2007-08-19

HTML အကြောင်းသိကောင်းစရာများ

What is HTML?
  1. သင်၏ Web Browser ဖြစ်သည့် Internet Explorer, Firefox, Netscape Communicator စသည်တို့အား မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုတာကို ညွှန်ကြားတဲ့ သင်္ကေတ အစုအဝေးတစ်ခုပင်ဖြစ်ပါတယ်။ HTML သည် စာသား(Text) များအား Format လုပ်ခြင်း၊ မျဉ်းကြောင်းများ ထည့်သွင်းခြင်း၊ ရုပ်ပုံများ၊ အသံများနှင့် ရုပ်ရှင်များအား ပေါင်းထည့်၍ File တစ်ခုအတွင်း သိမ်းဆည်းထားနိုင်ရန်ခွင့်ပြုပေးပြီး ၎င်းကို HTML File (Internet Document) ဟုခေါ်ပါတယ်။
  2. HTMLဟာ Internet Web Page (အင်တာနက်ပေါ်ရှိစာမျက်နှာများ) ကိုရေးသည့် Language တစ်ခုဖြစ်ပါတယ်။ Internet Technology အသုံးပြု၍ Data (Information) များအား ဖလှယ်မှု ပြုလုပ်ရာတွင် Web Page များသည် အဓိကကျသည်။ HTML အား သာမာန် Text Editor ကို အသုံးပြု၍ ရေးသားနိုင်သည်။ HTML Editor များကို အသုံးပြု၍လည်း ရေးသားနိုင်ပါတယ်။ HTML စတင်လေ့လာသူတစ်ဦးအနေဖြင့် Note Pad ကဲ့သို့သော Plain Text Editor တစ်ခုခုဖြင့် စတင်ရေးသားရင် ပိုကောင်းပါတယ်။ အဘယ်ကြောင့်ဆိုသော် HTML Editor များဟာ HTML Code (Tag) များအား အလိုအလျှောက် သတ်မှတ်ရေးသားပေးသောကြောင့် HTML Code (Tag) သဘောတရားများကို သဘောပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် Internet ကို Communication Line များဖြင့် အသုံးပြု၍ ချိတ်ဆက်မှုပြုလုပ်ထားရာ အချက်အလက်များ အပေးအယူပြုလုပ်ရာမှာ Data ပမာဏ (Byte) အနည်းဆုံး ဖြစ်လေ၊ ပိုမို၍ မြန်ဆန်လေ ဖြစ် သောကြောင့် ဖြစ်ပါတယ်။ သို့ရာတွင် HTML Editor များဟာ ပိုမိုကောင်းမွန်လွယ်ကူတဲ့ Feature များပါရှိတဲ့ အတွက်ကြောင့် Multimedia Presentation များပါဝင်တဲ့ Web Page စတာတွေကို လျှင်မြန်စွာ ဖန်တီးလိုပါက အသုံးပြုနိုင်ပါတယ်။
  3. HTML ဖိုင်များကို Static HTML နှင့် Dynamic HTML ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပါသည်။ Internet Web Page တွင် ပုံသေလွင့်တင်ထားရသည့် အချက်အလက်များ ပါဝင်သည့် File ကို Static HTML File ဟုခေါ်ဆိုသည်။ Multimedia CD အများစုကို Static HTMLဖြင့် ရေးသားနိုင်ပါသည်။E-Commerce (အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး) ပြုလုပ်သည့် Super Market, Store ဆိုင်များ၊ ဘဏ်လုပ်ငန်းများ၊ မိုးလေ၀သသတင်း၊ ကမ္ဘာ့သတင်း စသည့် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသည့် Web Page ဖိုင်များကို Dynamic HTML File ဟုခေါ်သည်။ ၎င်းကို Web Server များပေါ်တွင်တင်၍ အလွယ်တကူ Update ပြုလုပ်နိုင်အောင် Database များအသုံးပြု၍ ရေးသားကြရပါသည်။ ဥပမာ- အချို့ဖိုင်များကို Active Server Pages (ASP) File များဟု ခေါ်သည်။
  4. HTML Tags : HTML တွင် အရာခပ်သိမ်းသည် Tag များပေါ်တွင် အမှီပြုလျှက်ရှိသည်။ Tag များကို ထောင့်ပါသော Bracket နှစ်ခု "<" စပြီး ">" ဖြင့် ပိတ်ပါသည်။ Tag များကို Capital (or) Small Letter ဖြင့် ရေးသားခွင့်ရှိပါသည်။ ဥပမာ-

    သည် (စာပိုဒ်) Paragraph Tag ဖြစ်ပြီး၊
    သည် (စာကြောင်းခြား) Line Break Tag ဖြစ်သည်။ မှတ်ချက်။ ။ HTML Tag အား စာလုံး အကြီး၊ အသေး နှစ်မျိုးစလုံးဖြင့် ရေးသားနိုင်ခွင့်ရှိသည်။

  5. (ဆက်လက်ဖော်ပြပါဦးမယ်)။

No comments:

Up