2011-05-16

New DOTA Map 6.72 Review


"Rubicle" ဟာ နာမည်ကျော် မှော်ဆရာကြီး Aghanim ရဲ့ သားဖြစ်ပါတယ်။ သူဟာ ဘယ်အရာကိုမဆို ဘာ လက်နက်မှ မသုံးဘဲ သူ့ရဲ့ စိတ်စွမ်းအင်သက်သက်နဲ့ လေထဲကို အားစိုက်စရာမလိုဘဲ 'မ' တင်နိုင်တယ်။ မှော်ဆရာ ပေါင်းများစွာက စိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းအားကို မကျော်လွန်နိုင်ဘဲ ပြိုင်ဘက်တွေသာ အားပျော့ရှုံးနိမ့်သွားရတယ်။ Rublicle (The Grand Magus) ဟာ သူ့ရဲ့ အဆုံးမရှိတဲ့ ပါရမီနဲ့ ပြိုင်ဘက်တွေကို သူတို့ရဲ့ ကိုယ်ပိုင်မှော်ပညာဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။ ဒီစွမ်းအင်တွေကြောင့် Sourge တွေကို တိုက်ခိုက်တဲ့ Sentinel ဘက်တော်သားတွေထဲမှာ သူဟာ နာမည်ကြီးပါတယ်။
ဒါကတော့ လူကြိုက်များတဲ့ DOTA ကစားနည်းရဲ့ နောက်ဆုံးထွက် မြေပုံ 6.72 မှာ ပါဝင်လာတဲ့ hero အသစ် Rubicle (The Grand Magus) ရဲ့ နောက်ခံဇာတ်ကြောင်းဖြစ်ပါတယ်။ မြေပုံရေးဆွဲသူကတော့ Icefrog ပဲဖြစ်ပြီး သူဟာ ဒီမြေပုံမှာ hero တော်တော်များများကို Spell, Ability နဲ့ Basic Stats တွေ ပြောင်းလဲ ထားတာ တွေ့ရပါတယ်။ သိသာစွာ ပြောင်းလဲထားတဲ့ hero တွေက Bane, Beast Master, Faceless Void, Guardian Wisp, Icarus, Naga Siren, Pit Lord, Treant Protector, Silencer, Night Crawler, Terorblude တို့ ဖြစ်ကြပါတယ်။ အခြား hero တွေမှာလည်း အနည်းငယ် အလျှော့အတင်း ပြုလုပ်ထားတာ တွေ့ ရပါတယ်။
Hero အသစ်ကတော့ Sentinel ဘက်မှာ Intel Hero အသစ် Rubicle ပါဝင်လာပြီး Item အသစ်ကတော့ Viel of Discord ဖြစ်ပါတယ်။ Hero Ultimate ကို Aghanim's Scepter Upgrade ပြုလုပ်နိုင်တဲ့ Hero List ထဲမှာ Beast Master, Dark Seer, Gyrocopter, Meepo တို့ အသစ် ပါဝင်လာတယ်။ ဒီ Dota 6.72 မြေပုံအသစ်ကို www.getdota.com မှာ download ဆွဲ ရယူနိုင်ပါတယ်။
Icefrog ဟာ hero တွေရဲ့ Balance ကို ညှိပေးဖို့ ကြိုးစားခဲ့သလို Item တွေကိုလည်း အသုံးပြုပုံ ပြောင်းလဲမှု အတော်များများ ပြုလုပ်ခဲ့တယ်။ Viel of Discord ဟာ Target Spell အမျိုးအစားဖြစ်ပြီး AOEm 450 range ရှိပါတယ်။ အခြား Bug တော်တော်များများကိုလည်း ပြုပြင်ပေးခဲ့ပြီး Far Seer ကို Distuptor လို့ Class Name ပြောင်းထားတယ်။ Spell တချို့ ရဲ့ Icon နဲ့ Animation ကိုလည်း ပြောင်းထားပါတယ်။


New Item Formula






နာမည် - Veil of Discord
တွဲစပ်ပစ္စည်းများ - Helms of Iron Will + ( 2 x Robe of the Magic) + Recipe
ကုန်ကျစရိတ် - 3100
Grant - +5 Armor, +5 HP/sec Regeneration, 12 Intelligence
အသုံးပြုပုံကတော့ Item ကို click နှိပ်လိုက်ရင် 475 AoE ရှိတဲ့ Target ပေါ်လာမယ်။ Target ကို Enemy တွေပေါ် နှိပ်လိုက်တာနဲ့ Ememy တွေဟာ Magic Damage 25% ပိုထိမှာ ဖြစ်ပါတယ်။






Grand Magus
Rubick
Starting stats (Level 1 )
Damage 44-54 (Str : 19+1.5 Per Level)
Armor : L (Agi : 14+1.6 Per Level)
MoveSpeed : 300 (Int : 27+2.4 Per Level)
Attack Range : 600

Telekinesis

Rubick က သူ့ရဲ့ စိတ်စွမ်းအင်နဲ့ Enemy Unit တစ်ခုကို လေထဲမှာ ဆွဲမြှောက်ထားပြီး မြေပေါ်ကို ဆောင့်ပစ်ချ လိုက်တာ ဖြစ်ပါတယ်။ မြေပေါ်ပြုတ်ကျတဲ့ Unit ဟာ သူတင်မက ဘေးက Enemy တွေကိုပါ Stun ဖြစ်စေ ပါတယ်။

Telekinesis Land
Telekinesis ကို သုံးလိုက်ရင် Enemy Unit လေထဲမှာ မြှောက်နေချိန်မှာ Telekinesis Land အဖြစ် ပြောင်းလဲ သွားပါတယ်။ ပစ်ချမယ့် နေရာကို Cast လုပ်တဲ့ နေရာရဲ့ 375 AoE အတွင်း ရွေးချယ်ပေးတဲ့ spell ဖြစ်ပါတယ်။


Fade Bolt

ဟိုးအရင်က Spell ဟောင်းတစ်ခုဖြစ်တဲ့ Chain Lighting နဲ့ Spell cast ပုံစံအတူတူပါပဲ။ Fade Bolt ထိတဲ့ Enemy Unit ဟာ Attach Damage ဆယ်စက္ကန့်လျော့ကျမှာပါ။ ပထမဆုံး ၀င်သွားတဲ့ Unit နောက်မှာ Spell Damage 4% ဆီ လျော့သွားမှာ ဖြစ်ပါတယ်။

Null Field

Rubick ရဲ့ Arcane မှော်ပညာကျွမ်းကျင်ပိုင်ဆိုင်မှုက သူနဲ့ သူ့ဘက်တော်သားတွေကို Spell ဒဏ်မှ ကာကွယ် ပေးပါတယ်။ AoE 900 အတွင်းက Allies အားလုံး Magic Damage Reduction 20% ထိ ရရှိနိုင်မှာပါ။

Spell Steal

Rubick ရဲ့ သင်္ကေတ မှောပညာပါ။ ရန်သူ hero ရဲ့  နောက်ဆုံးသုံးခဲ့တဲ့ Spell ကို ခိုးယူသင်ကြားပြီး Rubick က သူ့ရဲ့ ကိုယ်ပိုင်မှော်ပညာအဖြစ် အသုံးပြုပြန်တိုက်ခိုက်ပါတယ်။ မိနစ်အနည်းငယ်ကြာရင် (သို့) Rubick သေသွား ရင်တော့ ပျောက်သွားမှာပါ။

Net Guide Journal - 7 May 2011, Saturday မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။


No comments:

Up