2011-04-29

Windows OS လုပ်ငန်းစဉ်များ


ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-

IO.SYS
CONFIG.SYS

MSDOS.SYS
AUTOEXE.BAT

NTDETECT.COM

တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။

Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။

Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။

Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။

Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။


အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။

Source: ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း - Honest Hacking သန်းထိုက် (ရွှေရိပ်) စာအုပ်မှ ထုတ်နုတ် ဖော်ပြ အပ်ပါသည်။

1 comment:

michaelvk said...
This comment has been removed by the author.
Up