းစနစ်များပင်ဖြစ်ပါတယ်။ ၎င်းတို့မှာ-
(1) Search Engine Math
(2) Boolean Searching
(3) Field Searching တို့ပဲဖြစ်ပါတယ်။

Search Engine Math
ပိုမို၍ တိကျကောင်းမွန်သော result များ ရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-)လက္ခဏာ များ တွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့် tip များဟာ search engine အများစုမှာသုံးနိုင်မည့် အခြေခံအကျဆုံးသော tip များပဲဖြစ်ပါတယ်။

Tip 1 ) "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘော ကတော့ search engine ကို web page တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ - +challenger columbia
(+နှင့် keyword ကြားမှာ Space မခြားရပါ) result အနေနဲ့ကတော့ search engine က ရှာပေးလိုက်တဲ့ web page တိုင်းမှာ "challenger" ဆိုတဲ့ စကားလုံး ပါပါလိမ့်မယ်။

Tip 2 ) "-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ web page များကို ဖယ်ထားခဲ့ဖို့ ခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဥပမာ - +challenger -columbia
Result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ web page တိုင်းမှာ "columbia" ဆိုတဲ့ စကား လုံး လုံးဝပါလိမ့်မည် မဟုတ်ပါ။

Tip 3 ) စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါ တယ်။ သဘောကတော့ search engine ကို double quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်း အတိအကျပါတဲ့ web page များကိုသာ ရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ - "who moved my cheese"
result အနေနဲ့ကတော့ who moved my cheese ဆိုတဲ့ စကားစုပါတဲ့ web page များကိုသာ ဖော်ပြပါလိမ့် မယ်။

Tip 4 ) သချာင်္ပညာရပ်မှာဆိုလျှင် သင်္ကေတ "~" သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင် တယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ် အသုံးပြုနိုင် ပါတယ်။
စကားလုံးတစ်လုံး၏ရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံးနှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖော်ပြမှာဖြစ်ပါတယ်။
ဥပမာ health ~data ဟု ထည့်သွင်းရှာဖွေပါက data နှင့် အဓိပ္ပါယ်ချင်းဆင်တူသော information ၊ statistic စကာလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် web page များကို ရရှိပါလိမ့်မည်။
အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့်ဆင်တူသော runners ၊ running ၊ marathon စကားလုံးများပါဝင်သော web page များကို ရရှိမှာဖြစ်ပါတယ်။

Tip 5 ) စကားစု (phrase) နှင့်စကားလုံးများကို +, - " " သင်္ကေတများနှင့်တွဲသုံးပုံကို လေ့လာကြည့်ရအောင်
ဥပမာ - +"white house" +clinton -lewinsky
သဘောကတော့ search engine ကို white house ဆိုတဲ့ စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရ မယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ web page များကို ရှာခိုင်းလိုက်တာဖြစ်ပါတယ်။

Tip 6 ) အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case) နဲ့ ရှာခိုင်းရင် အသေးရော အကြီးပါ (၂)မျိုးစလုံးပါတဲ့ web page များကို ရှာပေးပါလိမ့်မယ်။
ဥပမာ - minister
result အနေနဲ့ကတော့ minister နှင့် Minister (၂)မျိုးစလုံးပါသော web page များကို ဖော်ပြပါလိမ့်မယ်။
စာလုံးအကြီး (upper case) နဲ့ ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော web page များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ - Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့ စကားလုံးပါသော web page များကိုသာ ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ ဆိုရရင် minister ဖြစ်ဖြစ်၊ Minister ဖြစ် စေ တူညီသော result ကို ရရှိစေမှာ ဖြစ်ပါတယ်။

Tip 7 ) Wild cords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်း ချင်ရင် သုံးပါတယ်။
ဥပမာ - librar*
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော web page များကို ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google မှာတော့ * သည် စကားလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။

Boolean Searching
အင်္ဂလိပ်သချာင်္ပညာရှင်ကြီး George Boole (1815-1864) ရေးသားခဲ့သော boolean logic နှင့် boolean operator များဖြစ်သည့် AND, OR နှင့် NOT တို့ကို စကားလုံး၊ စကားစုများနှင့် တွဲဖက်၍ တိကျသော result များ ရရှိအောင် သုံးစွဲပုံများကို ဖော်ပြသွားပါမယ်။

Boolean "OR"
"OR" operator ကို အသုံးပြုပြီး search engine မှာ ရှာမယ်ဆိုရင် ကိုယ်ထည့်ရှာခိုင်းလိုက်တဲ့ keyword များ ထဲမှ အနည်းဆုံး (၁)ခု ပါတဲ့ web page တွေရော၊ (၂)ခုစလုံးပါတဲ့ web page တွေရော ဖော်ပြပေးပါလိမ့်မယ်။ ဒါကြောင့် keyword များများပိုသုံးလေ ရလာမယ့် result က များလေလေ ဖြစ်ပါလိမ့်မယ်။ "OR" operator ကို အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် အကျိုးအကြောင်း ဆက်စပ်မှုရှိသော စကားလုံးများနှင့် အများဆုံး တွဲသုံးလေ့ရှိပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)
Ref: မျိုးသူရ (အင်တာနက်မှ ရှာဖွေနည်းများ)

2007-09-15

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်အလက်များ


ရည်ရွယ်ချက်

ကွန်ပျူတာဖြင့် အိမ်တွင် စာရင်းပြုစုခြင်း၊ စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ E-mail, Internet အသုံးပြုခြင်း၊ ဖျော်ဖြေရေးအဖြစ် Game ကစားခြင်း၊ သီချင်း၊ ရုပ်ရှင်ကြည့်ခြင်းစသဖြင့် ကွန်ပျူတာတစ်လုံးအား ကောင်းစွာ အသုံးချနိုင်သည်ဖြစ်ရာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ ၀ယ်ယူအသုံးပြုရန် လိုအပ်ချက်ရှိလာပါသည်။
ကွန်ပျူတာတစ်လုံးဝယ်ယူရန် စဉ်းစားလာသည့်အခါ မိမိနှင့်ခင်မင်ရင်းနှီးသော computer ဆိုင်များ၊ ယုံကြည် အားထားလောက်သော computer company ကြီးများတွင် ၀ယ်ယူကြသလို ကွန်ပျူတာအကြောင်း နားလည် တတ်ကျွမ်းသောသည့် အသိမိတ်ဆွေကို ခေါ်ယူ၍၀ယ်ယူသည် လည်း ရှိပါသည်။
မည်သို့ဝယ်ယူသည်ဖြစ်စေ ၀ယ်ယူသူကိုယ်တိုင်မှ ကွန်ပျူတာနှင့်ပါတ်သက်သော အခြေခံအချက် အလက်များကို ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ၀ယ်ယူတတ်ခြင်းသည်သာလျှင် အကောင်း ဆုံးဖြစ်ပါသည်။
ထို့ကြောင့် အချိန်ပိုင်းကာလအတွင်း ကွန်ပျူတာအခြေခံအချက်အလက်များအား အလွယ်တကူ ဖတ်ရှု နားလည်သဘောပေါက်စေသော အရေးအသားများဖြင့် တင်ပြထားပါသည်။

ကွန်ပျူတာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။
(1) Processor or Central Processing Unit (CPU)
(2) Motherboard
(3) Memory
(4) Hard Disk
(5) Floppy Drive
(6) Video Graphic Card
(7) Keyboard
(8) Mouse & Pad
(9) Casing
(10) Monitor တို့ ပါဝင်ပါသည်။
အထက်ပါ အချက်အလက်များအပြင် Multimedia သုံးစွဲနိုင်ရန်အတွက် CD-ROM Drive, DVD-ROM Drive, CD-RW Drive (R=Read/ W=Write), COMBO Drive (CD, DVD, CD-RW), DVD RW Drive (DVD Read Read / Write), Sound Card, Speaker စသဖြင့် ထပ်မံတပ်ဆင်နိုင်ပါသည်။

