2008-04-08

Myanmar Graphic Art Show 2007

မြန်မာနိုင်ငံရှိ Graphic Designer များအားလုံးကို ကိုယ်စားပြုသော website ကို Internet ပေါ်တွင် လွှင့်တင် ထားကြောင်း သိရသည်။ အဆိုပါ website တွင် Graphic Designer များ၏ အကြောင်းအရာနှင့် ဒီဇိုင်းများကို စုစည်းဖော်ပြထားမည်ဖြစ်ပြီး လောလောဆယ်တွင် Myanmar Graphic Art Show 2007 အတွက် သတင်းအချက် အလက်များကို ဖော်ပြထားသည်။ “ဒီ graphic site ကို internet မှာ စတင်ထားတာ မကြာသေးပါဘူး။ Website မှာ graphic အနုပညာနဲ့ဆိုင်တဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေကို ထည့်ပေးထားမှာဖြစ်ပြီး Graphic ကားတွေနဲ့ Designer တွေရဲ့အကြောင်းကိုပါ ဖော်ပြပေးထားမှာပါ။ Myanmar Graphic Art Show 2007 ပြီးတဲ့အခါ ပြပွဲရဲ့ အချက်အလက်သတင်းတွေကို တင်ပေးထားမှာဖြစ်ပြီး နောက်ပိုင်းမှာ Creation လုပ်ချင်ရင် Free လုပ်ပေးသွား မှာပါ။ သတင်းတွေကိုတော့ အရေးကြီးသလို Update လုပ်ပေးမှာဖြစ်ပြီး အခြားအချက်အလက်တွေကိုတော့ Plan ပေါ်မူတည်ပြီး Update လုပ်မှာဖြစ်ပါတယ်" ဟု အဆိုပါ website တွင် ပြသလိုသော graphic designer များအနေဖြင့် info@myanmargraphicart.net သို့ E-mail ဖြင့် ဆက်သွယ်နိုင်ပြီး မြန်မာနိုင်ငံရှိ graphic သမားများအားလုံးပါဝင်သော Team တစ်ခု ဖြစ်ပေါ်လာ စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

Maturity

Born V1

-



Bud



Night Trees



Help Design Final

Visit to http://www.myanmargraphicart.net

No comments:

Up