2008-07-31

PageMaker Software အကြောင်း တစ်စေ့တစ်စောင်းနှင့် ၎င်း၏ အနာဂတ်

အချိန်ကာလတစ်လျှောက်လုံး စာစီစာရိုက်လုပ်ငန်းသမား အားလုံးလိုလိုက အသုံးပြုနေကြတဲ့ စာစီ (work processing software) ဟာ PageMaker ပဲ ဖြစ်ပါတယ်။ စာစီစာရိုက်လုပ်ငန်းများရဲ့ 90% လောက် ရှိမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီ Pagemaker Software ကို ဘယ်သူကရေးသားခဲ့တယ်၊ ဘယ် Company က ထုတ်လုပ်ခဲ့တယ်၊ ဘယ် ခုနှစ်က စတင်ခဲ့တယ်၊ ရှေ့ဆက်ပြီး ဘယ်လို အဆင့်မြှင့် Version တွေ ထွက်လာဦး မယ်ဆိုတာ မသိတဲ့သူက များပါတယ်။ သိဖို့လည်း မလိုဘူးလို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ သမိုင်းကြောင်းကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း PageMaker Software ရဲ့ အကြောင်းရင်းမြစ်ကို ရှာဖွေရေးသားလိုက်ပါတယ်။
PageMaker Software အကြောင်းမစခင် Adobe System Inc တည်ထောင်ခဲ့တာကို ကြည့်ရအောင်။ John Warnock နဲ့ အဖွဲ့ဟာ Xerox PARC လို့ခေါ်တဲ့ ဘာသာစကား Software တစ်ခုကို တီထွင် ရေးသားခဲ့ပါတယ်။ ၎င်း Software ဟာ Computer မှာ စာစီထားတဲ့ စကားလုံးတွေကို Laser Printer တွေမှာ အဆင်ပြေ လှပအချိုးကျအောင် သုံးနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ Page Description Language ဆိုပါ တော့။ ဒါပေမယ့် Warnock ရဲ့ တီထွင်မှုကို Xerox က အလေးမထားခဲ့ပါဘူး။ ဒီလိုနဲ့ Warnock ဟာ 1982 ခုနှစ်မှာ Xerox က ခွဲထွက်ခဲ့ပြီး Adobe System Inc. ကို တည်ထောင်ခဲ့ပါတယ်။ အတိအကျ ဆိုရင်တော့ system Inc. ကို 1982 ခုနှစ်၊ December လမှာ ကယ်လီဖိုးနီးယားအရပ်မှာ တည်ထောင်ခဲ့ တာဖြစ်ပြီး အခြား တွဲဖက်ပါဝင်သူမှာ Charles Geschke ဆိုသူ ဖြစ်ပါတယ်။ Adobe ဆိုတဲ့ အမည်ကို Adobe Creek လို့ခေါ်တဲ့ သူတို့ရဲ့ Company နဲ့ မလှမ်းမကမ်းအရပ်နားမှာရှိတဲ့ ချောင်းငယ်ကလေးရဲ့ အမည်ကို ယူလိုက် တာပါ။
John Warnock