(1) Central Processing Unit (CPU)ကွန်ပျူတာတစ်လုံး၏ အရေးအကြီးဆုံး အဓိကအစိတ်အပိုင်းဖြစ်သည့် CPU အား Motherboard ပေါ်တွင် တပ်ဆင်ရပါသည်။ CPU ထုတ်လုပ်သည့် ကုမ္ပဏီများအနက် Intel, AMD တို့မှာ အထင်ရှားဆုံးဖြစ်သည်။ Intel ကုမ္ပဏီထုတ် CPU များမှာ တစ်ကမ္ဘာလုံး၏ ဈေးကွက်အများစုကို ရရှိထားသည်။
Intel Company မှ Celeron(R) နှင့် Pentium(R) processor series နှစ်မျိုးကို ထုတ်လုပ်လျှက်ရှိပါသည်။ Celeron(R) Processor အမျိုးအစားအား စာစီစာရိုက်ခြင်း၊ e-mail ပို့ခြင်း၊ စာရင်းအင်း software များ အသုံးပြု ခြင်း၊ ပညာရေးနှင့် သက်ဆိုင်သော software များ အသုံးပြုနိုင်ပါသည်။
Pentium(R) Processor အမျိုးအစားမှာ Celeron(R) Processor များထက် ပိုမိုလျင်မြန်ပါသည်။ Pentium(R) Processor အမျိုးအစားများမှာ Game ကစားလိုသူများ၊ Photo Editing Software များ၊ Multimedia ၊ Internet စသည်တို့ကို လျှင်မြန်စွာ အသုံးပြုလိုသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ Processor ၏ အမြန်နှုန်းအား Hz (Hertz) ဖြင့် တိုင်းတာပါသည်။ ပထမဆုံးထုတ်လုပ်ခဲ့သော Pentium Processor Speed မှာ 60 MHz မှ ယခုနောက်ဆုံး Pentium 4 မှာ 3.4GHz အထိ ထွက်ရှိနေပြီးဖြစ်ရာ ယခင် 60 MHz ထက် အဆ (၄၀)ကျော် ပိုမိုမြန်ဆန်နေပြီ ဖြစ်ပါသည်။
Processor များတွင် Internal Speed နှင့် External Speed ဟူ၍ (၂)မျိုးရှိပါသည်။ Internal Speed ကိုသာ အဓိကထား ပြောဆိုကြပါသည်။ ဥပမာ အထက်စာပိုဒ်ပါ Pentium 4 (3.2E GHz) မှာ Internal Speed ဖြစ်ပါသည်။ ယင်း၏ External Speed မှာ 800 MHz ဖြစ်ပါသည်။ Internal Speed မှာ အလုပ်လုပ်ဆောင်နိုင် မှု အမြန်နှုန်းဖြစ်ပြီး၊ External Speed မှာ Processor ထက် နှေးကွေးသော Memory မှ အချက်အလက်များကို လုပ်ဆောင်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။ Front Side Bus (FSB) ဟု လူသိများပါသည်။ ဥပမာ- Pentium 4 (3.2E GHz) ၏ (FSB) မှာ 800 MHz ဖြစ်ပါသည်။
Processor များတွင် L2 Cache ဟုခေါ်သော UltraFast Memory အား ထည့်သွင်းထုတ်လုပ်ထား ပါသည်။ ယင်း၏ လုပ်ဆောင်ချက်မှာ Memory မှ သတင်းအချက်အလက်များအား Processor သို့ ပို့ဆောင်ရာတွင် Processor မှ အလုပ်လုပ်ဆောင်နိုင်မှု လျင်မြန်သဖြင့် စောင့်ဆိုင်းမှုမရှိစေရန် ကြားခံယာယီသိုလှောင်ဌာန အဖြစ် အသုံးပြုရန်ဖြစ်ပါသည်။ Processor မှ L2 Cache ကြားခံသိုလှောင်ဌာနမှ သတင်းအချက်အလက်များ ကို ယူဆောင်၍ တွက်ချက်မှုများပြုလုပ်ပါက လျင်မြန်သော Processor နှင့် နှေးကွေးသော Memory အကြား ကွာဟချက်ကို ကျဉ်းမြောင်းသွားစေပါသည်။
ဥပမာ-
Intel Pentium II CPUs
Internal Speed Range : 233 MHz to 450 MHz
Front Side Bus : 66 MHz to 100 MHz
L2 Cache : 256 KB

Intel Pentium III CPUs
Internal Speed Range : 450 MHz to 1.26 GHz
Front Side Bus (FSB) : 100 MHz to 133 MHz
L2 Cache : 256 KB or 512 KB

Intel Pentium 4 CPUs
Internal Speed Range : 1.3 GHz to 3.40 GHz
FSB : 400 MHz, 533 MHz, 800 MHz
L2 Cache : 256 KB, 512 KB, 1 MB, 2 MB

Intel Celeron CPUs
Internal Speed Range : 266 MHz to 2.80 GHz
FSB : up to 400 MHz
L2 Cache : 128 KB, 256 KB

ဥပမာ- Pentium 4 2.4 A GHz သည်
FSB : 533 MHz, L2 Cache : 1024 KB (1MB)
Pentium 4 2.4 B GHz သည်
FSB : 533 MHz, L2 Cache: 512 KB ပါဝင်သဖြင့်
* 2.4 A သည် 2.4 B ထက် ပိုမိုလျှင်မြန်ပါသည်။
Celeron 2.4 GHz သည်
FSB : 400 MHz နှင့် L2 Cache : 128 KB သာ ပါဝင်သဖြင့် Pentium 4 2.4A GHz နှင့် နှိုင်းယှဉ် ပါက Internal Speed တူသော်လည်း FSB နှင့် L2 Cache ပါဝင်မှုအရ လျင်မြန်မှု၊ ဈေးနှုန်းကွာခြားမှု ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် ရောက်ရှိနေခဲ့ပြီးသော Intel Company ထုတ် Pentium 4 Processor နမူနာအချို့မှာ-
- Intel Celeron 1.8 GHz (L2 Cache:128KB, FSB:400MHz, 478)
- Intel Celeron 2.26D GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel Celeron 2.4D GHz (L2 Cache:256, FSB:533MHz, 478)
- Intel Celeron 2.53 GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel P4- 1.6 GHz (L2 Cache:256KB, FSB:400MHz, 478)
- Intel P4- 2.4A GHz (L2 Cache:1MB, FSB:533MHz, 478)
- Intel P4- 2.4B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.8A GHz (L2 Cache: 1MB, FSB:533MHz, 478)
- Intel P4- 2.8B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 2.8E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.0C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.2E GHz (L2 Cache:1KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache: 1MB, FSB:800MHz / LGA775)
- Intel P4- 3.2E GHz (L2 Cache:1MB, FSB:800MHz / LGA775)
- Intel P4- 3.0F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.2F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.4F GHz (L2 Cache:1MB, FSB:800MHz / LGA775)
အထက်ပါ Processor Speed များတွင် 2.8C GHz မှစ၍ Hyper-Threading Technology ဖြင့် ထုတ်လုပ် လာခဲ့ပါသည်။
Hyper-Threading Technology သည် Software Application များစွာကို အချိန်တစ်ချိန်တည်းတွင် တပြိုင် နက်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်သဖြင့် Memory များစွာလိုအပ်သော Adobe Photoshop ကဲ့သို့သော Photo Editing Software, 3D Animation Software များကို ကိုင်တွယ်ဆောင်ရွက်သည့်အခါ အချိန်တို အတွင်း အလုပ်များကို လျှင်မြန်စွာ ပြီးစီးစေပါသည်။
ပထမဦးဆုံးထုတ်လုပ်ခဲ့သော Pentium 4 Processor မှာ 423 Pin (180 nm Process), ထို့နောက် 478 Pin (130 nm Process) အမျိုးအစားများကိုသာ အဓိကထား ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ LGA 775 (90 nm Process) Pentium 4 CPU များကို အသစ်ထပ်မံထုတ်လုပ်လာခဲ့ပါသည်။ Hyper-Threading Technology အား ထပ်မံပြုပြင်၍ Dual Core Technology နည်းပညာသုံး CPU များလည်း ထပ်မံထွက်ပေါ်လာပြန်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Processor သည် Intel ကုမ္ပဏီထုတ်ဖြစ်ပါက Celeron (or) Pentium ?
* Processor ၏ အမြန်နှုန်း ?
* FSB အမြန်နှုန်း ?
* L2 Cache ?
* Socket 478 (or) Socket LGA 775 ?
* Support Hyper-Threading Technology ?

