2010-06-19

Remove Unused Driver In Windows XP


Windows XP တင်ထားတဲ့ ကွန်ပျူတာအတွင်း အသုံးမပြုဖြစ်တော့တဲ့ device driver များဟာ ခိုအောင်းကျန်ရှိ နေခဲ့မည်ဆိုပါက စက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေမည့် အကြောင်းရင်းအနက်က တစ်ခုအပါအ၀င် ဖြစ်ပါ တယ်။ Windows တွင် device driver တစ်ခုကို ထည့်သွင်းလိုက်ပါက Operating System မှ windows တက်သည့်အခါတိုင်း device driver များကို loading လုပ်ပါသည်။ ကွန်ပျူတာဖွင့်လိုက်သည့် အကြိမ်တိုင်း သင့်စက်တွင် တပ်ဆင်ထားသည့် device ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ ယခင်ထည့်သွင်းထားပြီး ဖြစ်သည့် device driver များကိုတော့ loading လုပ်စေပါသည်။

သို့အတွက်ကြောင့် ယင်း device မှ driver များကို စက်အတွင်းမှ ဖယ်ထုတ်လိုက်သည့်တိုင်အောင် စက်အတွင်း မှာ ကာလကာမြင့်စွာ ကျန်ရှိနေသေးသည် ဆိုပါက ကွန်ပျူတာစနစ်ရဲ့ ရင်းမြစ်တန်ဖိုးတွေကို အလဟဿ ဖြုန်းတီးရာ ရောက်စေပါသည်။

ထို့ကြောင့် မလိုအပ်တော့သည့် device driver များကို ဖယ်ထုတ်ပစ်ဖို့ရာ အောက်ပါအဆင့်များအတိုင်း ကြည့်ရှု ဖယ်ရှားထားလိုက်နိုင်ပါသည်။ ပထမဦးစွာ-

(1) System Properties dialog box ကို ခေါ်တင်ဖို့ရာအတွက် Keyboard မှ [Windows] နှင့် [Break] Key တို့ကို တွဲနှိပ်လိုက်ပါ။ သို့တည်းမဟုတ် desktop ပေါ်ရှိ My Computer icon ပေါ်တွင် Right Click - Properties နှိပ်၍လည်း သွားနိုင်ပါသည်။

(2) ဆက်လက်၍ Advanced Tab ကို click နှိပ်လိုက်ပြီး Environment Variables ကို ရွေးချယ်လိုက်ပါ။

(3) System Variable panel ရဲ့ အောက်ဖက်ရှိ New button ပေါ်တွင် click နှိပ်ပါ။

(4) New System Variables dialog box ပေါ်လာသောအခါ Variable Name အကွက်တွင် devmgr_show_nonpresent_devices ဟု ရိုက်ထည့်ပြီး၊ Variable Value အကွက်တွင်မူ 1 ဟု ရိုက်ထည့်လိုက်ရန်သာဖြစ်သည်။

(5) ထို့နောက် System Properties dialog box သို့ ပြန်သွားရန်အတွက် OK ကို click နှိပ်ပါ။ ထပ်မံပြီး OK ကို click နှိပ်လိုက်ပါ။

(6) Hardware Tab ကို ရွေးချယ်လိုက်ကာ Device Manager button ကို click နှိပ်ပါ။ Device Manager ရဲ့ View menu အောက်မှ Show hidden device ကို click နှိပ်လိုက်ပါမယ်။

(7) Device Tree အတွင်းမှ device အမျိုးအမည်အလိုက် အသေးစိတ် ဖြန့်ကြည့်ရန်အတွက် + sing icon ပေါ်တွင် click နှိပ်လိုက်ပြီး အသုံးမပြုတော့တဲ့ device driver icon များကို ရှာဖွေပေးပါ။

(8) ဆက်လက်၍ မသုံးတော့သည့် device driver များကို ဖယ်ထုတ်ရန်အတွက် icon ပေါ်တွင် Right Click နှိပ်ပြီး Uninstall ကို ရွေးချယ်ပါ။ ဤသို့အားဖြင့် သင့်ကွန်ပျူတာထဲတွင် စက်အတွက် အသုံးမလိုတော့သည့် device driver များကို ဖယ်ရှားပေးလိုက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့် စွမ်းဆောင်ရည်မှာလည်း ယခင်အခြေ အနေထက် သိသာစွာ တိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ရမည် ဖြစ်ပေသည်။

No comments:

Up