PostScript ဘာသာစကား Software ဟာ Adobe ရဲ့ ပထမဆုံးသော ထုတ်လုပ်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်များမှာ အဆိုပါ software ကို Company အနည်းစုကသာ အသုံးပြုခဲ့ပါတယ်။
Adobe ကို တည်ထောင်တဲ့ အချိန်ကာလများမှာ ကမ္ဘာတစ်ဝန်း Personal Computer လို့ခေါ်တဲ့ တစ်ဦးချင်းသုံး computer များကို အလုံးအရင်းနဲ့ ထုတ်လုပ်နေကြပါပြီ။ 1975 ခုနှစ်က MITS မှ computer ၀ါသနာရှင်များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ Altair Computer ကလေးကနေ အစပြုလိုက်တာ Apple ရဲ့ ပန်းသီးတံဆိပ် computer များ၊ IBM ရဲ့ PC များနဲ့ အခြားသော company အများအပြားက computer တွေ အပြိုင် ပေါ်ပေါက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 1984 ခုနှစ်မှာ Apple က ထုတ်လုပ်တဲ့ Macintosh Computer နဲ့အတူ Apple က Laser Writer ခေါ် Laser Printer များကိုလည်း ထုတ်လုပ်ခဲ့ ပါတယ်။ အဆိုပါ Macintosh Computer နဲ့ Laser Printer တို့ ချိတ်ဆက်အသုံးပြုရာမှာ Apple က Adobe ရဲ့ PostScript Software ကို လိုင်စင်ယူပြီး ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အဆင်ပြေချင်တော့ Computer နဲ့ Laser Printer တစ်စုံကို ဒေါ်လာ 9,000 နီးပါးနဲ့ ရောင်းခဲ့တာတောင် Computer သမားတွေ က ဈေးကြီးတယ်လို့ မထင်ခဲ့ပါဘူး။ Desktop Publishing လုပ်ငန်းတွေလည်း ခေတ်စားလာတဲ့ အချိန် လည်း ဖြစ်ပါတယ်။ Adobe ရဲ့ နောက်ထုတ်တဲ့ Software က Adobe Illustrator နဲ့ Photoshop Software များ ဖြစ်ပါတယ်။

Aldus Corporation
Paul Brainerd

Aldus Corporation ကို Paul Brainerd ဆိုသူက 1985 ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Aldus ဟူသော အမည်ကို ယူရခြင်းမှာ 1495 ခုနှစ်က Aldine Press ပုံနှိပ်လုပ်ငန်းကို တည်ထောင်ခဲ့သူ Aldus Manutius ကို လေးစားအမှတ်ရစေရန် ဖြစ်ပါတယ်။ Aldus ဟာ ပုံနှိပ်လုပ်ငန်းကို ခေတ်မီအောင် ပြောင်းလဲ တီထွင်ခဲ့သူ ဖြစ်ပါတယ်။
ပထမဆုံးလို့ ဆိုရမည့် PageMaker Software ကို Aldus Corporation မှ ထုတ်လုပ်ခဲ့ပါတယ်။ Company ကိုတည်ထောင်သူ Paul Brainerd က တီထွင်ရေးသားခဲ့တာဖြစ်ပြီး Aldus PageMaker Version 1.0 လို့ အမည်ပေးထားပါတယ်။ ၎င်း Software ကို Apple Company ရဲ့ Macintosh Computer များမှာ အသုံးပြု ရန် 1985 ခုနှစ်၊ July လမှာ စတင်ဖြန့်ချိခဲ့၍ IBM ၏ Computer များတွင် အသုံးပြုရန် 1986 ခုနှစ်၊ December လတွင် ဖြန့်ချိခဲ့ပါတယ်။
PageMaker 1.0 မှာ စာမျက်နှာဖွဲ့စည်းတာ၊ နေရာချတာ၊ စာကွက်များ (Layer) များကို နေရာအမျိုးမျိုး သို့ ရွှေ့တာ စသည်ပြုလုပ်နိုင်ပါတယ်။ စာစီရုံသာမက ပုံဆွဲဖို့လည်း Tools တွေ ပါပါတယ်။ အခြားသော စာစီ Software တွေက ပုံနဲ့စာသားတွေကိုလည်း ရွှေ့ပြောင်းထည့်သွင်းနိုင်ပါတယ်။ အဲဒီ အချိန်ကာလများ မှာ Desktop Publishing လို့ခေါ်တဲ့ စာအုပ်ထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုလုံးကို အပြည့်အ၀ ဆောင်ရွက် မပေးနိုင်သည့်တိုင် Computer အသုံးပြုသူတွေ (သို့) စာစီစာရိုက်သူတွေရဲ့ အကြိုက်ကို ဖြစ်စေခဲ့ပါတယ်။ ပထမဆုံးသော Desktop Publishing Software လို့လည်း ပြောနိုင်ပါတယ်။ Apple ရဲ့ Macintosh Computer များနဲ့အတူ နာမည်ရခဲ့ပါတယ်။ Aldus မှ ဆက်လက်ပြီး FreeHand Illustration Software နဲ့ PageMaker Version 4.2, Version 5 တို့ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ စာကြောင်း များကို မည်သည့်ဘက်သို့မဆို လှည့်ပြောင်းနိုင်ခြင်း၊ Story Editor နဲ့ အရောင်ခြယ်သမှု စတဲ့ စွမ်းဆောင် နိုင်ချက်များ ပါဝင်လာပါတယ်။