(2) Motherboard

Motherboard သည် ကွန်ပျူတာအစိတ်အပိုင်းများကို တပ်ဆင်ရာတွင် အဓိက အစိတ်အပိုင်းကြီး ဖြစ်သည်။ Motherboard တွင် ကွန်ပျူတာ (၁)လုံး၏ အခြေခံအစိတ်အပိုင်းများဖြစ်သော Processor CPU, Memory, Graphic Card, Sound Card, Hard Disk နှင့် အခြား CD-Rom အစရှိသဖြင့် Drive များ၊ Network ဆိုင်ရာ ပစ္စည်းများ ပူးတွဲပြီး တပ်ဆင်ရာ ဘုတ်ပြားကြီး ဖြစ်ပါသည်။
ကွန်ပျူတာဝယ်ယူရာတွင် Motherboard ရွေးချယ်မှုသည် အလွန်အရေးကြီးသည်။ 3D Graphic Card များ တပ်ဆင်စရာမလိုဘဲ Motherboard တွင် On Board အဖြစ် တပေါင်းတည်း တပ်ဆင်ပေးလိုက်သော Motherboard များမှာ သုံးစွဲလိုသူ၏ ဆန္ဒအလျောက် Memory သီးသန့်ပါဝင်သော Graphic Card ကဒ်များကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။
VGA On Board များမှာ Total System Memory မှ မျှဝေသုံးစွဲသဖြင့် အမှန်တကယ်သုံးစွဲနိုင်သော Memory မှာ လျော့နည်းလေ့ရှိသည်။ Mother တွင် ပါဝင်သော Chipset သည် Intel Chipset လား၊ VIA Chipset လား ပေါ်မူတည်၍ သော်လည်းကောင်း၊ ဈေးနှုန်းကွာခြားနိုင်သည်။ Chipset Series ဥပမာ- Intel 845, Intel 848, Intel 865, Intel 875, Intel 925X အစရှိသဖြင့် Model မြင့်ရင်မြင့်သလို၊ လုပ်ဆောင်ချက်ပါဝင်မှု အနည်း အများပေါ်မူတည်၍ ဈေးနှုန်းကွာခြားသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် အသုံးများသော Motherboard အချို့မှာ-
- P4- Axper VIA266A (478/DDR) w/Sound + VGA + LAN
- P4- GIGA 8VM 533M-RZ-RZ (478/DDR) w/Sound + VGA + LAN
- P4- GIGA 8S648-FXP-RZ (478/DDR/HT) w/Sound + Sound + LAN
- P4- GIGA 8S648-FX775 (775/DDR/HT) w/Sound + LAN
- P4- MSI Intel 848P Neo-V (478/DDR/HT) w/Sound + LAN
- P4- GIGA 81PE775-G (775/DDR/HT) w/Sound + LAN
- P4- Intel 865 PERL (478/DDR/HT) w/Sound
သုံးစွဲလိုသူမှ ကုမ္ပဏီအချို့ဖြစ်သည့် Gigabyte, Albatron, ABIT, MSI, Intel ကုမ္ပဏီထုတ် Motherboard များမှ ရွေးချယ်ဝယ်ယူနိုင်သလို၊ တပ်ဆင်မည့် CPU နှင့်လိုက်ဖက်မည့် Motherboard ရွေးချယ်တတ်ရန် လိုအပ်ပါသည်။ Pentium နှင့် Celeron CPU များအတွက် ဈေးနှုန်းအသက်သာဆုံး On Board (VGA) Motherboard များ ရွေးချယ်နိုင်သလို ဈေးနှုန်းကြီးမြင့်သော Intel ကုမ္ပဏီထုတ် Motherboard တွင်လည်း တပ်ဆင်နိုင်ပါသည်။
ကွန်ပျူတာဝယ်ယူသည့်အခါ ငွေကြေးကြောင့် ဈေးနည်းသော Motherboard, Memory နည်းနည်းနှင့် ၀ယ်ယူခဲ့သော်လည်း နောင်အနာဂါတ်တွင် CPU အား အဆင့်မြှင့်တင်လိုသည့်အခါ Motherboard မှ အသစ် ထပ်မံတပ်ဆင်လိုသော CPU အား လက်မခံနိုင်ခြင်း ကြုံတွေ့ရတတ်ပါသည်။ ထိုအချိန်တွင် CPU အပြင်၊ Motherboard အသစ်ပါ ထပ်မံဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါသည်။ Motherboard Manual စာအုပ်တွင် မည်သည့် CPU အထိ တပ်ဆင်နိုင်သည်ကို ရေးသားထားလေ့ရှိရာ လေ့လာထားသင့်သော အချက်တစ်ခုဖြစ်ပြီး Manual အား နားမလည်ပါက ကျွမ်းကျင်သူ Computer Technician အား မေးမြန်းသင့်ပါသည်။ Motherboard တပ်ဆင်ထားမှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်ဖြစ်ရာ အထူးသတိထားသင့်သော အချက်ဖြစ်သည်။ CPU, Motherboard, Memory, Graphic Card အချိုးညီမျှတစွာ တပ်ဆင်မှုသည် အရေးကြီးလှပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* VGA On Board အမျိုးအစား ?
* On Board ဖြစ်ပါက စာစီစာရိုက်၊ ရုံးသုံးအတွက်သာသင့်တော်ပါသည်။ ငွေကြေးတတ်နိုင်ပါက Graphic Card သီးခြား တပ်ဆင်ရသော Motherboard သာ ရွေးချယ်သင့်ပါသည်။
* Chipset Model က VIA, SIS, Intel ?
Intel Chipset တပ်ဆင်ထားသော Motherboard က ပိုမိုကောင်းမွန်ပါသည်။ Chipset Model - SIS848, Intel 865, Intel 915 စသဖြင့် သိသင့်ပါသည်။
* မည်သည့် Processor Model အထိ တပ်ဆင်နိုင်ပါသလဲ ? Motherboard Manual စာအုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားရာ ရောင်းချသည့် Computer Sales Center ကို မေးမြန်းသင့်ပါသည်။
* Memory တပ်ဆင်မည့် Motherboard သည် Dual Channel Support လုပ်ပါသလား ?
* မည်သည့် CPU Socket အမျိုးအစားတပ်ဆင်နိုင်သနည်း။ ဥပမာ- Socket 478 (or) Socket LGA 775
Socket LGA 775 CPU တပ်ဆင်မည်ဆိုပါက Motherboard ရွေးချယ်သည့်အခါ DDR400 Memory တပ်ဆင်နိုင်သော Motherboard များရှိသလို DDR2 533/667 Memory သာ တပ်ဆင်နိုင်သော Motherboard များလည်းရှိပါသည်။ AGP 8x Graphic Card တပ်ဆင်နိုင်သော Socket 775 Motherboard များရှိသလို PCI Express 16X Graphic Card သာ တပ်ဆင် အသုံးပြုနိုင်သော Motherboard များလည်းရှိသဖြင့် Socket 775 Motherboard ၀ယ်ယူပါက မည်သည့် Memory အမျိုး အစား (DDR 400 (or) DDR2 533/667) တပ်ဆင်နိုင်သည်ကို သိရှိရန်လိုအပ်ပါသည်။ ထို့အတူ မည်သည့် Graphic Card (AGP or PCI Express) တပ်ဆင်နိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။ Socket LGA 775 Pentium 4 CPU နှင့် Socket LGA 775 Motherboard ကို ရွေးချယ်ထားသော်လည်း AGP 8x Graphic Card နှင့် သာမန် DDR 400 Memory တပ်ဆင်အသုံး ပြုနိုင်ခြင်းသည် DDR2 Memory နှင့် PCI Express Graphic Card တပ်ဆင်အသုံးပြုမှုထက် ကုန်ကျစရိတ်သက်သာမည် ဖြစ်သော်လည်း နောင်အနာဂါတ်တွင် DDR2 Memory နှင့် PCI Express Graphic Card များသာ ပိုမိုခေတ်စားလာမည် ဖြစ်သဖြင့် ချင့်ချိန်ကာ ၀ယ်ယူသင့်ပါသည်။

