2009-05-09

How to fix NTLDR is Missing


NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင် ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။ ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည်လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး NTLDR ပျောက်သွားပါက Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်တဲ့အချိန်မှာ-
NTLDR is missing
Press any key to Restart
ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်မလာတော့ပါ။ ယင်းအခြေအနေ ဖြစ်ပေါ်ရခြင်းမှာ-
(၁) Boot မလုပ်ပေးနိုင်သော နေရာမှ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
(၂) Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။
(၃) NTLDR ပျက်ခြင်း (သို့မဟုတ်) ၎င်းနှင့်အလားတူ NTDETECT.COM ဆိုသည့် ဖိုင်ပျက်ခြင်း။
(၄) Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။
(၅) FAT 32 ကို အသုံးပြုထားသည့် Win 95, 98 နှင့် ME တို့မှ Windows XP သို့ Upgrade လုပ်ထားမိခြင်း။
(၆) Hard Disk အသစ်တစ်လုံးအား ထပ်မံ၍ တပ်ထားမိခြင်း။
(၇) Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows 2000 (သို့မဟုတ်) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း။
(၉) IDE (သို့) EIDE hard disk ၏ Data Cable ပျက်စီးဆုံးရှုံးသွားခြင်း စသည့် အကြောင်းရင်းများကြောင့် ယခု ကဲ့သို့ ပြဿနာများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ဖြေရှင်းနည်း (၁)

Windows XP Installer CD ဖြင့် ဖြေရှင်းခြင်း။


(၁) ရှေးဦးစွာ Windows XP CD ကို ကွန်ပျူတာရှိ Drive တွင်ထည့်ပြီး CD ကနေ Boot တက်လိုက်ပါ။
(၂) Welcome to Setup ဆိုတဲ့ Screen ပေါ်လာပါက Keyboard မှ Repair လုပ်ရန်အတွက် R ကို နှိပ်လိုက်ပါ။
(၃) မိမိပြင်မည့်စက်တွင် Windows တစ်ခုတည်းရှိပါက 1 လို့ရိုက်ထည့်ပြီး Enter ကိုနှိပ်လိုက်ပါ။ (C Partition ကို 1 ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။)
(၄) Administrator Password ရှိပါက ရိုက်ထည့်ပေးလိုက်ပါ။ မရှိပါက Enter ကိုသာနှိပ်လိုက်ပါ။
(၅) Command Prompt မှ နေ၍ NTLDR နှင့် NTDETECT.COM ဆိုတဲ့ ဖိုင် (၂)ဖိုင်ကို CD Drive မှ Hard Disk ထဲသို့ Copy ကူးထည့်ရပါမယ်။ အောက်မှာ ဥပမာပြထားတဲ့ Command များကတော့-
C: ဆိုသည်မှာ Hard Disk ကို ကိုယ်စားပြုပြီး၊ D: ဆိုသည်မှာ CD Drive ကို ကိုယ်စားပြုထားပါတယ်လို့ ဆိုကြ ပါစို့။ ထို့ကြောင့် သင့်အနေဖြင့် Drive Letter ကို ပြောင်းပေးရပါမယ်။ Keyboard မှ Map လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါက CD Drive နဲ့ Windows Partition တို့ရဲ့ Drive Letter များကို ပြပါမယ်။

COPY D:\I386\NTLDR C:\

COPY D:\I386\NTDETECT.COM C:\

Command တစ်ခုရိုက်ပြီးသွားသောအခါ Keyboard မှ Enter နှိပ်လိုက်ပါ။ 1 File(s) Copied လို့ ပြပါက File Install လုပ်တာ အောင်မြင်သွားပါပြီ။ (၂)ဖိုင်စလုံး Copy ကူးတင်ပြီးသောအခါ Windows CD အခွေကို Drive ထဲက ပြန်ထုတ်ပြီး Computer ကို Researt ပြန်ချလိုက်ပါ။

ဖြေရှင်းနည်း (၂)

NTLDR Boot Disk ဖြင့် ဖြေရှင်းခြင်း။

(၁) NTLDR Fixing Bootable CD တစ်ချပ်ဖန်တီးရန်အတွက် fixntldriso.zip ဖိုင်တစ်ဖိုင်ကို Download ပြုလုပ်ထားပါ။
(၂) ထို့နောက် ရရှိလာသော Zip ဖိုင်ကို Win RAR ဖြင့် Extract Files ပြုလုပ်ပါ။ ရရှိလာသော zip file အတွင်းမှ ဖိုင် (၈)ဖိုင်စလုံးကို Nero ဖြင့် CD-ROM(ISO) Format ဖြင့် ခွေကူးလိုက်ပါ။
(၃) ရရှိလာသော Bootable CD ခွေကို CD Drive တွင်ထည့်ပါ။ ထို့နောက် Computer ကို ပြန်ဖွင့်ပြီး Keyboard မှ Delete Key (or) Bios အတွင်းသို့ဝင်ရောက်ရန်အတွက် ညွှန်ကြားပြသထားသော Key တစ်ခုခုကို နှိပ်လိုက်ပါ။ ထို့နောက် Boot Device တွင် 1st Boot Order ကို CD Drive ကို ညွှန်းပေးပါ။
(၄) ထို့နောက် Save and Exit ပြုလုပ်ပါ။ ထိုအခါ Press any key to boot from CD...ပေါ်လာပါမည်။ Keyboard မှ key တစ်ခုခုကို နှိပ်လိုက်သောအခါ အောက်ပါအတိုင်း စာတန်းများကို မြင်တွေ့ရပါမည်။

1ST TRY THIS seleccione esto primero
2ND TRY THIS essayez ceci en deuzieme
3RD TRY THIS wahlen Sie diesen Third
4TH TRY THIS selezioni questo fourth
5TH TRY THIS selecione este fifth
6TH TRY THIS seleccione este sexto
7TH TRY THIS essayez ceci en septieme
8TH TRY THIS wahlen Sie dieses achte
9TH TRY THIS selezioni questo nono
10TH TRY THIS selecione este decimo

(၅) 1ST TRY THIS seleccione esto primero ကိုသာ ရွေးချယ်ပြီး Enter ကို နှိပ်လိုက်ပါ။ ထိုအခါ Windows ပြန်တက်သွားသည်ကို မြင်တွေ့ရပါမယ်။

For more Details: http://tinyempire.com


No comments:

Up