အခြားသော စာစီ Software များ


PageMaker Software ဟာ 1985 ခုနှစ် (သို့) 1986 ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် ၎င်း အချိန်ကာလများမှာ စာစီ Software တွေ ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် 1979 ခုနှစ်ကတည်းက စတင် နာမည်ရလာခဲ့တဲ့ Micro International မှ Seymour Rubin Stein ရဲ့ WordStar စာစီ Software ဟာ နှစ် အတန်ကြာ စာစီ software ဈေးကွက်ကို ကြီးစိုးခဲ့ပါတယ်။ ယခုတိုင် အချို့သော နိုင်ငံတွေမှာ WordStar Version 7.0 ကို သုံးနေကြတုန်းပါ။
1983 ခုနှစ်မှာ Lotus Development Corp. မှ Lotus 1-2-3 Software ကို ထုတ်လုပ်ခဲ့ပြီး အဲဒီမှာ စာစီ software အဖြစ် Lotus Word Pro ပါလာခဲ့ပါတယ်။ Satellite Software International (SSI) မှ Word Perfect ကို ထုတ်လုပ်ခဲ့ပါတယ်။ ၎င်း company ဟာ နောက်တော့ WordPerfect Corporation လို့ အမည်ပြောင်းခဲ့ပြီး 1996 ခုနှစ်မှာ Corel Corporation က လွှဲပြောင်းယူလိုက်ပါတယ်။ Corel Word Perfect Suite ဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။
1984 ခုနှစ်မှာ Office Solutions Inc. မှ Office Writer စာစီ Software နဲ့ Samna Corp., မှ Samna Word III စာစီ software တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ Microsoft ရဲ့ Microsoft Word စာစီ Software ကလည်း သူ့ရဲ့ Windows စနစ်နဲ့အတူ နာမည်ရနေပါပြီ။ Easy Writer, Super Writer, Perfect Writer, Display Writer, VisiWord Plus ကဲ့သို့သော အခြားသော စာစီ Software များလည်း အများအပြား ရှိနေ ပါပြီ။
အဲဒီလို စာစီ Software တွေ အပြိုင်ပေါ်ထွက်နေတဲ့ကြားက Aldus Company ကို အထိနာခဲ့စေတာဟာ Quark XPress စာစီ Software ဖြစ်ခဲ့ပါတယ်။ ၎င်းကို Quark Inc. က 1988 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး အခြားသော စာစီ Software များကိုလည်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ Aldus ရဲ့ PageMaker ဟာ Software ဈေးကွက်မှာ Quark XPress ကို မယှဉ်နိုင်ခဲ့တဲ့အခြေအနေသို့ ရောက်လာခဲ့ပါတယ်။ Aldus အတွက် ၀င်ငွေလည်း လျော့နည်းလာခဲ့ပါတယ်။ သို့ဖြစ်၍ 1994 ခုနှစ်၊ September လမှာ Adobe Company က PageMaker ကို လွှဲပြောင်းယူလိုက်ပါတယ်။ Aldus ကို တည်ထောင်ခဲ့သူ Paul Brainerd လည်း မူလက သူရည်မှန်းထားခဲ့တဲ့ Brainerd Foundation (http://www.brainerd.org) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Software လုပ်ငန်းကို ကျောခိုင်းခဲ့ပါတယ်။
Adobe က PageMaker Software ကို ဆက်လက်ကိုင်တွယ်ခဲ့ရာမှာ 1995 ခုနှစ်မှာ Adobe PageMaker 6.0 နဲ့ 1996 ခုနှစ်မှာ PageMaker 6.5/ 6.5 Plus ဟူ၍ ပေါ်ထွက်ခဲ့ပါတယ်။ ထို့အတူ Chinese PageMaker 5.0 လည်း ပေါ်ထွက်လာခဲ့ပါတယ်။ 1999 ခုနှစ်မှာ PageMaker 7.0 ကို ထုတ် လုပ်ခဲ့ပြီး လက်ရှိအားဖြင့် ၎င်းသည် နောက်ဆုံး Version ဖြစ်ပါတယ်။
Adobe ရဲ့ လက်ထက်မှာ PageMaker Software ဟာ နာမည်ထင်ရှား အသုံးများခဲ့ပေမယ့် Adobe အနေနဲ့ သူ့ရဲ့ Adobe InDesign လောက် စိတ်ဝင်စားမှု မရှိခဲ့ပါ။ Adobe မှာ Desktop Publishing နဲ့ စပ်လျဉ်းတဲ့ Software တွေလည်း အများကြီး ရှိပါတယ်။ PageMaker Software ဟာ Adobe ရဲ့ မူရင်း Software မဟုတ်ပါဘူး။ PageMaker ဟာ အတိုင်းအတာတစ်ခုမှ နာမည်ရနေလို့သာ ဆက်လက် အသက်ဆက်ပေးနေတာပါ။ တကယ်တမ်းမှာ PageMaker ကို Desktop Publishing လုပ်ငန်းမှာ အဓိက မကျတော့ဘူးလို့ သတ်မှတ်ထားပါတယ်။ အိမ်သုံးနဲ့ လုပ်ငန်းအသေးစားလေးများမှာသာ အသုံးဝင်တယ်လို့ ဆိုတယ်။ နောက်ပြီး Adobe မှာ Desktop Publishing အတွက် Adobe InDesign ဆိုတာ ရှိပြီးသားပါ။ ၎င်း Software ကို PageMaker အစား ပြောင်းလဲပွဲထုတ်ဖို့ ရည်ရွယ်ထားတယ် ဆိုပါတယ်။ အဲဒီ အချက် တွေကြောင့် PageMaker ကို အဆင့်မြှင့်ရန် အကြောင်း မမြင်တော့ပါ။
Adobe ရဲ့ တည်နေရာဟာ Adobe System Inc. 345 Park Ave. San Jose, CA 95110-2704 ဖြစ် ပြီး ဆက်သွယ်ရန်မှာ (800) 833-6687 http://www.adobe.com, ftp://ftp.adobe.com ဖြစ်ပါတယ်။ Adobe InDesign မှာ ယခုအခါ Version 4.0 သို့ ရောက်နေပြီး Adobe Creative Suite အနေနဲ့ ပါရှိပါ တယ်။ PageMaker ကို စာစီစာရိုက်လုပ်ငန်းများမှာ ဆက်လက်သုံးနေဦးမှာ ဖြစ်ပေမယ့် ဒီထက် ကောင်း မွန်တဲ့ စွမ်းဆောင်နိုင်ချက်တွေကို ထပ်မံပြီး ရနိုင်တော့မည် မဟုတ်ပေ။ Adobe InDesign အနေနဲ့သာ ပိုပြီး အဆင့်မြှင့်လာမှာဖြစ်လို့ အဆိုပါ Adobe InDesign Software ကို လေ့လာထားကြလျှင် ပိုမိုပြီး အကျိုးရှိ ပါလိမ့်မည် ဖြစ်ပါတယ်။