Motherboard တစ်ခု၏ လုပ်ဆောင်နိုင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားစေသောအချက်များ။
Motherboard တစ်ခုတွင် Chipset Model အနိမ့်အမြင့်၊ Memory တပ်ဆင်နိုင်မှုပမာဏနှင့် Dual Channel Memory တပ်ဆင်နိုင်မှု၊ AGP Slot- 4X or 8X or နောက်ဆုံးပေါ် PCI Express ပါဝင်မှု၊ PCI Slot အရေအတွက်၊ Hard Disk Type- IDE, SATA, Raid များ တပ်ဆင်နိုင်မှု၊ Sound System- 2 Channel, 6 Channel, 7.1 Channel, LAN, IEEE 1394 စသဖြင့် သီးသန့်လုပ်ဆောင်မှုများ ပါဝင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။

Memory
Memory သည် Computer ၏ ယာယီမှတ်ဥာဏ် ဖြစ်ပါသည်။ ကွန်ပျူတာမီးပိတ်လိုက်ပါက မှတ်ဥာဏ်အတွင်းရှိ အချက် အလက်များ ပျောက်သွားမည်ဖြစ်ပါသည်။ Random Access Memory (RAM) ဟုလည်း ခေါ်ကြသည်။ Memory ပမာဏ အား B(Byte) ဖြင့်တိုင်းတာပြီး၊ အလုပ်လုပ်ဆောင်နိုင်မှု အမြန်နှုန်းအား MHz ဖြင့် တိုင်းတာပါသည်။ Pentium II, III Computer များအတွက် SD RAM အမျိုးအစားကို သုံးကြပါသည်။ SD RAM တွင် PC 100 နှင့် PC 133 ကို Standard အဖြစ် အသုံးများသည်။ PC 100 အမျိုးအစား Memory သည် 100 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်ပြီး PC 133 အမျိုးအစား Memory သည် 133 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်သည်။
Pentium 4 ကွန်ပျူတာများသည် DDR SD RAM (DDR=Double Data Rate) ကို သုံးကြပါသည်။ DDR RAM များသည် SD RAM များ၏ အမြန်နှုန်းနှစ်ဆဖြင့် Data များကို ပို့ဆောင်ပေးနိုင်သည်။ DDR SDRAM များသည် 200 MHz, 266 MHz, 333 MHz, 400 MHz များဖြင့် အလုပ်လုပ်ပြီး 200 MHz အား (PC 1600), 266 MHz အား (PC 2100), 333 MHz အား (PC 2700), 400 MHz အား (PC 3200) အဖြစ် ပြောင်းလဲခေါ်ဆိုနိုင်ပါသည်။
ယခုအခါ 533 MHz အမြန်နှုန်းရှိသော DDRII Memory များလည်း ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယနေ့ အသုံးများသော Memory ပမာဏများမှာ 128 MB နှစ်ချောင်းတပ်ဆင်ခြင်းဖြင့် 256 MB ရရှိနိုင်သလို၊ 256 MB တစ်ချောင်းတည်း တပ်ဆင် ခြင်းဖြင့်လည်း ရနိုင်ပါသည်။
Memory ပမာဏများလေ Memory ကို အဓိကထား သုံးစွဲရသော Adobe Photoshop လို Software များ သုံးစွဲသည့် အခါတွင်လည်းကောင်း၊ 3D Game များ ကစားသည့်အခါတွင် လည်းကောင်း၊ ပိုမိုလျင်မြန်မှု၊ မြန်ဆန်မှုကို ရရှိစေပါသည်။
Memory ပမာဏအား စာစီစာရိုက်အတွက် 128 MB အနည်းဆုံးရှိသင့်ပြီး၊ Game များ ကစားလိုပါက 256 MB, 512 MB ရှိသင့်ပါသည်။ 3D Graphic Card များ တွင်ပါဝင်သော Memory ပမာဏနှင့်မရောထွေးသင့်ပါ။ AGP (Accelerated Graphic Port) တွင် တပ်ဆင်ကြသော Graphic Card များတွင် ပါဝင်သော Memory ပမာဏမှာ 32 MB, 64 MB, 128 MB, 256 MB ဟူ၍ အမျိုးအစားများရှိရာ ယင်းတို့သည် 3D ရုပ်ပုံများ၊ Game အတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Computer ၏ အဓိက Memory လည်း များများတပ်ဆင်ပြီး၊ Graphic Card ကိုလည်း အမြင့်ဆုံးတပ်ဆင်ပါက စွမ်းဆောင်ရည်သည် အတိုင်း ထက်အလွန်ကောင်းမွန်ပြည့်ဝစွာ ပေးနိုင်မည်ဖြစ်ပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်။
* Memory အမျိုးအစား ?
* Kingston ကုမ္ပဏီထုတ် Memory များက ပိုကောင်းပါသည်။
* Memory Speed ?
DDR 333 MHz, DDR 400 MHz, DDRII 533 MHz
* မည်သည့်ပမာဏအထိ Memory တပ်ဆင်နိုင်ပါသလဲ ?

