2010-01-24

CD/DVD Drive လေး ပျောက်သွားလို့ပါဗျ


သင်အသုံးပြုနေတဲ့ ကွန်ပျူတာမှာ တစ်ခါတစ်ရံ CD Drive (သို့) DVD Drive ပျောက်ဆုံးနေသည်ကို ကြုံတွေ့ဖူးကြပါသလား။ My Computer ရဲ့ Device Manager ထဲတွင် ၀င်ရောက်ကြည့်ပါသော်လည်း အောက်ပါပုံအတိုင်းအ၀ါရောင် error tip လေးတစ်ခု ရှိနေပါတယ်။
ယင်းသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိသည့်အနက် BIOS Setting အတွင်းတွင် Disable ပြုလုပ် ခဲ့ခြင်းကြောင့် လည်းကောင်း၊ CD Drive Jumpers များ မှားယွင်းနေသည့် အတွက်ကြောင့်လည်းကောင်း၊ IDE Cable နှင့် Power Cable ကြိုးများ ပြုတ်နေသည့်အတွက်ကြောင့် လည်းကောင်း၊
virus ထိသွားခြင်း ကြောင့်လည်းကောင်း စသည့် အကြောင်းအချက် အမျိုးမျိုးတို့ကြောင့်ပင်ဟု ယေဘုယျ မှတ်ယူလိုက်ကြပါသည်။


မည်သို့ပင်ဖြစ်စေ...။ ကျွန်တော်သိရှိသော လုပ်နည်းအချို့ကို ပြန်လည်ပြီး Share လုပ်လိုပါတယ်။

ဖြစ်ပုံက ဒီလိုပါ..။
-BIOS setting အတွင်းတွင် ၀င်ရောက်ကြည့်ရှုသော်လည်း Drive ကို တွေ့ရပါတယ်..။
-Disk Management တွင်လည်း CD-ROM ကို တွေ့ရပါတယ်..။
-Device Manager တွင်လည်း ကြည့်သော်လည်း တွေ့ရပါတယ်။ (သို့ပေမယ့် အမှားအယွင်းဖြစ်ပေါ်ကြောင်း အ၀ါရောင် error tip လေးတစ်ခုတော့ ပေါ်နေပါတယ်..။)
-သို့ပေမယ့် My Computer အတွင်းမှာတော့ CD/DVD Drive လုံးဝမပေါ်ပဲ ပျောက်ဆုံးနေပါတယ်..။ (ဘယ်ရောက်သွားပါ လိမ့်)။

ဖြေရှင်းခဲ့ပုံမှာ-
(1) Start တွင် click နှိပ်ပြီး Run ကိုရွေးချယ်ပါ။
(2) ထို့နောက် regedit ဟု ရိုက်ထည့်လိုက်ပြီး OK ကို ရွေးချယ်လိုက်ပါ။
(3) Registry dialog box ပေါ်လာသောအခါ-

ဟု အဆင့်ဆင့်ဝင်ရောက် ရွေးချယ်ပေးလိုက်ပါ။ ပြီးတော့ ညာဖက်ရှိ အကွက်ထဲမှာ UpperFilters နှင့် LowerFilters ဟု တွေ့ရှိခဲ့ပါက Edit menu ပေါ်တွင် Click နှိပ်ပြီး Delete ကို ရွေးချယ်ပြီး ဖျက်လိုက်ပါ။
(4) ပြီးတော့ Registry Editor အတွင်းမှ ပြန်ထွက်လိုက်ပြီး computer ကို Restart ပြန်လုပ်ပေးလိုက်ပါ။


ဒါဆိုရင် ပျောက်ဆုံးနေတဲ့ သင့်အချစ်တော် CD/DVD drive လေး ပြန်ရောက်လို့ လာပါပြီဗျား..။

References:

http://support.microsoft.com/kb/314060#moreinfo



No comments:

Up