Ref: Computer Journal: August-2005

2008-07-29

Microsoft Office 2003 All-in-one by Joe Habraken


Learn to use the core Office applications, Web integration, and Windows XP quickly, with ten manageable mini-books in one. Each of the ten parts is a hands-on tutorial broken down into short and easy-to-understand lessons, getting the reader up to speed with Office essentials immediately. Ten books in one makes this an affordable and valuable means for learning Office 11 and more!
Provides basic information, plus some intermediate coverage.
Covers the core Office components (Word, Excel, PowerPoint, Access, FrontPage, and Outlook) as well as Windows XP, Web integrations and Internet Explorer.
Joe Habraken is a best selling author whose publications include Complete Idiots Guide to Microsoft Access 2000, and Practical Cisco Routers. He has a Masters degree from the American University in Washington, D.C. and more than 12 years of experience as an educator, author, and consultant in the information technology field. Joe is a Microsoft Certified Professional and Cisco Certified Network Associate. He currently serves as a technical director for ReviewNet Corporation and is also an instructor at the University of New England in Portland, Maine, where he teaches IT Certification courses.

http://rapidshare.com/files/89552745/Microsoft_Office_2003_All-In-One.chm

Source: http://www.whereweget.com/e-books/

Fix your Own PC Magazine (Vol-11, Issue 1)


Computers are wonderful tools that occasionally refuse to work the way they should. When something does go wrong, you can avoid frustrating (and costly) downtime by learning to fix your own PC. Use the basic troubleshooting techniques and step-by step instructions in this issue to solve hundreds of common hardware and software problems.