Hard Disk


Hard Disk သည် Primary Storage Area ဖြစ်ပါသည်။ Memory ကဲ့သို့ မီးပိတ်လိုက်ပါက Data များ ပျောက်ဆုံး သွားခြင်း မရှိပါ။ Program များကို Hard Disk တွင် ထည့်သွင်းရပါသည်။ သတင်းအချက် အလက်များကို ထုတ်ယူသုံးစွဲ နိုင်ပါသည်။
Hard Disk တစ်လုံးသည် သတင်းအချက်အလက်များကို မည်မျှသိမ်းဆည်းထားနိုင်သလဲဆိုတာကို Byte ဖြင့် တိုင်းတာပါသည်။ ၀င်ဆန့်တဲ့ ပမာဏအလိုက် 850 MB, 1.2 GB, 4.3 GB, 8.4 GB, 10 GB, 20 GB, 40 GB, 80 GB, 120 GB, 200 GB, 250 GB, 320 GB, ... စသဖြင့် အရွယ်အစားအမျိုးမျိုးရှိသည်။
ယနေ့ Pentium 4 ကွန်ပျူတာများတွင် 40 GB, 80 GB Hard Disk Size များ ဈေးနှုန်းကျဆင်းလာသည်နှင့် အမျှ သုံးစွဲနိုင်သူဦးရေ များပြားလာမည်ဖြစ်ပါသည်။ Seagate Company ထုတ် Hard Disk မှာ လူကြိုက်များ သည်။ Hard Disk တစ်ခုကို ဖော်ပြရာတွင် သက်ဆိုင်ရာ Company နာမည်ကိုပါ ရေးသားဖော်ပြလေ့ရှိသည်။ နမူနာပြအချို့မှာ-
40 GB (Maxtor) 7200 rpm, IDE
40 GB (Seagate) 7200 rpm, IDE
40 GB (Samsung) 7200 rpm, IDE
80 GB (Maxtor/ Hitachi) 7200 rpm, IDE
80 GB (Seagate) 7200 rpm, IDE
80 GB (Seagate) 7200 rpm, SATA
12 GB (Seagate) 7200 rpm, IDE
12 GB (Seagate) 7200 rpm, SATA
အထက်ဖော်ပြချက်တွင် Maxtor, Seagate, Samsung မှာ သက်ဆိုင်ရာ Hard Disk ထုတ်လုပ်သည့် Company များ၏ အမည်ဖြစ်သည်။ 7200 rpm မှာ Hard Disk ၏ လည်ပတ်မှုအမြန်နှုန်းဖြစ်ပြီး IDE မှာ Integrated Electronics (IDE) အတိုကောက်ဖြစ်ပြီး SATA မှာ Serial ATA ဖြစ်ပါသည်။ SATA အမျိုးအစား Hard Disk မှာ IDE အမျိုးအစား Hard Disk ထက် Data များကို ပိုမိုလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပါသည်။
ထုတ်လုပ်သော Company အမည်ကိုလိုက်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ Hard Disk ရွေးချယ်သည့်အခါ 40 GB, 80 GB အနည်းဆုံးတပ်ဆင်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Hard Disk ထုတ်လုပ်သည့် ကုမ္ပဏီ?
(Maxtor, Hitachi, Samsung, Seagate)Seagate ကုမ္ပဏီထုတ် Hard Disk များမှာ ပိုမိုလူကြိုက်များသည်။

Floppy Drive
Floppy Drive တွင် 3.5" ရှိ Floppy Disk ကို ထည့်သွင်းပြီး သတင်းအချက်အလက်များကို ကူးယူနိုင် ပါသည်။ Floppy Disk သည် 1.44 MB သာ လက်ခံသည်။ Floppy Disk ကို အသုံးပြုပြီး ကွန်ပျူတာတစ်လုံးမှ Data တွေကို အခြားတစ်လုံးသို့ လွှဲပြောင်းနိုင်သည်။ Data ၀င်ဆန့်နိုင်မှု ပမာဏသည် စာသားအနည်းအများ၊ ရုပ်ပုံ ပါဝင်မှုပေါ် မူတည်ပါသည်။ File Size သည် 1.44 MB အထိသာ သိမ်းဆည်းနိုင်သဖြင့် အလွန်များပြားသော စာမျက်နှာများ၊ ရုပ်ပုံများ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။

Video Graphic Card
ယခုအခါ Graphic Card များတွင် AGP (or) PCI Express အမျိုးအစား Graphic Card များကိုသာ သုံးစွဲ နေကြပါသည်။ 3D Graphic Controller Card ဟူ၍လည်း သိနားလည်ကြပါသည်။ AGP သည် (Accelerated Graphic Port) ဖြစ်ပါသည်။ PCI Express သည် နောက်ဆုံးပေါ် Graphic Card ဖြစ်ပါသည်။ 3D ရုပ်ပုံထွက် များကောင်းမွန်ရေးသည် အဓိကကျလှသော နောက်ဆုံးပေါ် Computer Graphic Game များ ကစားရာ နိုင်နင်း စွာ စွမ်းဆောင်ပေးနိုင်ခြင်း၊ ပုံရိပ်များကို ချောမွေ့ကြည်လင်ပြတ်သားစေခြင်း စသည့်အကျိုးကျေးဇူးများ ပေးစွမ်း နိုင်ပါသည်။ AGP Card များ မထွက်ပေါ်သေးမီက ရိုးရိုးသာမန်ရုပ်ပုံထွက် VGA Card (PCI) အမျိုးအစားများ ထွက်ပေါ်ခဲ့ပါသည်။ ယင်း Card များအား ယခုနောက်ဆုံးပေါ် Computer များတွင် အသုံးပြုခြင်း မရှိတော့ပါ။
AGP Card များတွင် Memory သီးသန့်ပါဝင်လေ့ရှိပါသည်။ 32 MB, 64 MB, 128 MB, 256 MB အထိ ပါဝင်သော AGP Card အမျိုးမျိုးရှိပါသည်။ AGP Card များ၏ Data သယ်ယူပို့ဆောင်နိုင်မှု အမြန်နှုန်းအား 1x, 2x, 4x, 8x စသဖြင့် ပြောဆိုကြပါသည်။
ဥပမာ- 32 MB SDR DRAM ပါဝင်သော AGP Card သည် 4x=1.07 g bps (giga byte per second) အမြန် နှုန်းဖြင့်လည်းကောင်း၊ 64 MB DDR RAM ပါဝင်သော AGP Card သည် 8x=2.1 g bps အမြန်နှုန်းဖြင့်လည်း ကောင်း Data များကို သယ်ယူပို့ဆောင်နိုင်သည်ဖြစ်ရာ AGP 4x Card များထက် AGP 8x Card သည် Data များအား သယ်ယူရာတွင် ၂ ဆခန့် ပိုမိုမြန်ဆန်လှပါသည်။
ထို့ကြောင့် AGP Card တစ်ခုသည် 4x ? , 8x ? , သိသင့်ပါသည်။ AGP 8x Card ကို AGP 4x သာ လက်ခံ နိုင်သော Motherboard တွင် တပ်ဆင်ပါက AGP 8x အမြန်နှုန်း ရရှိမည်မဟုတ်ပေ။
ယခုအခါ New Technology PCI Express Card များ ထွက်ပေါ်နေပြီဖြစ်ပါသည်။ PCI Express 16x Graphic Card များသည် 8 gbps အမြန်နှုန်းဖြင့် Data များကို သယ်ယူပို့ဆောင်နိုင်သဖြင့် AGP 8x Graphic Card များထက် ပိုမိုလျင်မြန်ပေလိမ့်မည်။
Theory အရ နှေးသောအရာနှင့် မြန်သောအရာပူးတွဲတပ်ဆင်ပါက နှေးသောအမြန်နှုန်းဖြင့်သာ အလုပ်လုပ် မည်ဖြစ်သဖြင့် Motherboard ရွေးချယ်သည့်အခါ အထူးသတိထားသင့်ပါသည်။
64 MB AGP (MX 440, 8X) with TV Out
64 MB AGP (MX 4000, 8X) with TV Out
စသည်ဖြင့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ရာ ကွန်ပျူတာ ၀ယ်ယူရာတွင် မည်သည့် အမျိုးအစားဖြင့် တပ်ဆင်ထားသည်ကို လေ့လာနှိုင်းယှဉ်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Graphic Card ထုတ်လုပ်သည့် ကုမ္ပဏီ ?
(Albatron, Gigabyte, MSI, ASUS)
Gigabyte, MSI, ASUS Graphic Card များက ပိုမိုကောင်းမွန်ပါသည်။
* AGP Graphic Card (or) PCI Express Graphic Card
* Memory ပမာဏ (64MB, 128MB, 256MB)
* Data Transfer Speed 4x or 8x or 16x ?

Keyboard
Keyboard သည် သတင်းအချက်အလက်များကို ကွန်ပျူတာသို့ထည့်သွင်းရာ Input Device တစ်ခု ဖြစ်ပါသည်။ PS/2 Keyboard တစ်ခု၏ ကြိုးခေါင်းမှာ ခရမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Motherboard ရှိ ခရမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Keyboard များတွင် ဈေးနှုန်းအရ 2500 Ks မှ Wireless Keyboard သောင်းကျော်အထိ ရှိနိုင်ပါသည်။ Function စုံလင်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။

Mouse

Mouse သည် သတင်းအချက်အလက်များကို Computer သို့ ထည့်သွင်းရာ Input Device တစ်ခုဖြစ်သည်။ ကွန်ပျူတာတစ်လုံးတွင် Keyboard နှင့် Mouse သည် မရှိမဖြစ် လိုအပ်လှပါသည်။ Mouse တွင် Serial Mouse, PS/2 Mouse, USB Mouse, Optical Mouse, Wireless Mouse စသဖြင့် အမျိုးမျိုးရှိသည်။
PS/2 Mouse တစ်ခု၏ ကြိုးခေါင်းမှာ အစိမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Mother board ရှိ အစိမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Serial Mouse များမှာ နှေးကွေးပြီး PS/2 Mouse များကိုသာ အသုံးများသည်။ Optical Mouse များသည် PS/2 Mouse ကဲ့သို့ ရွေ့လျားရာတွင် Wheel ကို မသုံးဘဲ Sensor ဖြင့်သုံးသဖြင့် ချေးမတက်ခြင်း၊ ရေရှည်ခိုင်ခံ့ ခြင်းတို့ကြောင့် ပိုမိုလူကြိုက်များသည်။

ဝယ်ယူလိုအား ရွေးချယ်စေလိုသည့်အချက်
Optical Mouse ရွေးချယ်သည့်အခါ Samsung ကုမ္ပဏီထုတ် Optical Mouse များမှာ လူကြိုက်များသည်။

Casing

Casing သည် ကွန်ပျူတာပစ္စည်းများဖြစ်သော Motherboard, Hard Disk, Floppy Drive, CD-ROM Drive စသဖြင့် Computer ဆက်စပ်ပစ္စည်းများအား တပ်ဆင်နိုင်ပြီး၊ ၎င်းတွင် ကွန်ပျူတာစနစ်တစ်ခုလုံးအား လိုအပ်သော လျှပ်စစ်များ ပေးပို့ရာဖြစ်သော Power Supply တပ်ဆင်ရာလည်း ဖြစ်သည်။ စားပွဲပေါ်တွင် တင်ထားပြီး သုံးစွဲနိုင်သဖြင့် Desktop Casing ဟုလည်း ခေါ်ဆိုကြသည်။ Casing တွင်-
(1) Normal Casing
(2) Normal Light Casing
(3) Light (အလှမီး) Casing
(4) Light + Second Fan Casing ဟူ၍ အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
မိမိ Computer အတွက် Casing ကို အရောင်၊ ပုံသဏ္ဍာန်ကအစ မိမိကိုယ်တိုင် ရွေးချယ်ရသည်က အကောင်းဆုံးဖြစ်ပါသည်။ Model အနိမ့်အမြင့်၊ Casing Design ပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။
Casing ၀ယ်ယူရာတွင် Casing နှင့်အတူ တွဲဘက်ပါရှိလာသည့်အရာမှာ Power Supply ဖြစ်ပါသည်။ ယင်း Power Supply သည် 350W, 400W, 450W လား မေးမြန်းသင့်ပါသည်။ Watt များပါက နောင်အနာဂါတ်တွင် ထပ်မံတပ်ဆင်လိုသည့် Computer ပစ္စည်းများကို နိုင်နင်းစွာ ၀န်ဆောင်မှုပေးနိုင်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Casing တွင်ပါဝင်သော Power Supply သည် အာမခံသက်တမ်းကာလ ၆ လ (သို့) ၁ နှစ်ပေးပါသလား?

Monitor

Monitor သည် Computer ၏ Output Device တစ်ခုဖြစ်သည်။ သတင်းအချက်အလက်များကို ထည့်သွင်း ရာတွင်လည်းကောင်း၊ ထုတ်ယူရာတွင်လည်းကောင်း၊ Monitor မှ သတင်းအချက်အလက်များအား ကြည့်ရှုဆုံး ဖြတ်နိုင်သည်။ Hard Disk ထုတ်ယူလိုပါက Printer မှ ထုတ်ယူနိုင်ပါသည်။
Monitor အမျိုးအစားများမှာ 15", 17", 19", 21" CRT (Cathode Ray Tube) သုံး Monitor များမှာ လူသုံးများ သည်။ ထို့အပြင် LCD

Ref:ရဲထွန်းဝင်း (စားပွဲတင်ကွန်ပျူတာတစ်လုံးမ၀ယ်ယူမီ ကြိုတင်လေ့လာထားသင့်သည့် ကွန်ပျူတာတစ်လုံး၏ အခြေခံ အချက်အလက်များနှင့် ၀ယ်ယူလိုသူမှ ပြန်လည်မေးမြန်းသင့်သည့် မေးခွန်းများ)

2007-09-11

Began of Virus (ကွန်ပျူတာဗိုင်းရပ်စ်အစ ဟာသမှဖြစ်ပေါ်ခဲ့)


ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။

Elk Cloner (1982)
ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။

Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။

Morris (1988)
ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။

Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။

Love Bug (2000)
ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။

Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။

Blaster (2003)
Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။

Sasser (2004)
Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။

References by Internet Journal


2007-09-10

မြင်းစိုင်းသူမြား-ခေတ်လွန်ကဗျာလှုပ်ရှားမှု-၁ (၁၉၇၈)




သစ္စာနီ၊ ကြူးနှစ်၊ နွယ်ဂျာသိုင်း၊ ကောင်းစုသိုက်၊ မောင်ပြည့်မင်း
(ဗမာကဗျာရဲ့ အစဉ်အလာအားလုံးကို စွန့်ပစ်ဘို့ ကြိုးစားထားပါတယ်)

မျက်နှာဖုံးရာဇ၀င်
မိုနာလီဇာကို တော်ဝင်စံထိုက်အနုပညာကို ကိုယ်စားပြုဖို့အတွက် သုံးစွဲ လိုက်ပါတယ်။ ဒီဂရီမျက်မှန်တပ်ပေးထားတာကတော့ မူလဂန္ထ၀င်ထက် လေးနက်စူးရှတဲ့ အမြင်ကို တင်ပြချင်လို့ပါပဲ။ လက်မှာပတ်ထားတဲ့ နာရီကတော့ စက်မှုမြို့ပြခေတ်ရဲ့လက္ခဏာ ကို ထင်ဟပ်ထားတာပေါ့။ ``မြင်းစိုင်းသူမြား´´ ကို ဘာလို့ ယပင့်နဲ့ မများဘဲ၊ ရရစ်နဲ့ မြားရတာလဲလို့ မေးတဲ့သူတွေက မေးကြတယ်။ ``မြင်းစိုင်းသူမြား´´ ဆိုတာ ကဗျာစာအုပ် တစ်အုပ်ရဲ့ နာမည်ပါ။ ဒါမှမဟုတ် ခေတ်လွန်ကဗျာဂိုဏ်းတစ်ခုရဲ့ နာမယ်ပါ။ နာမယ်ကို ရေးထုံးသတ်လို့မရပါဘူး။ (တချို့က ဗငြိမ်း၊ တချို့ ဘညိမ်း) ပြီးတော့ တမင်ထူးခြားချင်လို့ အခုလို မြားလိုက်တာပါဘဲ။ ခေတ်လွန်အယူအဆရှိတဲ့ သူဟာ သတ်ပုံလောက်ကိုတော့ လိုအပ်ရင် ပြင်ရဲရပါလိမ့်မယ်...။