2008-07-20

How to remove the Thumb.db File From your Hard Drive


ကွန်ပျူတာအတွင်းရှိ Thumb ဖိုင်များကို ဖယ်ထုတ်ခြင်း

Windows directory အတွင်းရှိ Thumb ဖိုင်များဟာ Thumbnail Pictures များကို ဖုံးကွယ်ရန်အတွက် အသုံးဝင်ပါတယ်။ Thumbnail Picture တွေကတော့ ရုပ်ပုံတစ်ခု (သို့) document တစ်ခုကို အလျင်အမြန် ကြည့်ရှု၍ မရနိုင်အောင် သေးငယ်စွာ ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ Graphic (သို့) D.T.P ဖိုင်များကို မထုတ်မီ ပါဝင်သော အချက်အလက်များကို စစ်ဆေးဖို့ လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းကို ဖြစ်စေပါတယ်။ ဖိုင်များနဲ့ ပုံများကို Thumbnail View အနေနဲ့ကြည့်မယ်ဆိုပါက Thumb ဖိုင်များဟာ လွန်စွာအဆင်ပြေ လွယ်ကူစေပြီး ပိုပြီးလည်း မြန်မြန်ဆန်ဆန် ကြည့်နိုင်ပါတယ်။ Thumb ဖိုင်များဟာ File Size သေးငယ်ကာ နေရာယူမှု နည်းပါးသည်ဆိုပေမယ့်လည်း ကွန်ပျူတာကို ပုံမှန်ဆက်လက်အသုံးပြုသွားပါက သေးငယ်တဲ့ ပမာဏကနေ ကြီးမားတဲ့ ပမာဏအထိ နေရာယူလာပါလိမ့်မယ်။ ဒါကြောင့် Thumbs.db ဖိုင်များ သည်လည်း တကယ်တော့ မလိုအပ်ပါ။ ဖျက်ပစ်သင့်ပါတယ်။ ဒါပေမယ့် ပုံတွေကို ကြည့်တိုင်း ပြန်တိုးလာမှာပါ။ ၎င်း ဖိုင် များ မပေါ်ချင်ရင်တော့...

(1) Desktop ပေါ်ရှိ My Computer ကို double click နှိပ်ပြီး Open လုပ်ပါ။
(2) Tools အောက်က Folder Option ကို Click နှိပ်ပါ။
(3) ထို့နောက် View Tab ကို Click နှိပ်ပါ။
(4) ပြီးနောက် Do not cache thumbnails ဘေးတွင်ရှိနေသော အမှန်ခြစ်ကို ရွေးချယ်ထားလိုက်ပါ။
(5) ထို့နောက် OK ကို ရွေးချယ်ပြီး My Computer မှ ပြန်ထွက်လိုက်ပါ။

ထပ်မံပြီး Thumb ဖိုင်များကို ရှာဖွေပြီး ဖျက်ပစ်ရန်အတွက်..
(1) Start ကို Click နှိပ်ပြီး Search ပေါ်တွင် ထပ်မံပြီး Click တစ်ချက်ထပ်မံနှိပ်ပါ။
(2) File များကို ရှာဖွေရန်အတွက် All files and Folders ကို ရွေးချယ်ပါ။
(3) ရှာဖွေရန်အတွက် စာသားအကွက်ထဲတွင် thumbs.db လို့ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါသည်။
(4) ထို့အပြင် Start ကို Click နှိပ်ပြီး Run ကို ရွေးချယ်ကာ Text box ထဲတွင် %temp% ဟူ၍ ရိုက်ထည့်ပြီးလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ပေါ်လာသော %temp% များအားလုံးကို ဖျက်ပစ်လိုက် နိုင်ပါပြီ။


Up