``မြေခွေးတိုင်းအတွက် စပျစ်ပင်သည် မြင့်၏´´
ခေတ်လွန်ကဗျာ မိတ်ဆက်

ဒီနေ့ထက်ထိ ဗမာပြည်မှာ ခေတ်ပေါ်ကဗျာဝါဒဟာ ထင်ထင်ရှားရှား ပီပီပြင်ပြင် အသက်မ၀င် သေးပါဘူး။ ဒါပေမဲ့ ၇၄ ခုနှစ်မတိုင်မီကဘဲ ခေတ်လွန်ကဗျာကို ထူထောင်ဘို့ မျိုးစေ့ချမိတယ်။ အကြောင်းအမျိုးမျိုးတို့ကြောင့် ကြန့်ကြာနေပြီး၊ အခုတကယ်တမ်း ထုတ်ဝေဖြစ်တော့ ၁၉၇၈။ အရင်က ဆွေးနွေးခဲ့သူတချို့က အဝေးကို ရောက်နေပြီ။ မပါဝင်နိုင်တော့ဘူး။ ကျနော်နဲ့ နီးစပ်နေသူတချို့ ကောက်ခါငင်ခါ ပါလာတယ်...။
....................
ကျနော်တို့ရဲ့ ခံစားချက်တချို့ အတွေးအကြံတချို့ကို ဖော်ပြဘို့ရာအတွက် လက်ရှိခေတ်ပေါ် ကဗျာရဲ့ နည်းနာ နိသျတွေနဲ့တင်မလုံလောက်နိုင်တာမျိုးကို ကျနော်တို့တွေ တွေ့ကြုံင် ရင်ဆိုင်ရတယ်။ ဒါကြောင့် ခေတ်လွန်ကဗျာ ပေါက်ဖွားလာရတာဘဲ။
SUPER MODERN POETRY, နို့ဆာတဲ့ခလေးဟာ ငိုတယ်။ ဒေါဥထွက်တဲ့ ခွေးဟာ ဟောင်တယ်။ သူတို့ခံစားမှု ကို သူတို့ကျွမ်းကြင်တဲ့ နည်းပညာနဲ့ ဖော်ပြကြတာပါဘဲ။
ကဗျာဆရာကတော့ စကားလုံးနဲ့ ဖော်ပြတယ်။ ဒါကြောင့် ကဗျာဆိုတာ ခံစားမှုကို ဖော်ပြတဲ့နေရာသာဖြစ်တယ် ဆိုတဲ့ အယူအဆဟာ အင်မတန်သေးသိမ်နေပါတယ်။ ကဗျာတပုဒ်ဟာ ခံစားမှုတင်မဟုတ်ပဲ၊ ကဗျာရေးသူရဲ့ အနုပညာဖန်တီးရေးအား (သို့မဟုတ်) အတတ်ပညာကျွမ်းကျင်မှုကိုပါ ဖေါ်ပြတဲ့နေရာဖြစ်ရပါမယ်။ ခေတ်လွန် ကဗျာတပုဒ်ကို ရေးသားထုတ်လုပ်ဖို့ရာ၊ ခံစားမှုတို့ ကဗျာဈာန်ပူးကပ်မူးရီတာတို့နဲ့တင် မလုံလောက် တော့ပါဘူး။ ဂဲသြမေထရီတပုဒ်လိုလဲ တွက်ချက်အဖြေရှာရပါမယ်။ ခေတ်လွန်ကဗျာဟာ လက်ရှိ ဗမာကဗျာရဲ့ အာရုံခံစားပုံ စံနစ် ပုံသဏ္ဍာန်စံနစ် တင်ပြပုံစနစ် အသံနဲ့ကာရံစံနစ် စတဲ့ အစဉ်အလာဟောင်းအားလုံးကို စွန့်လွှတ်ဘို့ ကြိုးစား ထားတာပါပဲ။ ဒီခေတ်လွန်ကဗျာ အယူအဆလက်အောက်မှာပဲ FORMALISM= ပုံသဏ္ဍာန် အဓိက၀ါဒ(ဥပမာ၊ ကျနော်နဲ့ ကျနော့်အရိပ်ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ။ ငါနဲ့မှန်။ စီထားပါ ။ .... ကဗျာများ) ... POP POETRY ပေါ့ပ်ကဗျာ (ဥပမာ၊ ဖုံးထားခြင်း။ ကဗျာဆရာနှင့်သူ့၏ကဗျာရန်ဖြစ်ခြင်း) တို့လို အယူအဆတွေ ပါဝင်နေတာလဲ တွေ့ရပါမယ်။ ခေတ်လွန်ကဗျာ မထွက်ခင်ကပဲ နီးစပ်တဲ့အသိုင်းအ၀ိုင်းထဲမှာ အပုတ်ချခံနေရပါတယ်။ ထွက်လာရင်လဲ အတိုင်းအတာမဲ့ အပြစ်တင်ရှုံ့ချတာကို ခံယူဘို့မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့ဟာ ကြိုးတန်း လျှောက်ပြတာ ကင်းမြီးကောက်ထောင်ပြတာ မဟုတ်ပါဘူး။ ခေတ်လွန်ကဗျာနဲ့ ပတ်သက်တဲ့ အယူ အဆတွေကို ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာဖြစ်အောင် ကြိုးစားပြီးမှ ပွဲထုတ်တာလို့ ယုံကြည်စေချင်တယ်။ ဒီနေရာမှာ စာမျက်နှာအခက်အခဲကြောင့် ခေတ်လွန်ကဗျာနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးရုံဘဲ တတ်နိုင်ပါတယ်။ မကြာခင် ခေတ်လွန်ကဗျာဝါဒနဲ့ ပတ်သက်တဲ့ ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း စကားလက်ဆောင်ပါးလိုက်ပါရစေ .....

စီထားပါ
[၁]

အရာ
သည်လှနေ
ကြဲသောပြန့်များသည်

[၂]
ကြဲနေ
သည်များမလှ
ပပြန့်သောအရာ

[၃]
အရာများသည်မ
လှပနေသော ကြဲပြန့်

[4]
ကြဲပြန့်နေသော အရာများသည် မလှပ။

(သစ္စာနီ)

ပျင်းရိသော ကဗျာဆရာ
-
-
-
-
သစ္စာနီရေးသည်။

ကြူးနှစ်/လက်ခံရရှိသော ပစ္စည်းစာရင်း


တောတောင်, ရေမြေ, သမုဒ္ဒရာ, နက္ခတ်တာရာ, လစန္ဒာ, ပန်းမာလ်, ရေကန်မြစ်ချောင်း, ဘုန်းတော်ကြီး ကျောင်း, မိန်းမလှနတ်သမီး, ပန်းဥယျာဉ်, ရာသီဥတု နှင်းဆီ, ဆန်စပါးစိုက်ခင်း, ၀မ်းဘဲ ဟသာင်္, ၀က်ခြေ ထောက်ဟင်းချို, ဘီလူးရုပ် ကျားရုပ် ဇော်ဂျီ, ဒဏ္ဏရီ, ကွတ်အင်္ကျီ, ဘီးဖလ်မီးအိမ်အို, လူယောကျာ်း လူမိန်းမ, ကာမသျှတ္တရကျမ်းစာ, ဗာရာဏသီ, ဇေတ၀န်, မဂ္ဂရှစ်ပါး, အော်တိုမစ်တစ်ဒါး, ဟီးနိုးကား, ခွေးကဗျာဆရာ, စာရေးဆရာ, သီချင်းသည် နွားနို့ကော်ဖီဆိုင်, စမူဆာမုံ့, ပရွက်ဆိတ် အင်းဆက်ပိုး ကြိယာနာမ် နာမ်စား, မြင့်မိုရ် တောင်, အပိုလိုအာကါသယဉ်, ကာတွန်းဘော့လုံး, စုံးကဝေ တစ္ဆေပြိတ္တာ မိန်းမရင်သား, နာရီပန်းချီကား, အနု ပဋိလောမ ငှက်ပျောသီး, အိုးစည်ဗုံမောင်းဂစ်တာသံ, မောင်းပြန်သေနတ်, စက္ကူ ခရေပွင့်, အစီခံမဲ့ စီးကရက်, ရန်ကုန်မြို့တော် ခန္ဓာဗေဒ, ရုပ်ပုံရည်းစား, အရက် မျောက်, သုတ်ရည်, စကီဇိုဖရီးနီးယား,
(ကြူးနှစ်)

2007-09-09

NOD32 Antivirus System Cleaners (Useful Tools)


(1) NOD32 VirusMSN-IRCBOT-Fix
(2) NOD32 VBS[Butsur.D]-Fix
(3) NOD32 VBS[Butsur.A,B] (Godzilla+Moozilla)-Fix
(4) NOD32 VBS autorun [Small.K]-Fix
(5) NOD32 Toy-Fix
(6)
NOD32 Stration-Fix
(7) NOD32 Rjump.A-Fix (AdobeR.exe)-Fix
(8) NOD32 Registry Recovery-Fix
(9) NOD32 MyGirl-Fix
(10) NOD32 Monalisa-Fix
(11) NOD32 Flashy-Fix
(12) NOD32 Endless-Fix
(13) NOD32 Brontok.Fix
(14) NOD32 Autorun-Fix

အသုံးပြုပုံမှာ-
- ပထမဦးစွာ မိမိစက်တွင်ရှိသော Virus များကို ဖယ်ရှားပစ်နိုင်ရန်အတွက် သက်ဆိုင်ရာ
Virus Cleaners များကို Download လုပ်ထားပါ။
- ထို့နောက် double click နှိပ်လိုက်ပါ။ License agreement မှ I Agree ကို ရွေးချယ်ပါ။
- ထို့နောက် Remove လုပ်နိုင်ရန်အတွက် Choose Component အတွင်းမှ အမှန်ခြစ်ပေးလိုက်ပါ။
ဆက်လက်ပြီး Do it now ကို ရွေးချယ်လိုက်ပါ။
- ထို့နောက် Scan and Clean ကို ရွေးချယ်လိုက်ပါ။ Restart ပြန်လုပ်ပါ။


Ref: http://www.nod32th.com


2007-09-04


Visit Cute-Spot.com!

Useful Glitter Graphics » Easter Greetings for Blog



သင့် Blog အတွင်းထဲမှာ သက်ဝင်လှုပ်ရှား နေတဲ့ Gif Animation လေးတွေထပ်ပေါင်းပြီး ထည့်ပေးခြင်းအားဖြင့် ပိုမိုလှပတဲ့ Blog တစ်ခုကို ရယူပိုင်ဆိုင်လိုက်ပါ။
(၁) ပထမဦးစွာ Address Bar: မှာ http://cute-spot.com/glitters-easter2.php လို့ ရိုက်ထည့်လိုက်ပါ။
(၂) အဲဒီနောက် နှစ်သက်တဲ့ Animation လေးတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
(၃) ပြီးတော့ ပုံရဲ့အောက်ဘက်က ပေးထားတဲ့ HTML Coding လေးကို Copy ကူးလိုက်ပါ။
(၄) HTML Coding တွေကိုတော့ Posting ထဲမှာသွားပြီး Paste လုပ်လိုက်ပြီး Post လုပ်ပါ။

2007-09-03

ကြော်ငြာအသွင်ဆောင်သည့် Blog များ ပိုမိုများပြားလာ

အင်တာနက်အသုံးပြုသူများကြားမှာ၂၀၀၅ ခုနှစ်ကစပြီး ကိုယ်ပိုင် Blog တွေတည်ဆောက်ပြီး စာပေ၊ ကဗျာ၊ ဗဟုသုတ စသည်ဖြင့် အကြောင်းအရာအလိုက် ဆွေးနွေးမျှဝေနေမှုများဟာ Chatting ကဲ့သို့ပင် လူထုအကြား တဖြည်းဖြည်းနေရာယူလျက်ရှိပြီး ယခုအခါ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှလည်း မိမိလုပ်ငန်း ကို အခကြေးငွေကုန်ကျမှုမရှိဘဲ ကြော်ငြာနိုင်ခြင်းကြောင့် ကြော်ငြာအသွင်ဆောင်သည့် Blogger များ ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ Blog ဆိုသည်မှာ Website တစ်ခုကဲ့သို့ Web Page များနဲ့ ဖွဲ့စည်းထားကာ နာမည်အမျိုးမျိုးပေး၍ စိတ်ကြိုက် Account ဖွင့်နိုင်ခြင်း၊ Gmail account တစ်ခုရှိရုံနဲ့ ကိုယ်ပိုင် Blog တင်နိုင်ခြင်း၊ Google Search မှာ ကိုယ့် blog နာမည်ကိုရိုက်ထည့်၍ အလွယ်တကူရှာဖွေနိုင်ခြင်း၊ မိမိကိုယ်တိုင် Update လွယ်ကူစွာပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် blog တည်ဆောက်သုံးစွဲသူများ ပိုမိုများပြားလာနေကြောင်း သုံးသပ်ရပါတယ်။ အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် တွေကလည်း သူတို့လုပ်ငန်းအကြောင်းကို Website သီးသန့်ဝယ်တင်ပြီး မသုံးတော့ဘဲ အခမဲ့ရတဲ့ Blog တွေ ဖန်တီးပြီး ရေးသားကြော်ငြာလာကြတယ်။ blog မှာ ကိုယ်တိုင်လည်း update လုပ်နိုင်တော့ အချိန်ကုန်သက်သာ၊ ငွေကြေးသက်သာလို့ လုပ်ငန်းရှင်တော်တော်များများလည်း မျက်စိကျလာကြပါတယ်။

2007-09-02

How to Change your blog background?


Blog ရဲ့နောက်ခံ Background ကို ပြောင်းလဲခြင်း

Internet ထဲမှာရှာဖွေရင်း ကြိုက်နှစ် သက်တဲ့ ပုံလေး တွေရှိရင် သင့် web blog ရဲ့ နောက်ခံအဖြစ် ထည့်သွင်း ထားချင်တယ် ဆိုရင်တော့ အောက်ပါ အတိုင်း အဆင့်ဆင့် ပြုလုပ် နိုင်ပါတယ်။


(၁) ပထမဦးစွာ Google.com မှ တဆင့် .gif (Format) ပါရှိသော ပုံတစ်ပုံကို ရှာခိုင်းပါ။ ဥပမာ- bg.gif ဟု ရိုက် ထည့်ပြီး Google Search ကို Click တစ်ချက်နှိပ်ပါ။

(၂) ထို့နောက် Google Site အတွင်းမှ နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ ထို့နောက်ပွင့်လာသော ပုံ၏ Address Bar: မှ လိပ်စာကို Copy ကူးယူပါ။ ပြီးသော် မိမိ၏ Blog Account တွင် Sign in ၀င်ပြီးနောက် Setting > Edit HTML ကို Click တစ်ချက်နှိပ်ပါ။ ဥပမာ- သင့်ပုံ၏ လိပ်စာသည် http://jamador.webcindario.com/images/pruebas/cactus.gif ဖြစ်သည်ဆိုပါစို့။ ထို့ကြောင့် HTML Coding အတွင်းတွင်-
ဟု ပြင်ပေးရန်သာဖြစ်သည်။ ထို့နောက် preview တစ်ချက်နှိပ်ကြည့်ပြီး အဆင်ပြေ၊ မပြေ စစ်ဆေးကြည့်ပါ။ အဆင်ပြေပါက Save Template ကို Click နှိပ်လိုက်ပါ။
Up